အိမ်မှာကိုယ်တိုင်ချက်စားစရာနှင့် Read-made စားစရာ

ပြီးခဲ့တဲ့အပတ်က အမေးအဖြေမှာ အိမ်လုပ်စားစရာများ (Home Made Food) နဲ့ အသင့်စား စားစရာများ (Ready Made Food) တွေအကြောင်း ဆွေးနွေးခဲ့တာလေးကို မိဘတွေအနေနဲ့ လေ့လာနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အိမ်လုပ်စားစရာတွေနဲ့ အသင့်စားစားစရာတွေမှာ သူ့ရဲ့ ကောင်းကွက်နဲ့သူ၊ သူ့အားနည်းချက်နဲ့သူ ရှိနေပါတယ်။ မိဘတွေအနေနဲ့ကတော့ မိမိရင်သွေးအတွက် ကိုယ်တိုင်ချိန်ဆ ရွေးချယ်နိုင်အောင် အစားအစာတွေနဲ့ ကောင်းကွက်နဲ့ အားနည်းချက်တွေကို အောက်မှာဖော်ပြထားတဲ့အတိုင်း မျှဝေပေးလိုက်ပါတယ်

အိမ်လုပ်စားစရာတွေရဲ့ကောင်းကွက်များ 

  • မိခင်က လတ်ဆတ်ဆုံးနှင့် အကောင်းဆုံးသော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အသားများ၊ ငါးများကိုရွေးချယ် ချက်ပြုတ်နိုင်ပါတယ်။
  •  အမေကိုယ်တိုင် ကလေးရဲ့ အစားအစာကို ဘာစားသင့်တယ်၊ ဘာတော့ မစားသင့်ဘူး စသည်ဖြင့် ဆုံးဖြတ်ထိန်းချုပ်နိုင်ပါတယ်။
  •  ငါး ကျွေးခြင်းဖြင့် သဘာဝ Omega 3 ကို ရရှိစေနိုင်ပါတယ်။
  • ကလေးကို သူ့အနေနဲ့ တစ်နှစ်နှင့်အထက် အရွယ်ရောက်လာတဲ့အခါ သူစားရမယ့် ဒေသထွက် အစားအစာတွေရဲ့ အရသာ၊ အနံ့၊ ဖွဲ့စည်းပုံ၊ အပျော့အမာတို့ကို မိတ်ဆက်ပေးနိုင်ပါတယ်။
  •  ကလေးတွေကို အစားအစာမျိူးစုံကို လက်ခံတတ်အောင် သင်ကြားပေးပြီး၊ အစားကောင်းတဲ့ကလေး ပိုဖြစ်စေနိုင်ပါတယ်။
  •  ကလေးတစ်ယောက်နဲ့တစ်ယောက်က မတူပါဘူး။ အမေက ကိုယ့်ကလေးဘာကြိုက်တတ်တယ်၊ ဘယ်လိုပုံစံကြိုက်တတ်တယ်ဆိုတာကို သိပြီး ကလေးအတွက် တစ်နေ့တာလိုအပ်ချက်ကို ချိန်ညှိကျွေးမွေးနိုင်ပါတယ်။
  •  သဘာဝအစားအစာတွေက ရရှိတဲ့ အာဟာရဓါတ်တွေက အစာချေဖျက်နိုင်ဖို့၊ အစာလမ်းကြောင်းမှာ စုပ်ယူနိုင်ဖို့နဲ့၊ ခန္ဓာကိုယ်က စုပ်ယူထားတဲ့ အာဟာရဓါတ်တွေကို ကောင်းမွန်စွာ အသုံးချနိုင်ဖို့အတွက် ပိုမိုကောင်းမွန်ပါတယ်။
  •  ချက်ပြုတ်ပြင်ဆင်တဲ့အခါ တာရှည်ခံဆေးဝါးတွေ၊ ထပ်ပေါင်းထည့်ထားတဲ့ အရာတွေ၊ ဓါတုပစ္စည်းတွေ မပါဝင်ပါဘူး။
  •  ကုန်ကျစရိတ် သက်သာပြီး မိသားစုအတွက် အရေးပေါ်အခြေအနေတွေနဲ့ ကလေးပညာရေးအတွက် သုံးစွဲနိုင်ဖို့ ငွေပိုစုမိစေနိုင်ပါတယ်။
  •  အမေက ကလေးရဲ့ အာဟာရနဲ့ ကျန်းမာရေးအတွက် ဘာကျွေးရမယ်ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး လုပ်ကိုင်ကျွေးမွေးတဲ့အတွက် အမေအနေနဲ့ ဂုဏ်ယူရတဲ့ခံစားချက်မျိုးကို ခံစားရစေနိုင်ပါတယ်။
  •  သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါတဲ့ အမျှင်ဓါတ်ကြောင့် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
  •  အမေသည် မိသားစုအတွက်သူမဝယ်ယူတဲ့ အစားအစာတွေကို အသုံးပြုနိုင်တယ်။ အထွေအထူးစားစရာ ထပ်ဝယ်ရန်မလိုအပ်ပါ။



 အိမ်လုပ်စားစရာတွေရဲ့အားနည်းချက်များ  

အမေကအစားအစာကို အချိန်‌ပေးပြင်ဆင်ရတယ်။


 အသင့်စား အစားအစာတွေရဲ့ကောင်းကွက်များ 

  • အသုံးပြုရ လွယ်ကူတယ်။
  • အချိန်ကို ချွေတာနိုင်တယ်။
  • မိခင်က သူမသူငယ်ချင်းတွေလိုပဲ လုပ်နေတာကြောင့် သူငယ်ချင်းများကလက်ခံကြတယ်။
  • အမေက သူ့ကလေးကို အကောင်းဆုံးလုပ်ပေးနေတယ်လို့ ခံစားရတယ်။


အသင့်စား အစားအစာတွေရဲ့အားနည်းချက်များ

  • ကုမ္ပဏီက ဖော်စပ်ထားတဲ့အတိုင်းသာ ကလေးကျွေးခွင့်ရှိတယ်။
  • အမေအနေနဲ့ ကလေးရဲ့ အစားအစာထဲမှာ ပါရှိတဲ့အရာကို မထိန်းချုပ်နိုင်ပါ။
  •  ကလေးက နိုင်ငံခြားအရသာရှိသော အစားအစာများကို ကြိုက်နှစ်သက်သွားတယ်။ နောက်ပိုင်းမှာ ထမင်း၊ မြန်မာအစားအစာများနှင့် သွားရည်စာတွေကို စားရန်ငြင်းဆန်နိုင်တယ်။
  •  အလွန်စျေးကြီးပါတယ် ၁ ဘူး (ကျပ် ၆၀၀၀ မှ ၁၀၀၀၀ အထိ) – အားဖြည့်ဆန်ဆိုပါက ၂ ကီလိုဂရမ် ( ၁ ပြည်ခန့်) ကို ၃၀၀၀ မှ ၃၅၀၀ ကျပ်ခန့်သာ ကျသင့်ပါတယ်။
  •  အစားအစာ အပျော့အမာက တစ်ပုံစံတည်း အတူတူပင်ဖြစ်တယ်။ ဒါကြောင့် ကလေးစာ ဝါးရန်မလိုအပ်ဘဲမျိုချရန်သာ သင်ယူတော့တယ်။ နောက်ပိုင်း ပုံမှန် အစားအစာတွေ ကျွေးတဲ့အခါ ပြဿနာတွေ ပေါ်လာတတ်တယ်။
  •  အစားအစာတွေက မလတ်ဆတ်နိုင်ဘူး။ ဘယ်တုန်းတည်းက ခူးဆွတ် ရိတ်သိမ်းထားလဲဆိုတာ မသိရဘူး။ ဘယ်လို ကိုင်တွယ် ပြင်ဆင်ထားလဲဆိုတာ မသိရဘူး။
  •  အစားအစာ ပြင်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းစဥ်တစ်လျှောက်မှာ ဓါတုပစ္စည်းများစွာကို အသုံးပြုထားတယ်။
  •  အလွန်အမင်း ပြုပြင်ထားတဲ့ အစားအစာတွေဖြစ်လို့ သဘာအတိုင်း မဟုတ်တော့ပါ။
  •  အရသာအားလုံးက လူလုပ်အရသာတွေပဲဖြစ်တယ်။ အသီးအရသာဆိုပေမယ့် တကယ့်အသီးတွေက ရတာမဟုတ်ပါ။
  •  ကြာရှည်ခံအောင် ဆေးဝါးတွေ အများကြီးသုံးထားတယ်။
  •  အာဟာရဓါတ်တွေကလည်း လူကနေဖန်တီးထားတဲ့ အရာတွေဖြစ်တယ်။ သဘာဝအတိုင်း ရတဲ့ အာဟာရမဟုတ်ပါ။
  •  ပြုပြင်ထုတ်လုပ်စဥ်မှာ ခဲဓါတ်၊ cadmium ဓါတ် နဲ့ ပြဒါးဓါတ် လို အန္တရာယ်ရှိတဲ့ အရာတွေ ပါဝင်နေတတ်တယ်။ ဒီလိုပြဿနာတွေကို အမေရိကန်နိုင်ငံမှာ‌ တွေ့ရဘူးတယ်။


ဒီအချက်အလက်လေးတွေက ဖေဖေမေမေတွေအတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်တဲ့မိသားစုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ Healthy and Happy Families ရဲ့ Page ကိုလည်း Like & Share လုပ်ထားကြပါဦးနော်။ 

Similar Posts

  • မိခင်နို့နဲ့ နို့မှုန့်က အတူတူပဲလား

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး…ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွားစဉ်ကနေ အသက် ၆ လ အထိ…

  • |

    မိခင်နို့နှင့် နို့မှုန့် (Formula Milk) တို့ရဲ့ ကွာခြားချက်

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး… ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွား စဉ်ကနေ ၆ လ အထိ…

  • က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

    အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော ဒို့မိသားစုလေး Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မာတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။ ကလေးတွေကိုတိုက်ရတဲ့အရည်များ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။နံပါတ် (၃) ကတော့ နွားနို့ပါ။…

  • ကလေးကို အစာဝါးကျွေးသင့်သလား

    အစာကောင်းကောင်း မဝါးနိုင်သေးတဲ့ကလေးတွေကို လူကြီးတွေက ကိုယ်တိုင်ဝါးပြီး ကျွေးပေးတတ်ပါတယ်။ များသောအားဖြင့် မိခင်/ အနီးကပ်ဆွေမျိုးသားချင်းတွေ/ ကလေးထိန်းတွေက ကလေးကို ဖြည့်စွက်စာစကျွေးတဲ့အချိန်မှာ ဒါမျိုးလုပ်ပေးလေ့ရှိပါတယ်။ ပါးစပ်ထဲမှာဝါးလိုက်တဲ့ အစာဟာ တံတွေးကြောင့် အစာလုံးဖြစ်သွားပြီး အဲဒါကို ဇွန်းထဲထည့်ကျွေးခြင်း၊ လက်နဲ့ခွံ့ကျွေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။ (Blender) ဘလန်ဒါလို့ခေါ်တဲ့ အစာကြိတ်စက် အသုံးမပြုသူ တော်တော်များများက ဒီလိုဝါးကျွေးတဲ့ နည်းလမ်းကို ယခင်က အသုံးပြုကြပါတယ်။ အမှန်တကယ်တော့ ကလေးငယ်ကို ကျွေးမယ့်အစားအစာတွေကို ကြိတ်ပြီး ဒါမှမဟုတ် နူးညံ့သွားအောင် ပြုတ်ပြီး ဇွန်းနဲ့ ခြေပြီး ကျွေးနိုင်ပါတယ်။ ဝါးမကျွေးသင့်ပါဘူး။ ကလေးကို ထမင်းအပါအဝင် အစာတွေဝါးကျွေးရင် ဝါးပေးတဲ့သူရဲ့ ခံတွင်းမှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေဟာ နုနယ်လွန်းတဲ့ ကလေးဆီ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးမွှားဆိုတဲ့အထဲမှာ မြင်ရတဲ့ (ပါးစပ်နားမှာ ပေါက်နေတဲ့)ရေယုန်ကအစ မမြင်ရတဲ့ ခံတွင်းအတွင်းမှာနေနေတဲ့…

  • G6PD ကလေးများအတွက် အကြံပြုချက်

    G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။ G6PD အတွက်ရောဂါစစ်ဆေးမှုကိုရိုးရှင်းသော စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ စစ်ဆေးရန် စိတ်ဝင်စားပါက ကလေးမွေးပြီးမကြာမီ သို့မဟုတ် ကလေးမွေးပြီးနောက် လအနည်းငယ်တွင်ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ဆောင်ရွက်သင့်ပါသည်။ ချို့တဲ့သည်ဟု အဖြေတွေ့ရှိရပါက ဆရာဝန်သည် အဖြေကို ထပ်မံသေချာစေရန် နောက်တစ်ကြိမ် စစ်ဆေးမှု ပြလုပ်ရန် အကြံပြုကောင်း…

  • အသက် ၁ မှ ၂ နှစ် ကြား ( ၁၂ လ မှ ၂၃ လ) ကလေးများကို အစာကျွေးနည်း

    အသက် ၁ မှ ၂ နှစ် ကြား ( ၁၂ လ မှ ၂၃ လ) ကလေးများကို အစာကျွေးနည်း အခုဆိုရင် ဖေဖေမေမေတို့ရဲ့ ကလေးက မတ်တပ်သွားနိုင်တဲ့ကလေး တစ်ယောက်ဖြစ်လာပါပြီ။ ကလေးက သူ့ရဲ့ ပတ်ဝန်းကျင်အကြောင်းကို နေ့စဉ်လေ့လာသင်ယူနေပါပြီ။ တစ်ချိန်တည်းမှာပဲ ကလေးက တွားသွားတဲ့ အဆင့်မှသည် လမ်းလျှောက်နိုင်သည်အထိ တိုးတက်လာပြီး အမြဲတစေလှုပ်ရှား ‌‌ဆော့ကစားနေပြီ ဖြစ်ပါတယ်။ အသက် တစ်နှစ်နဲ့ နှစ်နှစ်ကြားမှာ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များအနေနဲ့ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း တို့ကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ တစ်နှစ်မှ နှစ်နှစ်အကြားကလေးငယ်များဟာ အစားအစာအကြောင်းနှင့် သူတို့ကိုယ်တိုင် အစာကို ဘယ်လိုစားမလဲဆိုတာ ပိုမိုလေ့လာသင်ယူနေကြပြီ ဖြစ်ပါတယ်။ လူကြီးများ အနေဖြင့် ကလေးငယ်များကို အားပေး ကူညီပေးရန်…

Leave a Reply

Your email address will not be published. Required fields are marked *