ကလေးငယ်များကို ဖြည့်စွက်စာကျွေးနည်း

ကလေးအသက် (၆) လတွင်ဖြည့်စွက်စာစတင်ကျွေးမွေးခြင်းသည် မေမေတို့အတွက် (သို့) မိသားစုအတွက် အကြီးမားဆုံးခြေလှမ်းဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှအကြံပြုထားသောအချက်များအရ ကလေးအသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရပါမယ်။ ကလေးအသက် (၆) လမှစတင်ပြီး ကိုယ့်အရပ် ကိုယ့်ဒေသတွင်းရရှိနိုင်တဲ့ အာဟာရ ပြည့်ဝတဲ့အစားအစာတွေ (ကစီဓာတ်ပါဝင်သော အစားအစာများ၊ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး) ကို စတင်ကျွေးနိုင်ပါတယ်။ ကလေးငယ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ရရှိနိုင်တဲ့ အစားအစာတွေကို ဦးစားပေးပြီး ကျွေးသင့်ပါတယ်။ ဒါအပြင် ကလေးအသက် (၂) နှစ်နှင့် (၂) နှစ်ကျော်သည်အထိ မိခင်နို့ဆက်လက် တိုက်ကျွေးသင့်ပါတယ်။

ကလေးကိုဖြည့်စွက်စာစတင်ကျွေးမွေးရာတွင်လိုက်နာရမည့်အချက်များ

(၁) ကလေးကိုမိခင်၏ပေါင်ပေါ်တွင် တင်ပြီးကျွေးပါ။

(၂) နောက်ပိုင်းတွင် ကလေးကိုကြမ်းပြင်တွင်ထိုင်၍ဖြစ်စေ၊ အစာကျွေးသည့်ထိုင်ခုံပေါ်တွင်ထိုင်ခိုင်း၍ဖြစ်စေ ကျွေးမွေးနိုင်ပါတယ်။

(၃) ကလေးကိုအစာကျွေးသောအချိန်သည အစားအသောက်အကြောင်း သင်ယူလေ့လာသောအချိန် ဖြစ်ပါစေ။

(၄) ကလေးနှင့်အတူထိုင်ပါ၊ စိတ်ရှည်ရှည်ထားပါ၊ စိတ်ပါလက်ပါ အားပေးစကားပြောကြားရင်းကျွေးပါ။

(၅) ကလေးအသက် (၇)လ-(၈)လ ခန့်မှာ ကလေးကိုယ်တိုင် ကိုင်စားနိုင်တဲ့အစာကို ပေးကိုင်ပြီးကျွေးပါ။

(၆) ကလေးများသည်အစားအစာကို ကိုယ်တိုင်စားရန်သင်ယူခြင်းသည် ကလေးဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေပါတယ်။

(၇) အစာ (ထမင်း) စားချိန်သည် ကလေးအတွက်ပျော်စရာအချိန်လေးတစ်ခု၊ မှတ်သားစရာ သင်ခန်းစာလေးရချိန်ဖြစ်အောင် ဖန်တီးပေးပါ။

(၈) ကလေးအတွက် အစားအစာတည့်၊ မတည့်ကိုသိနိုင်ရန် အစားအစာအသစ်တစ်မျိုးကို ၃-၄ ရက်တစ်ခါ စမ်းကျွေးပါ။

(၉) ကလေးကို အစားအစာကျွေးရာတွင် အားပေးစကားများ တတွတ်တွတ်ပြောပေးပါ။အစာမသီးစေရန်၊ မနင်စေရန် ဂရုစိုက်ပါ။

(၁၀) မိသားစုနှင့်အတူစားကာ သင်ယူလေ့လာစေပါ။

(၁၁) အစာကျွေးရာတွင် ကလေး၏ပါးစပ်နှင့်သင့်တင့်သောဇွန်းကို အသုံးပြုပါ။

(၁၂) ကလေးကိုအစားအစာကျွေးမွေးရာတွင် လက်ဖြင့်ကျွေးမည်ဆိုပါက လက်သည်းများသေချာစွာ ညှပ်ထားပါ၊ လက်ကိုဆပ်ပြာဖြင့် ဆေးပါ။

(၁၃) ကလေးကို အစားအစာကျွေးမွေးရာတွင် အချိန်မှန်၊ နေရာမှန်ကျွေးသင့်ပါတယ်။

အစားအစာကျွေးမွေးရာတွင်ရှောင်ရမည့်အချက်များ

  • အစားအစာများကိုဝါးပြီးမကျွေးပါနှင့်၊ အစာခြေရန်အတွက် သင့်တင့်သောပစ္စည်းများကိုအသုံးပြု၍ ချေကျွေးပါ။
  • ကလေးမစားလိုပါက ဇွတ်အတင်းအကြပ်မကျွေးပါနှင့်။
  • ပက်လက်အနေအထားဖြင့်ဖြစ်စေ၊ အိပ်ယာပေါ်တွင်လဲလျောင်းသည့်အနေအထားဖြင့် အစားအစာမကျွေးပါနှင့်။
  • ကလေးကိုအစားအစာကျွေးမွေးရာတွင် ခြိမ်းခြောက်၍သော်လည်းကောင်း၊ အော်ဟစ်၍သော်လည်းကောင်း မကျွေးပါနှင့်။
  • ကလေးကိုအစားအစာကျွေးမွေးရာတွင် အရုပ်များဖြင့်ဆော့ကစားစေပြီး မကျွေးပါနှင့်။
  • TV ကြည့်၍သော်လည်းကောင်း၊ ဖုန်းကြည့်ခိုင်း၍သော်လည်းကောင်း ကလေးကို အစားအစာမကျွေးပါနှင့်။
  • အစားအစာကျွေးမွေးရာတွင် တစ်ခုခုဖြင့်အာရုံပြောင်းပြီး မကျွေးပါနှင့်။

သန့်ရှင်းမှု

အစားအစာများကိုရေသေချာဆေးပါ၊ ကျက်သည်အထိချက်ပါ၊ အစားမကျွေးခင် ကျွေးမည့်သူ၏လက်နှင့် ကလေး၏လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။ သန့်ရှင်းသောပန်းကန်၊ ခွက်များကို အသုံးပြုပါ။

အကြံပြုချက်များနှင့်သတိထားရန်အချက်များ

(၁) အစားအစာကျွေးပြီးတိုင်းမိခင်နို့တိုက်ကျွေးပါ။

(၂) အသင့်စားအစားအစာများသည် အလွယ်တကူရသော်လည်း သကြားနှင့်အခြားသဘာဝကိုတုပထားသောအရာများ ပါဝင်မှုနှုန်းမြင့်မားပါတယ်။ ထိုအရာများကိုကျွေးခြင်းသည် ကလေးအသက်ကြီးလာလျင်အစားအသောက် ချေးများတတ်ပါတယ်။

(၃) ကလေးအစားအသောက်များ ပြင်ဆင်ချက်ပြုတ်ခြင်းနှင့် ချေခြင်းအတွက် ကြိတ်စက်များ၊ အခြားပေါင်းအိုးများ မလိုအပ်ပါ။ အခြားထောင်းခြေသည့် ကိရိယာပစ္စည်းများကိုအသုံးပြုနိုင်ပါတယ်။

(၄) ကလေးများသည်အစားအစာများကို ပထမတွင်ငြင်းဆန်လေ့ရှိပါတယ်။ ၂ကြိမ် ၃ကြိမ်ခန့်ငြင်းသော်လည်း မကျွေးပဲမနေပါနှင့်။ဆက်လက်ပြီး ကြိုးစား၍ ကျွေးပါ။

(၅) ကလေးဝါးစားရန်အတွက် မာသောအရာများကို ပမာဏအကြီးကြီးမပေးပါနှင့်။ အပိုင်းသေးလေးများပိုင်းပြီး ကျွေးပါ။

(၆) ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကလေးအသက် (၁) နှစ်ကျော်သည်အထိ မိခင်နို့အစားထိုးနို့မှုန့်များတိုက်ကျွေးရန် အကြံမပြုထားပါ။

(၇) ကလေးများသည် သဘာဝမှရရှိသောအစားအစာများဖြင့် အကောင်းဆုံးကျန်းမာစွာ ရှင်သန်ကြီးထွားနိုင်ကြပါတယ်။

Similar Posts

  • မြန်မာနိုင်ငံရဲ့ ပထမဆုံး အာဟာရဆိုင်ရာ AI Chatbot! 🇲🇲✨

    “Dohmeetharsulay” Page ကနေ မေမေဖေဖေတို့အတွက် နောက်ထပ်စိတ်လှုပ်ရှားစရာ ဝန်ဆောင်မှုအသစ်တစ်ခုကို ဝမ်းမြောက်စွာ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကတော့ ၂၄ နာရီပတ်လုံး မေးခွန်းတွေမေးနိုင်တဲ့ ကျွန်တော်တို့ရဲ့ AI အာဟာရလက်ထောက် Chatbot အသစ်လေးပါပဲ။ မင်မင်တို့အိပ်နေပေမယ့် Chatbot လေးကတော့ မအိပ်ပဲနေတာမို့လို့ တရေးနိုးသိချင်တာလည်း ထမေးလို့ရမှာဖြစ်ပါတယ်။​ မင်မင်တို့နဲ့ စကားပြောချင်တယ်ဆိုရင်တော့ Facebook Messenger မှာလာပြောပါနော်။ လက်ရှိမှာ စမ်းသပ်ဆဲကာလ (Testing Period) ဖြစ်တဲ့အတွက် အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး၊ အကြံပြုချက်များနဲ့ သုံးစွဲမှုအတွေ့အကြုံများကိုလည်း ပြန်လည်မျှဝေဖို့ ဖိတ်ခေါ်ပါတယ်။ 🙌 ဒီ Chatbot က ဘာတွေဖြေပေးနိုင်မလဲ? ✅ ကလေးငယ်တွေရဲ့ အာဟာရအကြောင်း ✅ မိသားစုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများအကြောင်း ✅ အထွေထွေကျန်းမာရေး ဗဟုသုတများ ကျွန်တော်တို့ရဲ့…

  • ဘယ်အသက်အရွယ် ရောက်ရင် မိခင်နို့အပြင် ဖြည့်စွက်စာတွေ စကျွေးရမလဲ

    ဒီမေးခွန်းရဲ့ အဖြေကို အားလုံးသိကြပြီးသားဖြစ်မှာပါ။ ဟုတ်ပါတယ်။ အသက် (၆) လမှာ ဖြည့်စွက်စာ စကျွေးရပါမယ်။ ဘာကြောင့်လဲ။ ဒီမေးခွန်းကတော့ ကျန်းမာရေးဗဟုသုတ လိုက်စားတဲ့ ဖေဖေမေမေတွေ အတွက်တော့ ခက်တဲ့ မေးခွန်းမဟုတ်ပါဘူး။ ဒါပေမယ့် ကလေးတော်တော်များများဟာ သူတို့အသက် (၆) လ မပြည့်ခင်မှာ မိခင်နို့မဟုတ်တဲ့ အစားအစာ တစ်မျိုးမျိုးကို ကျွေးတာကိုခံရပါတယ်။ အမှန်တော့ လူကြီးတွေက ချစ်လို့ ကျွေးကြတာပါ။ ဒါပေမယ့် အကျိုးအကြောင်းအဆိုးအကောင်းကို မသိတော့ ချစ်ရာမရောက်ပဲ ကလေးအတွက် အန္တရာယ်ကျရောက်စေတဲ့ အခြေအနေမျိုးတွေကို ဖန်တီးပေးသလိုဖြစ်သွားတတ်ပါတယ်။ မိခင်တွေ ဖွဲ့ထားတဲ့ Facebook Group လိုနေရာမျိုးတွေမှာ မေမေတွေ သူတို့ရဲ့ (၂) လ (၃) လအရွယ် ဘေဘီလေးတွေကို ထမင်းခွံ့နေတဲ့ပုံလေးတွေ၊ အခြား အာဟာရမှုန့်၊ ထမင်းဘူး စသည်ဖြင့်ခေါ်တဲ့ baby food တွေကို…

  • |

    မိခင်နို့နှင့် အခြားအရာများရောနှောကျွေးမွေးခြင်း Mixed feeding

    ဖေဖေမေမေတို့ရေ… ဒီနေ့ပြောပြချင်တာကတော့ Mixed Feeding လို့ခေါ်တဲ့မိခင်နို့နဲ့ တခြားအရာများ ရော‌နှောကျွေးမွေးခြင်းအကြောင်းလေးပါ… Mixed Feeding ဆိုတာ မိခင်နို့နဲ့ နို့မှုန့် သို့မဟုတ် ရေ၊တခြားအစားအစာနဲ့ အရည်တွေ ရော‌နှော ကျွေးမွေးခြင်းကို ဆိုလိုပါတယ်… Mixed Feeding လုပ်တာရော အိုကေရဲ့လား… ဒီလိုရောနှောကျွေးတာရဲ့အန္တရာယ်ဟာ အရင်ရက်ပိုင်းက မျှဝေခဲ့တဲ့ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…. အောက်ကလင့်မှာ ရှာဖတ်ကြည့်လို့ရပါတယ်… fb://photo/1503231806678606?set=a.983193882015737&sfnsn=mo ဒီလိုအကြောင်းတွေပြောရတာ တစ်ခါတစ်လေ အချို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်တဲ့ မေမေတွေကို စိတ်မကောင်းဖြစ်စေတတ်တာမျိုးမိုလို့ အဲ့လိုရည်ရွယ်ချက်မျိုး လုံးဝမရှိတဲ့အကြောင်း ပြောပါရစေ… ဒါပေမယ့် မှန်ကန်တဲ့သတင်းအချက်အလက်ဗဟုသုတတွေကို မျှဝေလိုတဲ့ စေတနာမှန်နဲ့ပဲ ဆက်လက်မျှဝေပေးနေတာ ဖြစ်ပါတယ်… မိဘတွေဟာသူတို့သားသမီးတွေ အတွက် ဘာတိုက်ကျွေးမယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့်ကို ယ်တိုက်ကျွေးမယ့် အရာမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့…

  • G6PD ချို့တဲ့သော ကလေးများအတွက် အာဟာရဆိုင်ရာ အကြံပြုချက်များ

    G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။ G6PD အတွက်ရောဂါစစ်ဆေးမှုကိုရိုးရှင်းသော စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ စစ်ဆေးရန် စိတ်ဝင်စားပါက ကလေးမွေးပြီးမကြာမီ သို့မဟုတ်…

  • က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

    အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော Healthy and Happy Families Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။ ကလေးတွေကိုတိုက်ရတဲ့အရည်များ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။နံပါတ် (၃) ကတော့ နွားနို့ပါ။ နွားနို့ကိုတော့ ကလေးအသက်…

  • | |

    မေမေတို့ မိခင်နို့တိုက်နေစဉ်အခါမှာ အရက်သေစာသောက်လို့ရနိုင်ပါသလား

    ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီ မဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြော့ မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။   အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ…

Leave a Reply

Your email address will not be published. Required fields are marked *