ကလေးနို့ဝမဝ ဘယ်လိုသိနိုင်မလဲ

မေမေတို့ရေ…. ဒီနေ့တော့ ရင်သွေးလေးတွေကို မေမေတို့က မိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်တယ်(သို့) ကလေးကမိခင်နို့ ကောင်းကောင်းရနေတယ်ဆိုတာ သိနိုင်တဲ့ အချက်တွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်…

မေမေ့ရဲ့ ဘေဘီလေးက

· တက်ကြွပြီး နိုးကြားလှုပ်ရှားနေမယ်

· နို့စို့ပြီးချိန်မှာ ပျော်ရွှင်ပြီး ကျေနပ်နေမယ်

· ၂၄နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့တိုက်ကျွေးတာ ခံရမယ်

· နို့တိုက်နေတဲ့အချိန်မှာ ကလေးရဲ့အခြေအနေကိုကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာ တွေ့ရမယ်

· ကိုယ်အလေးချိန် နေ့စဉ် ၂၅ ဂရမ် မှ ၃၅ ဂရမ်ကြား အလေးချိန်တိုးလာမယ်

(ရင်သွေးငယ်လေးက ပထမ ၅ ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့ ၇% ထက်လျော့လာပါတယ်…. ဒါပေမယ့် ၁၀ ရက်မြောက်မှာတော့ မွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိလာပါတယ်…)

· တတိယမြောက်နေ့မှာ ဝမ်း (၃) ကြိမ် ဒါမှမဟုတ် ဒါထက်ပိုပြီး သွားပါတယ်…ငါးရက်မြောက်ရောက်ရင်တော့ အဝါရောင် ဝမ်းပျော့ပျော့လေးတွေ ၄ ကြိမ် ဒါမှမဟုတ် ဒါထက် ပိုပြီး သွားတတ်ပါတယ်…

· မွေးပြီး ၁ရက်မှာ သွားတဲ့ ဝမ်းအမည်းရောင်က ၅ ရက်လောက်ရောက်ရင် အဝါရောင်ကို ပြောင်းသွားပါတယ်… နောက်ပိုင်းတောက်လျှောက် အဲဒီအဝါရောင်ဘဲ ဆက်ပြီးတော့ သွားပါတယ်….

· မွေးပြီး ၅ ရက်မြောက်ရှိပြီဆိုရင် ကလေးက အရောင်ဖျော့တဲ့ ဆီး (၆) ကြိမ် နှင့် အထက် သွားပါတယ်။ နောက်ပိုင်းတောက်လျှောက်လည်း ဆီးက ၆ ကြိမ်နဲ့ အထက် ရှိရပါမယ်။

အခုဆက်ပြောမယ့်အချက်တွေကတော့ ရင်သွေးလေးက မိခင်နို့ကောင်းကောင်းမရဘူးလို့ပြောနိုင်မဲ့ လက္ခဏာလေးတွေပါဘဲ။

· ရင်သွေးလေးက အရမ်းအိပ်ချင်နေမယ်

· မိခင်နို့တိုက်ပြီးတော့လဲ ဂနာမငြိမ်ဖြစ်နေမယ်..

· (၂၄) နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့မတိုက်ကျွေးဖြစ်ခဲ့တာတွေရှိမယ်…

· မေမေတို့နို့တိုက်နေတဲ့အချိန်မှာ ကလေးရဲ့အခြေအနေကို ကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာမျိုး မမြင်မကြား/မခံစားရတာမျိုးရှိမယ်….

· ကိုယ်အလေးချိန် မတိုးဘဲ ဖြစ်နေမယ် (ရင်သွေးငယ်လေးက ပထမ (၅) ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့၇% ထက်ပိုပြီး လျော့လာပေမယ့် ၁၀ ရက်မြောက်မှာမွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိမလာတာမျိုး ဖြစ်မယ် )

· တတိယမြောက်နေ့မှာ ရင်သွေးလေးရဲ့ ဝမ်းသွားတဲ့ အကြိမ်က (၃) ကြိမ် ထက်နည်းမယ်၊ ငါးရက်မြောက် ရောက်တော့လဲ အရောင်က အညိုရင့် (သို့) အမည်းရောင်ပဲ ဖြစ်နေမယ်…

·ဝမ်းအမည်းရောင်က (၅) ရက်လောက်ရောက်တဲ့အထိ အဝါရောင်ကို မပြောင်းဘဲနဲ့ အမည်းရောင် အဖြစ်နဲ့ဘဲ ရှိနေမယ်….

· (၅) ရက်မြောက်တဲ့နေ့အထိ ဆီးအရောင်က အနီရောင် ဒါမှမဟုတ် အဝါရင့်ရောင်တွေဘဲ ဖြစ်နေပြီးတော့ (၆) ကြိမ်ထက် နည်းနေမယ်…

အဲဒီလက္ခဏာတွေပြသလာခဲ့ရင်တော့ ဆေးကုသမှု ခံယူရမှာ ဖြစ်ပါတယ်…

ရင်သွေးငယ်တို့ ကိုယ်အလေးချိန်တက်လာတယ်ဆိုတာက သူတို့ဟာ လုံလောက်တဲ့ မိခင်နို့ကို ရရှိနေပြီဆိုတဲ့ အကောင်းဆုံးလက္ခဏာဖြစ်ပါတယ်။

(၁) လကနေ (၃) လ အတွင်းရင်သွေးငယ်တွေက တစ်လကို (၁.၅) ပေါင်ကနေ (၂.၅) ပေါင်တိုးသင့်ပါတယ်… (၄) လ ကနေ (၆) လကြားမှာတော့ (၁) ပေါင်ကနေ (၂) ပေါင်လောက်ပဲ ပေါင်ချိန်တက်တော့ပြီး တက်နှုန်းကျသွားပါတယ်… (၆) လပြည့်ပြီးရင်တော့ ကလေးတွေကတစ်လကို (၁) ပေါင်အောက်လောက်ဘဲ ကိုယ်အလေးချိန်တက်ပါတော့တယ်…

ပေါင်ချိန်တိုးတာအပြင် ကလေးအရပ်ရှည်လာတာ၊ BMI Index တိုးလားတာ၊ လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းMilestone တွေတိုးတက်လာတာတွေကလည်း ကလေးဟာ ပုံမှန်ကြီးထွားဖွံ့ဖြိုးလာနေတယ်ဆိုတာကိုပြသပါတယ်… ဒါကြောင့်မို့ ကိုယ့်ကလေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း တိုးတက်မှုတွေ ရှိနေသလားဆိုတာ လစဥ် စစ်ဆေးကြည့်သင့်ပါတယ်…

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • |

    စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား

    မေမေတို့ရေ ဒီနေ့တော့ စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား ဆိုတဲ့အကြောင်းလေးရှင်းပြပေးပါမယ်။မျှော်လင့်မထားဘဲရုတ်တရက်ပေါ်ပေါက်လာတဲ့ အခြေအနေတွေမှာ ဖြစ်ရပ်တိုင်းက ဖိစီးမှုတွေနဲ့ အပြည့်လို့ ထင်ရပါတယ်။ဟုတ်ပါတယ် …. မေမေတို့စိတ်ဖိစီးနေတဲ့ အချိန်အခါတွေမှာ နို့ချိုတိုက်ကျွေးတာ ကောင်းပါတယ်။အကြောင်းပြချက်တွေကတော့ ၁။မေမေတို့စိတ်ဖိစီးမှုခံရချိန်မှာ ရင်သွေးငယ်လေးတွေလည်းဘဲ အတူတူ စိတ်ဖိစီးမှု ခံစားရပါတယ်။ မေမေတို့ဘယ်နေရာမှာဘဲရှိရှိ၊ မေမေတို့ဘာပဲလုပ်နေပါစေ၊ နို့တိုက်ကျွေးပြီဆိုတာနဲ့ ကလေးက လုံခြုံစိတ်ချတယ်ဆိုတဲ့ ခံစားမှုကိုရရှိစေမှာပါ။ နို့တိုက်တဲ့အခါ ကလေးကို မေမေတို့အနားမှာ နီးနီးကပ်ကပ်ထားဖို့ပါဘဲ။၂။ပြန်လည်နေရာချထားရတဲ့အချိန်၊ ခရီးသွားလာချိန်တွေမှာ မိခင်နို့တိုက်ကျွေးခြင်းက အာဟာရဓာတ်တွေကောင်းစွာရဖို့နဲ့ ကိုယ်ခံစွမ်းအားတွေကိုရဖို့ ထောက်ပံ့ပေးပါတယ်။၃။မေမေတို့နို့တိုက်တဲ့အခါမှာ မေမေတို့ရဲ့ ခန္ဓာကိုယ်ကနေ CCK (cholecystokinin)ခေါ်တဲ့ ဟော်မုန်းတစ်မျိုးအပါအဝင် ဟော်မုန်းအမြောက်အများထုတ်လုပ်ပေးပါတယ်။ အဲဒီ CCKဟော်မုန်းက မေမေတွေကို အိပ်စက်စေဖို့နဲ့ သက်တောင့်သက်သာရှိစေဖို့ ပြုလုပ်ပေးပါတယ်။ နို့တိုက်မိခင်တွေအနားယူဖို့ ပိုမိုလိုအပ်တာကို မေမေတို့ရဲ့ခန္ဓာကိုယ်က သိပါတယ်။၄။နို့တိုက်ခြင်းက စိတ်ဖိစီးမှုလျော့နည်းစေပါတယ်။ ဘာကြောင့်လဲဆိုရင် မိခင်နို့တိုက်တဲ့အချိန်မှာထွက်လာတဲ့…

  • မိခင်နို့နဲ့ နို့မှုန့်က အတူတူပဲလား

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး…ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွားစဉ်ကနေ အသက် ၆ လ အထိ…

  • |

    နို့တိုက်မိခင် ကော်ဖီသောက်လို့ရလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို သကြားလို ချိုတဲ့ အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group…

  • မွေးကင်းစကလေးရဲ့ အစာအိမ်အရွယ်အစား

    ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့ရေ… ရက်သားကလေးငယ်ရဲ့ အစာအိမ်က တော်တော်သေးပါတယ်… ဘယ်လောက်ထိသေးလဲဆိုရင် စပျစ်သီးခပ်ကြီးကြီးအရွယ်လောက်ပဲရှိပြီးအရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ဆို ဗိုက်ပြည့်သွားတာပါပဲ… ဒီတော့ တခြားအရည်တွေတိုက်လို့ ကလေးအစာအိမ်သေးသေးလေးက ပြည့်နေရင်ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး… အဲလိုဖြစ်ရင် ကြီးမားတဲ့ နောက်ဆက်တွဲအနေနဲ့ ပြသနာ (၂) ခု ထပ်ပေါ်တတ်ပါတယ်… (၁) မေမေရဲ့နို့တွေ တင်းလာမယ်… ပြီးတော့ ကလေးကို ကောင်းကောင်း နို့တိုက်လို့မရဘူး… အဲဒီတော့ မေမေ့နို့တွေက တင်းပြီး နာလာမယ်…. (၂) ကလေးက ကောင်းကောင်းနို့မစို့တော့လို့ နို့ထွက်တာ နှောင့်နှေးလာမယ်၊ နို့ထွက်နည်းလာမယ်… သဘာဝအလျောက်ပုံမှန်ထွက်ရှိမှုနှုန်း မရှိသလို ဖြစ်လာမယ်… နောက်တော့ မေမေတွေနဲ့ မိသားစုဝင်တွေက မိခင်မှာ နို့မလုံလောက်ဖူးဆိုတဲ့အမြင်တွေ မြင်လာတော့တာပါပဲ… ဒီနေရာမှာ အထူးသတိပေးချင်တာက မိခင်နို့ဆိုတာကလေးများများစို့မှ မေမေ့ဆီက နို့များများ ထွက်လာတာပါ……

Leave a Reply

Your email address will not be published. Required fields are marked *