အောင်မြင်စွာမိခင်နို့တိုက်ကျွေးနည်းသင်တန်း
- 11 Sections
- 30 Lessons
- 9 Quizzes
(၁) သင်တန်းမိတ်ဆက်
(၂) မိခင်နို့တိုက်ကျွေးခြင်းအကျိုးကျေးဇူးများ
(၃) မိခင်နို့နှင့် ဖော်မြူလာ နှိုင်းယှဥ်လေ့လာခြင်း
(၄) မိခင်ရဲ့ ခန္ဓာကိုယ်ကနေ မိခင်နို့ရည် ဘယ်လိုဖြစ်ပေါ်လာသလဲ
(၅) အနေအထားမှန်ကန်စွာဖြင့် မိခင်နို့ စနစ်ကျတိုက်ကျွေးခြင်း
(၆) မီးဖွားချိိိန်နှင့် မီးဖွားပြီးချိန်တို့တွင် မိခင်နို့တိုက်ကျွေးခြင်း
(၇) ကလေးမွေးဖွားပြီး မိခင်နို့ဆက်လက် တိုက်ကျွေးခြင်း
(၈) အထူးအခြေအနေများတွင် မိခင်နို့တိုက်ကျွေးခြင်း
- အထူးအခြေအနေများတွင်မိခင်နို့တိုက်ကျွေးခြင်း
- နို့သီးခေါင်းနာကျင် ကွဲအက်ခြင်းကို ဖြေရှင်းနည်း
- ရင်သားနာကျင်ခြင်းကို ဖြေရှင်းနည်း
- နို့တင်းလွန်းခြင်းကို ဖြေရှင်းနည်း
- နို့ရည်မလုံလောက်မှုကို ဖြေရှင်းနည်း
- ကလေးကို ခွက်ဖြင့်နို့ရည်တိုက်ကျွေးနည်း
- မိခင်နို့ကိုညှစ်ယူနည်း
- အမွှာကလေးမိခင်တစ်ဦး၏ ကိုယ်တွေ့ အတွေ့အကြုံမျှဝေမှု
- သင်ခန်းစာအပြီး နားလည်မှုဆန်းစစ်သည့် ဥာဏ်စမ်း (PBPW08)
(၉) လုပ်ငန်းခွင်ပြန်ဝင်ရမည့် မိခင်များအတွက် အကြံပြုချက်များ
(၁၀) မိခင်နို့တိုက်ကျွေးခြင်းနှင့်ပါတ်သက်သည့် အမေးများဆုံးမေးခွန်းများ
သင်တန်းအပြီးနားလည်မှုဆန်းစစ်ခြင်းနှင့် အကြံပြုချက်
ကလေးမီးဖွားပြီးရင် မိခင်နို့ပဲတိုက်ကျွေးမယ်လို့ ဆုံးဖြတ်ထားတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ လက်ရှိ ကလေးအသက် (၆) လအောက် မိခင်နို့တိုက်နေဆဲ မိခင်တွေ၊ ကိုယ်ဝန်ဆောင်သည်/ နို့တိုက်မိခင်ကို မိခင်နို့အောင်အောင်မြင်မြင်တိုက်ကျွေးနိုင်အောင် ကူညီပေးချင်တဲ့ ဖခင်တွေ၊ ဖွားဖွားဖိုးဖိုးတွေ၊ အခြားမိသားစုဝင်တွေအတွက် မဖြစ်မနေတက်သည့်တဲ့ သင်တန်းလေးတစ်ခုဖြစ်ပါတယ်။
ဒီသင်တန်းလေးကို စီစဥ်ရတဲ့ ရည်ရွယ်ချက်က မိခင်တွေ၊ မိသားစုတွေအနေနဲ့ မိိခင်နို့တိုက်ကျွေးခြင်းကို လွယ်လွယ်နဲ့ ပေါ့ပေါ့ပဲ သဘောထားတတ်ကြပါတယ်။ အမှန်တကယ်တော့ မိခင်နို့ကို စနစ်တကျနဲ့တိုက်နိုင်ဖို့ဆိုတာ ထင်ထားသလောက်မလွယ်ကူပါဘူး။ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေကို ရရှိထားပြီး၊ လိုအပ်တဲ့ အကူအညီတွေကို ရရှိနိုင်မှသာ မိခင်နို့တိုက်တာက ပျော်ရွှင်စရာကောင်းပြီး၊ အခက်အခဲမရှိတဲ့ အတွေ့အကြုံကောင်းလေးတစ်ခု ဖြစ်လာမှာပါ။
မိခင်နို့တိုက်ကျွေးခြင်းအကြောင်းကို ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက သေချာလေ့လာထားဖို့လိုအပ်ပါတယ်။ လက်ရှိ မိခင်တော်တော်များများမှာတွေ့ရတာက ကလေးမီးဖွားပြီး နို့တိုက်မယ်ဆိုမှ ဘယ်ကစလို့စရမယ် မသိပဲ၊ မိသားစုဝင်တွေ၊ ဆရာ/ ဆရာမတွေကလည်း ဝိုင်းပြီးအမျိုးမျိုးပြောကြရင်းနဲ့ စိတ်ညစ်ရ၊ နာကျင်ရ၊ နောက်ဆုံး နို့မှနု့်မတိုက်ချင်ပေမယ့် တိုက်လိုက်ရတာတွေပါ။ ဒီလိုအဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် ဒီသင်တန်းလေးကို စီစဥ်ထားရတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် မြန်မာမိသားစုတွေအတွက် ဒီသင်တန်းမျိုးကို ဒို့မိသားစုလေးမှာပဲ ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ အခြားဘယ်မှာမှ မရနိုင်သေးပါဘူး။ ဒါကြောင့် ဒီသင်တန်းလေးကို မဖြစ်မနေ တက်ကြဖို့တိုက်တွန်းအားပေးပါရစေ။
ရေရှည်ရပ်တည်နိုင်အောင်နဲ့ နောက်ကွယ်က ကုန်ကျစရိတ်လေးတွေ ကာမိအောင် သင်တန်းကြေးလေးတော့ ကောက်ခံပါရစေ။ ပြောရမယ်ဆိုရင် သင်တန်းကြေးကလည်း နို့မှုန့်ဘူး တစ်ဘူးစာတောင်မရှိပါဘူး။ ဒါ့ပေမယ့် ပြန်ရမယ့် အကျိုးကျေးဇူးတွေက မိခင်၊ ကလေးနဲ့ မိသားစုအတွက် တန်ဖိုးဖြတ်မရနိုင်လောက်အောင်ပါပဲ။ သင်တန်းကြေးအတွက် အခက်အခဲရှိတယ်ဆိုရင်လည်း Facebook Page Messenger မှာ လာပြောလို့ရပါတယ်။ အားလုံးအတွက် အဆင်ပြေအောင် ကြိုးစားပေးပါမယ်။
သင်တန်းအကြောင်း အန်တီသဲလ်မာက အောက်က ဗွီဒီယိုလေးထဲမှာ ပြောပြထားပါတယ်။
သင်တန်းမှာပါဝင်မယ့် အကြောင်းအရာ ခေါင်းစဥ်တွေကတော့
- သင်တန်းမိတ်ဆက်
- မိခင်နို့တိုက်ကျွေးခြင်းအကျိုးကျေးဇူးများ
- မိခင်နို့နှင့် ဖော်မြူလာ နှိုင်းယှဥ်လေ့လာခြင်း
- မိခင်ရဲ့ ခန္ဓာကိုယ်ကနေ မိခင်နို့ရည် ဘယ်လိုဖြစ်ပေါ်လာသလဲ
- အနေအထားမှန်ကန်စွာဖြင့် မိခင်နို့ စနစ်ကျတိုက်ကျွေးခြင်း
- မီးဖွားချိိိန်နှင့် မီးဖွားပြီးချိန်တို့တွင် မိခင်နို့တိုက်ကျွေးခြင်း
- ကလေးမွေးဖွားပြီး ပထမတစ်ပါတ်အတွင်း မိခင်နို့တိုက်ကျွေးခြင်း
- အထူးအခြေအနေများတွင် မိခင်နို့တိုက်ကျွေးခြင်း
- လုပ်ငန်းခွင်ပြန်ဝင်ရမည့် မိခင်များအတွက် အကြံပြုချက်များ
- မိခင်နို့တိုက်ကျွေးခြင်းနှင့်ပါတ်သက်သည့် အမေးများဆုံးမေးခွန်းများ
စတာတွေပဲဖြစ်ပါတယ်။
ဒါကတော့ သင်တန်းကိုဘယ်လိုတက်ရမလဲဆိုတဲ့ ဗွီဒီယီုလေးပါ။
Want to submit a review? Login
