working ethnic mother using tablet and laptop at home with playing kids on background

Self-paced Online သင်တန်း တက်နည်း

ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ Self-paced Online သင်တန်းလေးတွေကို အခက်အခဲမရှိပဲ တက်ရောက်နိုင်ဖို့ ဒီပို့စ်လေးက လမ်းညွန်ချက်လေးတွေကို အတိအကျလိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ သင်တန်းဖို့ဆိုရင် အောက်ပါအဆင့်လေးတွေကို လုပ်ဖို့လိုပါတယ်။

အဆင့် (၁) ဒို့မိသားစုလေး Website တွင် အကောင့်ဖွင့်ခြင်းနှင့် Log-in ဝင်ခြင်း

  • အဆင့် (၁) မှာ ပထမဆုံးအနေနဲ့ ဒို့မိသားစုလေးရဲ့ Website ဖြစ်တဲ့ www.dohmeetharsulay.com ကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ ဒီလိုဝင်နိုင်ဖို့အတွက် Chrome, Microsoft Edge, Safari, Firefox စတာတွေလိုမျိုး Browser Application တစ်ခုခုကို အသုံးပြုရမှာဖြစ်ပါတယ်။​
  • ပြီးရင် အကောင့်ဖွင့်နိုင်ဖို့အတွက် Website ရဲ့ ညာဖက် ထောင့်နားမှာ ရှိတဲ့ LOG IN ကိုနှိပ်လိုက်ပါ။​
  • ကိုယ်က ကိုယ်ပိုင်အီးမေးနဲ့ အကောင့်ဖွင့်မယ်ဆိုရင် username နဲ့ Email လိပ်စာကို ထည့်ပြီး Register ကိုနှိပ်ရပါမယ်။ သို့မဟုတ်ကိုယ်က ရှိပြီးသား Facebook Account သို့မဟုတ် Gmail အကောင့်နဲ့ ဝင်ချင်တယ်ဆိုရင် Continue with Facebook သို့မဟုတ် Continue with Google ကို တန်းနှိပ်လိုက်ပါ။​ သက်ဆိုင်ရာ Facebook သို့မဟုတ် Gmail ကို ရှိပြီးသား username နှင့် password တို့ကို အသုံးပြုပြီး Log-in လုပ်ပါ။

အဆင့် (၂) Log-in ဝင်ပြီးနောက် မိမိတက်ရောက်လိုသော သင်တန်းကို စာရင်းပေးသွင်းခြင်း

  • ကိုယ့်မှာ Account လည်းရှိပြီ၊ Log-in လည်း လုပ်ပြီးပြီဆိုရင် သင်တန်းများအောက်က Self-pace Courses ကိုနှိပ်လိုက်ပါ။
  • ပြီးရင် သင်တန်းတွေထဲက မိမိတက်လိုတဲ့ သင်တန်းကို ရွေးပြီး နှိပ်လိုက်ပါ။​
  • နောက်တစ်ဆင့်မှာတော့ သင်တန်းစာမျက်နှာမှာရှိတဲ့ Buy Now ကို နှိပ်လိုက်ပါ။
  • ခဏစောင့်ပြီး သင်တန်းကြေးပေးသွင်းရမယ့် အချက်လက်ကို Screenshot ယူ၍ဖြစ်စေ သိမ်းဆည်းထားပါ။
  • ပြီးတာနဲ့ Place Order ကိုနှိပ်လိုက်ပါ။

အဆင့် (၃) သင်တန်းကြေးပေးသွင်းခြင်း

  • သတ်မှတ်သင်တန်းကြေးကို အဆင့် (၂) မှာတုန်းက Screenshot ယူထားတဲ့ အချက်အလက်တွေထဲက ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းကိုအသုံးပြုပြီး သတ်မှတ်သင်တန်းကြေးကိုလွှဲပို့ပါ။
  • ငွေလွှဲမှတ်တမ်းကို Screenshot ယူထားပြီး ဒို့မိသားစုလေးရဲ့ Facebook Messenger ကို ပို့ပေးပါ။​
  • Screenshot ပို့ပြီးတာနဲ့ ၂၄ နာရီအတွင်း သင်တန်းတက်ရောက်ခွင့် Approve ရမှာဖြစ်ပြီး သင်ခန်းစာတွေကို စတင်လေ့လာခွင့်ရမှာဖြစ်ပါတယ်။

အဆင့် (၄) သင်ခန်းစာများကို စတင်လေ့လာသင်ယူခြင်း

  • အထက်ပါအဆင့်တွေအားလုံးပြီးပြီဆိုရင်တော့ သင်ခန်းစာတွေစတင်သင်ယူလို့ရပါပြီ။
  • www.dohmeetharsulay.com ကိုဝင်ပြီး Log-in ဝင်ပါ။
  • Self-paced Course အောက်က ကိုယ်စာရင်းသွင်းထားတဲ့ သင်တန်းကိုဝင်ပါ။
  • ပြီးရင် Contine ကို နှိပ်ပြီး စတင်သင်ယူလို့ရပါပြီ။
  • သင်ခန်းစာတစ်ခုပြီးတိုင်း မိမိစိတ်ကျေနပ်ပြီဆိုရင် Complete ကိုနှိပ်ပေးပါ။
  • မိမိအချိန်ရသလောက်သင်ခန်းစာတွေကိုကြည့်ပြီးလို့ ခဏနားချင်တယ်ဆိုရင် Browser ကို ပိတ်လိုက်ပါ။​ Browser ကို မပိတ်ခင် Log-out လုပ်လည်းရတယ်၊​ မလုပ်ချင်လည်း ရပါတယ်။​
  • နောက်တစ်ကြိမ် ကိုယ့်မှာအချိန်ရလို့ ဆက်ပြီးသင်ခန်းစာတွေသင်မယ်ဆိုရင် အထက်ဖော်ပြပါ အချက်တွေအတိုင်း Log-in ပြန်ဝင်လိုက်မယ်၊ သင်တန်းကိုပြန်ဝင်လိုက်မယ်ဆိုရင် မိမိနောက်ဆုံး သင်ယူခဲ့တဲ့နေရာကနေ ပြန်စပြီး သင်ယူလိုရမှာဖြစ်ပါတယ်။​

အခက်အခဲ တစ်ခုခုကြုံရတယ်ဆိုရင် ဒို့မိသားစုလေးရဲ့ Admin Team ကို ဆက်သွယ်ပေးပါ။

ပျော်ရွှင်ဖွယ်ရာ သင်ယူမှုလေးဖြစ်ပါစေ။​

Similar Posts

  • |

    ကိုယ်ဝန်ထပ်ရှိလာရင် နို့ဆက်တိုက်လို့ရသေးလား

    ရပါတယ်။ မေမေအများစုက ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ နို့ဆက်တိုက်နိုင်ပါတယ်။ ကလေးမွေးပြီးတော့လည်း ကလေးကြီးနဲ့ မွေးကင်းစလေး ၂ ယောက်စလုံးကို မိခင်နို့တိုက်လို့ရပါတယ်။ ဒီလိုနို့တိုက်တာမျိုးကို tandem nursing လို့ ခေါ်ပါတယ်။ ရှေးရှေးတုန်းကတော့ ကြီးတဲ့ ကလေးကို နို့ဖြတ်ဖို့ အကြံပြုခဲ့ကြပေမယ့် သုတေသနအသစ်တွေအရတော့ tandem nursingက အန္တရာယ်မရှိဘူးလို့ သိရပါ တယ်။ ကလေးနှစ်ဦးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်ဆိုရင် မေမေတို့က ကယ်လိုရီများများပိုစားဖို့လိုပါတယ်၊ရေလည်းများများသောက်ရမယ်၊ ကလေးအိပ်ရင် လည်းလိုက်အိပ်ရမယ်၊ ပိုငယ်တဲ့ကလေးကို အမြဲတမ်း အရင်နို့တိုက်ကျွေးရပါမယ်။ ကလေးအကြီးကတော့ မေမေတို့ နို့ပိုထွက်ဖို့ကူညီပေးပါလိမ့်မယ်။ရင်သားတွေက လှုံ့ဆော်မှု ပိုရလာတာနဲ့အမျှ မိခင်နို့များများ ထွက်လာပါလိမ့်မယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member…

  • |

    စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား

    မေမေတို့ရေ ဒီနေ့တော့ စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား ဆိုတဲ့အကြောင်းလေးရှင်းပြပေးပါမယ်။မျှော်လင့်မထားဘဲရုတ်တရက်ပေါ်ပေါက်လာတဲ့ အခြေအနေတွေမှာ ဖြစ်ရပ်တိုင်းက ဖိစီးမှုတွေနဲ့ အပြည့်လို့ ထင်ရပါတယ်။ဟုတ်ပါတယ် …. မေမေတို့စိတ်ဖိစီးနေတဲ့ အချိန်အခါတွေမှာ နို့ချိုတိုက်ကျွေးတာ ကောင်းပါတယ်။အကြောင်းပြချက်တွေကတော့ ၁။မေမေတို့စိတ်ဖိစီးမှုခံရချိန်မှာ ရင်သွေးငယ်လေးတွေလည်းဘဲ အတူတူ စိတ်ဖိစီးမှု ခံစားရပါတယ်။ မေမေတို့ဘယ်နေရာမှာဘဲရှိရှိ၊ မေမေတို့ဘာပဲလုပ်နေပါစေ၊ နို့တိုက်ကျွေးပြီဆိုတာနဲ့ ကလေးက လုံခြုံစိတ်ချတယ်ဆိုတဲ့ ခံစားမှုကိုရရှိစေမှာပါ။ နို့တိုက်တဲ့အခါ ကလေးကို မေမေတို့အနားမှာ နီးနီးကပ်ကပ်ထားဖို့ပါဘဲ။၂။ပြန်လည်နေရာချထားရတဲ့အချိန်၊ ခရီးသွားလာချိန်တွေမှာ မိခင်နို့တိုက်ကျွေးခြင်းက အာဟာရဓာတ်တွေကောင်းစွာရဖို့နဲ့ ကိုယ်ခံစွမ်းအားတွေကိုရဖို့ ထောက်ပံ့ပေးပါတယ်။၃။မေမေတို့နို့တိုက်တဲ့အခါမှာ မေမေတို့ရဲ့ ခန္ဓာကိုယ်ကနေ CCK (cholecystokinin)ခေါ်တဲ့ ဟော်မုန်းတစ်မျိုးအပါအဝင် ဟော်မုန်းအမြောက်အများထုတ်လုပ်ပေးပါတယ်။ အဲဒီ CCKဟော်မုန်းက မေမေတွေကို အိပ်စက်စေဖို့နဲ့ သက်တောင့်သက်သာရှိစေဖို့ ပြုလုပ်ပေးပါတယ်။ နို့တိုက်မိခင်တွေအနားယူဖို့ ပိုမိုလိုအပ်တာကို မေမေတို့ရဲ့ခန္ဓာကိုယ်က သိပါတယ်။၄။နို့တိုက်ခြင်းက စိတ်ဖိစီးမှုလျော့နည်းစေပါတယ်။ ဘာကြောင့်လဲဆိုရင် မိခင်နို့တိုက်တဲ့အချိန်မှာထွက်လာတဲ့…

  • |

    မိခင်နို့တိုက်ကျွေးတာကို အကာအကွယ်ပေးထားတဲ့ ဥပဒေ

    အားလုံးပဲ မင်္ဂလာပါ… အရင်ရက်တွေက နို့မှုန့်၊ နို့ဘူးတိုက်ကျွေးခြင်းရဲ့ အန္တရာယ်တွေကို မျှဝေခဲ့လို့ တစ်ချို့မေမေတွေက ဒီ Page ရဲ့ Admin တွေက နို့မှုန့်ကုမ္ပဏီတွေနဲ့ ရန်ဖြစ်ထားလို့လားဆိုပြီး မှတ်ချက်လေးတွေ ပေးခဲ့ကြတာရှိပါတယ်… Page ရဲ့ Admin တွေက ဘယ်နို့မှုန့်ကုမ္ပဏီတွေနဲ့မှ ရန်ဖြစ်မထားသလို ဘယ်နို့မှုန့်ကုမ္ပဏီရဲ့ sponsor ကိုမှာ ယူလေ့မရှိပါဘူး… ဒါဟာ အာဟာရပညာရှင်တွေ၊ ကျန်းမာရေးပညာရှင်တွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို လိုက်နာနေတာဖြစ်သလို၊ မိခင်နို့တိုက်ကျွေးရေးကို ကာကွယ်နေတာပဲဖြစ်တယ်… ဒါဟာ Healthy and Happy Families အဖွဲ့ရဲ့ မူဝါဒ policy လည်းဖြစ်ပါတယ်… မိခင်နို့တိုက်ကျွေးခြင်းကို ကာကွယ်ရာမှာ the International Code of Marketing of Breastmilk Substitutes လို့‌ခေါ်တဲ့ နိုင်ငံတကာ မိခင်နို့အစားထိုးပစ္စည်းများ စျေးကွက်တင်ခြင်းဆိုင်ရာ စျေးကွက်တင်ခြင်းဆိုက်ရာကိုဗဥပဒေ ဟာ သိပ်ကိုအရေးပါပါတယ်… ၁။ နို့မှုန့်ရောင်းချတဲ့နို့မှုန့်ကုမ္ပဏီတွေဟာ ဦးတည်ချက်လွဲမှားစေနိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ မိဘတွေကို စိတ်ရှုပ်ထွေးစေပြီး မိခင်နို့တိုက်ကျွေးခြင်းကို မကြာခဏဆိုသလို အားနည်းစေပါတယ်။…

  • |

    စိတ်ဖိစီးမှုများရင် နို့ထွက်နည်းနိုင်သလား

    စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက မေမေတို့ရဲ့ နို့ရည်တွေကို ခန်းခြောက်သွားစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နို့ထွက်နှုန်းကိုတော့ နှောင့်နှေးစေပြီးတော့ ရင်သွေးလေးတွေ နို့စို့ရတာ ကျေနပ်မှုမရနိုင်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ Oxytocin ဟော်မုန်းက မေမေတို့ရဲ့ နို့ရည်ဆဲလ်တွေ နို့ကိုညှစ်ထုတ်စေဖို့ ကူညီပေးပါတယ်။ ရင်သွေးငယ်လေး နို့စို့ချိန်မှာဆိုရင် Oxytocinပမာဏက သွေးထဲမှာ တိုးပွားလာတာ တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုရှိတဲ့ အခြေအနေ (နာတာကျင်တာ၊စိတ်ပူတာ၊ စိုးရိမ်ပူပန်ရတာ၊ ပင်ပန်းတာ စတဲ့ အခြေအနေ) တွေမှာ oxytocin ပမာဏက တက်မလာတတ်ပါဘူး။ ဒါပေမယ့် ဒီအတွက် အရမ်းမစိုးရိမ်သွားပါနဲ့။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။စိတ်ဖိစီးမှုက မေမေတို့ နို့ထွက်နည်းစေတယ်ဆိုတာကို အသိအမှတ်ပြုထားရပါမယ်။ ၂။ရင်သားကိုနှိပ်နယ်ပေးရပါမယ်။ လက်နဲ့ညှစ်ထုတ်ပေးရပါမယ်။ ၃။မကြာခဏနို့တိုက်နိုင်ဖို့ စီစဉ်ရပါမယ်။ ၄။တကယ်လို့ အိပ်ရေးမဝရင် ကလေးအိပ်နေတဲ့အချိန်လေးတွေမှာ မှေးစက်ပါ။…

  • |

    မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရမိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ် တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ၊ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

Leave a Reply

Your email address will not be published. Required fields are marked *