ကိုယ်ဝန်ဆောင်နေစဥ်အတွင်းဘယ်လို စားသောက်ရမလဲ

ကိုယ်ဝန်ဆောင်နေစဥ်အတွင်းဘယ်လို စားသုံးရမလဲ

အောက်ပါအချက်တွေကတော့ကိုယ်ဝန်ဆောင်နေစဥ်အတွင်းမှာ မိခင်အနေနဲ့ ဘယ်လိုစားသုံးရမယ်ဆိုတဲ့ အကြံပြုချက်အချို့ ဖြစ်ပါတယ်။

၁။နေ့စဥ်အစားအစာမှာ အစာအုပ်စု (၃)စုပါအောင် စားပေးပါ။ ( အင်အားဖြစ်စေသောအစာ၊ ခန္ဓာကိုယ်ကြီးထွားစေသောအစာ၊ရောဂါကာကွယ်စေသောအစာ)

၂။ အသားဓာတ်ကို အောက်ပါအစားအစာတို့မှ ရွေးချယ်စားသောက်နိုင်ပါတယ်။ (ဥအမျိူးမျိုး၊ကြက်သား၊ဘဲသား၊ဝက်သား၊ဆိတ်သား၊ငါး၊ပင်လယ်စာ၊ပဲအမျိုးမျိုး၊တို့ဖူး၊နွားနို့၊ပဲနို့ စသည်…)

၃။ ပင်လယ်စာများဟာ အိုမီဂါ (၃) ကြွယ်ဝတဲ့အစားအစာ ဖြစ်ပါတယ်။ အိုမီဂါ (၃) ဟာ ကလေးငယ်တွေဦးနှောက်ဖွံ့ဖြိုးဖို့ အရေးပါပါတယ်။ ပင်လယ်ငါး ကြီးတာတွေ ဥပမာ-တူနာ၊ငါးမန်း၊ စတဲ့ငါးကြီးတွေကတော့မာကျူရီ/ ပြဒါးဓါတ် ပါတတ်လို့ မစားသင့်ပါဘူး။

၄။ တခြား ငါး၊ ပုဇွန်၊ပင်လယ်စာတွေတော့ စားလို့ရပါတယ်။ တစ်ပတ်မှာ ငါးကို ၆ ကြိမ် ၇ ကြိမ် စားဖို့အကြံပြုထားတာတွေလည်း ရှိပါတယ်။ ရေချိုငါး၊ ပင်လယ်စာ( ပုဇွန်၊ ဂဏာန်း၊ ပြည်ကြီးငါး၊ ပုဇွန်ထုပ်)၊ငါးသေတ္တာ များကိုလည်း စားလို့ရပါတယ်။

၅။ အသား ၊ငါး၊ ဥ၊ ပင်လယ်စာများကို ကျက်အောင် ချက်ဖို့တော့ လိုပါမယ်။

၆။ အစားအစာများကို သန့်ရှင်းစွာ ပြင်ဆင်ဖို့နဲ့ လက်ကိုသေချာစွာဆေးဖို့ အလေ့အကျင့်တော့ လိုအပ်ပါမယ်။

၇။လမ်းဘေးအစားအစာတွေ အများကြီးစားတာကိုတော့ ရှောင်ဖို့လိုပါမယ်။ကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ်ခံအားနည်းနေလို့ အစာမသန့်ရင် အလွယ်တကူ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

၈။ကျန်းမာရေးနဲ့ညီညွတ်ပြီး အင်အားဖြစ်စေသော အစားအစာကို စားပေးပါ။ ဥပမာ- ဆန်၊ဂျုံ၊ပြောင်း၊ခေါက်ဆွဲ၊ အာလူး စသည်…

၉။ ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများဟာ ကိုယ်ဝန်ဆောင်တွေအတွက် အရေးကြီးပါတယ်။ အစိမ်းရောင်၊ အဝါရောင်အသီးအရွက်တွေဟာ ဗီတာမင်အေ ကြွယ်ဝစွာပါဝင်လို့ တနေ့တကြိမ်တော့ စားသုံးသင့်ပါတယ်။

၁၀။ ရေကို တစ်ရက် (၈)ခွက် ကနေ (၁၀) ခွက် ထိ သောက်ပေးရပါမယ်။ ရေဗူးကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားပြီး နည်းနည်းစီ ဖြည်းဖြည်းချင်း သောက်ပေးလို့ရပါတယ်။

၁၁။ နွားနို့၊ ပဲနို့၊ဒိန်ချဥ်ကို ကြိုက်တယ်ဆိုရင် တစ်ရက်ကို (၂) ခွက် (၃) ခွက် သောက်ပေးလို့ရပါတယ်။

၁၂။ ကယ်လစီယမ်အတွက် နွားနို့၊ ပဲနို့ မရနိုင်ရင် တို့ဖူး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ရုံးပတီသီး၊ပန်းပွင့်စိမ်း၊ ဂေါ်ဖီ၊ ပန်းပွင့်၊ အုန်းရည်၊ ထောပတ်သီး၊ နှမ်းဆီ၊အရိုးပါဝါးစားနိုင်တဲ့ ငါးကလေး တွေကနေ ရနိုင်ပါတယ်။ ကြက်ရိုးကနေလည်း ကယ်လစီယမ် ရနိုင်ပါတယ်။

၁၃။ အဆီများတဲ့အစာ၊ ချိုတဲ့အစာတွေတော့ လျော့စားရပါမယ်။ သကြားလုံး၊ ချောကလက်၊ အသင့်စားသွားရည်စာ၊အိတ်ဖောင်း သွားရည်စာ၊ အချိုရည်၊ ဆိုဒါ၊ ရေခဲမုန့်၊ အချိုပွဲများကိုလျော့စားရပါမယ်။

၁၄။ အငံများတဲ့ အစားအစာတွေကိုလည်း လျော့ရပါမယ်။ ငါးံပြာရည်၊ ပဲံပြာရည်၊ ခရုဆီ စတာတွေမှာ အငံဓာတ်များလို့ လျော့စားရပါမယ်။

၁၅။ အချိုမှုန့်ကိုတော့ ကိုယ်ဝန်ဆောင်စဥ်ကော နို့တိုက်နေချိန်ကော ရှောင်သင့်ပါတယ်။

၁၆။ တနေ့ကို (၃) ကြိမ်အဖြစ် တစ်ကြိမ်မှာ အများကြီးစားတာထက် အကြိမ်ရေ (၅)ကြိမ် (၆) ကြိမ် လောက်ခွဲပြီး နည်းနည်းစီ စားပေးတာက ပိုပြီးကောင်းပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာကျန်းမာ‌ရေးနဲ့ ညီညွတ်အောင် ရွေးချယ်စားသောက်တာ လူကိုပိုနေလို့ကောင်းစေသလို ကိုယ်အလေးချိန်ကိုပုံမှန်တိုးစေပါတယ်။ မွေးဖွားရတာလည်း ပိုပြီးလွယ်စေသလို ကျန်းမာသန်စွမ်းတဲ့ ရင်သွေးကိုလည်း ရရှိစေပါတယ်။

Similar Posts

  • |

    နို့တိုက်မိခင်အနေနဲ့ အချို့အစားအစာတွေက ကလေးကို အနေခက်စေသလား

    ကလေးတစ်‌ယောက်နဲ့တစ်ယောက်ဟာ မတူကြပါဘူး။ မေမေတို့စားတဲ့အစားအစာပေါ်မှာ ခံနိုင်ရည်ရှိမှုလည်း မတူကြပါဘူး။ တချို့ကလေးတွေမှာ အစားအစာနဲ့ ဆေးတွေက သူတို့ကို အနေခက်စေ၊ ကသိကအောက် ဖြစ်စေနိုင်ပါတယ်။သက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ ခံနိုင်ရည်ရှိမှု တိုးတက်လာကြတယ်။ မေမေတို့အပူအစပ်တွေ အချဥ်တွေ စားလို့ ကလေးက အနေခက်တယ်ဆိုတာ မမှန်ပါဘူး။ ‌ရှေးရိုးစွဲအယူအဆသာဖြစ်ပါတယ်။ ကဖင်းဓာတ် တစ်ခွက်နှစ်ခွက်သောက်တာ နို့တိုက်မိခင်တွေအတွက် အဆင်ပြေပါတယ်။ နှစ်ခွက် ထက်ပိုရင်အရမ်းများသွားရင် ကလေးမအိပ်နိုင်ပဲ နေရထိုင်ရခက်တာကို ဖြစ်စေပါနိုင်တယ်။ကဖင်းဓာတ်ပါတဲ့အစားအစာတွေက ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်ပါတဲ့အချိုရည်တွေ၊ဆိုဒါ၊ အားဖြည့်အချိုရည်တွေပဲ ဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • |

    မိိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်တဲ့ အမေးများတဲ့ မေးခွန်းတွေ

    ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့ရပါသလား ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့ရပါသလား နို့ထွက်ပစ္စည်းတွေကကယ်လ်စီယမ်လို့ခေါ်တဲ့ ထုံးဓါတ်၊ ဗီတာမင်ဒီနဲ့ အသားဓါတ် (ပရိုတင်းဓာတ်) တွေပေါများ တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီးကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်တစ်နေ့ကို သုံးခွက်လောက် သောက်ကြဖို့ တိုက်တွန်းလိုပါတယ်။ နို့တစ်ခွက်မှာ အသားဓါတ် (ပရိုတင်း) ၇ ဂရမ်၊ လိုအပ်တဲ့ထုံးဓါတ်၃၀% နဲ့ လိုအပ်တဲ့ဗီတာမင် ၂၅% ကိုရရှိစေပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကနို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို နေ့စဉ် စားသင့်ပါတယ်။ မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင်ကလေးတွေအီးအီးပါတဲ့အခါမှာ  မစင်ထဲမှာ အစေ့တွေပါလာမှာလား။ မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင်ကလေးတွေအီးအီးပါတဲ့အခါမှာ မစင်ထဲမှာ အစေ့တွေပါလာမှာလား။ တကယ်တော့ကလေးမစင်ထဲမှာ ခရမ်းသီးအစေ့တွေမပါလာပါဘူး။ မေမေတွေရဲ့ အစာခြေစနစ်နဲ့ ကလေးတွေရဲ့ အစာခြေစနစ်ကသီးခြားစီဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတာကိုခံရတဲ့ကလေးတွေက…

  • |

    မိခင်နို့တိုက်နေတဲ့အချိန်မှာအားဆေးတွေသောက်ဖို့လိုအပ်ပါသလား

    မိခင်နို့တိုက်နေတဲ့အချိန်မှာအားဆေးတွေသောက်ဖို့လိုအပ်ပါသလား ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO ) နဲ့ကျန်းမာရေးအဖွဲ့များရဲ့ ဖော်ပြချက်အရ သံဓာတ်၊ ဖောလစ်အက်စစ်၊ ဗီတာမင် ဘီဝမ်း၊ဗီတာမင် အေ တွေဟာအရေးကြီးပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ အစာမျိုးစုံစားတဲ့ မေမေတွေအတွက် အားဆေးကို အကြာကြီးဆက်သောက်စရာ မလိုပါဘူးလို့ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗီတာမင် ဘီဝမ်းအားဆေးကို က‌လေးသူငယ်နာရောဂါ ကာကွယ်ဖို့ကလေးမီးဖွားပြီး (၃) လအထိ သောက်သုံးဖို့တိုက်တွန်းတာ ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။ အိုင်အိုဒင်းဆားကိုတော့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်ရှိတဲ့ အိမ်တိုင်း စားသုံးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • |

    ဟင်းသီးဟင်းရွက်စားရင် အန္တရာယ်ရှိလား

    ရွှေဖရုံသီး၊ အစိမ်းရင့်ရောင်ဟင်းရွက်တွေ၊အာလူးစတဲ့ အသီးအရွက်တွေကို နို့တိုက်မိခင်တွေက စားမိရင် အဲဒီမေမေတွေကို စိတ်ကယောက်ကရက်ဖြစ်စေမှာလား ဒါမှမဟုတ် တခြားအန္တရာယ်တွေ ဖြစ်စေမှာလား အမှန်ကတော့ အဲဒီအသီးအရွက်တွေကို စားသောက်မိရင် ဘာပြသနာမှ မရှိပါဘူး။ ဟင်းသီးဟင်းရွက်တိုင်း၊ အသီးတိုင်းမှာက ခန္ဓာကိုယ်ရဲ့ တောင့်တင်းသန်မာတဲ့ ခုခံအားစနစ်တည်ဆောက်ဖို့နဲ့ ရောဂါတွေကာကွယ်နိုင်ဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။အဲဒီအသီးအနှံတွေကို နို့တိုက်မိခင်တွေက မစားသောက်မိခဲ့ရင်သာ မေမေတွေစားတဲ့ အစားအသောက်တွေမှာ အ‌ရေးကြီးတဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေ ချို့တဲ့မှုတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ စိတ်ဝေဒနာကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အကြောင်းခံကိစ္စရပ်များတွေကသာ ဖြစ်စေတာပါ။နို့တိုက်မိခင်တွေအနေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပူပင်ကြောင့်ကြမှု မရှိဘဲ စားသောက်နိုင်ပါတယ်။ စားသောက်ကြဖို့လည်း တိုက်တွန်းအပ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့်…

  • | | |

    ဒို့မိသားစုလေးမှာ အွန်လိုင်းသင်တန်းတွေတက်နည်း

    ဒို့မိသားစုလေးရေ Website ပေါ်ကနေ အွန်လိုင်းသင်တန်းတွေကို စတင်ပို့ချပေးနေပါပြီ။​ သင်တန်းတွေက self-paced လို့ခေါ်တဲ့ ကိုယ်အားတဲ့အချိန်မှာ အဆင်ပြေသလို သင်ယူလို့ရတဲ့ သင်တန်းတွေပဲ ဖြစ်ပါတယ်။ ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ သင်တန်းတွေကို ဒီမှာလေ့လာကြည့်လို့ရပါတယ်။ ဒီဗွီဒီယိုလေးကတော့ သင်တန်းတွေတက်ချင်ရင် ဘယ်လိုတက်ရမှာလဲဆိုတာကို ရှင်းပြပေးထားတဲ့ ဗွီဒီယိုလေးပဲဖြစ်ပါတယ်။

  • |

    နို့တိုက်မိခင် အရက်သောက်လို့ရလား

    ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီမဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြောလို မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။   အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ နို့ရည်ရတာ နည်းလာတာမျိုးတွေ…

Leave a Reply

Your email address will not be published. Required fields are marked *