Select View:

Courses

ဗွီဒီယိုသင်ခန်းစာသင်တန်း (Self-paced Course) ဆိုတာ ဘာလဲ?

ဒါကတော့ မေမေတို့ အိမ်အလုပ်တွေ၊ ကလေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့ကြားကနေ မိမိအားတဲ့အချိန်၊ မိမိအဆင်ပြေတဲ့နေရာမှာ အေးအေးဆေးဆေး သင်ယူလို့ရတဲ့ သင်တန်းမျိုးပါ။

  • အချိန်သတ်မှတ်ချက်မရှိပါ: Zoom သင်တန်းတွေ တက်သလိုမျိုး ဖုန်းရှေ့ သို့မဟုတ် ကွန်ပြူတာရှေ့မှာ ထိုင်နေစရာမလိုပါဘူး။
  • ထပ်ခါတလဲလဲ ကြည့်နိုင်သည်: နားမလည်ရင် ဗွီဒီယိုကို နောက်ပြန်ရစ်ပြီး အခါခါပြန်ကြည့်လို့ ရပါတယ်။
  • မိမိအရှိန်နဲ့မိမိ: တချို့က တစ်ရက်ထဲနဲ့ သင်ခန်းစာတွေအများကြီး ကြည့်ချင်ကြည့်မယ်၊ တချို့ကတော့ တစ်ပတ်မှ တစ်ခုပဲ ကြည့်မယ်။ ဘယ်သူကမှ လာပြီး အတင်းမတိုက်တွန်းပါဘူး။

သင်တန်းကို ဘယ်လိုတက်ရမလဲ? (အဆင့်ဆင့် လမ်းညွှန်)

နည်းပညာ အခက်အခဲမရှိအောင် အောက်ပါအတိုင်း အလွယ်ဆုံး လုပ်ဆောင်နိုင်ပါတယ်။

၁။ သင်တန်းထဲသို့ ဝင်ခြင်း (Login)

သင်တန်းဝဘ်ဆိုဒ်ကို ဖုန်းထဲကနေ ဖွင့်လိုက်ပါ။ မိမိရဲ့ အီးမေးလ် နဲ့ လျှို့ဝှက်ကုဒ် (Password) ကို လော့ဂ်အင် (Login) ဝင်လိုက်ရုံပါပဲ။

၂။ သင်တန်းကို ရွေးချယ်ခြင်း

“ကျွန်ုပ်၏ သင်တန်းများ” (My Courses) ဆိုတဲ့ ခလုတ်လေးကို ရှာနှိပ်ပါ။ အဲဒီမှာ မေမေ ဝယ်ထားတဲ့ ဒါမှမဟုတ် အပ်ထားတဲ့ သင်တန်းတွေကို တွေ့ရပါလိမ့်မယ်။

၃။ ဗွီဒီယို စကြည့်ခြင်း

သင်တန်းပုံလေးကို နှိပ်လိုက်ရင် “သင်တန်းစတက်မည်” (Start Course) ဆိုတဲ့ ခလုတ်လေး ပေါ်လာပါလိမ့်မယ်။ အဲဒါလေးကို နှိပ်လိုက်တာနဲ့ ပထမဆုံး ဗွီဒီယိုသင်ခန်းစာလေး ပွင့်လာမှာပါ။

၄။ သင်ခန်းစာ တစ်ခုပြီးတိုင်း အမှန်ခြစ်ပေးခြင်း

ဗွီဒီယိုကြည့်လို့ ပြီးသွားရင် “ပြီးဆုံးကြောင်း မှတ်သားမည်” (Complete Lesson) ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးရပါမယ်။ ဒါမှ နောက်ထပ် ဗွီဒီယိုအသစ်တစ်ခုကို ဆက်ကြည့်လို့ရမှာ ဖြစ်ပါတယ်။

မေမေတို့အတွက် အကြံပြုချက်

  • အသံနားထောင်ပါ: ဗွီဒီယိုကြည့်တဲ့အခါ အသံကို သေချာကြားရအောင် နားကြပ်လေးတပ်ပြီး နားထောင်ရင် ပိုကောင်းပါတယ်။
  • စာအုပ်နဲ့ မှတ်ပါ: အရေးကြီးတာလေးတွေကို ဗွီဒီယို ခဏရပ် (Pause) ပြီး စာအုပ်ထဲမှာ မှတ်စုလေးတွေ လိုက်ရေးကြည့်ပါ။
  • မကြောက်ပါနဲ့: ဖုန်းထဲက ခလုတ်တွေကို မှားနှိပ်မိမှာ မစိုးရိမ်ပါနဲ့။ ဘာမှ မပျက်စီးသွားနိုင်ပါဘူး။ နားမလည်ရင် သင်တန်းဆရာကို စာပို့ပြီး အချိန်မရွေး မေးမြန်းနိုင်ပါတယ်။

သင်တန်းပြီးတာနဲ့ မေမေတို့နာမည်နဲ့ သင်တန်းပြီးမြောက်ကြောင်းလက်မှတ်လေးလည်းရမှာဖြစ်ပါတယ်။

Categories
Difficulty
Price Type
Price
-
Rating

ဖြည့်စွက်စာကျွေးမွေးခြင်းသင်တန်း

သင့်ကလေးကို ဖြည့်စွက်စာကျွေးဖို့ စတင်ပြင်ဆင်နေပြီလား။ မေမေ၊​ ဖေဖေတိုရေ… သားသားမီးမီးလေးတွေ ၆ လပြည့်တော့မယ်ဆိုရင် ဖြည့်စွက်စာကျွေးဖို့အတွက် ရင်ခုန်ပြီး ပြင်ဆင်နေကြပြီဟုတ်။ ဖြည့်စွက်စာအတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ အစားအစာတွေ ဝယ်ဖို့ စဉ်းစားနေကြပြီလား။ ခဏလေးနေပါဦးနော်။ ဒီပစ္စည်းတွေနဲ့ အစားအသောက်တွေမဝယ်ခင်မှာ အခြေခံအသိပညာတွေနဲ့ စနစ်တကျ ပြင်ဆင်ထားဖို့က ပိုပြီးအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ စတဲ့မေးခွန်းတွေအတွက် မှန်ကန်တဲ့အဖြေရဖို့လိုပါတယ်။ ဒီအချက်အလက်တွေက သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် တကယ်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ပြည့်စုံတဲ့ ကိုယ်တိုင်လေ့လာနိုင်သော…
39
35

အောင်မြင်စွာမိခင်နို့တိုက်ကျွေးနည်းသင်တန်း

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ self-paced online သင်တန်း

သင်တန်းကို နှစ်ပေါင်း ၄၀ ကျော် နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ မိခင်နို့တိုက်ကျွေးရေးပညာရှင်က ဦးဆောင်ပြုစု

ကိုယ်ပိုင်အတွေ့အကြုံတွေပိုင်ဆိုင်ထားတဲ့ ဒို့မိသားစုလေးအဖွဲ့ဝင်တွေက သင်ထားကိုပို့ချပေးထား

50
42