မိခင်နို့တိုက်ကျွေးခြင်းသင်တန်း (Online – Recorded Lessons + Zoom)
မိခင်နို့တိုက်ကျွေးခြင်းအကြောင်းကို လေ့လာချင်တယ် ဒါပေမယ့် သင်တန်းက ဆရာတွေ ဆရာမတွေ တိုက်ရိုက်ဆွေးနွေးရတာကိုမှ ပိုအားရတယ်ဆိုတဲ့ မေမေတွေ၊ ဖေဖေတွေ၊ မိသားစုဝင်တွေအတွက် ဒီသင်တန်းလေး (Live Training on Zoom) ကို စီစဥ်ပေးရတာဖြစ်ပါတယ်…
သင်တန်းမှာ
- မိခင်နို့တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးတွေ၊
- မိခင်နို့နဲ့ ဖော်မြူလာတို့ရဲ့ ကွာခြားချက်တွေ၊
- မိခင်နို့ရည်က ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတာတွေ၊
- မိခင်နို့တိုက်ကျွေးတဲ့အခါ ဘယ်လိုအနေအထား ဘယ်လိုပုံစံတွေနဲ့ တိုက်ကျွေးရမလဲဆိုတာတွေ၊
- ကလေးမီးမဖွားမီ မိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်လို့ သိထား ပြင်ဆင်ထားရမယ့်အရာတွေ၊
- မီးဖွားချိန်နဲ့ မီးဖွားပြီးနောက်ပိုင်း ကလေးကို အာဟာရပြည့်ဝအောင် မိခင်နို့ ဘယ်လိုတိုက်ကျွေးရမလဲဆိုတဲ့ အသေးစိတ် အကြံပြုချက်တွေ၊
- ပြီးတော့ မိခင်နို့တိုက်ကျွေးတဲ့အခါ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကျော်ဖြတ်ရမလဲဆိုတာတွေ၊ ထူးခြားအခြေအနေတွေမှာ မိခင်နို့ ဘယ်လိုဆက်တိုက်ရမလဲဆိုတာတွေ (ဥပမာ – ကလေးနေမကောင်းတဲ့အချိန်၊ မိခင်ဖျားနာနေတဲ့အချိန်)၊
- လုပ်ငန်းခွင်ပြန်ဝင်ရမယ့် မေမေတွေ မိခင်နို့ဆက်ပြီးတိုက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေနဲ့ မေမေတွေ အမေးများတာအကြုံရဆုံး မေးခွန်းတွေအတွက် ဖြေရှင်းချက်ကလေးတွေကို ပြည့်ပြည့်စုံစုံ တစ်နေရာထဲမှာ လေ့လာရမှာဖြစ်ပါတယ်…
သင်တန်းမှာ ဘယ်သူတွေက သင်ပေးမှာလဲ
ဒီသင်တန်းကို ဒို့မိသားစုလေးက ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်းနဲ့ ဆရာကိုစိုးညီညီတို့က အတူတူ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းကို ဘယ်လိုတက်ရမှာလဲ
- သင်တန်းကို စာရင်းသွင်းပြီးတာနဲ့ မေမေတို့အနေနဲ့ မင်မင်တို့ဘက်ကနေ သင်ခန်းစာအားလုံးရဲ့ Recorded Video လေးတွေကို ကြည့်လို့ရမယ့် လင့်လေးကို ပို့ပေးသွားမှာဖြစ်ပါတယ်။ သင်ခန်းစာဗွီဒီယိုတွေနဲ့အတူ ကိုယ့်ရဲ့ နားလည်မှုကို စစ်ဆေးနိုင်တဲ့ ပျော်စရာ ဉာဏ်စမ်းမေးခွန်းလေးတွေကိုလည်း ဖြေပေးရမှာဖြစ်ပါတယ်။
- သင်ခန်းစာဗွီဒီယိုတွေကို (၁) လအတွင်း စိတ်ကြိုက် အကြိမ်ကြိမ် ပြန်ကြည့်လို့ရမှာဖြစ်ပါတယ်။
- သင်ခန်းစာတွေကို ကြည့်ရင် ကိုယ်သိပ်နားမလည်တာ၊ သိချင်တာတွေကို မှတ်စုထုတ်ထားပေးပါ။
- သင်ခန်းစာဗွီဒီယိုတွေကို ကြည့်ထားပြီးလို့ Zoom သင်ခန်းစာအတွက် သတ်မှတ်ရက်ရောက်ပြီဆိုရင်တော့ ဆရာစိုးညီညီနဲ့ ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်းတို့က မေမေတွေရဲ့ မေးခွန်းတွေကို တိုက်ရိုက် ဆွေးနွေးသင်ပြပေးမှာဖြစ်ပါတယ်။
သင်တန်းသင်ယူပြီးနောက်မှာ
မေမေ တို့အနေနဲ့ မိခင်နို့တိုက်ကျွေးခြင်း ခရီးစဥ်တစ်ခုဟာ ဘယ်လိုလဲဆိုတာ သိနားလည်သွားပြီး ကိုယ့်ရဲ့ မိခင်နို့တိုက်ကျွေးရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်သလို ဘေဘီလေးတွေဟာလည်း မေမေ့ချိုချို့ကို စိတ်တိုင်းကျ သောက်စို့ရလို့ ပိုမိုကျန်းမာပျော်ရွှင်ပြီး ဥာဏ်ရည်တွေလည်း ထက်မြက်ကြမှာပါ။
🗓 သင်တန်းရက်စွဲ – ၁၃ ဇွန်လ ၂၀၂၆ (စနေ)
🕒 သင်တန်းအချိန် – ည ၇ နာရီ မှ ၉ နာရီ ( စုစုပေါင်း ၂ နာရီ)
🌐 သင်တန်းနေရာ – Zoom Meeting Platform
📲 စာရင်းပေးသွင်းရန် – ဤ Page တွင် Buy Ticket ကိုနှိပ်၍ သင်တန်းစာရင်း ပေးသွင်းနိုင်ပါတယ်။
ဒို့မိသားစုလေး Facebook Page Messenger ကိုဆက်သွယ်၍ သတ်မှတ် သင်တန်းကြေးပေးဆောင်ပြီးပါက (၂၄) နာရီအတွင်း Booking Approve ဖြစ်ပါမယ်။
