မိခင်နို့ကို မွေးပြီး (၁) နာရီအတွင်း ဘယ်လိုတိုက်ကျွေးမလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အခြားနိုင်ငံတစ်ကာအဖွဲ့အစည်းတွေအားလုံးက မိခင်နို့ကို ကလေးမွေးပြီးပြီးချင်း စောနိုင်သမျှ စောစော (တစ်နာရီအတွင်း) တိုက်ကျွေးဖို့ အားပေးတိုက်တွန်းထားပါတယ်။ ဒီလိုလုပ်ဆောင်နိုင်အောင် ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို ဒီဗွီဒီယိုလေးမှာ လေ့လာနိုင်ပါတယ်။ 

Video Credit: Global Health Media Project and Save the Children

မိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်လို့ အခက်အခဲရှိရင် Healthy and Happy Families ကိုဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်။ Healthy and Happy Families ရဲ့ Facebook မှာလည်း ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အကြောင်းအရာတွေကို အခြား မိခင်များနဲ့ အတူတကွ ဆွေးနွေးမျှဝေနိုင်ဖို့ မေမေ့ချိုချို Facebook Group ကိုလည်း Join လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။

Similar Posts

  • |

    ကိုယ်ဝန်ထပ်ရှိလာရင် နို့ဆက်တိုက်လို့ရသေးလား

    ရပါတယ်။ မေမေအများစုက ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ နို့ဆက်တိုက်နိုင်ပါတယ်။ ကလေးမွေးပြီးတော့လည်း ကလေးကြီးနဲ့ မွေးကင်းစလေး ၂ ယောက်စလုံးကို မိခင်နို့တိုက်လို့ရပါတယ်။ ဒီလိုနို့တိုက်တာမျိုးကို tandem nursing လို့ ခေါ်ပါတယ်။ ရှေးရှေးတုန်းကတော့ ကြီးတဲ့ ကလေးကို နို့ဖြတ်ဖို့ အကြံပြုခဲ့ကြပေမယ့် သုတေသနအသစ်တွေအရတော့ tandem nursingက အန္တရာယ်မရှိဘူးလို့ သိရပါ တယ်။ ကလေးနှစ်ဦးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်ဆိုရင် မေမေတို့က ကယ်လိုရီများများပိုစားဖို့လိုပါတယ်၊ရေလည်းများများသောက်ရမယ်၊ ကလေးအိပ်ရင် လည်းလိုက်အိပ်ရမယ်၊ ပိုငယ်တဲ့ကလေးကို အမြဲတမ်း အရင်နို့တိုက်ကျွေးရပါမယ်။ ကလေးအကြီးကတော့ မေမေတို့ နို့ပိုထွက်ဖို့ကူညီပေးပါလိမ့်မယ်။ရင်သားတွေက လှုံ့ဆော်မှု ပိုရလာတာနဲ့အမျှ မိခင်နို့များများ ထွက်လာပါလိမ့်မယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member…

  • | |

    မေမေတို့ မိခင်နို့တိုက်နေစဉ်အခါမှာ အရက်သေစာသောက်လို့ရနိုင်ပါသလား

    ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီ မဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြော့ မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။   အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ…

  • |

    မေမေတွေအားလုံးက နို့ဦးရည်ထုတ်နိုင်ပါတယ်

    ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတို့ရေ… အချို့မိခင်တွေမှာ မီးဖွားပြီးပြီးချင်း “နို့ရည်မရှိ”ဘူး ဆိုပြီး ပတ်ဝန်းကျင်မှာ ယုံကြည်ပြောဆိုနေကြတာတွေ တွေ့ရပါတယ်… အမှန်တော့ မိခင်ရဲ့ခန္ဓာကိုယ်မှာ ကိုယ်ဝန်ဆောင်ချိန် ၄ လ ကတည်းက ရင်သွေးလေးအတွက် နို့ဦးရည်က အဆင်သင့်ရှိနေပြီ ဆိုတာပါပဲ… မိခင်နို့ပုံမှန်ထွက်ဖို့ (၂) ရက်မှ(၃) ရက်လောက်ကြာတတ်ပါတယ်… “နို့ရည်မရှိ” ဆိုတဲ့မှားယွင်းတဲ့ယုံကြည်ချက်က မိခင်တွေကို တခြား အရည်တွေ တိုက်ကျွေးဖို့ ဖိအားပေးနေသလိုဖြစ်နေပါတယ်… “နို့ရည်မရှိဘူး” လို အပြောခံရတဲ့အခါ၊ ခံစားလာရတဲ့အခါ မိခင်တွေက သူ့တို့ရဲ့နို့ရည်ထုတ်လုပ်နိုင်စွမ်း အပေါ် ယုံကြည်မှု နည်းသွားစေပါတယ်… မိခင်အသစ်တွေဆိုရင် အားငယ်တာနဲ့စိတ်ဓာတ်ကျတာတွေဖြစ်လာစေပါတယ်… မေမေတွေအနေနဲ့ မိမိရင်သွေးငယ်တွေ ကျန်းမာရေးအတွက်ဆိုရင် အကောင်းဆုံး အမှန်ကန်ဆုံးဆိုတဲ့ ဗဟုသုတတွေ၊သတင်းအချက်အလက်တွေ နားလည်သဘောပေါက်နေဖို့က အရေးကြီးပါတယ်… အမှန်တကယ်တော့ မနေ့ကတင်တဲ့ ပို့စ်မှာ ပြောခဲ့သလိုပဲ…

  • Mixed Feeding ကနေ Exclusive Breastfeeding ကို ဘယ်လိုပြောင်းနိုင်မလဲ

    တကယ်လို့မေမေတွေက မိခင်နို့သက်သက် ပြောင်းတိုက်ဖို့စဉ်းစားနေပြီဆိုရင် ဒါဟာ ဆုံးဖြတ်ချက်အမှန်လို့တောင်ပြောလို့ရပါတယ်။ရင်သွေးလေးတွေရဲ့ ကျန်းမာရေးနဲ့ သူ့ရဲ့ ဖွံ့ဖြိုးကြီးထွားမှု/ဖွံ့ဖြိုးတိုးတက်မှုတွေပိုကောင်းလာမှာပါ။ ကလေးက အဖျားအနာကင်း လာတော့ မိသားစုအနေနဲ့ အစားအစာနဲ့ အခြားအသုံးစရိတ်တွေအတွက်ငွေပိုသုံးလို့ ရတာပေါ့။ မိခင်နို့တိုက်တဲ့အကျိုးကျေးဇူးတွေက ဘယ်လောက်တိုက်လဲဆိုတဲ့အတိုင်းအဆ ပမာဏပေါ် မူတည်နေတယ်။ ကလေးငယ်ကို့မိခင်နို့ပိုတိုက်လေလေ၊ ကလေးအတွက် ပိုအကျိုးရှိလေလေပါဘဲ။ ကဲအခုမေမေတွေအနေနဲ့ ဘာတွေလုပ်နိုင်သလဲ ၁။မိခင်နို့နဲ့ နို့မှုန့်ရောနှောတိုက်ကျွေးတာ (Mixed Feeding) ကနေ မိခင်နို့ချည်းသက်သက်တိုက်ကျွေး တဲ့အဆင့်ကို ဖြေးဖြေးချင်းပြောင်းပါ။ ဒါမှသာ နို့ထွက်များလာပြီး နို့မှုန့်တိုက်ရတာလျော့လာမှာပါ။ ၂။အဲလိုတိုက်တဲ့အခါတိုင်းမှာမေမေတို့အနေနဲ့မိခင်နို့ကိုအရင်တိုက်ပါ။ပြီးမှ နှို့မှုန့်တိုက်ပါ။ ၃။မိခင်နို့ကို နေ့ရောညပါတိုက်ပါ။ ၄။တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၃ နာရီထက်ပိုပြီးမကြာပါစေနဲ့။ မကြာခဏ နို့တိုက်ကျွေး တာက မေမေတို့နို့ထွက်တာကို အားကောင်းစေလိမ့်မယ်။ ၅။အဲဒီလို နို့တိုက်ရင် ၂၄ နာရီအတွင်း မှာ ၃-၄ ကြိမ်ကနေ ၈ ကြိမ်…

  • ကလေးနို့ဝမဝ ဘယ်လိုသိနိုင်မလဲ

    မေမေတို့ရေ…. ဒီနေ့တော့ ရင်သွေးလေးတွေကို မေမေတို့က မိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်တယ်(သို့) ကလေးကမိခင်နို့ ကောင်းကောင်းရနေတယ်ဆိုတာ သိနိုင်တဲ့ အချက်တွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်… မေမေ့ရဲ့ ဘေဘီလေးက · တက်ကြွပြီး နိုးကြားလှုပ်ရှားနေမယ် · နို့စို့ပြီးချိန်မှာ ပျော်ရွှင်ပြီး ကျေနပ်နေမယ် · ၂၄နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့တိုက်ကျွေးတာ ခံရမယ် · နို့တိုက်နေတဲ့အချိန်မှာ ကလေးရဲ့အခြေအနေကိုကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာ တွေ့ရမယ် · ကိုယ်အလေးချိန် နေ့စဉ် ၂၅ ဂရမ် မှ ၃၅ ဂရမ်ကြား အလေးချိန်တိုးလာမယ် (ရင်သွေးငယ်လေးက ပထမ ၅ ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့ ၇% ထက်လျော့လာပါတယ်…. ဒါပေမယ့် ၁၀ ရက်မြောက်မှာတော့ မွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိလာပါတယ်…)…

2 Comments

Leave a Reply

Your email address will not be published. Required fields are marked *