မိခင်နို့နဲ့ နို့မှုန့်က အတူတူပဲလား

မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး…
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွားစဉ်ကနေ အသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ပြီး ကလေးအသက် ၂ နှစ်နဲ့ ၂ နှစ်ကျော်တဲ့အထိဖြည့်စွက်စာ များနဲ့အတူ မိခင်နို့ကို ဆက်တိုက်သွားမယ်ဆိုရင် ကလေးအတွက် အကောင်းဆုံးပါပဲ….
မိခင်က ဘယ်လိုမှ မိခင်နို့တိုက်ကျွေးဖို့ မဖြစ်နိုင်တဲ့အခြေအနေနဲ့ အခြားရွေးချယ်စရာ နည်းလမ်းမရှိတော့မှသာ နို့မှုန့်တိုက်တဲ့ ကိစ္စကို ရွေးချယ်သင့်တယ်လို့ အကြံပြုပါရစေ…
မိခင်တိုင်း ကိုယ့်ကလေးကို ကိုယ်ဘာတိုက်ချင်လဲဆိုတာ ရွေးချယ်ဖို့အခွင့်အရေး ရှိပါတယ်… ဒါပေမယ့် မှန်ကန်တဲ့ သတင်းအချက်အလက်တွေအပေါ်အခြေခံပြီး ရွေးချယ်တဲ့ ‘အဆိုးအကောင်းသိပြီးမှ ရွေးချယ်မှု – Informed Choice’ ဖြစ်ရန်လိုပါတယ်… မိဘတွေက မိသားစု၊ သူငယ်ချင်းတွေ၊ လူမှုကွန်ယက်တွေ၊ ကြော်ငြာတွေ ဆီကနေ မမှန်ကန်တဲ့ သတင်းအရင်းမြစ်တွေ ကိုနားထောင်မိတဲ့အခါ သူတို့အတွက် သတင်းမှန်တွေ၊ အချက်အလက်မှန်တွေရမှာ မဟုတ်ဘူးပါဘူး… မိဘအများစုက သူတို့ကလေးတွေကို မိခင်နို့တိုက်ချင်ပေမယ့် နို့မှုန့်တိုက်ဖို့ အခြေအနေတွေကို တွန်းပို့ခံရတာတွေ ရှိတတ်ပါတယ်….
နို့မှုန့်ဆိုတာပေါ်လာတဲ့ အကြောင်းလေးကို ဆက်ပြီး မျှဝေပေးပါရစေ… နို့မှုန့်ဆိုတာတွေကို ၁၈၆၅ ခုနှစ်က ဓါတုဗေဒပညာရှင်တစ်ယောက်က စပြီးတီထွင်ခဲ့တာပါ… သူက မိခင်နို့ရဲ့ အာဟာရနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ဘာဆိုဘာမှ သိနေခဲ့တာ မဟုတ်ပါဘူး… သူက ဒါကိုတီထွင်နိုင်ဖို့ နွားရဲ့နို့ရယ်၊ ဂျုံရယ်၊ မုယောစပါးရယ်၊ ကလေးတွေနဲ့ ဓါတ်မတဲ့တဲ့ အစားအစာတွေကိုတောင် အသုံးပြုခဲ့တယ်…. သိပ္ပံပညာရှင်တွေအတွက်တော့ ဒါက ကလေးတွေကျန်းမာရေးအတွက်ရည်ရွယ်ပြီး မိဘတွေအနေနဲ့ ငွေကြေးအကုန်အကျခံသုံးစွဲရာကနေ အကျိုးအမြတ်များစေနိုင်တဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်လာတော့တာပါပဲ… အစောပိုင်းက ထုတ်လုပ်ခဲ့တဲ့ အဲဒီ မိခင်နို့အစားထိုး နို့မှုန့်အများစုဟာ ကလေးတွေကို သေဆုံးစေခဲ့သလို အာဟာရချို့တဲ့မှုတွေကို ဖြစ်ပေါ်စေခဲ့တာဟာ ၁၉၅၀ ပြည့်နှစ်များကစခဲ့ပြီး ယနေ့အထိတိုင်အောင်ပါပဲ…
ဥပမာပြောရရင် ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘောဒီးယားနိုင်ငံမှာ ရှိတဲ့ ကလေးတော်တော်များများက အပြင်းအထန် နေမကောင်းဖြစ်လာခဲ့ကြပါတယ်… ဒီလိုနဲ့ စစ်ဆေးကြည့်တဲ့အခါ သူတို့ကို တိုက်တဲ့ နို့မှုန့်တံဆိပ် တစ်မျိုးမှာ သံဓါတ်နဲ့ သွပ်ဓါတ်လုံလုံလောက်လောက်ပါမနေဘူးဆိုတာ တွေ့လိုက်ရပါတယ်… ဒီကလေးလေးတွေဟာ ပြင်းထန်တဲ့သွေးအားနည်းရောဂါတွေ ဆက်ဖြစ်ပြီး ဆေးရုံတက်ရ၊ သွေးသွင်းရတာတွေအထိ ဖြစ်လာ ခဲ့ပါတယ်… ကလေးဘဝမှာ သွေးအားနည်းရောဂါကို ပြင်းပြင်းထန်ထန်ဖြစ်ဖူးခဲ့ရင် ဦးနှောက်ကို ထိခိုက်စေပြီး သင်ယူမှုနှောင့်နှေးစေနိုင်ပါတယ်… ဒီအမှတ်တံဆိပ်က မြန်မာနိုင်ငံမှာ ရောင်းနေတုန်းပဲဆိုတာ သိထားရပါတယ်… တစ်ခုခုက သေသေသပ်သပ် လှလှပပလေး ထုတ်ပိုးထားတဲ့ ဘူးထဲမှာရှိနေမယ်….အဖြူရောင်အမှုန့်နဲ့တူပြီး ဈေးလည်းကြီးနေမယ်ဆိုရင် အဲဒါတွေက ကလေးငယ်အတွက်ကောင်းတယ်လို့မထင်လိုက်ပါနဲ့….
မိခင်နို့တိုက်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတိုက်နိုင်တဲ့ မိဘမျိုးတွေအတွက် မိခင်နို့ရဲ့ ကောင်းကျိုးတွေနဲ့ နို့မှုန့်ရဲ့ အားနည်းချက်တွေကို သိရတိုင်း ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုမျိုးခံစားရတတ်ပါတယ်… မိဘတိုင်းက ကိုယ့်ရင်သွေးကို အကောင်းဆုံးတွေပဲဖြစ်စေချင်တာ ဓမ္မတာပါ… ကိုယ်ဘာပဲ တိုက်ကျွေးခဲ့ တိုက်ကျွေးခဲ့ ကိုယ့်ကလေးအတွက် ကိုယ်အတက်နိုင်ဆုံးကြိုးစားခဲ့တာမို့ စိတ်မကောင်းမဖြစ်ဖို့ စာနာနားလည်စွာနဲ့ အားပေးတိုက်တွန်းလိုပါတယ်…
ဒီလိုမျိုးတွေမဖြစ်ရအောင် အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေရှိလာတဲ့အခါ အတူတကွဖြေရှင်းနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါမေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho 

Similar Posts

  • COVID-19 နှင့် မိခင်နို့တိုက်ကျွေးခြင်း

    အောက်ပါအမေးအဖြေများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အာဟာရပညာရှင်များမှ ပြုစု ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားနေစဉ်ကာလအတွင်း မိခင်နို့တိုက်ကျွေး ခြင်းဆိုင်ရာ အမေးအဖြေကဏ္ဍကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ (National Nutrition Centre/NNC) မှ ဘာသာပြန်၍ တင်ပြထားခြင်းအား ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါသည်။​ မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဟာ မေမေတို့ရဲ့ နို့ရည်ကတစ်ဆင့် သားသားမီးမီးတို့ကို ကူးစက်နိုင်ပါသလား? ဖြေ။ အခုအချိန်ထိတော့ မေမေတို့ရဲ့ နို့ရည်ထဲကတစ်ဆင့် (ဒါမှမဟုတ်မေမေ့နို့တိုက်လို့ သားသားမီးမီးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားများ မတွေ့ရှိသေးပါဘူး။ ဒါကြောင့် … ရင်သွေးငယ်များအတွက် အကောင်းဆုံးအာဟာရလည်းဖြစ် ၊ ရောဂါကာကွယ်တဲ့ဓာတ်တွေလည်းပါဝင်တဲ့ မိခင်နို့ ချိုကို အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်းမှာ သားသားမီးမီးတို့ကို ဆက်တိုက်ဖြစ်အောင် တိုက်ရမှာဖြစ်ပါတယ်။ မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဖြစ်များနေတဲ့ မြို့နယ်၊ ရပ်ကွက်အတွင်းမှာ…

  • Self-paced Online သင်တန်း တက်နည်း

    ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ Self-paced Online သင်တန်းလေးတွေကို အခက်အခဲမရှိပဲ တက်ရောက်နိုင်ဖို့ ဒီပို့စ်လေးက လမ်းညွန်ချက်လေးတွေကို အတိအကျလိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ သင်တန်းဖို့ဆိုရင် အောက်ပါအဆင့်လေးတွေကို လုပ်ဖို့လိုပါတယ်။ အဆင့် (၁) ဒို့မိသားစုလေး Website တွင် အကောင့်ဖွင့်ခြင်းနှင့် Log-in ဝင်ခြင်း အဆင့် (၂) Log-in ဝင်ပြီးနောက် မိမိတက်ရောက်လိုသော သင်တန်းကို စာရင်းပေးသွင်းခြင်း အဆင့် (၃) သင်တန်းကြေးပေးသွင်းခြင်း အဆင့် (၄) သင်ခန်းစာများကို စတင်လေ့လာသင်ယူခြင်း အခက်အခဲ တစ်ခုခုကြုံရတယ်ဆိုရင် ဒို့မိသားစုလေးရဲ့ Admin Team ကို ဆက်သွယ်ပေးပါ။ ပျော်ရွှင်ဖွယ်ရာ သင်ယူမှုလေးဖြစ်ပါစေ။​

  • ကလေးငယ်တွေကို ပန်းရောင်ဆား (Pink Salt) ကျွေးသင့်လား

    ပန်းရောင်ဆားဆိုတာ ဘာလဲ? ပန်းရောင်ဆား (Himalayan Pink Salt) သည် သဘာဝဆားတစ်မျိုးဖြစ်ပြီး သာမန်ဆားထက် သတ္တုဓာတ်များ (ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်) အနည်းငယ်ပိုမိုပါဝင်သော်လည်း ဆိုဒီယမ်ပမာဏမှာ သာမန်ဆားနှင့် အတူတူပါပဲ။ ကလေးငယ်များကို ပန်းရောင်ဆား ကျွေးသင့်လား? ဆိုဒီယမ် (အငန်ဓါတ်)​အန္တရာယ် အိုင်အိုဒင်းဓာတ် မပါဝင်ခြင်း သတ္တုဓာတ်များ ဘာကြောင့် အိုင်အိုဒင်းဓာတ် အရေးကြီးတာလဲ? မိဘများအတွက် အကြံပြုချက်များ ✅ ၁ နှစ်အောက်ကလေး – ဆားလုံးဝမကျွေးပါနဲ့။✅ ၁ နှစ်အထက် – အိုင်အိုဒင်းဖြည့်စွက်ထားသောဆား (iodized salt) ကို အနည်းငယ်သာ ထည့်ပါ။✅ ပန်းရောင်ဆားသုံးပါက – အိုင်အိုဒင်းဓာတ်ပါသော အစားအစာများ (ပင်လယ်စာ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း) ဖြင့် ဖြည့်စွက်ပေးပါ။✅ သဘာဝအစားအစာများ –…

  • ကလေးကဘယ်တော့မှ ကောင်းကောင်းအိပ်မှာလဲ

    မေမေတို့ပူပန်လေ့ရှိကြတဲ့ ကိစ္စတစ်ခုက ဘေဘီလေးတွေ ဘယ်တော့များမှ ကောင်းကောင်း အိပ်မလဲပေါ့။ ကလေး တော်တော်များများကတော့ ညတစ်ညလုံး အိပ်ပျော်ဖို့ဆိုရင် အသက်တော်တော် ကြီးမှ ရပါလိမ့်မယ်။ အိပ်ပျော်တဲ့ ပုံစံတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ အချို့ကလေးတွေကပဲ အစောပိုင်းလတွေမှာ တစ်ညလုံးအိပ်တတ်ကြပေမယ့် ကလေးအများစုကတော့ ညဘက်မှာ နို့စို့ဖို့ အိပ်ရာက နိုးကြပါသေးတယ်။ကလေးလေးတွေရဲ့ အစာအိမ်အရွယ်အစားက လူကြီးတွေထက်သေးတာကြောင့် နို့အလုံအလောက်ရဖို့၊ ကြီးထွားဖွံ့ဖြိုးလာစေဖို့ မကြာခဏ မိခင်နို့တိုက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကလေးက အစောပိုင်းလတွေမှာ ညဘက် တစ်ညလုံးအိပ်နေခဲ့ရင် နို့စို့တာနည်းလို့ တချို့ကလေးငယ်တွေအတွက် ကိုယ်အလေးချိန်တိုးတာ နှေးစေနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ကလေးအိပ်တာကို ကျင့်ပေးတာတွေရှိနေပါပြီ။ အားလုံးနားလည်ထားတာက မေမေအားလုံး အိပ်ချင်ကြတယ်။ ဒါပေမယ့် ကလေးတွေရဲ့ခန္ဓာကိုယ်ကျတော့ လူကြီးတွေနဲ့ တူမနေပါဘူး။ ကလေးတွေ အစာအိမ်ကသေးတော့ မကြာခဏနို့တိုက်ရတယ်။ ညဘက်တောင်…

  • ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရပြည့်ဝစွာစားသုံးနည်း

    Video Credit: Food and Agriculture Organization

Leave a Reply

Your email address will not be published. Required fields are marked *