-
-
စားသောက်ဖွယ်ရာ ဟင်းချက်နည်းစာအုပ်
အခမဲ့ ဒေါင်းလုဒ်ရယူရန်နှိပ်ပါ။ (World Concern Myanmar and Healthy and Happy Families တို့မှ ပူးပေါင်းဖန်တီးထားပါသည်။)
-
-
မွေးကင်းစကလေးတွေ နို့ဆာတဲ့ လက္ခာဏာများ
မေမေတို့ရေ ဘေဘီလေးတွေကို မိခင်နို့တိုက်တဲ့အခါ သူတို့ဆာလာမဆာလားပေါ်မူတည်ပြီး တိုက်ကျွေးတာက အရမ်းအရေးကြီးပါတယ်… အဆာလွန်မှာ နို့တိုက်ရင် မေမေရော ဘေဘီလေးတွေအတွက်ပါ စိတ်ညစ်ရ ပင်ပန်းရပါတယ်… ဘေဘီလေးတွေ ဗိုက်ဆာတဲ့အခါ လက္ခာဏာတွေကို အဆင့် (၃) ဆင့်နဲ့ ပြသလေ့ရှိပါတယ်။ အဆင့် (၁) မှာတော့ ဗိုက်ဆာပြီ၊ နို့ဆာပြီဆိုတာကို စပြီး ပြတဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာလေးတွေကို မြင်တာနဲ့ ချိုချို စတိုက်င်မယ်ဆိုရင် အကောင်းဆုံးပါ။ အဆင့် (၂) လက်က္ခဏာတွေ မြင်ရပြီဆိုရင်တော့ သူ တော်တော်လေး ချိုချိုဆာနေပါပြီ။ မြန်မြန်လေး ချိုချိုတိုက်ပေးဖို့လိုပါပြီ။ ဒီထက် ထပ်မနောက်ကျသင့်ပါဘူး။ အဆင် (၃) ဆိုရင်တော့ ဘေဘီလေးတွေ အရမ်းဆာလွန်းလို့ စိတ်ဆိုးသွားပါပြီ။ ဒီအချိန်မှ ချိုချိုတိုက်မယ်ဆိုရင် ကလေးက မစို့တော့ပဲ ငြင်းဆန်တာမျိုး ကြုံရနိုင်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့…
-
-
နို့ထွက်ကောင်းအောင် ဘာတွေ စားရမလဲ
ဒီမေးခွန်းကို မေမေတော်တော်များများ မေးလေ့ရှိပါတယ်။ မေမေတို့နေ့စဉ်စားတဲ့အစာတွေ ထဲမှာ အစာအုပ်စု (၃) မျိုးက အစားအစာတွေပါစေရပါမယ်။ မိခင်နို့တိုက်တဲ့မေမေတွေက မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho
-
နို့တိုက်မိခင် အရက်သောက်လို့ရလား
ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီမဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြောလို မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။ အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ နို့ရည်ရတာ နည်းလာတာမျိုးတွေ…
-
နို့တိုက်မိခင် ကော်ဖီသောက်လို့ရလား
ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို သကြားလို ချိုတဲ့ အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group…
-
Mixed Feeding ကနေ Exclusive Breastfeeding ကို ဘယ်လိုပြောင်းနိုင်မလဲ
တကယ်လို့မေမေတွေက မိခင်နို့သက်သက် ပြောင်းတိုက်ဖို့စဉ်းစားနေပြီဆိုရင် ဒါဟာ ဆုံးဖြတ်ချက်အမှန်လို့တောင်ပြောလို့ရပါတယ်။ရင်သွေးလေးတွေရဲ့ ကျန်းမာရေးနဲ့ သူ့ရဲ့ ဖွံ့ဖြိုးကြီးထွားမှု/ဖွံ့ဖြိုးတိုးတက်မှုတွေပိုကောင်းလာမှာပါ။ ကလေးက အဖျားအနာကင်း လာတော့ မိသားစုအနေနဲ့ အစားအစာနဲ့ အခြားအသုံးစရိတ်တွေအတွက်ငွေပိုသုံးလို့ ရတာပေါ့။ မိခင်နို့တိုက်တဲ့အကျိုးကျေးဇူးတွေက ဘယ်လောက်တိုက်လဲဆိုတဲ့အတိုင်းအဆ ပမာဏပေါ် မူတည်နေတယ်။ ကလေးငယ်ကို့မိခင်နို့ပိုတိုက်လေလေ၊ ကလေးအတွက် ပိုအကျိုးရှိလေလေပါဘဲ။ ကဲအခုမေမေတွေအနေနဲ့ ဘာတွေလုပ်နိုင်သလဲ ၁။မိခင်နို့နဲ့ နို့မှုန့်ရောနှောတိုက်ကျွေးတာ (Mixed Feeding) ကနေ မိခင်နို့ချည်းသက်သက်တိုက်ကျွေး တဲ့အဆင့်ကို ဖြေးဖြေးချင်းပြောင်းပါ။ ဒါမှသာ နို့ထွက်များလာပြီး နို့မှုန့်တိုက်ရတာလျော့လာမှာပါ။ ၂။အဲလိုတိုက်တဲ့အခါတိုင်းမှာမေမေတို့အနေနဲ့မိခင်နို့ကိုအရင်တိုက်ပါ။ပြီးမှ နှို့မှုန့်တိုက်ပါ။ ၃။မိခင်နို့ကို နေ့ရောညပါတိုက်ပါ။ ၄။တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၃ နာရီထက်ပိုပြီးမကြာပါစေနဲ့။ မကြာခဏ နို့တိုက်ကျွေး တာက မေမေတို့နို့ထွက်တာကို အားကောင်းစေလိမ့်မယ်။ ၅။အဲဒီလို နို့တိုက်ရင် ၂၄ နာရီအတွင်း မှာ ၃-၄ ကြိမ်ကနေ ၈ ကြိမ်…
-
စိတ်ဖိစီးမှုများရင်နို့ထွက်နည်းနိုင်သလား
စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက မေမေတို့ရဲ့ နို့ရည်တွေကို ခန်းခြောက်သွားစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် နို့ထွက်နှုန်းကိုတော့ နှောင့်နှေးစေပြီးတော့ ရင်သွေးလေးတွေ နို့စို့ရတာကျေနပ်မှုမရနိုင်လို့ စောဒကတက်နိုင်ကြပါတယ်။ Oxytocin ဟော်မုန်းက မေမေတို့ရဲ့ နို့ရည်ဆဲလ်တွေနို့ကိုညှစ်ထုတ်စေဖို့ ကူညီပေးပါတယ်။ ရင်သွေးငယ်လေး နို့စို့ချိန်မှာဆိုရင် Oxytocinပမာဏကသွေးထဲမှာ တိုးပွားလာတာတွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုရှိတဲ့ အခြေအနေ (နာတာကျင်တာ၊စိတ်ပူတာ၊ စိုးရိမ်ပူပန်ရတာ၊ ပင်ပန်းတာ စတဲ့ အခြေအနေ) တွေမှာ oxytocin ပမာဏက တက်မလာတတ်ပါဘူး။မေမေတွေက ဘာကို သတိပြုမိလည်းဆိုရင်မေမေတို့နို့ကထွက်နေပေမယ့်လည်း ပမာဏကတော့နည်းနေတယ်ဆိုတာပါဘဲ။ ဒါပေမယ့် ဒီအတွက် အရမ်းမစိုးရိမ်သွားပါနဲ့။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။စိတ်ဖိစီးမှုက မေမေတို့ နို့ထွက်နည်းစေတယ်ဆိုတာကို အသိအမှတ်ပြုထားရပါမယ်။ ၂။ရင်သားကိုနှိပ်နယ်ပေးရပါမယ်။ လက်နဲ့ညှစ်ထုတ်ပေးရပါမယ်။ ၃။မကြာခဏနို့တိုက်နိုင်ဖို့ စီစဉ်ရပါမယ်။ ၄။တကယ်လို့ အိပ်ရေးမဝရင် ကလေးအိပ်နေတဲ့အချိန်လေးတွေမှာ မှေးစက်ပါ။ ၅။မေမေတို့အစားအသောက်ပမာဏကိုဆန်းစစ်ရပါမယ်။မေမေတို့လုံလုံလောက်လောက် စားရဲ့လား၊ အရည်အမိုးကော လုံလုံလောက်လောက်သောက်ရဲ့လား။ ၆။ကဖိန်းဓာတ်စားသုံးမှုကို ကန့်သတ်ရပါမယ်။ ကဖိန်းဓါတ်ပါတာတွေများများစားမိရင်…
