ဖြည့်စွက်စာကျွေးမွေးခြင်းသင်တန်း
44,500 Ks
Description
သင့်ကလေးကို ဖြည့်စွက်စာကျွေးဖို့ စတင်ပြင်ဆင်နေပြီလား။
မေမေ၊ ဖေဖေတိုရေ… သားသားမီးမီးလေးတွေ ၆ လပြည့်တော့မယ်ဆိုရင် ဖြည့်စွက်စာကျွေးဖို့အတွက် ရင်ခုန်ပြီး ပြင်ဆင်နေကြပြီဟုတ်။ ဖြည့်စွက်စာအတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ အစားအစာတွေ ဝယ်ဖို့ စဉ်းစားနေကြပြီလား။ ခဏလေးနေပါဦးနော်။
ဒီပစ္စည်းတွေနဲ့ အစားအသောက်တွေမဝယ်ခင်မှာ အခြေခံအသိပညာတွေနဲ့ စနစ်တကျ ပြင်ဆင်ထားဖို့က ပိုပြီးအရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုတော့
- ဘယ်အချိန်မှာ စကျွေးရမလဲ။
- ဘာတွေနဲ့ စပြီးကျွေးရမလဲ။
- ဘာတွေကို ရှောင်သင့်လဲ။
- ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုအစားအစာတွေ ပြင်ဆင်ရမလဲ။
- ကလေးက အစားရွေးတတ်ရင် ဘယ်လိုကိုင်တွယ်ရမလဲ။
စတဲ့မေးခွန်းတွေအတွက် မှန်ကန်တဲ့အဖြေရဖို့လိုပါတယ်။ ဒီအချက်အလက်တွေက သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် တကယ်အရေးကြီးပါတယ်။
ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ပြည့်စုံတဲ့ ကိုယ်တိုင်လေ့လာနိုင်သော ဖြည့်စွက်စာကျွေးနည်း သင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒီသင်တန်းက မြန်မာမိသားစုတွေအတွက် အထူးပြုလုပ်ထားတာမို့ လိုအပ်တဲ့အကြောင်းအရာအားလုံးကို တစ်နေရာတည်းမှာ ရရှိနိုင်မှာပါ။
ဒီသင်တန်းမှာ ဘာတွေပါဝင်မလဲ။
- ဖြည့်စွက်စာကျွေးခြင်းကိုနားလည်ခြင်း
- ဖြည့်စွက်စာ စတင်မိတ်ဆက်ကျွေးမွေးခြင်း
- အချိန်ကိုက်ကျွေးမွေးခြင်း
- ကလေးအများအတွက် အာဟာရလိုအပ်ချက်များ
- အစာအုပ်စုများအကြောင်းနားလည်ခြင်း
- ကျွေးရမည့် အကြိမ်ရေနှင့် ပမာဏ
- အစာမိတ်ဆက်ကျွေးမွေးခြ်ငး အကြံပြုချက်များ
- အစာကျွေးနည်းစနစ်များ
- လုံခြုံစိတ်ချစွာ ချက်ပြုတ်ပြင်ဆင်ခြင်း
- အစာအစာဓါတ်မတည့်ခြင်း
- အိမ်လုပ်အစားအစာနှင့် အသင့်စားအစားအစာများအကြောင်း
- အစားဇီဇာကြောင်သောကလေးကို ကျွေးမွေးပြုစုခြင်း
- G6PD နှင့်ပါတ်သက်သော အကြံပြုချက်များ
- ကလေးကြီးထွားမှုကို စောင့်ကြည့်ခြင်း
- မိဘတွေ အမေးများတဲ့ မေးခွန်းများ
သင်တန်းရဲ့ အားသာချက်များ
- ကိုယ့်အတွက် အဆင်ပြေတဲ့အချိန်မှာ လေ့လာနိုင်တဲ့စနစ: ကိုယ်တိုင်လေ့လာနိုင်တဲ့သင်တန်းဆိုတာ သတ်မှတ်ထားတဲ့နေ့ရက်၊ အချိန်အတိအကျမရှိပါဘူး။ သင်တန်းကို စတင်လိုက်တာနဲ့ သင်ခန်းစာအားလုံးရဲ့ ဗီဒီယိုတွေနဲ့ အခြားစာရွက်စာတမ်းတွေကို တစ်ခါတည်းရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ အလုပ်သွားတဲ့အခါဖြစ်ဖြစ်၊ ကလေးအိပ်နေတဲ့အချိန်ဖြစ်ဖြစ်၊ အိမ်မှုကိစ္စတွေပြီးတဲ့အခါဖြစ်ဖြစ်၊ မိမိအဆင်ပြေတဲ့အချိန်၊ အင်တာနက်ရှိတဲ့နေရာမှာ အေးအေးဆေးဆေး လေ့လာနိုင်ပါတယ်။ ဗီဒီယိုတွေကို စိတ်ကြိုက်ခဏရပ်ပြီး ပြန်ကြည့်တာ၊ မရှင်းတာရှိရင် နောက်ပြန်ရစ်ပြီး ပြန်နားထောင်တာမျိုးကိုလည်း လွတ်လပ်စွာ လုပ်နိုင်ပါတယ်။ သင်တန်းတက်နေရင်း အရေးပေါ်ကိစ္စပေါ်လာလို့ သင်ခန်းစာ လွတ်သွားမှာလည်း ပူစရာမလိုပါဘူး။
- အင်တာနက်ပြဿနာ စိတ်ပူစရာမလို: Zoom လို တိုက်ရိုက်သင်တန်းမဟုတ်တဲ့အတွက် အင်တာနက်ကောင်းတဲ့အချိန်တိုင်း သင်ခန်းစာတွေကို ပြန်ကြည့်ပြီး လေ့လာနိုင်ပါတယ်။
- လက်တွေ့အသုံးဝင်တဲ့ သင်ခန်းစာများ: သင့်ကလေးအတွက် အရသာရှိပြီး အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာ ချက်ပြုတ်နည်းတွေကိုလည်း အဆင့်ဆင့် ရှင်းပြပေးပါမယ်။
မေးစရာရှိရင်လည်း အားမနာပါနဲ့။
သင်တန်းသားတွေအတွက် လစဉ်အခမဲ့ Zoom Webinar အစီအစဉ် ကိုလည်း ပြုလုပ်ပေးထားပါတယ်။ ဒီသင်တန်း၊ ကျွန်ုပ်တို့ရဲ့ အခြားသော ဖြည့်စွက်စာ live သင်တန်းတွေ ဒါမှမဟုတ် Ebook ဝယ်ယူဖူးသူတိုင်း ဒီ webinar ကို တက်ရောက်ပြီး ကျွမ်းကျင်သူနဲ့ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။
သင့်ကလေးရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးဆုံးဖြတ်ချက်တွေချနိုင်ဖို့ ဒီသင်တန်းက ကူညီပေးမှာပါ။
ပစ္စည်းတွေမဝယ်ခင်မှာ အသိပညာကို အရင်ရင်းနှီးမြှုပ်နှံလိုက်ပါ။ အခုပဲ စာရင်းသွင်းပြီး စတင်လိုက်ရအောင်နော်။






Reviews
There are no reviews yet.