|

 နို့တိုက်နေစဉ်မှာတစ်နေ့အစားဘယ်နှကြိမ်စားရမလဲ

မေမေတို့ရင်သားတွေက တစ်နေ့မှာ ၂၄ နာရီ မိခင်နို့ထွက်နေတာပါ။ကလေးအတွက် လုံလောက်တဲ့အာဟာရတွေရဖို့ မေမေတို့လည်း အာဟာရ လုံလုံလောက်လောက် စားရပါမယ်။ဒါကြောင့် တနေ့ကို အစားအစာ ၃ ကြိမ်နဲ့ သွားရေစာချိန် ၂ ကြိမ်တော့ စားသင့်ပါတယ်။ မေမေအများစုက မကြာခဏအစာစားတာ ပိုကောင်းပြီးတော့တစ်ကြိမ်နဲ့ တစ်မ်ကြား ကြာကြာ မခြားချင်ဘူးလို့ပြောကြတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho 

Similar Posts

  • နို့ငုံမှုကောင်းစေခြင်း

    မိခင်နို့တိုက်ကျွေးရာမှာ အခက်အခဲတွေမရှိစေဖို့ ကလေးတွေကို နို့ငုံမှုကောင်းကောင်းနဲ့ နို့တိုက်ကျွေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီဗွီဒီယိုလေးက မေမေတွေအတွက် မိခင်နို့ကိုအောင်မြင်စွာ တိုက်ကျွေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ Video Credit: Global Health Media Project and Save the Children မိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်လို့ အခက်အခဲရှိရင် Healthy and Happy Families ကိုဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်။ Healthy and Happy Families ရဲ့ Facebook မှာလည်း ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ Healthy and Happy Families ကိုဆက်သွယ်ချင်ရင် ဖုန်းနံပါတ်က ၀၉၄၀၇၈၃၉၀၅၀ ပဲဖြစ်ပါတယ်။

  • |

    နို့တိုက်မိခင်တွေအနေနဲ့ အချဉ်အစပ်တွေစားရင် ကလေးဝမ်းသွားနိုင်ပါသလား

    မေမေတို့နို့တိုက်မိခင်တွေအနေနဲ့ အချဉ်အစပ်တွေစားရင် ကလေးဝမ်းသွားနိုင်ပါသလား မဖြစ်ပါဘူး။မေမေတို့စားလိုက်တဲ့ အချဉ်အစပ်တွေဟာ မေမေတို့နို့ထဲကိုမရောက်နိုင်လို့ ကလေးတွေကိုဝမ်းလျှေတာာမဖြစ်စေပါဘူး။ ကလေးတွေကိုဝမ်းလျှောစေတဲ့အကြောင်းက သန့်ရှင်းမှုအားနည်းလို့ ရောဂါပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်ရတာပါ။ ဥပမာ-အိမ်သာသွားပြီးတိုင်း လက်မဆေးတာ၊ အစာမစားခင် လက်မဆေးတာ၊ နို့ဗူးတွေ ဆေးကြောတာသိမ်းဆည်းတာတွေ မသန့်ရှင်းတာ၊ တချို့ မိခင်နို့အစားထိုးပစ္စည်း (နို့မှုန့်) မသန့်ရှင်းတာတွေကြောင့် ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

  • ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခု

    မေမေတို့ရေ… ဒီနေ့တော့ ကျေးလက်ဒေသမှာသာမကပဲ မြို့ကြီးတွေ‌ပေါ်မှာတောင် လုပ်လေ့လုပ်ထများတဲ့ ကလေးတွေအတွက်လည်း အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခုအကြောင်း ပြောပြပါမယ်… မွေးကင်းစကလေးလေးတွေကို ရေ၊ နို့မှုန့်၊ ပျားရည်၊ ထမင်းရည်၊ လက်ဖက်ရည်၊ ဆန်ပြုတ်၊ ချေထားတဲ့ထမင်း၊ ဝါးခွံ့တဲ့ထမင်းစတာတွေ အပါအဝင် မိခင်နို့မှ လွဲပြီး အခြား အရည်၊ အဖတ်တွေ ကျွေးမွေးတာတွေက ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်… ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလိုလုပ်တာက အလေ့အကျင့်ကြီးတစ်ခုလို စွဲနေပါတယ်… အဲဒီလို အစာနဲ့ အရည်တွေ စောစောစီးစီး ကျွေးမွေးတာတွေက ဆေးရုံတွေမှာဆိုရင် (၂၃%) အထိ တွေ့ရပြီး အိမ်မှာ မွေးဖွားတယ်ဆိုရင် (၁၈%) ရှိတယ်ဆိုတာ တွေ့ရ ပါတယ်‌…ဆေးရုံမှာမွေးတာနဲ့ အိမ်မှာမွေးတာမှာ ဆေးရုံမှာမွေးတဲ့ ကလေး ရာခိုင်နှုန်းက ပိုပြီးမှ အခြားအရည်တွေ အစာတွေ ကျွေးခံနေရတာကို…

  • |

    မေမေတွေအားလုံးက နို့ဦးရည်ထုတ်နိုင်ပါတယ်

    ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတို့ရေ… အချို့မိခင်တွေမှာ မီးဖွားပြီးပြီးချင်း “နို့ရည်မရှိ”ဘူး ဆိုပြီး ပတ်ဝန်းကျင်မှာ ယုံကြည်ပြောဆိုနေကြတာတွေ တွေ့ရပါတယ်… အမှန်တော့ မိခင်ရဲ့ခန္ဓာကိုယ်မှာ ကိုယ်ဝန်ဆောင်ချိန် ၄ လ ကတည်းက ရင်သွေးလေးအတွက် နို့ဦးရည်က အဆင်သင့်ရှိနေပြီ ဆိုတာပါပဲ… မိခင်နို့ပုံမှန်ထွက်ဖို့ (၂) ရက်မှ(၃) ရက်လောက်ကြာတတ်ပါတယ်… “နို့ရည်မရှိ” ဆိုတဲ့မှားယွင်းတဲ့ယုံကြည်ချက်က မိခင်တွေကို တခြား အရည်တွေ တိုက်ကျွေးဖို့ ဖိအားပေးနေသလိုဖြစ်နေပါတယ်… “နို့ရည်မရှိဘူး” လို အပြောခံရတဲ့အခါ၊ ခံစားလာရတဲ့အခါ မိခင်တွေက သူ့တို့ရဲ့နို့ရည်ထုတ်လုပ်နိုင်စွမ်း အပေါ် ယုံကြည်မှု နည်းသွားစေပါတယ်… မိခင်အသစ်တွေဆိုရင် အားငယ်တာနဲ့စိတ်ဓာတ်ကျတာတွေဖြစ်လာစေပါတယ်… မေမေတွေအနေနဲ့ မိမိရင်သွေးငယ်တွေ ကျန်းမာရေးအတွက်ဆိုရင် အကောင်းဆုံး အမှန်ကန်ဆုံးဆိုတဲ့ ဗဟုသုတတွေ၊သတင်းအချက်အလက်တွေ နားလည်သဘောပေါက်နေဖို့က အရေးကြီးပါတယ်… အမှန်တကယ်တော့ မနေ့ကတင်တဲ့ ပို့စ်မှာ ပြောခဲ့သလိုပဲ…

  • နို့ပိုထွက်အောင် ရင်သားတွေကို ဘယ်လိုနှိပ်နယ်ရမလဲ​

    နို့ပိုထွက်အောင်နဲ့ နို့ရည်စီးဆင်းမှုကောင်းအောင် ရင်သားတွေကို နှိပ်ပေးရမယ့်နည်းလမ်းလေးကို မင်မင် မေမေဆရာမတစ်ယောက်က ပြပေးထားပါတယ်။ လိုက်လုပ်ပြီး လေ့ကျင့်ကြည့်ပါနော်။

  • |

    မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် အလွန်အမင်း အဖိုးတန်ပါတယ်

    မေမေတို့ရေ ဟိုးနှစ်‌ပေါင်းများစွာကတည်းကရှိခဲ့တဲ့ လွဲမှားနေတဲ့ ရိုးရာဓလေ့တစ်ခုက ဘာလဲဆိုတော့ မိခင်နို့ဦးရည်ကို ကလေးကို မတိုက်ပဲ လွှင့်ပစ်ကြတာပါပဲ… တကယ်တော့ ဒီလိုလွှင့်ပစ်ခံခဲ့ရတဲ့ မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် ရွှေထက်အဖိုးတန်ပါတယ်… နို့ဦးရည်ဆိုတာ ကလေးမီးဖွားပြီးပြီးချင်းထွက်တဲ့ ၀ါကျင့်ကျင့်အရောင်နဲ့ နို့ရည်ကြည်ပဲဖြစ်ပါတယ်… ဒါကို နို့အဖြူမဟုတ်လို့ မသန့်ဘူး၊ကလေးကိုမတိုက်သင့်ဘူးလို့ ယူဆပြီး စွန့်ပစ်တတ်ကြပါတယ်… ကလေးငယ်လေးတွေ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် နို့ဦးရည်ကို ရရှိဖို့ လိုအပ်ပါတယ်…နို့ဦးရည်က မွေးကင်းစကလေးတွေအတွက် ရောဂါပေါင်းစုံကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးအဖြစ် အကျိုးကျေးဇူးတွေကို ရရှိစေပြီး ကလေးတွေကို ရောဂါအန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်…. မွေးကင်းစကလေးငယ်တွေရဲ့ အစာအိမ်က သေးသေးလေးပဲ ရှိနေသေးတဲ့အတွက် သူတို့ဗိုက်ဝဖို့ဆို နို့ဦးရည် နည်းနည်းလေးပဲ လိုအပ်ပါတယ်…. မွေးကင်းစ ကလေးငယ်တွေကို နို့မှုန့်အပါအဝင် အခြားအရည်တွေ တိုက်ကျွေးမိတဲ့အခါမှာ နို့ဦးရည်က ရမယ့် ရောဂါကာကွယ်ပေးမှုတွေက လျော့သွားပြီး ဝမ်းလျှောတာတွေ၊…

Leave a Reply

Your email address will not be published. Required fields are marked *