Similar Posts
ကိုယ်ဝန်ဆောင်ချိန်တုန်းက တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ စဥ်းစားနေပြီလား
Byadminမေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်တုန်းက တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ စဥ်းစားနေပြီလား။ အကြံဥာဏ်ကောင်းလေးတွေ ပေးမယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တိုးလာတာကို မြန်မြန်လျော့ချဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ခန္ဓာကိုယ် ပြန်ရဖို့အတွက်ဆိုရင်တေ့ မိခင်နို့ကို တိုက်ဖို့စဥ်းစားရပါမယ်။မိခင်နို့တိုက်နေစဥ်မှာပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီး၊ အရွက်၊ အသား၊ ငါး၊ဥအမျိုးမျိူးတွေ စားပေးဖို့လိုသလို တနေ့တကြိမ် လေ့ကျင့်ခန်းလုပ်ပေးဖို့လည်း လိုပါမယ်။ ဒီလို မိခင်နို့တိုက်ကျွေးပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်မယ်ဆိုရင် ကိုယ်အလေးချိန်မြန်မြန်ကျပြီး နဂိုခန္ဓာကိုယ်ကို ပြန်ရမှာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် မေးခွန်းလေးအချို့ကို ဖြေပေးပြီး Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho
Mixed Feeding ကနေ Exclusive Breastfeeding ကို ဘယ်လိုပြောင်းနိုင်မလဲ
တကယ်လို့ မေမေတွေက မိခင်နို့နဲ့ အခြားအရာတွေ ရောတိုက်နေရာကနေ မိခင်နို့ချည်းသက်သက် ပြောင်းတိုက်ဖို့ စဉ်းစားနေပြီဆိုရင် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့တောင် ပြောလို့ရပါတယ်။ဒီလိုပြောင်လိုက်ခြင်းကြောင့် ရင်သွေးလေးတွေရဲ့ ကျန်းမာရေးနဲ့ သူ့ရဲ့ ဖွံ့ဖြိုးကြီးထွားမှု/ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။ ကလေးက အဖျားအနာကင်းလာတော့ မိသားစုအနေနဲ့ ကျန်းမာရေးကုန်ကျစရိတ်အစား အစားအစာနဲ့ အခြားအသုံးစရိတ်တွေအတွက် ငွေပိုသုံးလို့ ရလာပါတယ်။ မိခင်နို့တိုက်တဲ့အကျိုးကျေးဇူးတွေက ဘယ်လောက်တိုက်လဲဆိုတဲ့အတိုင်းအဆ ပမာဏပေါ် မူတည်နေပါတယ်။ ကလေးငယ်ကို့ မိခင်နို့ပိုတိုက်လေလေ ကလေးအတွက် ပိုအကျိုးရှိလေလေပါဘဲ ဖြစ်ပါတယ်။ ကဲအခုမေမေတို့ ဘာလုပ်ကြမလဲ ၁။မိခင်နို့နဲ့ နို့မှုန့်ရောနှောတိုက်ကျွေးတာ (Mixed Feeding) ကနေ မိခင်နို့ချည်းသက်သက်တိုက်ကျွေးတဲ့အဆင့်ကို ဖြေးဖြေးချင်းပြောင်းပါ။ ဒါမှသာ နို့ထွက်များလာပြီး နို့မှုန့်တိုက်ရတာလျော့လာမှာပါ။ ၂။မိခင်နို့ကိုအရင်တိုက်ပါ။ပြီးမှ နှို့မှုန့်တိုက်ပါ။ ၃။မိခင်နို့ကို နေ့ရောညပါတိုက်ပါ။ ၄။တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၃ နာရီထက်ပိုပြီးမကြာပါစေနဲ့။ မကြာခဏ…
ကလေးငယ်များကို ဖြည့်စွက်စာကျွေးနည်း
ကလေးအသက် (၆) လတွင်ဖြည့်စွက်စာစတင်ကျွေးမွေးခြင်းသည် မေမေတို့အတွက် (သို့) မိသားစုအတွက် အကြီးမားဆုံးခြေလှမ်းဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှအကြံပြုထားသောအချက်များအရ ကလေးအသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရပါမယ်။ ကလေးအသက် (၆) လမှစတင်ပြီး ကိုယ့်အရပ် ကိုယ့်ဒေသတွင်းရရှိနိုင်တဲ့ အာဟာရ ပြည့်ဝတဲ့အစားအစာတွေ (ကစီဓာတ်ပါဝင်သော အစားအစာများ၊ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး) ကို စတင်ကျွေးနိုင်ပါတယ်။ ကလေးငယ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ရရှိနိုင်တဲ့ အစားအစာတွေကို ဦးစားပေးပြီး ကျွေးသင့်ပါတယ်။ ဒါအပြင် ကလေးအသက် (၂) နှစ်နှင့် (၂) နှစ်ကျော်သည်အထိ မိခင်နို့ဆက်လက် တိုက်ကျွေးသင့်ပါတယ်။ ကလေးကိုဖြည့်စွက်စာစတင်ကျွေးမွေးရာတွင်လိုက်နာရမည့်အချက်များ (၁) ကလေးကိုမိခင်၏ပေါင်ပေါ်တွင် တင်ပြီးကျွေးပါ။ (၂) နောက်ပိုင်းတွင် ကလေးကိုကြမ်းပြင်တွင်ထိုင်၍ဖြစ်စေ၊ အစာကျွေးသည့်ထိုင်ခုံပေါ်တွင်ထိုင်ခိုင်း၍ဖြစ်စေ ကျွေးမွေးနိုင်ပါတယ်။ (၃) ကလေးကိုအစာကျွေးသောအချိန်သည အစားအသောက်အကြောင်း သင်ယူလေ့လာသောအချိန်…
G6PDဆိုင်ရာအကြံပြုချက်များ
ခုတစ်လော အမေးများတဲ့ G6PD ကလေးတွေကို ဖြည့်စွက်စာကျွေးရာမှာ ဘာတွေလိုက်နာသင့်လဲဆိုတဲ့ မေးခွန်းနဲ့ဆက်စပ်လို့ ဒီပိုစ်လေးကိုတင်ပေးလိုက်ပါတယ်။ G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။…
ကလေးငယ်တွေကို ပန်းရောင်ဆား (Pink Salt) ကျွေးသင့်လား
Byadminပန်းရောင်ဆားဆိုတာ ဘာလဲ? ပန်းရောင်ဆား (Himalayan Pink Salt) သည် သဘာဝဆားတစ်မျိုးဖြစ်ပြီး သာမန်ဆားထက် သတ္တုဓာတ်များ (ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်) အနည်းငယ်ပိုမိုပါဝင်သော်လည်း ဆိုဒီယမ်ပမာဏမှာ သာမန်ဆားနှင့် အတူတူပါပဲ။ ကလေးငယ်များကို ပန်းရောင်ဆား ကျွေးသင့်လား? ဆိုဒီယမ် (အငန်ဓါတ်)အန္တရာယ် အိုင်အိုဒင်းဓာတ် မပါဝင်ခြင်း သတ္တုဓာတ်များ ဘာကြောင့် အိုင်အိုဒင်းဓာတ် အရေးကြီးတာလဲ? မိဘများအတွက် အကြံပြုချက်များ ✅ ၁ နှစ်အောက်ကလေး – ဆားလုံးဝမကျွေးပါနဲ့။✅ ၁ နှစ်အထက် – အိုင်အိုဒင်းဖြည့်စွက်ထားသောဆား (iodized salt) ကို အနည်းငယ်သာ ထည့်ပါ။✅ ပန်းရောင်ဆားသုံးပါက – အိုင်အိုဒင်းဓာတ်ပါသော အစားအစာများ (ပင်လယ်စာ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း) ဖြင့် ဖြည့်စွက်ပေးပါ။✅ သဘာဝအစားအစာများ –…
Mixed Feeding ကနေ Exclusive Breastfeeding ကို ဘယ်လိုပြောင်းနိုင်မလဲ
တကယ်လို့မေမေတွေက မိခင်နို့သက်သက် ပြောင်းတိုက်ဖို့စဉ်းစားနေပြီဆိုရင် ဒါဟာ ဆုံးဖြတ်ချက်အမှန်လို့တောင်ပြောလို့ရပါတယ်။ရင်သွေးလေးတွေရဲ့ ကျန်းမာရေးနဲ့ သူ့ရဲ့ ဖွံ့ဖြိုးကြီးထွားမှု/ဖွံ့ဖြိုးတိုးတက်မှုတွေပိုကောင်းလာမှာပါ။ ကလေးက အဖျားအနာကင်း လာတော့ မိသားစုအနေနဲ့ အစားအစာနဲ့ အခြားအသုံးစရိတ်တွေအတွက်ငွေပိုသုံးလို့ ရတာပေါ့။ မိခင်နို့တိုက်တဲ့အကျိုးကျေးဇူးတွေက ဘယ်လောက်တိုက်လဲဆိုတဲ့အတိုင်းအဆ ပမာဏပေါ် မူတည်နေတယ်။ ကလေးငယ်ကို့မိခင်နို့ပိုတိုက်လေလေ၊ ကလေးအတွက် ပိုအကျိုးရှိလေလေပါဘဲ။ ကဲအခုမေမေတွေအနေနဲ့ ဘာတွေလုပ်နိုင်သလဲ ၁။မိခင်နို့နဲ့ နို့မှုန့်ရောနှောတိုက်ကျွေးတာ (Mixed Feeding) ကနေ မိခင်နို့ချည်းသက်သက်တိုက်ကျွေး တဲ့အဆင့်ကို ဖြေးဖြေးချင်းပြောင်းပါ။ ဒါမှသာ နို့ထွက်များလာပြီး နို့မှုန့်တိုက်ရတာလျော့လာမှာပါ။ ၂။အဲလိုတိုက်တဲ့အခါတိုင်းမှာမေမေတို့အနေနဲ့မိခင်နို့ကိုအရင်တိုက်ပါ။ပြီးမှ နှို့မှုန့်တိုက်ပါ။ ၃။မိခင်နို့ကို နေ့ရောညပါတိုက်ပါ။ ၄။တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၃ နာရီထက်ပိုပြီးမကြာပါစေနဲ့။ မကြာခဏ နို့တိုက်ကျွေး တာက မေမေတို့နို့ထွက်တာကို အားကောင်းစေလိမ့်မယ်။ ၅။အဲဒီလို နို့တိုက်ရင် ၂၄ နာရီအတွင်း မှာ ၃-၄ ကြိမ်ကနေ ၈ ကြိမ်…