မိခင်နို့တိုက်ကျွေးခြင်းသင်တန်း (Online – Recorded Lessons + Zoom)

မိခင်နို့တိုက်ကျွေးခြင်းသင်တန်း (Online - Recorded Lessons + Zoom)

When

June 13, 2026    
6:00 pm - 8:00 pm

Bookings

$39,500.00 - $46,900.00
Book Now

Where

မိခင်နို့တိုက်ကျွေးခြင်းအကြောင်းကို လေ့လာချင်တယ် ဒါပေမယ့် သင်တန်းက ဆရာတွေ ဆရာမတွေ တိုက်ရိုက်ဆွေးနွေးရတာကိုမှ ပိုအားရတယ်ဆိုတဲ့ မေမေတွေ၊ ဖေဖေတွေ၊ မိသားစုဝင်တွေအတွက် ဒီသင်တန်းလေး (Live Training on Zoom) ကို စီစဥ်ပေးရတာဖြစ်ပါတယ်…

သင်တန်းမှာ

  • မိခင်နို့တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးတွေ၊
  • မိခင်နို့နဲ့ ဖော်မြူလာတို့ရဲ့ ကွာခြားချက်တွေ၊
  • မိခင်နို့ရည်က ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတာတွေ၊
  • မိခင်နို့တိုက်ကျွေးတဲ့အခါ ဘယ်လိုအနေအထား ဘယ်လိုပုံစံတွေနဲ့ တိုက်ကျွေးရမလဲဆိုတာတွေ၊
  • ကလေးမီးမဖွားမီ မိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်လို့ သိထား ပြင်ဆင်ထားရမယ့်အရာတွေ၊
  • မီးဖွားချိန်နဲ့ မီးဖွားပြီးနောက်ပိုင်း ကလေးကို အာဟာရပြည့်ဝအောင် မိခင်နို့ ဘယ်လိုတိုက်ကျွေးရမလဲဆိုတဲ့ အသေးစိတ် အကြံပြုချက်တွေ၊
  • ပြီးတော့ မိခင်နို့တိုက်ကျွေးတဲ့အခါ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကျော်ဖြတ်ရမလဲဆိုတာတွေ၊ ထူးခြားအခြေအနေတွေမှာ မိခင်နို့ ဘယ်လိုဆက်တိုက်ရမလဲဆိုတာတွေ (ဥပမာ – ကလေးနေမကောင်းတဲ့အချိန်၊ မိခင်ဖျားနာနေတဲ့အချိန်)၊
  • လုပ်ငန်းခွင်ပြန်ဝင်ရမယ့် မေမေတွေ မိခင်နို့ဆက်ပြီးတိုက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေနဲ့ မေမေတွေ အမေးများတာအကြုံရဆုံး မေးခွန်းတွေအတွက် ဖြေရှင်းချက်ကလေးတွေကို ပြည့်ပြည့်စုံစုံ တစ်နေရာထဲမှာ လေ့လာရမှာဖြစ်ပါတယ်…

သင်တန်းမှာ ဘယ်သူတွေက သင်ပေးမှာလဲ

ဒီသင်တန်းကို ဒို့မိသားစုလေးက ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်းနဲ့ ဆရာကိုစိုးညီညီတို့က အတူတူ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။​

သင်တန်းကို ဘယ်လိုတက်ရမှာလဲ

  • သင်တန်းကို စာရင်းသွင်းပြီးတာနဲ့ မေမေတို့အနေနဲ့ မင်မင်တို့ဘက်ကနေ သင်ခန်းစာအားလုံးရဲ့ Recorded Video လေးတွေကို ကြည့်လို့ရမယ့် လင့်လေးကို ပို့ပေးသွားမှာဖြစ်ပါတယ်။ သင်ခန်းစာဗွီဒီယိုတွေနဲ့အတူ ကိုယ့်ရဲ့ နားလည်မှုကို စစ်ဆေးနိုင်တဲ့ ပျော်စရာ ဉာဏ်စမ်းမေးခွန်းလေးတွေကိုလည်း ဖြေပေးရမှာဖြစ်ပါတယ်။
  • သင်ခန်းစာဗွီဒီယိုတွေကို (၁) လအတွင်း စိတ်ကြိုက် အကြိမ်ကြိမ် ပြန်ကြည့်လို့ရမှာဖြစ်ပါတယ်။
  • သင်ခန်းစာတွေကို ကြည့်ရင် ကိုယ်သိပ်နားမလည်တာ၊ သိချင်တာတွေကို မှတ်စုထုတ်ထားပေးပါ။
  • သင်ခန်းစာဗွီဒီယိုတွေကို ကြည့်ထားပြီးလို့ Zoom သင်ခန်းစာအတွက် သတ်မှတ်ရက်ရောက်ပြီဆိုရင်တော့ ဆရာစိုးညီညီနဲ့ ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်းတို့က မေမေတွေရဲ့ မေးခွန်းတွေကို တိုက်ရိုက် ဆွေးနွေးသင်ပြပေးမှာဖြစ်ပါတယ်။

သင်တန်းသင်ယူပြီးနောက်မှာ
မေမေ တို့အနေနဲ့  မိခင်နို့တိုက်ကျွေးခြင်း ခရီးစဥ်တစ်ခုဟာ ဘယ်လိုလဲဆိုတာ သိနားလည်သွားပြီး ကိုယ့်ရဲ့ မိခင်နို့တိုက်ကျွေးရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်သလို ဘေဘီလေးတွေဟာလည်း မေမေ့ချိုချို့ကို စိတ်တိုင်းကျ သောက်စို့ရလို့ ပိုမိုကျန်းမာပျော်ရွှင်ပြီး ဥာဏ်ရည်တွေလည်း ထက်မြက်ကြမှာပါ။​

🗓 သင်တန်းရက်စွဲ   ၁၃ ဇွန်လ ၂၀၂၆ (စနေ)
🕒 သင်တန်းအချိန်   ည ၇ နာရီ မှ ၉ နာရီ ( စုစုပေါင်း ၂ နာရီ)
🌐 သင်တန်းနေရာ – Zoom Meeting Platform
📲 စာရင်းပေးသွင်းရန် – ဤ  Page တွင် Buy Ticket ကိုနှိပ်၍​ သင်တန်းစာရင်း ပေးသွင်းနိုင်ပါတယ်။​

ဒို့မိသားစုလေး Facebook Page Messenger ကိုဆက်သွယ်၍​ သတ်မှတ် သင်တန်းကြေးပေးဆောင်ပြီးပါက (၂၄)​ နာရီအတွင်း Booking Approve ဖြစ်ပါမယ်။​

Bookings

Tickets

Ticket Type Price Spaces
Early Bird (အစောဆုံး ၂၀ ယောက်အတွက် အထူးလျှော့စျေး)
USD မဟုတ်ပါ။​ မြန်မာကျပ်ငွေသာဖြစ်ပါသည်။​
$39,500.00
Standard Ticket
USD မဟုတ်ပါ။​ မြန်မာကျပ်ငွေသာဖြစ်ပါသည်။​
$46,900.00

Registration Information

Booking Summary

Please select at least one space to proceed with your booking.