အရွယ်ရောက်ပြီးသူ/ လူကြီးတွေအတွက် BMI ဆိုတာဘာလဲ၊ ရလဒ်ကို ဘယ်လိုနားလည်ရမလဲ။
📏 BMI (Body Mass Index – ခန္ဓာကိုယ်အရွယ်အစားအညွှန်းကိန်း) ဆိုတာက လူကြီးတွေအတွက် ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို တွက်ချက်ပြီး ကျန်းမာရေးအခြေအနေကို ခန့်မှန်းဖော်ထုတ်တဲ့ နည်းလမ်းတစ်ခုပါ။
🔢 ဘယ်လိုတွက်လဲ။
BMI = အလေးချိန် (ကီလိုဂရမ်) ➗ (အရပ်အမြင့် မီတာဖြင့်)²
ဥပမာ – 70 kg ကို 1.65 m အမြင့်နဲ့ တွက်မယ်ဆိုရင်၊
BMI = 70 ÷ (1.65 × 1.65) = 25.7
📊 ရလဒ်ကို ဘယ်လိုဖတ်မလဲ။
- 🟢 18.5 – 24.9 → ပုံမှန်ကိုယ်အလေးချိန်ရှိသည်။
- 🔵 18.5 ထက်နိမ့် → ပုံမှန်ထက် ကိုယ်အလေးချိန်နည်း၊ ပိန်နေသည်။
- 🟠 25 – 29.9 → ပုံမှန်ထက် ကိုယ်အလေးချိန်များ၊ ရှိသင့်သည်ထက် ပိုဝနေသည်။
- 🔴 30 နှင့်အထက် → အဝလွန်ရောဂါအဆင့်အဖြစ် သတ်မှတ်နိုင်သည်။ ကိုယ်အလေးချိန်ထိန်းသိမ်းလျှော့ချရန်လိုအပ်သည်။
💡 BMI က မိမိရဲ့ ဝလွန်မှု၊ ပိန်မှုကို ခန့်မှန်းဖော်ပြပေးတဲ့ အကြောင်းအရာဖြစ်ပြီး၊ ဆီးချို၊ သွေးတိုး၊ နှလုံး စတာတွေနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို သိရှိရန်အတွက် အရေးကြီးပါတယ်။
⚕️ မိမိရဲ့ BMI အတိုင်းအတာက ပုံမှန်မဟုတ်ဘူးဆိုရင်၊ ဆရာဝန်၊ အာဟာရပညာရှင်တို့နဲ့ တိုင်ပင်ပြီး မိမိအတွက် သင့်လျော်တဲ့ကျန်းမာရေးနှင့် အာဟာရအခြေအနေတစ်ခုရအောင် ကြိုးစားဖို့ လိုပါတယ်။
#ကျန်းမာရေးစောင့်ရှောက်မှု #လူကြီးအာဟာရ #သင့်အလေးချိန်ကိုသိကြပါစို့ #AdultBMI