ဒို့မိသားစုလေးအဖွဲ့မှ ပြုလုပ်ပေးမည့် သင်တန်းအစီစဥ်များကို အောက်တွင်ဖော်ပြပေးထားပါသည်။ သင်တန်းခေါင်းစဥ်၊ နေ့ရက်နှင့် အချိန်တို့ကို အထူးဂရုစိုက် ရွေးချယ်ပေးပါ။
ဖြည့်စွက်စာကျွေးမွေးခြင်းသင်တန်း (Online - Recorded Lessons + Zoom)
ဘေဘီလေး အသက် ၆ လပြည့်ပြီလား။ ဖြည့်စွက်စာစကျွေးဖို့ စိုးရိမ်စိတ်တွေရှိနေပြီလား။ သင့်ကလေးလေးရဲ့ ကျန်းမာရေးအတွက် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။
ဒို့မိသားစုလေးက အမေများအတွက် ရည်ရွယ်ပြီး "ဖြည့်စွက်စာ ကျွေးမွေးခြင်း (Complementary Feeding)" အွန်လိုင်းသင်တန်းကို ဖွင့်လှစ်လိုက်ပါပြီ။
ဒီသင်တန်းမှာ ကလေးရဲ့ အာဟာရလိုအပ်ချက်နဲ့အညီ ဘေးကင်းပြီး အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာတွေကို စနစ်တကျ ပြင်ဆင်ကျွေးမွေးနည်း၊ အစာကျွေးရာမှာ ကြုံရတတ်တဲ့ ပြဿနာတွေကို ဖြေရှင်းနည်းအထိ အပြည့်အစုံ သင်ကြားပေးမှာပါ။
မိခင်နို့တိုက်ကျွေးခြင်းသင်တန်း (Online - Recorded Lessons + Zoom)
မိခင်နို့တိုက်ကျွေးခြင်းအကြောင်းကို လေ့လာချင်တယ် ဒါပေမယ့် သင်တန်းက ဆရာတွေ ဆရာမတွေ တိုက်ရိုက်ဆွေးနွေးရတာကိုမှ ပိုအားရတယ်ဆိုတဲ့ မေမေတွေ၊ ဖေဖေတွေ၊ မိသားစုဝင်တွေအတွက် ဒီသင်တန်းလေး (Live Training on Zoom) ကို စီစဥ်ပေးရတာဖြစ်ပါတယ်... သင်တန်းမှာ မိခင်နို့တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးတွေ၊ မိခင်နို့နဲ့ ဖော်မြူလာတို့ရဲ့ ကွာခြားချက်တွေ၊ မိခင်နို့ရည်က [...]
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်အာဟာရသင်တန်း (Online - Recorded Lessons + Zoom)
မေမေတို့အတွက် မြန်မာ့အစားအစာတွေကိုအခြေခံတဲ့ အာဟာရသင်တန်းလေးဖြစ်ပါတယ်။
[trustindex no-registration=facebook]