|

ဟင်းသီးဟင်းရွက်စားရင် အန္တရာယ်ရှိလား

ရွှေဖရုံသီး၊ အစိမ်းရင့်ရောင်ဟင်းရွက်တွေ၊အာလူးစတဲ့ အသီးအရွက်တွေကို နို့တိုက်မိခင်တွေက စားမိရင် အဲဒီမေမေတွေကို စိတ်ကယောက်ကရက်ဖြစ်စေမှာလား ဒါမှမဟုတ် တခြားအန္တရာယ်တွေ ဖြစ်စေမှာလား

အမှန်ကတော့ အဲဒီအသီးအရွက်တွေကို စားသောက်မိရင် ဘာပြသနာမှ မရှိပါဘူး။ ဟင်းသီးဟင်းရွက်တိုင်း၊ အသီးတိုင်းမှာက ခန္ဓာကိုယ်ရဲ့ တောင့်တင်းသန်မာတဲ့ ခုခံအားစနစ်တည်ဆောက်ဖို့နဲ့ ရောဂါတွေကာကွယ်နိုင်ဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။အဲဒီအသီးအနှံတွေကို နို့တိုက်မိခင်တွေက မစားသောက်မိခဲ့ရင်သာ မေမေတွေစားတဲ့ အစားအသောက်တွေမှာ အ‌ရေးကြီးတဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေ ချို့တဲ့မှုတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ စိတ်ဝေဒနာကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အကြောင်းခံကိစ္စရပ်များတွေကသာ ဖြစ်စေတာပါ။နို့တိုက်မိခင်တွေအနေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပူပင်ကြောင့်ကြမှု မရှိဘဲ စားသောက်နိုင်ပါတယ်။ စားသောက်ကြဖို့လည်း တိုက်တွန်းအပ်ပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • |

    မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေး

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေးကို မျှဝေပေးပါရစေ… မေမေ့နို့ရည်ကတော့ဘာနဲ့မှ နှိုုင်းယှဉ်လို့မရတာ အသေအချာပါပဲ… မေမေ့ခန္ဓာကိုယ်ကနေ ရင်သွေးလေးအတွက် ထုတ်လုပ်ပေးတဲ့နို့ကို ဘယ်အရာကမှ အတုအပ မလုပ်နိုင်ပါဘူး…. မေမေနို့ရည်မှာ ပါဝင်နေတဲ့အမျိုးအမည်ပေါင်း ၁၀၀၀၀၀ ကျော်ရှိပါတယ်… အဲဒါတွေအားလုံးက ကလေးရဲ့ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးစေဖို့၊ ကလေးငယ်ဘဝ/လူကြီးဘဝတလျောက်မှာ အကောင်းဆုံးကိုယ်ခံစွမ်းအား ရှိစေဖို့၊ လူကြီးဘဝမှာလည်း ကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်… မိခင်နို့တစ်စက်မှာ ကလးငယ်တွေကို ရောဂါပိုးတွေက ကာကွယ်ပေးဖို့ သွေးဖြူဥ ၁,၀၀၀,၀၀၀ ပါရှိတယ်…… ဒါတွေကို ပုံတူကူး ထုတ်လုပ်လို့မရပါဘူး…. ဘယ်အမှတ်အသားနှင့်ဘယ်အမှတ်တံဆိပ်ကမှ မိခင်နို့ရဲ့ တုနှိုင်းမမီတဲ့ စံ ကို မယှဉ်ပြိုင် နိုင်ပါဘူးလို့ပဲ ပြောချင်ပါတယ်…. *သက်ရှိဆဲလ်နဲ့ သက်မဲ့ ဆဲလ်များ* မိခင်နို့က အသက်ရှိတယ်လို့ပြောလို့ရတဲ့ရှင်သန်လှုပ်ရှားနေတဲ့ ဆဲလ်အရှင်တွေနဲ့စုဖွဲ့ထားတယ်… ရင်သွေးငယ်ကို ဘက်တီးရီးယားပိုးတွေတိုက်ခိုက်ခြင်းကနေကာကွယ်ဖို့…

  • ဒို့မိသားစုလေးမှာ စျေးဝယ်နည်း

    🛍️ ဒို့မိသားစုလေးမှာ ပစ္စည်းဝယ်ယူနည်းလမ်းညွှန် 🛍️ မိခင်များ၊ မိသားစုများအတွက် အသုံးဝင်သော အာဟာရ၊ နို့တိုက်ကျွေးမှုနှင့် ကျန်းမာရေးပစ္စည်းများကို မိမိအိမ်ကနေ ဝယ်ယူနိုင်ပြီနော်။ ပိုမိုစုံလင်တဲ့ ပစ္စည်းလေးတွေလည်း မကြာခင် ထပ်တပ်သွားဖို့ရှိပါတယ်။​ ဒို့မိသားစုလေးဆိုဒ်ပေါ်မှာ အောက်ပါအဆင့်တိုင်း ဝယ်ယူနိုင်ပါတယ်။ 📝 ဝယ်ယူနည်း (အဆင့် ၅ ဆင့်) 🔹 အဆင့် ၁ — ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ပါ👉 www.dohmeetharsulay.com/shop ကိုနှိပ်ပြီး ဈေးဝယ်စတင်ပါ။ 🔹 အဆင့် ၂ — ပစ္စည်းရွေးပါ👉 သင်ဝယ်ချင်တဲ့ ပစ္စည်းကိုရွေးပြီး Add to Cart (စျေးခြင်းထဲထည့်မည်ထည့်မည်) ကိုနှိပ်ပါ။ 🔹 အဆင့် ၃ — ဈေးခြင်းကိုကြည့်ပါ👉 မိမိရွေးထားတဲ့ပစ္စည်းအားလုံးကိုကြည့်ချင်ရင် View Cart (ဈေးခြင်းကြည့်မည်) ကိုနှိပ်ပါ။…

  • ကလေးကဘယ်တော့မှ ကောင်းကောင်းအိပ်မှာလဲ

    မေမေတို့ပူပန်လေ့ရှိကြတဲ့ ကိစ္စတစ်ခုက ဘေဘီလေးတွေ ဘယ်တော့များမှ ကောင်းကောင်း အိပ်မလဲပေါ့။ ကလေး တော်တော်များများကတော့ ညတစ်ညလုံး အိပ်ပျော်ဖို့ဆိုရင် အသက်တော်တော် ကြီးမှ ရပါလိမ့်မယ်။ အိပ်ပျော်တဲ့ ပုံစံတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ အချို့ကလေးတွေကပဲ အစောပိုင်းလတွေမှာ တစ်ညလုံးအိပ်တတ်ကြပေမယ့် ကလေးအများစုကတော့ ညဘက်မှာ နို့စို့ဖို့ အိပ်ရာက နိုးကြပါသေးတယ်။ကလေးလေးတွေရဲ့ အစာအိမ်အရွယ်အစားက လူကြီးတွေထက်သေးတာကြောင့် နို့အလုံအလောက်ရဖို့၊ ကြီးထွားဖွံ့ဖြိုးလာစေဖို့ မကြာခဏ မိခင်နို့တိုက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကလေးက အစောပိုင်းလတွေမှာ ညဘက် တစ်ညလုံးအိပ်နေခဲ့ရင် နို့စို့တာနည်းလို့ တချို့ကလေးငယ်တွေအတွက် ကိုယ်အလေးချိန်တိုးတာ နှေးစေနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ကလေးအိပ်တာကို ကျင့်ပေးတာတွေရှိနေပါပြီ။ အားလုံးနားလည်ထားတာက မေမေအားလုံး အိပ်ချင်ကြတယ်။ ဒါပေမယ့် ကလေးတွေရဲ့ခန္ဓာကိုယ်ကျတော့ လူကြီးတွေနဲ့ တူမနေပါဘူး။ ကလေးတွေ အစာအိမ်ကသေးတော့ မကြာခဏနို့တိုက်ရတယ်။ ညဘက်တောင်…

  • |

    စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား

    မေမေတို့ရေ ဒီနေ့တော့ စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား ဆိုတဲ့အကြောင်းလေးရှင်းပြပေးပါမယ်။မျှော်လင့်မထားဘဲရုတ်တရက်ပေါ်ပေါက်လာတဲ့ အခြေအနေတွေမှာ ဖြစ်ရပ်တိုင်းက ဖိစီးမှုတွေနဲ့ အပြည့်လို့ ထင်ရပါတယ်။ဟုတ်ပါတယ် …. မေမေတို့စိတ်ဖိစီးနေတဲ့ အချိန်အခါတွေမှာ နို့ချိုတိုက်ကျွေးတာ ကောင်းပါတယ်။အကြောင်းပြချက်တွေကတော့ ၁။မေမေတို့စိတ်ဖိစီးမှုခံရချိန်မှာ ရင်သွေးငယ်လေးတွေလည်းဘဲ အတူတူ စိတ်ဖိစီးမှု ခံစားရပါတယ်။ မေမေတို့ဘယ်နေရာမှာဘဲရှိရှိ၊ မေမေတို့ဘာပဲလုပ်နေပါစေ၊ နို့တိုက်ကျွေးပြီဆိုတာနဲ့ ကလေးက လုံခြုံစိတ်ချတယ်ဆိုတဲ့ ခံစားမှုကိုရရှိစေမှာပါ။ နို့တိုက်တဲ့အခါ ကလေးကို မေမေတို့အနားမှာ နီးနီးကပ်ကပ်ထားဖို့ပါဘဲ။၂။ပြန်လည်နေရာချထားရတဲ့အချိန်၊ ခရီးသွားလာချိန်တွေမှာ မိခင်နို့တိုက်ကျွေးခြင်းက အာဟာရဓာတ်တွေကောင်းစွာရဖို့နဲ့ ကိုယ်ခံစွမ်းအားတွေကိုရဖို့ ထောက်ပံ့ပေးပါတယ်။၃။မေမေတို့နို့တိုက်တဲ့အခါမှာ မေမေတို့ရဲ့ ခန္ဓာကိုယ်ကနေ CCK (cholecystokinin)ခေါ်တဲ့ ဟော်မုန်းတစ်မျိုးအပါအဝင် ဟော်မုန်းအမြောက်အများထုတ်လုပ်ပေးပါတယ်။ အဲဒီ CCKဟော်မုန်းက မေမေတွေကို အိပ်စက်စေဖို့နဲ့ သက်တောင့်သက်သာရှိစေဖို့ ပြုလုပ်ပေးပါတယ်။ နို့တိုက်မိခင်တွေအနားယူဖို့ ပိုမိုလိုအပ်တာကို မေမေတို့ရဲ့ခန္ဓာကိုယ်က သိပါတယ်။၄။နို့တိုက်ခြင်းက စိတ်ဖိစီးမှုလျော့နည်းစေပါတယ်။ ဘာကြောင့်လဲဆိုရင် မိခင်နို့တိုက်တဲ့အချိန်မှာထွက်လာတဲ့…

  • |

    ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နွားနို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့ရပါသလား

    ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နွားနို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့/စားလို့ရပါသလား နို့ထွက်ပစ္စည်းတွေက ကယ်လ်စီယမ်လို့ခေါ်တဲ့ ထုံးဓါတ်၊ ဗီတာမင်ဒီနဲ့ အသားဓါတ် (ပရိုတင်းဓာတ်) တွေပေါများတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီးကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် တစ်နေ့ကို နွားနို့ သုံးခွက်လောက် သောက်ကြဖို့ တိုက်တွန်းလိုပါတယ်။ နို့တစ်ခွက်မှာ အသားဓါတ် (ပရိုတင်း) ၇ ဂရမ်၊ လိုအပ်တဲ့ထုံးဓါတ်၃၀% နဲ့ လိုအပ်တဲ့ဗီတာမင် ၂၅% ကိုရရှိစေပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေက နွားနို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို နေ့စဉ် သောက်သုံးသင့်/စားသုံးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့…

  • |

    မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရမိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ် တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ၊ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

Leave a Reply

Your email address will not be published. Required fields are marked *