|

စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား

မေမေတို့ရေ

ဒီနေ့တော့ စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား ဆိုတဲ့အကြောင်းလေးရှင်းပြပေးပါမယ်။
မျှော်လင့်မထားဘဲရုတ်တရက်ပေါ်ပေါက်လာတဲ့ အခြေအနေတွေမှာ ဖြစ်ရပ်တိုင်းက ဖိစီးမှုတွေနဲ့ အပြည့်လို့ ထင်ရပါတယ်။
ဟုတ်ပါတယ် …. မေမေတို့စိတ်ဖိစီးနေတဲ့ အချိန်အခါတွေမှာ နို့ချိုတိုက်ကျွေးတာ ကောင်းပါတယ်။အကြောင်းပြချက်တွေကတော့

၁။မေမေတို့စိတ်ဖိစီးမှုခံရချိန်မှာ ရင်သွေးငယ်လေးတွေလည်းဘဲ အတူတူ စိတ်ဖိစီးမှု ခံစားရပါတယ်။ မေမေတို့ဘယ်နေရာမှာဘဲရှိရှိ၊ မေမေတို့ဘာပဲလုပ်နေပါစေ၊ နို့တိုက်ကျွေးပြီဆိုတာနဲ့ ကလေးက လုံခြုံစိတ်ချတယ်ဆိုတဲ့ ခံစားမှုကိုရရှိစေမှာပါ။ နို့တိုက်တဲ့အခါ ကလေးကို မေမေတို့အနားမှာ နီးနီးကပ်ကပ်ထားဖို့ပါဘဲ။
၂။ပြန်လည်နေရာချထားရတဲ့အချိန်၊ ခရီးသွားလာချိန်တွေမှာ မိခင်နို့တိုက်ကျွေးခြင်းက အာဟာရဓာတ်တွေကောင်းစွာရဖို့နဲ့ ကိုယ်ခံစွမ်းအားတွေကိုရဖို့ ထောက်ပံ့ပေးပါတယ်။
၃။မေမေတို့နို့တိုက်တဲ့အခါမှာ မေမေတို့ရဲ့ ခန္ဓာကိုယ်ကနေ CCK (cholecystokinin)ခေါ်တဲ့ ဟော်မုန်းတစ်မျိုးအပါအဝင် ဟော်မုန်းအမြောက်အများထုတ်လုပ်ပေးပါတယ်။ အဲဒီ CCKဟော်မုန်းက မေမေတွေကို အိပ်စက်စေဖို့နဲ့ သက်တောင့်သက်သာရှိစေဖို့ ပြုလုပ်ပေးပါတယ်။ နို့တိုက်မိခင်တွေအနားယူဖို့ ပိုမိုလိုအပ်တာကို မေမေတို့ရဲ့ခန္ဓာကိုယ်က သိပါတယ်။
၄။နို့တိုက်ခြင်းက စိတ်ဖိစီးမှုလျော့နည်းစေပါတယ်။ ဘာကြောင့်လဲဆိုရင် မိခင်နို့တိုက်တဲ့အချိန်မှာထွက်လာတဲ့ Oxytocin နှင့် Prolactinဆိုတဲ့ ဓါတ် ၂ မျိုးက စိတ်ဓါတ်ကျတာနဲ့ စိတ်ဖိစီးမှုကိုလျော့နည်းစေတဲ့ အစွမ်းသတ္တိရှိပါတယ်။

၅။ဟော်မုန်းထုတ်လုပ်မှုတွေအားလုံးက ဆက်စပ်နေပါတယ်။ ခံစားမှုကောင်းကောင်း ရစေတဲ့ ဟော်မုန်းတွေထုတ်လုပ်တဲ့အခါ Cortisol ဟော်မုန်းလိုမျိုး စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်း ထုတ်လုပ်တာနဲ့သူ့ရဲ့ အလုပ်လုပ်တာတွေ လျော့ကျ သွားစေပါတယ်။



၆။မေမေတို့ နို့တွေပိုထွက်စေဖို့ မိခင်နို့ဆက်တိုက်ထားရပါမယ်။ မိခင်နို့ဆက်တိုက်ခြင်းကမေမေတို့ရဲ့ ရင်သားတွေ မိခင်နို့ထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ အားပေး ပါတယ်။



၇။မိခင်နို့က ရင်သွေးလေးတွေအတွက် ဘက်တီးရီးယား/ ဗိုင်းရပ်စ်တွေကို ကာကွယ်ဖို့ ပဋိပစ္စည်းတွေကိုထုတ်လုပ်ပေးပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • နို့ပိုထွက်အောင် ရင်သားတွေကို ဘယ်လိုနှိပ်နယ်ရမလဲ​

    နို့ပိုထွက်အောင်နဲ့ နို့ရည်စီးဆင်းမှုကောင်းအောင် ရင်သားတွေကို နှိပ်ပေးရမယ့်နည်းလမ်းလေးကို မင်မင် မေမေဆရာမတစ်ယောက်က ပြပေးထားပါတယ်။ လိုက်လုပ်ပြီး လေ့ကျင့်ကြည့်ပါနော်။

  • မိခင်နို့လုံလုံလောက်လောက်မထွက်ရင် ဘာလုပ်နိုင်သလဲ

    မေမေတို့ရေ… မေမေတွေမှာမိခင်နို့လုံလုံလောက်လောက်မထွက်ရင် ဘာလုပ်နိုင်သလဲ ဆိုတာနဲ့ပတ်သက်ပြီး နည်းနည်း ပြောပြပါမယ်။ တကယ်တော့ အမျိုးသမီးတွေက မိခင်နို့တိုက်ကျွေးနိုင်ဖို့ သဘာဝက ပေးထားပြီး ရင်သားတွေက မိခင်နို့ ထွက်ဖို့အတွက် ဖန်ဆင်းထားတယ်လို့တောင် ပြောလို့ရပါတယ်။ အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားပြီးနောက် အချိန်တွေတစ်လျှောက်လုံးမှာ ရင်သားတွေက နို့ချိုတိုက်ကျွေးနိုင်ဖို့ တောက်လျောက် ပြင်ဆင်နေခဲ့တာပါ။ အချို့အမျိုးသမီးတွေက နို့တိုက်နိုင်မှာ မဟုတ်ဘူးလို့ ခံစားမိပေမယ့်လည်း အမျိုးသမီး ၅ ရာခိုင်နှုန်းခန့်လောက်ကသာ ခန္ဓာဗေဒဆိုင်ရာ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ အကြောင်းရင်းခံတွေ ကြောင့် နို့တိုက်ဖို့ မစွမ်းဆောင်နိုင်တာပါ။ အမျိုးသမီးအများစုအနေနဲ့ မိခင်နို့မတိုက်ကျွေးနိုင်ဘူးဆိုတာက မှန်ကန်တဲ့ဗဟုသုတ၊ လိုအပ်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေမရရှိခဲ့လို့လည်း ဖြစ်ပါတယ်။ ကလေးမွေးနေတဲ့အချိန်၊ မွေးပြီးတဲ့အချိန်တွေမှာ မေမေတွေရဲ့ရင်သားတွေက နို့ဦးရည်ပါနေတဲ့နိုတွေ ရှိနေပါတယ်။ ရင်သွေးလေးမွေးပြီးရင် မေမေတို့ရဲ့ အသား (အရေပြား)နဲ့ ရင်သွေးလေးတို့ရဲ့…

  • |

    နို့သကြားဓါတ်မတည့်မှု (Lactose Intorlerance), နို့သကြားဓါတ်ရရှိမှုများလွန်းခြင်း (Lactose Overload) နှင့် နွားနို့နှင့်ဓါတ်မတည့်ခြင်း (Cow Milk Alergy) ဆိုတာ ဘာတွေလဲ

    Thingyan Live: နို့သကြားဓါတ်မတည့်မှု (Lactose Intorlerance), နို့သကြားဓါတ်ရရှိမှုများလွန်းခြင်း (Lactose Overload) နှင့် နွားနို့နှင့်ဓါတ်မတည့်ခြင်း (Cow Milk Alergy)​အကြောင်းကို ဆွေးနွေးပေးခဲ့ပါတယ်။​ Share လုပ်ပေးကြပါဦးနော်။​

  • |

    မိခင်နို့တိုက်ခြင်းနှင့်သားဆက်ခြားခြင်းအကြောင်း

    အမျိုးသမီးတိုင်းဟာမိခင်နို့တိုက်ကျွေးခြင်းနဲ့သားဆက်ခြားခြင်းနည်းလမ်းများကိုတတ်ကျွမ်းနားလည်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အသုံးအများဆုံးနည်းလမ်းတွေကို စုစည်းပြီး အောက်မှာဖော်ပြပေးလိုက်ပါတယ်။​ အမျိုးသမီးတွေဟာ သားဆက်ခြားနည်းလမ်းများနဲ့ သားဆက်ခြားနည်းလမ်းတစ်ခုစီရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိနားလည်ထားမှုသည်လည်း အရေးကြီးပါတယ်။  ၁။ မိခင်နို့တိုက်ကျွေးခြင်းဖြင့်သားဆက်ခြားနည်း (LAM) အောက်ပါအချက်တွေအားလုံးနဲ့ကိုက်ညီမှသာ ဒီနည်းလမ်းက အလုပ်ဖြစ်ပါမလိမ့်မယ်။  အထက်ပါအချက်များမရှိပါက ကိုယ်ဝန်ရနိုင်ခြေရှိပါသည်။  ဒီနည်းလမ်းနဲ့သားဆက်ခြားရင် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂)​ ရာခိုင်နှုန်းအောက်ရှိပါတယ်။​ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၂။ အမျိုးသားပြီးမြောက်ချိန်တွင် သုတ်ရည်ကို မိန်းမကိုယ်ပြင်ပတွင် စွန့်ထုတ်ခြင်း (Withdrawal Method) ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂၂) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၃။ အတားအဆီးနည်းလမ်းများ (Barrier Methods) (က) အမျိုးသမီးသုံးကွန်ဒုံး  ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၁၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ခ) သုတ်ကောင်သေစေသောဆေး ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂၁) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ဂ) ကွန်ဒုံး ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၁၃.၁) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ဃ) သားအိမ်ခေါင်းအစွပ် (Sponge) ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေက ကလေးမမွေးဖူးသောအမျိုးသမီးများတွင် (၁၄) ရာခိုင်နှုန်း ကလေးမွေးဖူးသောအမျိုးသမီးများတွင် (၂၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၄။ သန္ဓေတားဆေး (ဆေးလုံး)…

  • WHO ဖြည့်စွက်စာကျွေးခြင်း Guidline တွင်ပါရှိသည့် လမ်းညွှန်ချက် အသစ်များ

    ပြီးခဲ့တဲ့စနေနေ့က လုပ်ဖြစ်ခဲ့တဲ့ ဖြည့်စွက်စာအကြောင်း ဆွေးနွေးထားတဲ့ Webinar Recording လေးကို မင်မင်တို့ရဲ့ ဒို့မိသားစုလေး Youtube Channel လေးမှာ တင်ထားပေးပါတယ်… Youtube Channel လေးကိုလည်း Subscribe လုပ်ပေးထားကြပါဦးနော်… ပညာပေးဗွီဒီယိုလေးတွေ အများကြီးထပ်တင်ပေးဖို့ရှိပါတယ်ရှင့်…

  • |

    မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရမိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ် တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ၊ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

Leave a Reply

Your email address will not be published. Required fields are marked *