ဒို့မိသားစုလေးမှာ စျေးဝယ်နည်း

🛍️ ဒို့မိသားစုလေးမှာ ပစ္စည်းဝယ်ယူနည်းလမ်းညွှန် 🛍️

မိခင်များ၊ မိသားစုများအတွက် အသုံးဝင်သော အာဟာရ၊ နို့တိုက်ကျွေးမှုနှင့် ကျန်းမာရေးပစ္စည်းများကို မိမိအိမ်ကနေ ဝယ်ယူနိုင်ပြီနော်။ ပိုမိုစုံလင်တဲ့ ပစ္စည်းလေးတွေလည်း မကြာခင် ထပ်တပ်သွားဖို့ရှိပါတယ်။​ ဒို့မိသားစုလေးဆိုဒ်ပေါ်မှာ အောက်ပါအဆင့်တိုင်း ဝယ်ယူနိုင်ပါတယ်။


📝 ဝယ်ယူနည်း (အဆင့် ၅ ဆင့်)

🔹 အဆင့် ၁ — ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ပါ
👉 www.dohmeetharsulay.com/shop ကိုနှိပ်ပြီး ဈေးဝယ်စတင်ပါ။

🔹 အဆင့် ၂ — ပစ္စည်းရွေးပါ
👉 သင်ဝယ်ချင်တဲ့ ပစ္စည်းကိုရွေးပြီး Add to Cart (စျေးခြင်းထဲထည့်မည်ထည့်မည်) ကိုနှိပ်ပါ။

🔹 အဆင့် ၃ — ဈေးခြင်းကိုကြည့်ပါ
👉 မိမိရွေးထားတဲ့ပစ္စည်းအားလုံးကိုကြည့်ချင်ရင် View Cart (ဈေးခြင်းကြည့်မည်) ကိုနှိပ်ပါ။ View Cart မပေါ်ပါက Proceed to Checkout တန်းလုပ်နိုင်ပါမည်။
👉 ပြီးရင် Proceed to Checkout (ငွေပေးချေခြင်းဆက်လုပ်မည်) ကိုနှိပ်ပါ။

🔹 အဆင့် ၄ — ကိုယ်ရေးအချက်အလက်ဖြည့်ပါ
👉 နာမည်၊ ဖုန်းနံပါတ်၊ ပစ္စည်းပေးပို့ရမည့်လိပ်စာများကိုဖြည့်ပါ။

🔹 အဆင့် ၅ — ငွေပေးချေမှုနည်းရွေးပါ
👉 Offline Payment (အွန်လိုင်းမဟုတ်သော ငွေပေးချေမှု) ကိုရွေးနိုင်ပါတယ်။
👉 ဥပမာ – ဘဏ်ငွေလွှဲခြင်း (Bank Transfer)၊ Wave Pay၊ KBZ Pay စသည်ဖြင့်။
👉 ငွေလွှဲပြီးပါက ငွေလွှဲဖောင်ပုံ/ Screenshot ကို ငွေပေးချေမှုအတည်ပြုရန်အတွက် WhatsApp / Messenger / ဖုန်းဖြင့်ပေးပို့ပေးပါ။


📦 ပစ္စည်းပို့အချိန်နှင့်အခြေအနေ

👉 eBook အတွက် ငွေသွင်းမှုအတည်ပြုပြီး ၂၄ နာရီအတွင်း email ဖြင့်ပို့ပေးပါမည်။

👉 အခြားပို့ဆောင်ရန်လိုအပ်သော ပစ္စည်းများအတွက် ငွေသွင်းမှုအတည်ပြုပြီး ၂ရက်အတွင်းပစ္စည်းပေးပို့ပါမည်။
👉 မြို့နယ်အလိုက် ပို့ဆောင်ချိန်အနည်းငယ်ကွာခြားနိုင်သည်။
👉 အထူးလိုအပ်ချက်များရှိပါက သတင်းပေးနိုင်ပါတယ်။


📞 မေးမြန်းလိုသည်များရှိပါက ဆက်သွယ်ပါ
👉 Messenger: Dohmeetharsulay Facebook Page Facebook Messeger
👉 ဖုန်း: Viber နံပါတ် 0943052887
👉 Email: [email protected]

ကျေးဇူးတင်ပါသည်။

Similar Posts

  • အာဟာရအခြေအနေကို စောင့်ကြည့်ခြင်း

    ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်သည့် နည်းလမ်းများစွာရှိသည့်အနက် ကိုယ်အလေးချိန်နှင့် အရပ်တို့ကို ပုံမှန်တိုင်းတာ စောင့်ကြည့်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ကလေးငယ်များ၏ အာဟာရအခြေအနေကို စောင့်ကြည့်ရာတွင် အသုံးပြုသည့် Chart များကို ဤစာမျက်နှာတွင် ဖော်ပြမျှဝေပေးထားပါသည်။​ ဤ Chart များအား World Health Organization မှ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ Chart အမျိုးအစားများစွာရှိသည့်အနက်မှ ကြည့်ရှုအသုံးပြုရလွယ်ကူသည့် အမျိုးအစားများကိုသာ ရွေးချယ်မျှဝေပေးထားခြင်း ဖြစ်ပါသည်။ Chart များကို သိရှိလိုသည့် အာဟာရအမျိုးအစား၊ အသက်အရွယ်နှင့် ကျား/မ တို့ပေါ် မူတည်၍​ အသုံးပြုရမည်ဖြစ်ပါသည်။​ ထိုသို့အသုံးပြုရာတွင် သင့်လျှော်သည့် အမျိုးအစားရွေးချယ်နိုင်ရန်နှင့် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဤဗွီဒီယိုလေးကို အရင်ကြည့်ရှု့လေ့လာရန် တိုက်တွန်းအပ်ပါသည်။​ ဒို့မိသားစုလေးရဲ့ Youtube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့…

  • |

    မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေး

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေးကို မျှဝေပေးပါရစေ… မေမေ့နို့ရည်ကတော့ဘာနဲ့မှ နှိုုင်းယှဉ်လို့မရတာ အသေအချာပါပဲ… မေမေ့ခန္ဓာကိုယ်ကနေ ရင်သွေးလေးအတွက် ထုတ်လုပ်ပေးတဲ့နို့ကို ဘယ်အရာကမှ အတုအပ မလုပ်နိုင်ပါဘူး…. မေမေနို့ရည်မှာ ပါဝင်နေတဲ့အမျိုးအမည်ပေါင်း ၁၀၀၀၀၀ ကျော်ရှိပါတယ်… အဲဒါတွေအားလုံးက ကလေးရဲ့ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးစေဖို့၊ ကလေးငယ်ဘဝ/လူကြီးဘဝတလျောက်မှာ အကောင်းဆုံးကိုယ်ခံစွမ်းအား ရှိစေဖို့၊ လူကြီးဘဝမှာလည်း ကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်… မိခင်နို့တစ်စက်မှာ ကလးငယ်တွေကို ရောဂါပိုးတွေက ကာကွယ်ပေးဖို့ သွေးဖြူဥ ၁,၀၀၀,၀၀၀ ပါရှိတယ်…… ဒါတွေကို ပုံတူကူး ထုတ်လုပ်လို့မရပါဘူး…. ဘယ်အမှတ်အသားနှင့်ဘယ်အမှတ်တံဆိပ်ကမှ မိခင်နို့ရဲ့ တုနှိုင်းမမီတဲ့ စံ ကို မယှဉ်ပြိုင် နိုင်ပါဘူးလို့ပဲ ပြောချင်ပါတယ်…. *သက်ရှိဆဲလ်နဲ့ သက်မဲ့ ဆဲလ်များ* မိခင်နို့က အသက်ရှိတယ်လို့ပြောလို့ရတဲ့ရှင်သန်လှုပ်ရှားနေတဲ့ ဆဲလ်အရှင်တွေနဲ့စုဖွဲ့ထားတယ်… ရင်သွေးငယ်ကို ဘက်တီးရီးယားပိုးတွေတိုက်ခိုက်ခြင်းကနေကာကွယ်ဖို့…

  • အချစ်အတွက် ဘာသာစကား (၅) မျိုး

    ဒို့မိသားစုလေးရဲ့ co-founders တွေထဲက နှစ်ဦးဖြစ်တဲ့ ဆရာကိုစိုးညီညီနဲ့ အစ်မ ဝင့်န္နနာအောင်တို့က အချစ်အတွက် ဘာသာစကား (၅) မျိုး Five Love Languages အကြောင်း သူတို့ရဲ့ ကိုင်တိုင်အတွေ့အကြုံလေးတွေပေါ်အခြေခံပြီး မျှဝေပေးထားတဲ့ ဗွီဒီယိုလေး ဖြစ်ပါတယ်…. Facebook နဲ့ Youtube Channel တွေမှာလည်း တင်ထားပေးပါတယ်… ဒီဗွီဒီယိုလေးကို မကြည့်ရသေးဘူးဆိုရင် ကြည့်ပြီးရင် ကိုယ့်ရဲ့ Love Language က ဘာလဲဆိုတာ အောက်က မေခွန်းလေးတွေဖြေပြီး ဆန်းစစ်ကြည့်ပါ… ကိုယ်ချစ်တဲ့သူ ဥပမာ – ခင်ပွန်း၊ သား/ သမီး၊​ ချစ်သူ၊ သူငယ်ချင်း စတဲ့သူတွေကိုလည်း မေးခွန်းလေးတွေ ဖြေကြည့်ခိုင်းပါ… ကိုယ့်ရဲ့ Love Lanuguage သူ့ရဲ့ Love Language ကို…

  • |

    မိခင်နို့နှင့် အခြားအရာများရောနှောကျွေးမွေးခြင်း Mixed feeding

    ဖေဖေမေမေတို့ရေ… ဒီနေ့ပြောပြချင်တာကတော့ Mixed Feeding လို့ခေါ်တဲ့မိခင်နို့နဲ့ တခြားအရာများ ရော‌နှောကျွေးမွေးခြင်းအကြောင်းလေးပါ… Mixed Feeding ဆိုတာ မိခင်နို့နဲ့ နို့မှုန့် သို့မဟုတ် ရေ၊တခြားအစားအစာနဲ့ အရည်တွေ ရော‌နှော ကျွေးမွေးခြင်းကို ဆိုလိုပါတယ်… Mixed Feeding လုပ်တာရော အိုကေရဲ့လား… ဒီလိုရောနှောကျွေးတာရဲ့အန္တရာယ်ဟာ အရင်ရက်ပိုင်းက မျှဝေခဲ့တဲ့ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…. အောက်ကလင့်မှာ ရှာဖတ်ကြည့်လို့ရပါတယ်… fb://photo/1503231806678606?set=a.983193882015737&sfnsn=mo ဒီလိုအကြောင်းတွေပြောရတာ တစ်ခါတစ်လေ အချို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်တဲ့ မေမေတွေကို စိတ်မကောင်းဖြစ်စေတတ်တာမျိုးမိုလို့ အဲ့လိုရည်ရွယ်ချက်မျိုး လုံးဝမရှိတဲ့အကြောင်း ပြောပါရစေ… ဒါပေမယ့် မှန်ကန်တဲ့သတင်းအချက်အလက်ဗဟုသုတတွေကို မျှဝေလိုတဲ့ စေတနာမှန်နဲ့ပဲ ဆက်လက်မျှဝေပေးနေတာ ဖြစ်ပါတယ်… မိဘတွေဟာသူတို့သားသမီးတွေ အတွက် ဘာတိုက်ကျွေးမယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့်ကို ယ်တိုက်ကျွေးမယ့် အရာမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့…

  • |

    မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ပိုထက်မြက်ကြပါတယ်

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရ မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ်တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

  • |

    မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင် ကလေးတွေဝမ်းသွားတဲ့အခါ ဝမ်းထဲမှာ အစေ့တွေပါလာမှာလား။

    မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင် ကလေးတွေ ဝမ်းသွားတဲ့အခါ မစင်ထဲမှာ အစေ့တွေပါလာမှာလား။ တကယ်တော့ ကလေးမစင်ထဲမှာ ခရမ်းသီးအစေ့တွေ မပါလာပါဘူး။ မေမေတွေရဲ့ အစာခြေစနစ်နဲ့ ကလေးတွေရဲ့ အစာခြေစနစ်က သီးခြားစီဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတာကိုခံရတဲ့ကလေးတွေက အဝါရောင်အီးအီးတွေပါတတ်ပြီး အဲဒီအထဲမှာ အစေ့ပုံစံနဲ့တူတဲ့ အဖြူရောင် အဖတ်လေးတွေ ပါဝင်လာတတ်ပါတယ်။ ဒါကို မေမေတို့စိုးရိမ်စရာမလိုပါဘူး။ မေမေတို့စားချင်သလောက် ခရမ်းသီးကို စားလို့ရပါတယ်။ ခရမ်းသီးမှာက မေမေတို့အတွက် အာဟာရဓာတ်ကောင်းတွေပါပြီး ဖိုက်ဘာလို့ခေါ်တဲ့ အမျှင်ဓာတ်တွေလည်းအများကြီးပါတာကြောင့် မေမေ တို့ ဝမ်းချုပ်တတ်တာကို ကာကွယ်ပေးပြီး သားဖြစ်ပါလိမ့်မယ်။ ခရမ်းချဥ်သီးစားတာနဲ့ ပါတ်သက်လို့လည်းအချို့မေမေတွေက ဒီမေး‌ခွန်းကို ‌မေးလေ့ရှိတတ်ပါသေးတယ်။ သဘောတရားရတော့ အတူတူပါပဲနော်။ခရမ်းချဥ်သီးလည်း စားလို့ရပါတယ်လို့။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ်…

Leave a Reply

Your email address will not be published. Required fields are marked *