Food for More Breastmilk
|

နို့ထွက်ကောင်းအောင် ဘာတွေ စားရမလဲ​

ဒီမေးခွန်းကို မေ‌မေတော်တော်များများ မေးလေ့ရှိပါတယ်။ မေမေတို့နေ့စဉ်စားတဲ့အစာတွေ ထဲမှာ အစာအုပ်စု (၃) မျိုးက အစားအစာတွေပါစေရပါမယ်။

မိခင်နို့တိုက်တဲ့မေမေတွေက

  • အစားအစာအုပ်စု(၃) မျိုးထဲက အကြံပြုထားတဲ့စားစရာတွေကို စားရပါမယ်။
  • တစ်ပတ်မှာငါးဟင်းကို (၂) ကြိမ်ကနေ(၃) ကြိမ်ထိ စားရပါမယ်။
  • လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်တဲ့ အသားဓါတ်အရင်းအမြစ်တွေဖြစ်တဲ့ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး/ အစေ့အဆံတွေနဲ့တို့ဟူး စတာတွေ စားပေးရပါမယ်။
  • မေမေတို့ရဲ့ခန္ဓာကိုယ်က မိခင်နို့ထုတ်ပေးနိုင်ဖို့အတွက် အပိုဆောင်း ကယ်လိုရီ (၅၀၀) ခန့် လိုအပ်ပါတယ်။ မေမေတို့က လှုပ်လှုပ်ရှားရှားနေတတ်တဲ့ မေမေတွေဆိုရင်တစ်နေ့မှာ ကယ်လိုရီ အနည်းဆုံး (၁၈၀၀) ဒါမှမဟုတ် ၁၈၀၀ နှင့်အထက် စားနိုင်ပါတယ်။
  • သကြား၊ အဆီနှင့် ဆား(အငန်)တွေ၊ချိုတဲ့ အချိုရည်တွေ၊ဆော်ဒါတွေ၊ ကွတ်ကီးတွေ၊ ကိတ်မုန့်တွေ၊ အချိုပွဲ စတာတွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့အစာအစာတွေ စားသောက်တာကို လျော့ချရပါမယ်။
  • ရက်သတ္တပတ် တစ်ပတ်အတွင်းမှာ အသား၊ ငါး၊ ပဲ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးမျိုးကို ရွေးချယ်စားသုံးရပါမယ်။ အဲဒီလို ရွေးချယ်စားသုံးတဲ့အခါမှာ အရောင်အမျိုးမျိုးရှိတဲ့ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေကိုရွေးချယ်ရပါမယ်။


မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေများတွင် နို့တိုက်ကျွေးခြင်း

    အခုကြုံနေရတဲ့ ရေဘေးလို သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေများတွင် နို့တိုက်ကျွေးခြင်းအကြောင်းမျှဝေပေးလိုက်ပါတယ်… အကူညီလိုအပ်တဲ့ မေမေတွေ ဒို့မိသားစုလေး နဲ့ မေမေ့ချိုချိုတို့မှာ အကူအညီတောင်းခံနိုင်ပါတယ်…

  • |

    မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရမိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ် တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ၊ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

  • | | |

    ဒို့မိသားစုလေးမှာ အွန်လိုင်းသင်တန်းတွေတက်နည်း

    ဒို့မိသားစုလေးရေ Website ပေါ်ကနေ အွန်လိုင်းသင်တန်းတွေကို စတင်ပို့ချပေးနေပါပြီ။​ သင်တန်းတွေက self-paced လို့ခေါ်တဲ့ ကိုယ်အားတဲ့အချိန်မှာ အဆင်ပြေသလို သင်ယူလို့ရတဲ့ သင်တန်းတွေပဲ ဖြစ်ပါတယ်။ ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ သင်တန်းတွေကို ဒီမှာလေ့လာကြည့်လို့ရပါတယ်။ ဒီဗွီဒီယိုလေးကတော့ သင်တန်းတွေတက်ချင်ရင် ဘယ်လိုတက်ရမှာလဲဆိုတာကို ရှင်းပြပေးထားတဲ့ ဗွီဒီယိုလေးပဲဖြစ်ပါတယ်။

  • မေမေတို့ရင်သားတွေက မိခင်နို့လုံလောက်အောင်ထုတ်ပေးနိုင်လား

    အမျိုးသမီးအများစုကတော့ မိခင်နို့ လုံလုံလောက်လောက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ဝန် စတုတ္ထမြောက်လလောက်မှာ နို့ဦးရေ(colostrum) ကို စထုတ်ပေးတာပါ။မိသားစုဝင်တွေ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ သူတွေက “မေမေတို့မှာ နို့မရှိဘူး”လို့ပြောလာခဲ့ရင် ဒါက မမှန်နေပါဘူး။ ရင်သွေးလေးတွေကပထမသုံးရက်အတွင်း နို့ဦးရေ (colostrum) သာလိုအပ်တာပါ။ နောက်ပိုင်းထွက်တဲ့ မိခင်နို့ (မြင်နေကျ နို့ရည်အဖြူ) ထုတ်ပေးဖို့ ၃ ရက်လောက်ကြာပါတယ်။ ကလေးငယ်လေးတွေရဲ့အစာအိမ်အရွယ်အစားနဲ့ မိခင်နို့လိုအပ်တဲ့ ပမာဏကို လေ့လာနိုင်ဖို့ ဒီပို့စ်လေးကိုဖတ်ကြည့်ပါ။ https://www.facebook.com/…/a.98319388…/1515910438744076/ ရင်သွေးငယ်လေးတွေကို မိခင်နို့တိုက်တဲ့အခါမှာ နို့တိုက်တဲ့ပုံစံမှကလည်း မှန်မယ်၊ မေမေတို့နဲ့ ရင်သွေးလေးတို့ရဲ့ထိတွေ့ထားတဲ့ ပုံစံကလည်း မှန်တယ်ဆိုရင် ရင်သွေးလေးတွေက နို့ကို ကောင်းကောင်းစုပ်ယူနိုင်သလို သူတို့ကို ကောင်းကောင်း နို့တိုက်ပြီးသားလည်း ဖြစ်စေမှာပါ။ မကြာမကြာ မိခင်နို့တိုက်ပေးတာကလည်း မေမေတွေအတွက်နို့ပိုထွက်စေမှာပါ။ နို့ငုံကောင်းစေမယ့် နည်းလမ်းလေးတွေကို ဒီဗွီဒီယိုလေးမှာလေ့လာပေးပါ။ https://fb.watch/6ppdAMTmst/ ကိုယ်နဲ့ ကလေးအတွက် အဆင်ပြေနိုင်မယ့်…

  • |

    နို့တိုက်မိခင်အနေနဲ့ အချို့အစားအစာတွေက ကလေးကို အနေခက်စေသလား

    ကလေးတစ်‌ယောက်နဲ့တစ်ယောက်ဟာ မတူကြပါဘူး။ မေမေတို့စားတဲ့အစားအစာပေါ်မှာ ခံနိုင်ရည်ရှိမှုလည်း မတူကြပါဘူး။ တချို့ကလေးတွေမှာ အစားအစာနဲ့ ဆေးတွေက သူတို့ကို အနေခက်စေ၊ ကသိကအောက် ဖြစ်စေနိုင်ပါတယ်။သက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ ခံနိုင်ရည်ရှိမှု တိုးတက်လာကြတယ်။ မေမေတို့အပူအစပ်တွေ အချဥ်တွေ စားလို့ ကလေးက အနေခက်တယ်ဆိုတာ မမှန်ပါဘူး။ ‌ရှေးရိုးစွဲအယူအဆသာဖြစ်ပါတယ်။ ကဖင်းဓာတ် တစ်ခွက်နှစ်ခွက်သောက်တာ နို့တိုက်မိခင်တွေအတွက် အဆင်ပြေပါတယ်။ နှစ်ခွက် ထက်ပိုရင်အရမ်းများသွားရင် ကလေးမအိပ်နိုင်ပဲ နေရထိုင်ရခက်တာကို ဖြစ်စေပါနိုင်တယ်။ကဖင်းဓာတ်ပါတဲ့အစားအစာတွေက ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်ပါတဲ့အချိုရည်တွေ၊ဆိုဒါ၊ အားဖြည့်အချိုရည်တွေပဲ ဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • မိခင်နို့လုံလုံလောက်လောက်မထွက်ရင် ဘာလုပ်နိုင်သလဲ

    မေမေတို့ရေ… မေမေတွေမှာမိခင်နို့လုံလုံလောက်လောက်မထွက်ရင် ဘာလုပ်နိုင်သလဲ ဆိုတာနဲ့ပတ်သက်ပြီး နည်းနည်း ပြောပြပါမယ်။ တကယ်တော့ အမျိုးသမီးတွေက မိခင်နို့တိုက်ကျွေးနိုင်ဖို့ သဘာဝက ပေးထားပြီး ရင်သားတွေက မိခင်နို့ ထွက်ဖို့အတွက် ဖန်ဆင်းထားတယ်လို့တောင် ပြောလို့ရပါတယ်။ အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားပြီးနောက် အချိန်တွေတစ်လျှောက်လုံးမှာ ရင်သားတွေက နို့ချိုတိုက်ကျွေးနိုင်ဖို့ တောက်လျောက် ပြင်ဆင်နေခဲ့တာပါ။ အချို့အမျိုးသမီးတွေက နို့တိုက်နိုင်မှာ မဟုတ်ဘူးလို့ ခံစားမိပေမယ့်လည်း အမျိုးသမီး ၅ ရာခိုင်နှုန်းခန့်လောက်ကသာ ခန္ဓာဗေဒဆိုင်ရာ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ အကြောင်းရင်းခံတွေ ကြောင့် နို့တိုက်ဖို့ မစွမ်းဆောင်နိုင်တာပါ။ အမျိုးသမီးအများစုအနေနဲ့ မိခင်နို့မတိုက်ကျွေးနိုင်ဘူးဆိုတာက မှန်ကန်တဲ့ဗဟုသုတ၊ လိုအပ်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေမရရှိခဲ့လို့လည်း ဖြစ်ပါတယ်။ ကလေးမွေးနေတဲ့အချိန်၊ မွေးပြီးတဲ့အချိန်တွေမှာ မေမေတွေရဲ့ရင်သားတွေက နို့ဦးရည်ပါနေတဲ့နိုတွေ ရှိနေပါတယ်။ ရင်သွေးလေးမွေးပြီးရင် မေမေတို့ရဲ့ အသား (အရေပြား)နဲ့ ရင်သွေးလေးတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *