မေမေတွေအားလုံးက နို့ဦးရည်ထုတ်နိုင်ပါတယ်

ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတို့ရေ…

အချို့မိခင်တွေက မီးဖွားပြီးပြီးချင်း “နို့ရည်မရှိ”ဘူး လို့ ပတ်ဝန်းကျင်မှာ အမှန်တကယ်ယုံကြည်ကြတယ်… တကယ့်အဖြစ်မှန်က မိခင်ရဲ့ခန္ဓာကိုယ်မှာ ကိုယ်ဝန်ဆောင်ချိန် ၄ လ ကတည်းက ရင်သွေးလေးအတွက် နို့ဦးရည်က အဆင်သင့်ရှိနေပြီ ဆိုတာပါပဲ… မိခင်နို့ပုံမှန်ထွက်ဖို့ (၂) ရက်မှ(၃) ရက်လောက်ကြာတတ်တော့ နို့ဦးရေက ကလေးရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်… “နို့ရည်မရှိ” ဆိုတဲ့မှားယွင်းတဲ့ယုံကြည်ချက်ကမိခင်တွေကို တခြား အရည်တွေ တိုက်ကျွေးဖို့ ဖိအားပေးနေသိလိုဖြစ်နေပါတယ်… “နို့ရည်မရှိဘူး” လို အပြောခံရတဲ့အခါ၊ ခံစားလာရတဲ့အခါသူတိုရဲ့နို့ရည်ထုတ်လုပ်နိုင်စွမ်း အပေါ် ယုံကြည်မှု နည်းသွားစေပါတယ်… မိခင်အသစ်တွေဆိုရင် အားငယ်တာနဲ့စိတ်ဓာတ်ကျတာတွေဖြစ်စေတယ်…

ခေတ်မီတဲ့ မေမေတွေအနေနဲ့ကတော့ ရင်သွေးငယ်တွေ အကောင်းဆုံးကျန်းမာရေးအတွက်ဆိုရင်မှန်ကန်တဲ့ ဗဟုသုတတွေကို နားလည်သဘောပေါက်ဖို့ကအရေးကြီးပါတယ်…

ဒါကြောင့် ကျေးဇူးပြုပြီး မိခင်နို့ မှအပ ဘာမှမတိုက်ကျွေးပါနဲ့နော်… မိမိကလေးကို မိခင်နို့တစ်မျိုးတည်း(၆) လအထိ တိုက်ကျွေးပေးပါ…

အမှန်တကယ်တော့ မနေ့ကတင်တဲ့ ပို့စ်မှာ ပြောခဲ့သလိုပဲ ကလေးလေးရဲ့ အစာအိမ်ကမွေးစမှာသေးသေးလေးမို့ အရမ်းကျေးဇူးတင်စရာကောင်းတဲ့ သဘာဝတရားကြီးက မိခင်နို့ဦးရည်ကိုနည်းနည်းပဲ ထုတ်ပေးတာပါ… ဒါကို မေမေကိုယ်တိုင်ပဲဖြစ်ဖြစ်၊ အခြားတစ်ဦးဦးကပဲဖြစ်ဖြစ်နည်းနည်းလေးပဲထွက်သေးလို့ မေမေ့မှာ နို့ရည်မရှိဘူးလို့ မပြောမိကြပါစေနဲ့နော်… ဒါကမေမေတွေကို အမှန်တကယ်ပဲ စိတ်ဓါတ်ကျ ဝမ်းနည်းစေပါတယ်…သေချာတာက မေမေတွေအားလုံးက နို့ဦးရည် ထုတ်နိုင်ပါတယ်…

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • | |

    ပိုပိုနဲ့ချိုချိုတို့ဘာလို့ဘဝတွေကွာခြားသွားခဲ့ကြသလဲ

    အားလုံးပဲမင်္ဂလာပါ… ပိုပိုနဲ့ချိုချို သူငယ်ချင်းနှစ်ယောက်ရဲ့ ဘဝနှစ်ခုက ဘာကြောင့် ဘယ်လိုကွာခြားသွားကြသလဲ လေ့လာကြည့်ကြရအောင်ပါနော်… ပြန်လည်မျှဝေခွင့်ပေးတဲ့ မူရင်းဖန်တီးတဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

  • ရွှေထက်မက အဖိုးတန်တဲ့ မိခင်နို့ဦးရည်

    မေမေတို့ရေ ဟိုးနှစ်‌ပေါင်းများစွာကတည်းကရှိခဲ့တဲ့လွဲမှားနေတဲ့ ရိုးရာဓလေ့တစ်ခုက ဘာလဲဆိုတော့ မိခင်နို့ဦးရည်ကို ကလေးကို မတိုက်ပဲ လွှင့်ပစ်ကြတာပါပဲ… တကယ်တော့ ဒီလိုလွှင့်ပစ်ခံခဲ့ရတဲ့ မိခင်နို့ဦးရည်ဟာသားသားမီးမီးတို့အတွက် ရွှေထက်အဖိုးတန်ပါတယ်… နို့ဦးရည်ဆိုတာ ကလေးမီးဖွားပြီးပြီးချင်းထွက်တဲ့ ၀ါကျင့်ကျင့်အရောင်နဲ့ နို့ရည်ကြည်ပဲဖြစ်ပါတယ်… ဒါကို နို့အဖြူမဟုတ်လို့ မသန့်ဘူး၊ကလေးကိုမတိုက်သင့်ဘူးလို့ ယူဆပြီး စွန့်ပစ်တတ်ကြပါတယ်… ကလေးငယ်လေးတွေ ရှင်သန်ရပ်တည်နိုင်ရေးအတွက် နို့ဦးရည်ကို လိုအပ်ပါတယ်…နို့ဦးရည်က မွေးကင်းစကလေးတွေအတွက် ရောဂါပေါင်းစုံကာကွယ်ဆေးအနေနဲ့အကျိုးကျေးဇူးတွေ ရှိစေပြီး ကလေးတွေကို ရောဂါ အန္တရာယ်တွေကနေ အကာအကွယ်တွေ ပေးပါတယ်…. နို့ဦးရည်ကအန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ကလေးခန္ဓာကိုယ် ထဲကို ၀င်ရောက်တာကို ကလေးရဲ့အူလမ်းကြောင်းထဲမှာ တားဆီးကာကွယ်ပေးပါတယ်…. မွေးကင်းစကလေးငယ်တွေမှာအစာအိမ်က သေးသေးလေးပဲ ရှိနေသေးပြီးတော့ သူတို့ဗိုက်ဝဖို့ဆို နို့ဦးရေ နည်းနည်းလေးပဲ လိုအပ်ပါတယ်…. မွေးကင်းစ ကလေးငယ်တွေကို နို့မှုန့်အပါအဝင် အခြားအရည်တွေတိုက်ကျွေးမိတဲ့အခါမှာအဲဒီကာကွယ်ပေးမှုတွေက လျော့သွားပြီး ကလေးတွေမှာ ဝမ်းလျှောတာတွေ၊ ခန္ဓာကိုယ်ထဲ ရောဂါပိုးဝင်တာတွေ၊ဦးနှောက် အမြေးရောင်တာတွေ ဖြစ်စေနိုင်ပါတယ်… နို့ဦးရေထဲမှာ…

  • |

    စိတ်ဖိစီးမှုများရင် နို့ထွက်နည်းနိုင်သလား

    စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက မေမေတို့ရဲ့ နို့ရည်တွေကို ခန်းခြောက်သွားစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နို့ထွက်နှုန်းကိုတော့ နှောင့်နှေးစေပြီးတော့ ရင်သွေးလေးတွေ နို့စို့ရတာ ကျေနပ်မှုမရနိုင်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ Oxytocin ဟော်မုန်းက မေမေတို့ရဲ့ နို့ရည်ဆဲလ်တွေ နို့ကိုညှစ်ထုတ်စေဖို့ ကူညီပေးပါတယ်။ ရင်သွေးငယ်လေး နို့စို့ချိန်မှာဆိုရင် Oxytocinပမာဏက သွေးထဲမှာ တိုးပွားလာတာ တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုရှိတဲ့ အခြေအနေ (နာတာကျင်တာ၊စိတ်ပူတာ၊ စိုးရိမ်ပူပန်ရတာ၊ ပင်ပန်းတာ စတဲ့ အခြေအနေ) တွေမှာ oxytocin ပမာဏက တက်မလာတတ်ပါဘူး။ ဒါပေမယ့် ဒီအတွက် အရမ်းမစိုးရိမ်သွားပါနဲ့။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။စိတ်ဖိစီးမှုက မေမေတို့ နို့ထွက်နည်းစေတယ်ဆိုတာကို အသိအမှတ်ပြုထားရပါမယ်။ ၂။ရင်သားကိုနှိပ်နယ်ပေးရပါမယ်။ လက်နဲ့ညှစ်ထုတ်ပေးရပါမယ်။ ၃။မကြာခဏနို့တိုက်နိုင်ဖို့ စီစဉ်ရပါမယ်။ ၄။တကယ်လို့ အိပ်ရေးမဝရင် ကလေးအိပ်နေတဲ့အချိန်လေးတွေမှာ မှေးစက်ပါ။…

  • ကလေးနို့ဝမဝ ဘယ်လိုသိနိုင်မလဲ

    မေမေတို့ရေ…. ဒီနေ့တော့ ရင်သွေးလေးတွေကို မေမေတို့က မိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်တယ်(သို့) ကလေးကမိခင်နို့ ကောင်းကောင်းရနေတယ်ဆိုတာ သိနိုင်တဲ့ အချက်တွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်… မေမေ့ရဲ့ ဘေဘီလေးက · တက်ကြွပြီး နိုးကြားလှုပ်ရှားနေမယ် · နို့စို့ပြီးချိန်မှာ ပျော်ရွှင်ပြီး ကျေနပ်နေမယ် · ၂၄နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့တိုက်ကျွေးတာ ခံရမယ် · နို့တိုက်နေတဲ့အချိန်မှာ ကလေးရဲ့အခြေအနေကိုကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာ တွေ့ရမယ် · ကိုယ်အလေးချိန် နေ့စဉ် ၂၅ ဂရမ် မှ ၃၅ ဂရမ်ကြား အလေးချိန်တိုးလာမယ် (ရင်သွေးငယ်လေးက ပထမ ၅ ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့ ၇% ထက်လျော့လာပါတယ်…. ဒါပေမယ့် ၁၀ ရက်မြောက်မှာတော့ မွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိလာပါတယ်…)…

  • ကလေးက မိခင်နို့ကို လုံလောက်စွာ ရနေပြီဖြစ်ကြောင်း မိခင်က ဘယ်လိုသိနိုင်မလဲ​

    အောက်ဖော်ပြပါ အချက်များသည် သင့်ကလေးသည် မိခင်နို့ချိုကို လုံလောက်စွာ ရပြီး ဖြစ်ကြောင်း သိနိုင်သော အချက်များဖြစ်သည်။

  • |

    မိခင်နို့နှင့် နို့မှုန့် (Formula Milk) တို့ရဲ့ ကွာခြားချက်

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး… ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွား စဉ်ကနေ ၆ လ အထိ…

Leave a Reply

Your email address will not be published. Required fields are marked *