fbpx

နို့ထွက်ကောင်းအောင် ဘာတွေ စားရမလဲ​

Food for More Breastmilk

ဒီမေးခွန်းကို မေ‌မေတော်တော်များများ မေးလေ့ရှိပါတယ်။ မေမေတို့နေ့စဉ်စားတဲ့အစာတွေ ထဲမှာ အစာအုပ်စု (၃) မျိုးက အစားအစာတွေပါစေရပါမယ်။

မိခင်နို့တိုက်တဲ့မေမေတွေက

  • အစားအစာအုပ်စု(၃) မျိုးထဲက အကြံပြုထားတဲ့စားစရာတွေကို စားရပါမယ်။
  • တစ်ပတ်မှာငါးဟင်းကို (၂) ကြိမ်ကနေ(၃) ကြိမ်ထိ စားရပါမယ်။
  • လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်တဲ့ အသားဓါတ်အရင်းအမြစ်တွေဖြစ်တဲ့ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး/ အစေ့အဆံတွေနဲ့တို့ဟူး စတာတွေ စားပေးရပါမယ်။
  • မေမေတို့ရဲ့ခန္ဓာကိုယ်က မိခင်နို့ထုတ်ပေးနိုင်ဖို့အတွက် အပိုဆောင်း ကယ်လိုရီ (၅၀၀) ခန့် လိုအပ်ပါတယ်။ မေမေတို့က လှုပ်လှုပ်ရှားရှားနေတတ်တဲ့ မေမေတွေဆိုရင်တစ်နေ့မှာ ကယ်လိုရီ အနည်းဆုံး (၁၈၀၀) ဒါမှမဟုတ် ၁၈၀၀ နှင့်အထက် စားနိုင်ပါတယ်။
  • သကြား၊ အဆီနှင့် ဆား(အငန်)တွေ၊ချိုတဲ့ အချိုရည်တွေ၊ဆော်ဒါတွေ၊ ကွတ်ကီးတွေ၊ ကိတ်မုန့်တွေ၊ အချိုပွဲ စတာတွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့အစာအစာတွေ စားသောက်တာကို လျော့ချရပါမယ်။
  • ရက်သတ္တပတ် တစ်ပတ်အတွင်းမှာ အသား၊ ငါး၊ ပဲ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးမျိုးကို ရွေးချယ်စားသုံးရပါမယ်။ အဲဒီလို ရွေးချယ်စားသုံးတဲ့အခါမှာ အရောင်အမျိုးမျိုးရှိတဲ့ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေကိုရွေးချယ်ရပါမယ်။


မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Leave a Reply

Your email address will not be published. Required fields are marked *

You may also like these