fbpx

အာဟာရအခြေအနေကို စောင့်ကြည့်ခြင်း

ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်သည့် နည်းလမ်းများစွာရှိသည့်အနက် ကိုယ်အလေးချိန်နှင့် အရပ်တို့ကို ပုံမှန်တိုင်းတာ စောင့်ကြည့်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ကလေးငယ်များ၏ အာဟာရအခြေအနေကို စောင့်ကြည့်ရာတွင် အသုံးပြုသည့် Chart များကို ဤစာမျက်နှာတွင် ဖော်ပြမျှဝေပေးထားပါသည်။​ ဤ Chart များအား World Health Organization မှ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ Chart အမျိုးအစားများစွာရှိသည့်အနက်မှ ကြည့်ရှုအသုံးပြုရလွယ်ကူသည့် အမျိုးအစားများကိုသာ ရွေးချယ်မျှဝေပေးထားခြင်း ဖြစ်ပါသည်။

Chart များကို သိရှိလိုသည့် အာဟာရအမျိုးအစား၊ အသက်အရွယ်နှင့် ကျား/မ တို့ပေါ် မူတည်၍​ အသုံးပြုရမည်ဖြစ်ပါသည်။​ ထိုသို့အသုံးပြုရာတွင် သင့်လျှော်သည့် အမျိုးအစားရွေးချယ်နိုင်ရန်နှင့် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဤဗွီဒီယိုလေးကို အရင်ကြည့်ရှု့လေ့လာရန် တိုက်တွန်းအပ်ပါသည်။​ ဒို့မိသားစုလေးရဲ့ Youtube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့ တိုက်တွန်းအပ်ပါသည်။​

ဤစာမျက်နှာတွင် အသက် မွေးစမှ (၅)​ နှစ်အရွယ်ကလေးများအတွက် Chart များကိုသာရေးချယ်ဖော်ပြထားပါသည်။​ အခြား chart အမျိုးအစားများကို World Health Organization ၏ Website တွင် သွားရောက်လေ့လာနိုင်ပါသည်။​

အသက် မွေးစမှ ၅ နှစ်အရွယ် မိန်းကလေးများအတွက် Weight for Length/ Height Chart

(လတ်တလောအာဟာရချို့တဲ့မှု/ ပိန်ချုံးခြင်းကို စောင့်ကြည့်ရာတွင် အသုံးပြုသည်။)​

အသက် မွေးစမှ ၅ နှစ်အရွယ် ယောက်ကျားလေးများအတွက် Weight for Length/ Height Chart

(လတ်တလောအာဟာရချို့တဲ့မှု/ ပိန်ချုံးခြင်းကို စောင့်ကြည့်ရာတွင် အသုံးပြုသည်။)​

အသက် မွေးစမှ ၅ နှစ်အရွယ် မိန်းကလေးများအတွက် Height / Length for Age Chart

(ရေရှည်အာဟာရချို့တဲ့ခြင်း/ သက်ကြီးပုခြင်းကို စောင့်ကြည့်ရာတွင် အသုံးပြုသည်။)​

အသက် မွေးစမှ ၅ နှစ်အရွယ် ယောက်ကျားလေးများအတွက် Height / Length for Age Chart

(ရေရှည်အာဟာရချို့တဲ့ခြင်း/ သက်ကြီးပုခြင်းကို စောင့်ကြည့်ရာတွင် အသုံးပြုသည်။)​

အသက် မွေးစမှ ၅ နှစ်အရွယ် ယောက်ကျားလေးများအတွက် Weight for Age Chart

(လက်ရှိအသက်တွင် ရှိသင့်သည့် ကိုယ်အလေးချိန် ရှိ/မရှိ စောင့်ကြည့်ရာတွင် အသုံးပြုသည်။)

အသက် မွေးစမှ ၅ နှစ်အရွယ် မိန်းကလေးများအတွက် Weight for Age Chart

(လက်ရှိအသက်တွင် ရှိသင့်သည့် ကိုယ်အလေးချိန် ရှိ/မရှိ စောင့်ကြည့်ရာတွင် အသုံးပြုသည်။)​

ကျန်းမာပျော်ရွင်သော မိသားစုဘဝလေးများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။​

About the Author

Leave a Reply

Your email address will not be published. Required fields are marked *

You may also like these