သင်တန်းများ(ဗွီဒီယိုသင်ခန်းစာ)

  • ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်အာဟာရသင်တန်း

    ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်အာဟာရသင်တန်း

    44,500 Ks

    ကျန်းမာသောမိခင်၊ ကျန်းမာသောရင်သွေး- မေမေတို့အတွက် မြန်မာ့အစားအစာတွေကိုအခြေခံတဲ့ အာဟာရသင်တန်းလေးဖြစ်ပါတယ်။​ မေမေတို့ မင်္ဂလာပါရှင်။ မိခင်တစ်ယောက်ဖြစ်လာဖို့ ခရီးလမ်းဟာ စိတ်လှုပ်ရှားစရာကောင်းသလို မေးခွန်းတွေ၊ စိုးရိမ်မှုတွေနဲ့လည်း ပြည့်နှက်နေတတ်ပါတယ်။ “ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေစားရမလဲ၊ ဘာတွေရှောင်ရမလဲ”၊ “ကလေးအတွက် အာဟာရပြည့်ဝရဲ့လား” ဆိုတဲ့ အတွေးတွေဟာ မေမေတိုင်း ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီသင်တန်းလေးကတော့ ကိုယ်ဝန်ဆောင်ချိန်ကနေ ကလေးနို့တိုက်နေတဲ့ အချိန်အတွင်း မေမေတို့အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်စေမှာပါ။ ရှုပ်ထွေးတဲ့ ဆေးပညာအသုံးအနှုန်းတွေအစား၊ နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချနိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတွေ၊ မြန်မာ့အစားအစာတွေနဲ့ ဥပမာပေးထားတဲ့အတွက် သင်ယူရတာ ပျော်စရာကောင်းပြီး အကျိုးရှိစေမှာ သေချာပါတယ်။ ဒီသင်တန်းပြီးရင် ဘာတွေတတ်သွားမလဲ။ ဘယ်သူတွေ တက်သင့်သလဲ။ ဒီသင်တန်းလေးကတော့… ကဲ… သင့်ရင်သွေးလေးရဲ့ အကောင်းဆုံးအနာဂတ်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ဒီခရီးကို ကျွန်မတို့နဲ့အတူတူ စတင်လိုက်ကြရအောင်။

  • ဖြည့်စွက်စာကျွေးမွေးခြင်းသင်တန်း

    ဖြည့်စွက်စာကျွေးမွေးခြင်းသင်တန်း

    44,500 Ks

    သင့်ကလေးကို ဖြည့်စွက်စာကျွေးဖို့ စတင်ပြင်ဆင်နေပြီလား။ မေမေ၊​ ဖေဖေတိုရေ… သားသားမီးမီးလေးတွေ ၆ လပြည့်တော့မယ်ဆိုရင် ဖြည့်စွက်စာကျွေးဖို့အတွက် ရင်ခုန်ပြီး ပြင်ဆင်နေကြပြီဟုတ်။ ဖြည့်စွက်စာအတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ အစားအစာတွေ ဝယ်ဖို့ စဉ်းစားနေကြပြီလား။ ခဏလေးနေပါဦးနော်။ ဒီပစ္စည်းတွေနဲ့ အစားအသောက်တွေမဝယ်ခင်မှာ အခြေခံအသိပညာတွေနဲ့ စနစ်တကျ ပြင်ဆင်ထားဖို့က ပိုပြီးအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ စတဲ့မေးခွန်းတွေအတွက် မှန်ကန်တဲ့အဖြေရဖို့လိုပါတယ်။ ဒီအချက်အလက်တွေက သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် တကယ်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ပြည့်စုံတဲ့ ကိုယ်တိုင်လေ့လာနိုင်သော ဖြည့်စွက်စာကျွေးနည်း သင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒီသင်တန်းက မြန်မာမိသားစုတွေအတွက် အထူးပြုလုပ်ထားတာမို့ လိုအပ်တဲ့အကြောင်းအရာအားလုံးကို တစ်နေရာတည်းမှာ ရရှိနိုင်မှာပါ။ ဒီသင်တန်းမှာ ဘာတွေပါဝင်မလဲ။ သင်တန်းရဲ့ အားသာချက်များ မေးစရာရှိရင်လည်း အားမနာပါနဲ့။ သင်တန်းသားတွေအတွက် လစဉ်အခမဲ့ Zoom Webinar…

  • အောင်မြင်စွာမိခင်နို့တိုက်ကျွေးနည်းသင်တန်း

    အောင်မြင်စွာမိခင်နို့တိုက်ကျွေးနည်းသင်တန်း

    44,500 Ks

    ကလေးမီးဖွားပြီးရင် မိခင်နို့ပဲတိုက်ကျွေးမယ်လို့ ဆုံးဖြတ်ထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ လက်ရှိ ကလေးအသက် (၆) လအောက် မိခင်နို့တိုက်နေဆဲ မိခင်တွေ၊​ ကိုယ်ဝန်ဆောင်သည်/ နို့တိုက်မိခင်ကို မိခင်နို့အောင်အောင်မြင်မြင်တိုက်ကျွေးနိုင်အောင် ကူညီပေးချင်တဲ့ ဖခင်တွေ၊ ဖွားဖွားဖိုးဖိုးတွေ၊ အခြားမိသားစုဝင်တွေအတွက် မဖြစ်မနေတက်သည့်တဲ့ သင်တန်းလေးတစ်ခုဖြစ်ပါတယ်။​

မင်မင်

အမြန်ဆုံးစာပြန်ပေးပါမယ်ရှင့်...

မင်္ဂလာပါရှင့်... ဒို့မိသားစုလေးကို Viber Chat ကနေ ဆက်သွယ်လို့ရပါတယ်ရှင့်...

Powered by WpChatPlugins