|

မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင် ကလေးတွေဝမ်းသွားတဲ့အခါ ဝမ်းထဲမှာ အစေ့တွေပါလာမှာလား။

မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင် ကလေးတွေ ဝမ်းသွားတဲ့အခါ မစင်ထဲမှာ အစေ့တွေပါလာမှာလား။

တကယ်တော့ ကလေးမစင်ထဲမှာ ခရမ်းသီးအစေ့တွေ မပါလာပါဘူး။ မေမေတွေရဲ့ အစာခြေစနစ်နဲ့ ကလေးတွေရဲ့ အစာခြေစနစ်က သီးခြားစီဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတာကိုခံရတဲ့ကလေးတွေက အဝါရောင်အီးအီးတွေပါတတ်ပြီး အဲဒီအထဲမှာ အစေ့ပုံစံနဲ့တူတဲ့ အဖြူရောင် အဖတ်လေးတွေ ပါဝင်လာတတ်ပါတယ်။ ဒါကို မေမေတို့စိုးရိမ်စရာမလိုပါဘူး။ မေမေတို့စားချင်သလောက် ခရမ်းသီးကို စားလို့ရပါတယ်။ ခရမ်းသီးမှာက မေမေတို့အတွက် အာဟာရဓာတ်ကောင်းတွေပါပြီး ဖိုက်ဘာလို့ခေါ်တဲ့ အမျှင်ဓာတ်တွေလည်းအများကြီးပါတာကြောင့် မေမေ တို့ ဝမ်းချုပ်တတ်တာကို ကာကွယ်ပေးပြီး သားဖြစ်ပါလိမ့်မယ်။

ခရမ်းချဥ်သီးစားတာနဲ့ ပါတ်သက်လို့လည်းအချို့မေမေတွေက ဒီမေး‌ခွန်းကို ‌မေးလေ့ရှိတတ်ပါသေးတယ်။ သဘောတရားရတော့ အတူတူပါပဲနော်။ခရမ်းချဥ်သီးလည်း စားလို့ရပါတယ်လို့။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • |

    မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရမိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ် တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ၊ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

  • Self-paced Online သင်တန်း တက်နည်း

    ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ Self-paced Online သင်တန်းလေးတွေကို အခက်အခဲမရှိပဲ တက်ရောက်နိုင်ဖို့ ဒီပို့စ်လေးက လမ်းညွန်ချက်လေးတွေကို အတိအကျလိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ သင်တန်းဖို့ဆိုရင် အောက်ပါအဆင့်လေးတွေကို လုပ်ဖို့လိုပါတယ်။ အဆင့် (၁) ဒို့မိသားစုလေး Website တွင် အကောင့်ဖွင့်ခြင်းနှင့် Log-in ဝင်ခြင်း အဆင့် (၂) Log-in ဝင်ပြီးနောက် မိမိတက်ရောက်လိုသော သင်တန်းကို စာရင်းပေးသွင်းခြင်း အဆင့် (၃) သင်တန်းကြေးပေးသွင်းခြင်း အဆင့် (၄) သင်ခန်းစာများကို စတင်လေ့လာသင်ယူခြင်း အခက်အခဲ တစ်ခုခုကြုံရတယ်ဆိုရင် ဒို့မိသားစုလေးရဲ့ Admin Team ကို ဆက်သွယ်ပေးပါ။ ပျော်ရွှင်ဖွယ်ရာ သင်ယူမှုလေးဖြစ်ပါစေ။​

  • |

    စိတ်ဖိစီးမှုများရင် နို့ထွက်နည်းနိုင်သလား

    စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက မေမေတို့ရဲ့ နို့ရည်တွေကို ခန်းခြောက်သွားစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နို့ထွက်နှုန်းကိုတော့ နှောင့်နှေးစေပြီးတော့ ရင်သွေးလေးတွေ နို့စို့ရတာ ကျေနပ်မှုမရနိုင်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ Oxytocin ဟော်မုန်းက မေမေတို့ရဲ့ နို့ရည်ဆဲလ်တွေ နို့ကိုညှစ်ထုတ်စေဖို့ ကူညီပေးပါတယ်။ ရင်သွေးငယ်လေး နို့စို့ချိန်မှာဆိုရင် Oxytocinပမာဏက သွေးထဲမှာ တိုးပွားလာတာ တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုရှိတဲ့ အခြေအနေ (နာတာကျင်တာ၊စိတ်ပူတာ၊ စိုးရိမ်ပူပန်ရတာ၊ ပင်ပန်းတာ စတဲ့ အခြေအနေ) တွေမှာ oxytocin ပမာဏက တက်မလာတတ်ပါဘူး။ ဒါပေမယ့် ဒီအတွက် အရမ်းမစိုးရိမ်သွားပါနဲ့။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။စိတ်ဖိစီးမှုက မေမေတို့ နို့ထွက်နည်းစေတယ်ဆိုတာကို အသိအမှတ်ပြုထားရပါမယ်။ ၂။ရင်သားကိုနှိပ်နယ်ပေးရပါမယ်။ လက်နဲ့ညှစ်ထုတ်ပေးရပါမယ်။ ၃။မကြာခဏနို့တိုက်နိုင်ဖို့ စီစဉ်ရပါမယ်။ ၄။တကယ်လို့ အိပ်ရေးမဝရင် ကလေးအိပ်နေတဲ့အချိန်လေးတွေမှာ မှေးစက်ပါ။…

  • |

    မွေးကင်းစကလေးရဲ့ အစာအိမ်အရွယ်အစား

    ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့ရေ… ရက်သားကလေးငယ်ရဲ့ အစာအိမ်က တော်တော်သေးပါတယ်… ဘယ်လောက်ထိသေးလဲဆိုရင် စပျစ်သီးခပ်ကြီးကြီးအရွယ်လောက်ပဲရှိပြီး အရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ဆို ဗိုက်ပြည့်သွားတာပါပဲ… ဒီတော့ တခြားအရည်တွေတိုက်လို့ ကလေးအစာအိမ်သေးသေးလေးက ပြည့်နေရင်ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး… အဲလိုဖြစ်ရင် ကြီးမားတဲ့ နောက်ဆက်တွဲအနေနဲ့ ပြဿနာ (၂) ခု ထပ်ပေါ်တတ်ပါတယ်… (၁) မေမေရဲ့နို့တွေ တင်းလာမယ်… နို့တွေတင်းလာတဲ့အခါ ကလေးကို ကောင်းကောင်း နို့တိုက်လို့မရဘူး… အဲဒီတော့ မေမေ့နို့တွေက နာလာမယ်…. (၂) ကလေးက ကောင်းကောင်းနို့မစို့တော့တဲ့အခါ နို့ထွက်တာ နှောင့်နှေးလာမယ်၊ နို့ထွက်နည်းလာမယ်… သဘာဝအလျောက်ပုံမှန်ထွက်ရှိမှုနှုန်း မရှိသလို ဖြစ်လာမယ်… အဲဒီအခါ မေမေတွေနဲ့ မိသားစုဝင်တွေက မိခင်မှာ နို့မလုံလောက်ဖူးဆိုတဲ့အမြင်တွေ မြင်လာတော့တာပါပဲ… ဒီနေရာမှာ အထူးသတိပေးချင်တာက မိခင်နို့ဆိုတာ ကလေးများများစို့မှ မေမေ့ဆီက နို့များများ…

  • ကလေးတိုင်း အသက် (၅) နှစ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့

    ကလေးတိုင်း အသက် (၅) နှစ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေလုပ်ရမယ် ဆိုတာကို အသက် (၇)​ နှစ်အရွယ် သမီးငယ်လေး Molly Wright က ပြောပြပေးထားတာဖြစ်ပါတယ်… လူတိုင်းနားထောင်ကြည့်သင့်ပါတယ်…. မြန်မာလို့ စာတမ်းထိုးနဲ့ ကြည့်နိုင်ဖို့ Subtitle မှာ Burmese ကို ရွေးကြည့်နိုင်တယ်…

  • အာဟာရအခြေအနေကို စောင့်ကြည့်ခြင်း

    ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်သည့် နည်းလမ်းများစွာရှိသည့်အနက် ကိုယ်အလေးချိန်နှင့် အရပ်တို့ကို ပုံမှန်တိုင်းတာ စောင့်ကြည့်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ကလေးငယ်များ၏ အာဟာရအခြေအနေကို စောင့်ကြည့်ရာတွင် အသုံးပြုသည့် Chart များကို ဤစာမျက်နှာတွင် ဖော်ပြမျှဝေပေးထားပါသည်။​ ဤ Chart များအား World Health Organization မှ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ Chart အမျိုးအစားများစွာရှိသည့်အနက်မှ ကြည့်ရှုအသုံးပြုရလွယ်ကူသည့် အမျိုးအစားများကိုသာ ရွေးချယ်မျှဝေပေးထားခြင်း ဖြစ်ပါသည်။ Chart များကို သိရှိလိုသည့် အာဟာရအမျိုးအစား၊ အသက်အရွယ်နှင့် ကျား/မ တို့ပေါ် မူတည်၍​ အသုံးပြုရမည်ဖြစ်ပါသည်။​ ထိုသို့အသုံးပြုရာတွင် သင့်လျှော်သည့် အမျိုးအစားရွေးချယ်နိုင်ရန်နှင့် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဤဗွီဒီယိုလေးကို အရင်ကြည့်ရှု့လေ့လာရန် တိုက်တွန်းအပ်ပါသည်။​ ဒို့မိသားစုလေးရဲ့ Youtube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့…

Leave a Reply

Your email address will not be published. Required fields are marked *