နို့ထွက်နည်းတဲ့ပြဿနာဘယ်လိုဖြေရှင်းမလဲ(Video)
Credit: Global Health Media Project
Credit: Global Health Media Project
Video Credit: Global Health Media Project
မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး…ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွားစဉ်ကနေ အသက် ၆ လ အထိ…
မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး… ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွား စဉ်ကနေ ၆ လ အထိ…
ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတို့ရေ… အချို့မိခင်တွေက မီးဖွားပြီးပြီးချင်း “နို့ရည်မရှိ”ဘူး လို့ ပတ်ဝန်းကျင်မှာ အမှန်တကယ်ယုံကြည်ကြတယ်… တကယ့်အဖြစ်မှန်က မိခင်ရဲ့ခန္ဓာကိုယ်မှာ ကိုယ်ဝန်ဆောင်ချိန် ၄ လ ကတည်းက ရင်သွေးလေးအတွက် နို့ဦးရည်က အဆင်သင့်ရှိနေပြီ ဆိုတာပါပဲ… မိခင်နို့ပုံမှန်ထွက်ဖို့ (၂) ရက်မှ(၃) ရက်လောက်ကြာတတ်တော့ နို့ဦးရေက ကလေးရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်… “နို့ရည်မရှိ” ဆိုတဲ့မှားယွင်းတဲ့ယုံကြည်ချက်ကမိခင်တွေကို တခြား အရည်တွေ တိုက်ကျွေးဖို့ ဖိအားပေးနေသိလိုဖြစ်နေပါတယ်… “နို့ရည်မရှိဘူး” လို အပြောခံရတဲ့အခါ၊ ခံစားလာရတဲ့အခါသူတိုရဲ့နို့ရည်ထုတ်လုပ်နိုင်စွမ်း အပေါ် ယုံကြည်မှု နည်းသွားစေပါတယ်… မိခင်အသစ်တွေဆိုရင် အားငယ်တာနဲ့စိတ်ဓာတ်ကျတာတွေဖြစ်စေတယ်… ခေတ်မီတဲ့ မေမေတွေအနေနဲ့ကတော့ ရင်သွေးငယ်တွေ အကောင်းဆုံးကျန်းမာရေးအတွက်ဆိုရင်မှန်ကန်တဲ့ ဗဟုသုတတွေကို နားလည်သဘောပေါက်ဖို့ကအရေးကြီးပါတယ်… ဒါကြောင့် ကျေးဇူးပြုပြီး မိခင်နို့ မှအပ ဘာမှမတိုက်ကျွေးပါနဲ့နော်… မိမိကလေးကို မိခင်နို့တစ်မျိုးတည်း(၆) လအထိ တိုက်ကျွေးပေးပါ… အမှန်တကယ်တော့ မနေ့ကတင်တဲ့ ပို့စ်မှာ ပြောခဲ့သလိုပဲ…
✨ မိမိစိတ်ကြိုက်အချိန်၌ စိတ်အေးချမ်းသာစွာ လေ့လာနိုင်မည့် သင်တန်းစနစ်သစ် (Self-paced Learning) အကြောင်း သိကောင်းစရာ ✨ မင်္ဂလာပါ မေမေတို့ရေ… အိမ်မှုကိစ္စတစ်ဖက်၊ ရင်သွေးလေးအရေးတစ်ဖက်နဲ့ အမြဲအလုပ်ရှုပ်နေရတဲ့ မေမေတို့အတွက် သင်တန်းတက်ရတာ ပိုမိုလွယ်ကူ အဆင်ပြေသွားစေဖို့ ကျွန်မတို့ရဲ့ Website မှာ Self-paced Learning (မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်သောစနစ်) ကို အဆင့်မြှင့်တင် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။ 🌟 Self-paced Learning ဆိုတာ ဘာလဲ? အရင်လို သတ်မှတ်ထားတဲ့အချိန်မှာ Zoom ထဲဝင်စရာမလိုဘဲ မိမိအားလပ်တဲ့အချိန် (ဥပမာ – ရင်သွေးလေး အိပ်ပျော်နေချိန်၊ ညဘက်အေးအေးဆေးဆေးရှိချိန်) မျိုးမှာ Website ထဲဝင်ပြီး သင်ခန်းစာဗီဒီယိုတွေကို တစ်ခုချင်းစီ စိတ်ကြိုက်ကြည့်ရှုလေ့လာနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ 🛠️ ပြောင်းလဲသွားတဲ့ အချက်အလက်သစ်များ…
Video Credit: Save the Children Myanmar and Global Health Media Project