ဖြည့်စွက်စာကျွေးမွေးခြင်းသင်တန်း (Online – Recorded Lessons + Zoom)

ဖြည့်စွက်စာကျွေးမွေးခြင်းသင်တန်း (Online - Recorded Lessons + Zoom)

When

June 6, 2026    
7:00 pm - 9:00 pm

Bookings

$39,900.00 - $56,900.00
Book Now

Where

Event Type

အသက် (၆)​ ပြည့်ပြီဆိုရင် ဘေဘီလေးတွေ ဖြည့်စွက်စာ စပြီး စားရတော့မယ့် အချိန်ရောက်ပါပြီ။​

ဒို့မိသားစုလေးက မေမေတွေအတွက် ဖြည့်စွက်စာကျွေးမွေးခြင်း Complementary Feeding အွန်လိုင်းသင်တန်း ပြောပါပြရစေ….

ဒီသင်တန်းက ဘာတွေ သင်ရမလဲ?
🍲 Complementary Feeding ကိုနားလည်ခြင်း
🕒 အချိန်မီ ဖြည့်စွက်စာ စတင် ကျွေးမွေးခြင်း
🍽️ ဘေဘီလေးတို့ရဲ့ အာဟာရလိုအပ်ချက်များ
👩‍🍳 အစားအသောက်ကို အာဟာရပြည့်ဝပြီး လုံခြုံဘေးကင်းအောင် ပြင်ဆင်နည်းများ
👶 ဘေဘီလေးတွကို အစာကျွေးမွေးနည်းလမ်းများ
❓ ဘေဘီတွေကို အစာကျွေးတဲ့အခါ မကြာခဏကြုံရတတ်တဲ့ ပြဿနာများနှင့် ဖြေရှင်းနည်းများ

စတဲ့ ခေါင်းစဥ်တွေပဲ ဖြစ်ပါတယ်။

သင်တန်းမှာ ဘယ်သူတွေက သင်ပေးမှာလဲ

ဒီသင်တန်းကို ဒို့မိသားစုလေးက ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်းနဲ့ ဆရာကိုစိုးညီညီတို့က အတူတူ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။​

သင်တန်းကို ဘယ်လိုတက်ရမှာလဲ

  • သင်တန်းကို စာရင်းသွင်းပြီးတာနဲ့ မေမေတို့အနေနဲ့ မင်မင်တို့ဘက်ကနေ သင်ခန်းစာအားလုံးရဲ့ Recorded Video လေးတွေကို ကြည့်လို့ရမယ့် လင့်လေးကို ပို့ပေးသွားမှာဖြစ်ပါတယ်။ သင်ခန်းစာဗွီဒီယိုတွေနဲ့အတူ ကိုယ့်ရဲ့ နားလည်မှုကို စစ်ဆေးနိုင်တဲ့ ပျော်စရာ ဉာဏ်စမ်းမေးခွန်းလေးတွေကိုလည်း ဖြေပေးရမှာဖြစ်ပါတယ်။
  • သင်ခန်းစာဗွီဒီယိုတွေကို (၁) လအတွင်း စိတ်ကြိုက် အကြိမ်ကြိမ် ပြန်ကြည့်လို့ရမှာဖြစ်ပါတယ်။
  • သင်ခန်းစာတွေကို ကြည့်ရင် ကိုယ်သိပ်နားမလည်တာ၊ သိချင်တာတွေကို မှတ်စုထုတ်ထားပေးပါ။
  • သင်ခန်းစာဗွီဒီယိုတွေကို ကြည့်ထားပြီးလို့ Zoom သင်ခန်းစာအတွက် သတ်မှတ်ရက်ရောက်ပြီဆိုရင်တော့ ဆရာစိုးညီညီနဲ့ ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်းတို့က မေမေတွေရဲ့ မေးခွန်းတွေကို တိုက်ရိုက် ဆွေးနွေးသင်ပြပေးမှာဖြစ်ပါတယ်။

🗓 ဒီလအတွက် Zoom သင်တန်းရက်စွဲ   ၆ ဇွန်လ ၂၀၂၆ (စနေ)
🕒 သင်တန်းအချိန်  ည ၇ နာရီ မှ ၉ နာရီ

📲 စာရင်းပေးသွင်းရန် – ဤ  Page တွင် Buy Ticket ကိုနှိပ်၍​ သင်တန်းစာရင်း ပေးသွင်းနိုင်ပါသည်။​

🏦 သင်တန်းကြေး – သင်တန်းကြေးကို အမျိုးအစားအလိုက် စျေးနှုန်းသတ်မှတ်ပေးထားပါတယ်။  ဒို့မိသားစုလေး Facebook Page Messenger ကိုဆက်သွယ်၍​ သတ်မှတ် သင်တန်းကြေးပေးဆောင်ပြီးပါက (၂၄)​ နာရီအတွင်း Booking Approve ဖြစ်ပါမယ်။​ Messenger ကို လာဖို့ အခက်အခဲရှိပါက Viber နံပါတ် 09452115449 ကိုလည်း ဆက်သွယ်လို့ရပါတယ်။

သင်တန်းသင်ယူပြီးနောက်မှာ
အမေတို့အနေနဲ့ သင့်ကလေးအတွက် အာဟာရပြည့်စုံစွာ ကျွေးမွေးနိုင်ပြီး ကျန်းမာစေဖို့ တာဝန်ယူနိုင်ပါပြီ!

 

Bookings

Tickets

Ticket Type Price Spaces
Online Course Only (အစောဆုံး ၂၀ ယောက်အတွက် အထူးလျှော့စျေး)
USD မဟုတ်ပါ။​ မြန်မာကျပ်ငွေသာဖြစ်ပါသည်။​
$39,900.00
Online Course + Ebook (အစောဆုံး ၂၀ ယောက်အတွက် အထူးလျှော့စျေး)
USD မဟုတ်ပါ။​ မြန်မာကျပ်ငွေသာဖြစ်ပါသည်။​ ဖြည့်စွက်စာကျွေးနည်း e-book ကိုပါ ရရှိမည်ဖြစ်ပါသည်။
$46,900.00
Standard Ticket
USD မဟုတ်ပါ။​ မြန်မာကျပ်ငွေသာဖြစ်ပါသည်။​
$46,900.00
Standard Ticket + Ebook
USD မဟုတ်ပါ။​ မြန်မာကျပ်ငွေသာဖြစ်ပါသည်။​ ဖြည့်စွက်စာကျွေးနည်း e-book ကိုပါ ရရှိမည်ဖြစ်ပါသည်။
$56,900.00

Registration Information

Booking Summary

Please select at least one space to proceed with your booking.