ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခု

မေမေတို့ရေ… ဒီနေ့တော့ ကျေးလက်ဒေသမှာသာမကပဲ မြို့ကြီးတွေ‌ပေါ်မှာတောင် လုပ်လေ့လုပ်ထများတဲ့ ကလေးတွေအတွက်လည်း အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခုအကြောင်း ပြောပြပါမယ်…

မွေးကင်းစကလေးလေးတွေကို ရေ၊ နို့မှုန့်၊ ပျားရည်၊ ထမင်းရည်၊ လက်ဖက်ရည်၊ ဆန်ပြုတ်၊ ချေထားတဲ့ထမင်း၊ ဝါးခွံ့တဲ့ထမင်းစတာတွေ အပါအဝင် မိခင်နို့မှ လွဲပြီး အခြား အရည်၊ အဖတ်တွေ ကျွေးမွေးတာတွေက ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်… ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလိုလုပ်တာက အလေ့အကျင့်ကြီးတစ်ခုလို စွဲနေပါတယ်… အဲဒီလို အစာနဲ့ အရည်တွေ စောစောစီးစီး ကျွေးမွေးတာတွေက ဆေးရုံတွေမှာဆိုရင် (၂၃%) အထိ တွေ့ရပြီး အိမ်မှာ မွေးဖွားတယ်ဆိုရင် (၁၈%) ရှိတယ်ဆိုတာ တွေ့ရ ပါတယ်‌…ဆေးရုံမှာမွေးတာနဲ့ အိမ်မှာမွေးတာမှာ ဆေးရုံမှာမွေးတဲ့ ကလေး ရာခိုင်နှုန်းက ပိုပြီးမှ အခြားအရည်တွေ အစာတွေ ကျွေးခံနေရတာကို တွေ့ရပါတယ်… ဒီအချက်က ဘာကိုပြနေသလဲဆိုရင် အချို့ို့န်းမာရေးပညာရှင်တွေနဲ့ ဆေးရုံတွေက ဒီအထဲက အလေ့အကျင့်အချို့ကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေကြတယ်ဆိုတာကိုပါပဲ… ကလေး မွေးပြီးပြီးခြင်း နို့မှုန့်တိုက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းတာကို တွေ့ကြုံခဲ့ရတဲ့မိခင်တွေ ရှိကောင်းရှိပါလိမ့်မယ်… ဒီအကြောင်းကို ပိုမိုသိလိုရင်တော့ Myanmar DHS 2015-16 အစီရင်ခံစာမှာ လေ့လာနိုင်ပါတယ်… အမှန်တကယ်တော့ ဒီလိုအလေ့အကျင့်တွေအစား မီးဖွားပြီးစမေမေတွေကို မိခင်နို့ အောင်အောင်မြင်မြင်နဲ့တိုက်ကျွေးနိုင်အောင် အကူအညီတွေ၊ ပံ့ပိုးမှုတွေ ပေးမယ်ဆိုရင် အရမ်းပျော်စရာ ကောင်းမှာပါ…

မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ ပေးချင်ကြပါတယ်… တစ်ခါတစ်လေ မိခင်နို့ရဲ့ ကောင်းကျိုးတွေနဲ့ အခြားအရာတွေရဲ့ အန္တရာယ်ကို နှိုင်းယှဥ်ဆွေးနွေးတာတွေကို မြင်ရတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ အပြည့်အဝမတိုက်နိုင်တဲ့ မေမေအတွက် ဝမ်းနည်းစရာမျိုးဖြစ်ရတာ တကယ်ကိုပဲ စိတ်မကောင်းဖြစ်ရပါတယ်… အမှန်တကယ်တော့ မိခင်နို့ တိုက်ကျွေးတာအောင်မြင်ဖို့အတွက် ထောက်တိုင်ကြီး (၃) ခုလိုအပ်အပါတယ်… အဲ့တာတွေက Protect (မိခင်နို့တိုက်ကျွေးခြင်းကို အကာအကွယ်ပေးဖို့)၊ Promote (မိခင်နို့တိုက်ကျွေးခြင်းကို မြှင့်တင်ဖို့) နှင့် Support (လိုအပ်တဲ့ အကူအညီအထောက်အပံ့တွေ ပေးဖို့) တို့ပဲဖြစ်ပါတယ်…. များသောအားဖြင့် Support ဆိုတဲ့ ထောက်တိုင်က အားနည်းနေတာဖြစ်တဲ့အတွက် တကယ်တမ်း မေမေတွေ မိခင်နို့တိုက်ကျွေးတာနဲ့ပတ်သက်လို့ အခက်အခဲ ကြုံလာတဲ့အခါ နည်းလမ်းမှန်တဲ့ အကူအညီတွေကို ဘယ်မှာ ရယူရမယ်ဆိုတာ မသိတဲ့ အခြေအနေတွေ ကြုံနေကြရပါတယ်… ဒီလိုအနေခြေအနေတွေကြုံလာရရင် မေမေတွေမှာ မိခင်နို့ပဲတိုက်ချင်ပေမယ့် အခြားအရာတွေကို ဝမ်းနည်းစွာနဲ့ပဲ ရွေးချယ်လိုက်ရတာတွေ ရှိနေတယ်ဆိုတာ နားလည်ထားပါတယ်…

ဒါကြောင့်မို့ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်…. Member ဝင်တဲ့အခါမေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်….

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • |

    မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ပိုထက်မြက်ကြပါတယ်

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရ မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ်တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

  • |

    ဟင်းသီးဟင်းရွက်စားရင် အန္တရာယ်ရှိလား

    ရွှေဖရုံသီး၊ အစိမ်းရင့်ရောင်ဟင်းရွက်တွေ၊အာလူးစတဲ့ အသီးအရွက်တွေကို နို့တိုက်မိခင်တွေက စားမိရင် အဲဒီမေမေတွေကို စိတ်ကယောက်ကရက်ဖြစ်စေမှာလား ဒါမှမဟုတ် တခြားအန္တရာယ်တွေ ဖြစ်စေမှာလား အမှန်ကတော့ အဲဒီအသီးအရွက်တွေကို စားသောက်မိရင် ဘာပြသနာမှ မရှိပါဘူး။ ဟင်းသီးဟင်းရွက်တိုင်း၊ အသီးတိုင်းမှာက ခန္ဓာကိုယ်ရဲ့ တောင့်တင်းသန်မာတဲ့ ခုခံအားစနစ်တည်ဆောက်ဖို့နဲ့ ရောဂါတွေကာကွယ်နိုင်ဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။အဲဒီအသီးအနှံတွေကို နို့တိုက်မိခင်တွေက မစားသောက်မိခဲ့ရင်သာ မေမေတွေစားတဲ့ အစားအသောက်တွေမှာ အ‌ရေးကြီးတဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေ ချို့တဲ့မှုတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ စိတ်ဝေဒနာကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အကြောင်းခံကိစ္စရပ်များတွေကသာ ဖြစ်စေတာပါ။နို့တိုက်မိခင်တွေအနေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပူပင်ကြောင့်ကြမှု မရှိဘဲ စားသောက်နိုင်ပါတယ်။ စားသောက်ကြဖို့လည်း တိုက်တွန်းအပ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့်…

  • Self-paced Online သင်တန်း တက်နည်း

    ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ Self-paced Online သင်တန်းလေးတွေကို အခက်အခဲမရှိပဲ တက်ရောက်နိုင်ဖို့ ဒီပို့စ်လေးက လမ်းညွန်ချက်လေးတွေကို အတိအကျလိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ သင်တန်းဖို့ဆိုရင် အောက်ပါအဆင့်လေးတွေကို လုပ်ဖို့လိုပါတယ်။ အဆင့် (၁) ဒို့မိသားစုလေး Website တွင် အကောင့်ဖွင့်ခြင်းနှင့် Log-in ဝင်ခြင်း အဆင့် (၂) Log-in ဝင်ပြီးနောက် မိမိတက်ရောက်လိုသော သင်တန်းကို စာရင်းပေးသွင်းခြင်း အဆင့် (၃) သင်တန်းကြေးပေးသွင်းခြင်း အဆင့် (၄) သင်ခန်းစာများကို စတင်လေ့လာသင်ယူခြင်း အခက်အခဲ တစ်ခုခုကြုံရတယ်ဆိုရင် ဒို့မိသားစုလေးရဲ့ Admin Team ကို ဆက်သွယ်ပေးပါ။ ပျော်ရွှင်ဖွယ်ရာ သင်ယူမှုလေးဖြစ်ပါစေ။​

  • |

    သက်သတ်လွတ်စားတဲ့မေမေတို့ အာဟာရပြည့်ဝအောင်ဘယ်လိုစားမလဲ

    သက်သတ်လွတ်စားတဲ့မေမေတို့ အာဟာရပြည့်ဝအောင်ဘယ်လိုစားမလဲ………………………………………………………………………………..မေမေတို့က တိရိစ္ဆာန်ကရတဲ့ ပရိုတိန်းအစားအစာတွေကို မစားဖြစ်လို့ရှိရင် ကယ်လိုရီ၊ ပရိုတိန်း နဲ့ အာဟာရဓါတ်တွေလုံလုံလောက်လောက်ရဖို့အတွက် အစားအသောက်တွေကို ဂရုတစိုက်ရွေးစားဖို့လိုပါမယ်။ အထူးသဖြင့် ပရိုတင်းဓာတ်၊ဗီတာမင် B12၊ ဗီတာမင် D၊ သံဓါတ်၊ဇင့်ဓါတ်နဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေ ပေါများတဲ့ အစားအစာတွေကို ရွေးချယ်ရမှာပါ။ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ကြက်ဥတွေ၊ အခွံမာသီးတွေ၊ အစေ့အဆံတွေ၊ ပဲ၊ ပဲနီလေးတွေ၊ တို့ဟူးလို ပဲပိစပ်ကနေလုပ်ထားတဲ့ ပစ္စည်းတွေက အသားဓာတ်ပါဝင်တဲ့အတွက် စားသုံးသင့်ပါတယ်။ အစားအစာတွေစားတဲ့အခါမှာ လတ်ဆတ်တဲ့သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေလို ဗီတာမင်စီများများပါအောင် စားသုံးလို့ရှိရင် သံဓာတ်နဲ့သွပ်ဓာတ် စုပ်ယူမှုကို တိုးစေပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member…

  • |

    စိတ်ဖိစီးမှုများရင် နို့ထွက်နည်းနိုင်သလား

    စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက မေမေတို့ရဲ့ နို့ရည်တွေကို ခန်းခြောက်သွားစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နို့ထွက်နှုန်းကိုတော့ နှောင့်နှေးစေပြီးတော့ ရင်သွေးလေးတွေ နို့စို့ရတာ ကျေနပ်မှုမရနိုင်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ Oxytocin ဟော်မုန်းက မေမေတို့ရဲ့ နို့ရည်ဆဲလ်တွေ နို့ကိုညှစ်ထုတ်စေဖို့ ကူညီပေးပါတယ်။ ရင်သွေးငယ်လေး နို့စို့ချိန်မှာဆိုရင် Oxytocinပမာဏက သွေးထဲမှာ တိုးပွားလာတာ တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုရှိတဲ့ အခြေအနေ (နာတာကျင်တာ၊စိတ်ပူတာ၊ စိုးရိမ်ပူပန်ရတာ၊ ပင်ပန်းတာ စတဲ့ အခြေအနေ) တွေမှာ oxytocin ပမာဏက တက်မလာတတ်ပါဘူး။ ဒါပေမယ့် ဒီအတွက် အရမ်းမစိုးရိမ်သွားပါနဲ့။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။စိတ်ဖိစီးမှုက မေမေတို့ နို့ထွက်နည်းစေတယ်ဆိုတာကို အသိအမှတ်ပြုထားရပါမယ်။ ၂။ရင်သားကိုနှိပ်နယ်ပေးရပါမယ်။ လက်နဲ့ညှစ်ထုတ်ပေးရပါမယ်။ ၃။မကြာခဏနို့တိုက်နိုင်ဖို့ စီစဉ်ရပါမယ်။ ၄။တကယ်လို့ အိပ်ရေးမဝရင် ကလေးအိပ်နေတဲ့အချိန်လေးတွေမှာ မှေးစက်ပါ။…

Leave a Reply

Your email address will not be published. Required fields are marked *