-
-
မိခင်နို့လုံလုံလောက်လောက်မထွက်ရင် ဘာလုပ်နိုင်သလဲ
မေမေတို့ရေ… မေမေတွေမှာမိခင်နို့လုံလုံလောက်လောက်မထွက်ရင် ဘာလုပ်နိုင်သလဲ ဆိုတာနဲ့ပတ်သက်ပြီး နည်းနည်း ပြောပြပါမယ်။ တကယ်တော့ အမျိုးသမီးတွေက မိခင်နို့တိုက်ကျွေးနိုင်ဖို့ သဘာဝက ပေးထားပြီး ရင်သားတွေက မိခင်နို့ ထွက်ဖို့အတွက် ဖန်ဆင်းထားတယ်လို့တောင် ပြောလို့ရပါတယ်။ အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားပြီးနောက် အချိန်တွေတစ်လျှောက်လုံးမှာ ရင်သားတွေက နို့ချိုတိုက်ကျွေးနိုင်ဖို့ တောက်လျောက် ပြင်ဆင်နေခဲ့တာပါ။ အချို့အမျိုးသမီးတွေက နို့တိုက်နိုင်မှာ မဟုတ်ဘူးလို့ ခံစားမိပေမယ့်လည်း အမျိုးသမီး ၅ ရာခိုင်နှုန်းခန့်လောက်ကသာ ခန္ဓာဗေဒဆိုင်ရာ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ အကြောင်းရင်းခံတွေ ကြောင့် နို့တိုက်ဖို့ မစွမ်းဆောင်နိုင်တာပါ။ အမျိုးသမီးအများစုအနေနဲ့ မိခင်နို့မတိုက်ကျွေးနိုင်ဘူးဆိုတာက မှန်ကန်တဲ့ဗဟုသုတ၊ လိုအပ်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေမရရှိခဲ့လို့လည်း ဖြစ်ပါတယ်။ ကလေးမွေးနေတဲ့အချိန်၊ မွေးပြီးတဲ့အချိန်တွေမှာ မေမေတွေရဲ့ရင်သားတွေက နို့ဦးရည်ပါနေတဲ့နိုတွေ ရှိနေပါတယ်။ ရင်သွေးလေးမွေးပြီးရင် မေမေတို့ရဲ့ အသား (အရေပြား)နဲ့ ရင်သွေးလေးတို့ရဲ့…
-
မိခင်နို့တိုက်တာ နာမှာလား
ဒီမေးခွန်းလေးကလည်း မေမေအသစ်တွေ သိချင်နေတတ်တဲ့ မေးခွန်းလေးပဲဖြစ်မှာပါ။ ပထမ ရက်သတ္တပတ်အတွင်းမှာတော့ မေမေတို့နဲ့ ရင်သွေးလေးတွေက မိခင်နို့တိုက်ကျွေးတာနဲ့ ပတ်သက်လို့ အကျွမ်းတဝင်ဖြစ်စေဖို့ သင်ယူနေချိန် ဖြစ်တာရယ်၊ မေမေ့ရင်သားတွက နို့ချိုတွေထုတ်ပေးဖို့ ပြင်ဆင်ပြောင်းလဲနေတာရယ် စတာတွေကြောင့် တင်းတာတွေ၊ နာတာတွေနဲ့ ရောင်ရမ်းတာတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် မေမေနဲ့ကလေးက အတူတကွလေ့လာသင်ယူကြရင်း ပိုပိုပြီး အဆင်ပြေလာပါမယ်။ မေမေတို့ကို နာကျင်စေမှု ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ ကလေးကို ထွေးပွေ့တဲ့ အနေအထားမမှန်တာနဲ့ နို့တိုက်တဲ့အနေအထား မမှန်ကန်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ မေမေတို့အနေနဲ့ ရင်သွေးငယ်လေးတွေ မေမေ့ဆီကို ဘယ်လို နီးကပ်အောင်၊ နို့ငုံကောင်းအောင် ထွေးပွေ့မယ်ဆိုတာနဲ့ သက်သောင့်သက်သာရှိနိုင်မယ့် နို့တိုက်နည်းပုံစံတွေကို လေ့လာသင်ယူသင့်ပါတယ်။ ကလေးကို ခဏခဏ နို့မတိုက်ရင်လည်း မေမေတို့နို့တွေက တင်းမာလာပြီး နာကျင်မှုကို ခံစားရတတ်ပါတယ်။ နို့ငုံကောင်းစေမယ့်…
-
ဒို့မိသားစုလေးမှာ အွန်လိုင်းသင်တန်းတွေတက်နည်း
ဒို့မိသားစုလေးရေ Website ပေါ်ကနေ အွန်လိုင်းသင်တန်းတွေကို စတင်ပို့ချပေးနေပါပြီ။ သင်တန်းတွေက self-paced လို့ခေါ်တဲ့ ကိုယ်အားတဲ့အချိန်မှာ အဆင်ပြေသလို သင်ယူလို့ရတဲ့ သင်တန်းတွေပဲ ဖြစ်ပါတယ်။ ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ သင်တန်းတွေကို ဒီမှာလေ့လာကြည့်လို့ရပါတယ်။ ဒီဗွီဒီယိုလေးကတော့ သင်တန်းတွေတက်ချင်ရင် ဘယ်လိုတက်ရမှာလဲဆိုတာကို ရှင်းပြပေးထားတဲ့ ဗွီဒီယိုလေးပဲဖြစ်ပါတယ်။
-
နို့ပိုထွက်အောင် ရင်သားတွေကို ဘယ်လိုနှိပ်နယ်ရမလဲ
နို့ပိုထွက်အောင်နဲ့ နို့ရည်စီးဆင်းမှုကောင်းအောင် ရင်သားတွေကို နှိပ်ပေးရမယ့်နည်းလမ်းလေးကို မင်မင် မေမေဆရာမတစ်ယောက်က ပြပေးထားပါတယ်။ လိုက်လုပ်ပြီး လေ့ကျင့်ကြည့်ပါနော်။
-
ခွက်ဖြင့်မိခင်နို့တိုက်ကျွေးနည်း (Video)
Video Credit: Save the Children Myanmar and Global Health Media Project
-
နို့ထွက်နည်းတဲ့ပြဿနာဘယ်လိုဖြေရှင်းမလဲ(Video)
Credit: Global Health Media Project
-
နို့သီးခေါင်းကွဲတာကိုဘယ်လိုဖြေရှင်းမလဲ(Video)
Video Credit: Global Health Media Project
-
ရင်သားနာကျင်တာကိုသက်သာအောင်ဘယ်လိုလုပ်ရမလဲ(Video)
Video Credit: Global Health Media Project
-
နို့တင်းလွန်းခြင်းပြဿနာကိုဘယ်လိုဖြေရှင်းရမလဲ(Video)
Video Credit: Save the Children Myanmar and Global Health Media Project
