အာဟာရအခြေအနေကို စောင့်ကြည့်ခြင်း

ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်သည့် နည်းလမ်းများစွာရှိသည့်အနက် ကိုယ်အလေးချိန်နှင့် အရပ်တို့ကို ပုံမှန်တိုင်းတာ စောင့်ကြည့်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ကလေးငယ်များ၏ အာဟာရအခြေအနေကို စောင့်ကြည့်ရာတွင် အသုံးပြုသည့် Chart များကို ဤစာမျက်နှာတွင် ဖော်ပြမျှဝေပေးထားပါသည်။​ ဤ Chart များအား World Health Organization မှ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ Chart အမျိုးအစားများစွာရှိသည့်အနက်မှ ကြည့်ရှုအသုံးပြုရလွယ်ကူသည့် အမျိုးအစားများကိုသာ ရွေးချယ်မျှဝေပေးထားခြင်း ဖြစ်ပါသည်။

Chart များကို သိရှိလိုသည့် အာဟာရအမျိုးအစား၊ အသက်အရွယ်နှင့် ကျား/မ တို့ပေါ် မူတည်၍​ အသုံးပြုရမည်ဖြစ်ပါသည်။​ ထိုသို့အသုံးပြုရာတွင် သင့်လျှော်သည့် အမျိုးအစားရွေးချယ်နိုင်ရန်နှင့် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဤဗွီဒီယိုလေးကို အရင်ကြည့်ရှု့လေ့လာရန် တိုက်တွန်းအပ်ပါသည်။​ ဒို့မိသားစုလေးရဲ့ Youtube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့ တိုက်တွန်းအပ်ပါသည်။​

ဤစာမျက်နှာတွင် အသက် မွေးစမှ (၅)​ နှစ်အရွယ်ကလေးများအတွက် Chart များကိုသာရေးချယ်ဖော်ပြထားပါသည်။​ အခြား chart အမျိုးအစားများကို World Health Organization ၏ Website တွင် သွားရောက်လေ့လာနိုင်ပါသည်။​

အသက် မွေးစမှ ၅ နှစ်အရွယ် မိန်းကလေးများအတွက် Weight for Length/ Height Chart

(လတ်တလောအာဟာရချို့တဲ့မှု/ ပိန်ချုံးခြင်းကို စောင့်ကြည့်ရာတွင် အသုံးပြုသည်။)​

အသက် မွေးစမှ ၅ နှစ်အရွယ် ယောက်ကျားလေးများအတွက် Weight for Length/ Height Chart

(လတ်တလောအာဟာရချို့တဲ့မှု/ ပိန်ချုံးခြင်းကို စောင့်ကြည့်ရာတွင် အသုံးပြုသည်။)​

အသက် မွေးစမှ ၅ နှစ်အရွယ် မိန်းကလေးများအတွက် Height / Length for Age Chart

(ရေရှည်အာဟာရချို့တဲ့ခြင်း/ သက်ကြီးပုခြင်းကို စောင့်ကြည့်ရာတွင် အသုံးပြုသည်။)​

အသက် မွေးစမှ ၅ နှစ်အရွယ် ယောက်ကျားလေးများအတွက် Height / Length for Age Chart

(ရေရှည်အာဟာရချို့တဲ့ခြင်း/ သက်ကြီးပုခြင်းကို စောင့်ကြည့်ရာတွင် အသုံးပြုသည်။)​

အသက် မွေးစမှ ၅ နှစ်အရွယ် ယောက်ကျားလေးများအတွက် Weight for Age Chart

(လက်ရှိအသက်တွင် ရှိသင့်သည့် ကိုယ်အလေးချိန် ရှိ/မရှိ စောင့်ကြည့်ရာတွင် အသုံးပြုသည်။)

အသက် မွေးစမှ ၅ နှစ်အရွယ် မိန်းကလေးများအတွက် Weight for Age Chart

(လက်ရှိအသက်တွင် ရှိသင့်သည့် ကိုယ်အလေးချိန် ရှိ/မရှိ စောင့်ကြည့်ရာတွင် အသုံးပြုသည်။)​

ကျန်းမာပျော်ရွင်သော မိသားစုဘဝလေးများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။​

Similar Posts

  • ကလေးတိုင်း အသက် (၅) နှစ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့

    ကလေးတိုင်း အသက် (၅) နှစ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေလုပ်ရမယ် ဆိုတာကို အသက် (၇)​ နှစ်အရွယ် သမီးငယ်လေး Molly Wright က ပြောပြပေးထားတာဖြစ်ပါတယ်… လူတိုင်းနားထောင်ကြည့်သင့်ပါတယ်…. မြန်မာလို့ စာတမ်းထိုးနဲ့ ကြည့်နိုင်ဖို့ Subtitle မှာ Burmese ကို ရွေးကြည့်နိုင်တယ်…

  • |

    ကလေးတွေကို ဘယ်လိုအရည်၊အချိုရည်မျိုးတိုက်လို့ရလဲဆိုတာပါ။

    ဒီအကြောင်းလေး ရေးမယ်ရေးမယ်နဲ့ လက်စမသတ်ဖြစ်တာ အတော်ကို ကြာပါပြီ။ ဒီနေ့ Facebook Group တစ်ခုထဲမှာ ငြင်းနေကြတာလေး တွေ့တာရယ်၊ Parenting Group တွေထဲမှာ မကြာခဏတွေ့နေရတဲ့ မေမေတွေရဲ့ မေးခွန်းတစ်ခုရယ်ကြောင့် ဒီအကြောင်းအရာလေးကို ကြိုးစားပြီး လက်စသတ်လိုက်ပါပြီ။ အကြောင်းအရာကတော့ ကလေးတွေကို ဘယ်လိုအရည်၊အချိုရည်မျိုးတိုက်လို့ရလဲဆိုတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီမေးခွန်းကို အဖြေပေးနိုင်မယ့် Consensus Report တစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀၁၉) ခုနှစ်ထဲတုန်းက ပညာရှင်တွေက ထုတ်ပြန်ပေးခဲ့ပါတယ်။ အောက်ပါ အကြောင်းအရာတွေက အဲဒီ Consensus Report ကို အခြေခံပြီး မျှဝေလိုက်တာဖြစ်ပါတယ်။ ဒီ Consensus Report ကိုတော့ the Academy of Nutrition and Dietetics, the American…

  • |

    မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရမိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ် တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ၊ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

  • Nursing Strikes ဆိုတာဘာလဲ

    လူကြီးတွေတင် ဆန္ဒပြတတ်တာ မဟုတ်ဘူးနော်။ ဘေဘီလေးတွေလည် းဆန္ဒပြတတ်ကြပါတယ်။ မိခင်နို့စို့ဖို့ ကလေးက ဆန္ဒပြတဲ့အခြေအနေ (Nursing Strikes) တွေရှိတတ်တယ်။အဲဒါက ဘာပါလဲဆိုတာ နည်းနည်းဆွေး‌‌နွေးပေးပါမယ်။ Nursing Strikes ဆိုတာ ကလေးက မိခင်နို့စို့ဖို့ကို ရုတ်တရက်ငြင်းဆန်တဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီဟာက မိခင်တွေအတွက် အနှောက်အယှက် ဖြစ်တတ်ပါတယ်။ ဒါက ရက်ပေါင်းများစွာ သို့ မိခင်နို့တိုက်‌ကျွေးမှု အကြိမ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ ဒါ့အပြင် ကလေးနဲ့မေမေတွေအတွက် စိတ်ဖိစီးမှု အလွန်များစေနိုင်ပါတယ်။ ကလေးကောင်းကောင်းနေမကောင်းလို့၊ နှာစေးနှာပိတ်လို့၊ ဝမ်းချုပ်လို့၊ ဝမ်းလျှောလို့၊ကလေးရဲ့ပတ်ဝန်းကျင်/အချိန်ဇယားပြောင်းလဲလိုက်လို့၊ ကလေးကိုပြုစု စောင့်ရှောက်တဲ့ သူပြောင်းသွားလို့၊ သွားပေါက်လို့ စတဲ့ အကြောင်းရင်းတွေကြောင့်ကလေးက မိခင်နို့စို့ဖို့ ငြင်းဆန်တဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ တခြားအကြောင်းရင်းတွေလည်းရှိပါသေးတယ်။အဲဒါတွေကတော့မေမေတို့ ဓမ္မတာ သွေး လာတာ၊ မေမေတို့စားတဲ့အစားအစာကြောင့်၊ ဒါမှမဟုတ်ဆေးဝါးကြောင့်၊ရေမွှေး၊ ဆပ်ပြာ၊…

  • |

    မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ပိုထက်မြက်ကြပါတယ်

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရ မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ်တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

Leave a Reply

Your email address will not be published. Required fields are marked *