ဘယ်အရွယ်အထိ မိခင်နို့ကိုတိုက်‌သင့်လဲ

ဒါကတော့ မိခင်နဲ့ကလေးရဲ့ ဆုံးဖြတ်ချက်ပါပဲ။ တချို့ကလေးတွေက ၄ နှစ် ၅ နှစ်ထိ မိခင်က နို့တိုက်ချင်ပေမယ့် သူတို့ဘာသာ စောစောနို့ပြတ်တာလဲ ရှိတတ်ပါတယ်။ ဒီလိုမျိုးဆိုရင်တော့ ကလေးအတွက် အန္တရာယ်မရှိပါဘူး။ အချက်အလက်တွေအရ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ဆက်ဖြစ်နေပါတယ်။တချို့မေမေတွေက မိခင်နို့တိုက်ရတာကို တခြားသူတွေထက် ပိုပျော်ရွှင်ကြပါတယ်။

WHOနဲ့ ကျွမ်းကျင်ပညာရှင်များကတော့ အနည်းဆုံး ကလေးအသက် ၂ နှစ်အထိ မိခင်နို့ ဆက်တိုက်ကျွေးဖို့အကြံပြုထားပါတယ်။ တစ်ကမ္ဘာလုံးကတော့ နို့ဖြတ်တဲ့အချိန်ကို ၃ နှစ် ၄ လ လို့လေ့လာသိရှိထားရပါတယ်။ ကလေးက ဆက်စို့ချင်ရင်တော့ မေမေတို့အနေနဲ့ ကြိုးစားပြီး ဆက်လက် တိုက်‌ကျွေးသင့်ပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

http://bit.ly/maymaychocho

Similar Posts

  • |

    ကလေးရောမိခင်ပါ ကျန်းမာပြီး နို့ထွက်ကောင်းအောင် ဘယ်လိုစားသင့်သလဲ

    ဒီမေးခွန်းကို မေ‌မေတော်တော်များများ မေးလေ့ရှိပါတယ်။ .မေမေတို့နေ့စဉ်စားတဲ့အစာတွေ ထဲမှာ အစာအုပ်စု (၃) မျိုးက အစားအစာတွေပါစေရပါမယ်။ · တစ်ပတ်မှာငါးဟင်းကို (၂) ကြိမ်ကနေ(၃) ကြိမ်ထိ စားရပါမယ်။ · လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်တဲ့ အသားဓါတ်အရင်းအမြစ်တွေဖြစ်တဲ့ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး/ အစေ့အဆံတွေနဲ့တို့ဟူး စတာတွေ စားပေးရပါမယ်။ · မေမေတို့ရဲ့ခန္ဓာကိုယ်က မိခင်နို့ထုတ်ပေးနိုင်ဖို့အတွက် အပိုဆောင်း ကယ်လိုရီ (၅၀၀) ခန့် လိုအပ်ပါတယ်။ မေမေတို့က လှုပ်လှုပ်ရှားရှားနေတတ်တဲ့ မေမေတွေဆိုရင်တစ်နေ့မှာ ကယ်လိုရီ အနည်းဆုံး (၁၈၀၀) ဒါမှမဟုတ် ၁၈၀၀ နှင့်အထက် စားနိုင်ပါတယ်။ · သကြား၊ အဆီနှင့် ဆား(အငန်)တွေ၊ချိုတဲ့ အချိုရည်တွေ၊ဆော်ဒါတွေ၊ ကွတ်ကီးတွေ၊ ကိတ်မုန့်တွေ၊ အချိုပွဲ စတာတွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့အစာအစာတွေ စားသောက်တာကို လျော့ချရပါမယ်။ ·…

  • |

    အသက် (၆) လအောက်မှာ ရေတိုက်ဖို့လိုလား

    ဖေဖေ မေမေတို့ရေ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဆိုတာကလေးကမိခင်နို့တစ်မျိုးတည်း ရရှိသောက်သုံးတာကို ဆိုလိုပါတယ်။ တခြား အရည်တွေတခြားအစားအစာတွေ မပါပါဘူး။ ရေတောင် မပါရပါဘူး။ ဒါပေမယ့် လိုအပ်လို့ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားထားတဲ့အခါ ဓာတ်ဆားရည်၊ အားဆေးနဲ့ တခြားဆေးရည်တွေတော့တိုက်လို့ရပါတယ်။ မိခင်နို့ဟာ ကလေးတွေအတွက် ပထမဆုံး (၆) လ အတွင်းမှာ လိုအပ်တဲ့ ရေနဲ့အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မိခင်နို့မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအထက် ပါဝင်ပါတယ်။ မိခင်နို့တစ်ကြိမ်တိုက်ကျွေးတိုင်း အစောပိုင်း ထွက်လာတဲ့ နို့ရည်မှာ ရေဓာတ်များစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေ ရေဆာမှာပဲလို့ မေမေတို့ထင်ရင်ကလေးကိုနို့သာတိုက်လိုက်ပါနော်။ ကလေးတွေ ရေဆာပြေတဲ့အပြင် ရောဂါကာကွယ်နိုင်စွမ်း လည်းတိုးလာမယ်။ ကလေးကြီးထွားဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဟာ ပထမ (၆) လ မှာ ‌ရေသောက်ဖို့မလိုအပ်ပါဘူး။ မြန်မာနိုင်ငံလို ပူပြင်းတဲ့ဒေသမှာတောင် မလိုအပ်ပါဘူးနော်။ ဒါကြောင့် ကလေးရေဆာတယ်ထင်ရင်…

  • |

    မိခင်နို့နှင့် နို့မှုန့် (Formula Milk) တို့ရဲ့ ကွာခြားချက်

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး… ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွား စဉ်ကနေ ၆ လ အထိ…

  • | | |

    ဒို့မိသားစုလေးမှာ အွန်လိုင်းသင်တန်းတွေတက်နည်း

    ဒို့မိသားစုလေးရေ Website ပေါ်ကနေ အွန်လိုင်းသင်တန်းတွေကို စတင်ပို့ချပေးနေပါပြီ။​ သင်တန်းတွေက self-paced လို့ခေါ်တဲ့ ကိုယ်အားတဲ့အချိန်မှာ အဆင်ပြေသလို သင်ယူလို့ရတဲ့ သင်တန်းတွေပဲ ဖြစ်ပါတယ်။ ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ သင်တန်းတွေကို ဒီမှာလေ့လာကြည့်လို့ရပါတယ်။ ဒီဗွီဒီယိုလေးကတော့ သင်တန်းတွေတက်ချင်ရင် ဘယ်လိုတက်ရမှာလဲဆိုတာကို ရှင်းပြပေးထားတဲ့ ဗွီဒီယိုလေးပဲဖြစ်ပါတယ်။

  • ကလေးနို့ဝမဝ ဘယ်လိုသိနိုင်မလဲ

    မေမေတို့ရေ…. ဒီနေ့တော့ ရင်သွေးလေးတွေကို မေမေတို့က မိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်တယ်(သို့) ကလေးကမိခင်နို့ ကောင်းကောင်းရနေတယ်ဆိုတာ သိနိုင်တဲ့ အချက်တွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်… မေမေ့ရဲ့ ဘေဘီလေးက · တက်ကြွပြီး နိုးကြားလှုပ်ရှားနေမယ် · နို့စို့ပြီးချိန်မှာ ပျော်ရွှင်ပြီး ကျေနပ်နေမယ် · ၂၄နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့တိုက်ကျွေးတာ ခံရမယ် · နို့တိုက်နေတဲ့အချိန်မှာ ကလေးရဲ့အခြေအနေကိုကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာ တွေ့ရမယ် · ကိုယ်အလေးချိန် နေ့စဉ် ၂၅ ဂရမ် မှ ၃၅ ဂရမ်ကြား အလေးချိန်တိုးလာမယ် (ရင်သွေးငယ်လေးက ပထမ ၅ ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့ ၇% ထက်လျော့လာပါတယ်…. ဒါပေမယ့် ၁၀ ရက်မြောက်မှာတော့ မွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိလာပါတယ်…)…

  • မေမေတို့ရင်သားတွေက မိခင်နို့လုံလောက်အောင်ထုတ်ပေးနိုင်လား

    အမျိုးသမီးအများစုကတော့ မိခင်နို့ လုံလုံလောက်လောက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ဝန် စတုတ္ထမြောက်လလောက်မှာ နို့ဦးရေ(colostrum) ကို စထုတ်ပေးတာပါ။မိသားစုဝင်တွေ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ သူတွေက “မေမေတို့မှာ နို့မရှိဘူး”လို့ပြောလာခဲ့ရင် ဒါက မမှန်နေပါဘူး။ ရင်သွေးလေးတွေကပထမသုံးရက်အတွင်း နို့ဦးရေ (colostrum) သာလိုအပ်တာပါ။ နောက်ပိုင်းထွက်တဲ့ မိခင်နို့ (မြင်နေကျ နို့ရည်အဖြူ) ထုတ်ပေးဖို့ ၃ ရက်လောက်ကြာပါတယ်။ ကလေးငယ်လေးတွေရဲ့အစာအိမ်အရွယ်အစားနဲ့ မိခင်နို့လိုအပ်တဲ့ ပမာဏကို လေ့လာနိုင်ဖို့ ဒီပို့စ်လေးကိုဖတ်ကြည့်ပါ။ https://www.facebook.com/…/a.98319388…/1515910438744076/ ရင်သွေးငယ်လေးတွေကို မိခင်နို့တိုက်တဲ့အခါမှာ နို့တိုက်တဲ့ပုံစံမှကလည်း မှန်မယ်၊ မေမေတို့နဲ့ ရင်သွေးလေးတို့ရဲ့ထိတွေ့ထားတဲ့ ပုံစံကလည်း မှန်တယ်ဆိုရင် ရင်သွေးလေးတွေက နို့ကို ကောင်းကောင်းစုပ်ယူနိုင်သလို သူတို့ကို ကောင်းကောင်း နို့တိုက်ပြီးသားလည်း ဖြစ်စေမှာပါ။ မကြာမကြာ မိခင်နို့တိုက်ပေးတာကလည်း မေမေတွေအတွက်နို့ပိုထွက်စေမှာပါ။ နို့ငုံကောင်းစေမယ့် နည်းလမ်းလေးတွေကို ဒီဗွီဒီယိုလေးမှာလေ့လာပေးပါ။ https://fb.watch/6ppdAMTmst/ ကိုယ်နဲ့ ကလေးအတွက် အဆင်ပြေနိုင်မယ့်…