|

နို့တိုက်မိခင် အရက်သောက်လို့ရလား

ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီမဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။

အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြောလို မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။   အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။

အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ နို့ရည်ရတာ နည်းလာတာမျိုးတွေ ဖြစ်လာပါမယ်။ နို့အထွက်နည်းစေလို့ ကလေးရဲ့ ပေါင်ချိန်တိုးလာမှုတွေကို အဟန့်အတားဖြစ်စေ ပါလိမ့်မယ်။ အရက်ပမာဏနည်းပေမယ့် နေ့စဉ် သောက်တယ် ဆိုရင် ကလေးရဲ့ လှုပ်ရှားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့ မေမေတို့ရဲ့ ကလေးအပေါ် ဂရုစိုက်နိုင်စွမ်းတွေအထိ ဆိုးကျိုးသက်ရောက်စေ နိုင်ပါတယ်။

တကယ်လို့မေမေတို့က တစ်ခါတစ်လေ အရက်သောက်ဖြစ်မယ်ဆိုရင်တောင် မသောက်ခင် ကလေးကို မိခင်နို့အရင်တိုက်မယ်၊ ပြီးရင် နောက်တစ်ကြိမ်တိုက်နိုင်ဖို့အတွက် လုံလုံလောက်လောက် ညှစ်ထုတ်ပေးထား ရပါမယ်။ အရက်သေစာသောက်စားပြီးရင် အနည်းဆုံး ၂ နာရီစောင့်ပြီးမှသာ မိခင်နို့တိုက်ဖို့ ပြင်ဆင်ရပါမယ်။

အထူးသတိပေးလိုတာကတော့ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ အရက်လုံးဝ လုံးဝ မသောက် ဖို့ပါပဲ။ တကယ်လို့ သောက်မိရင် ဗိုက်ထဲကလေးအတွက် အလွန်အန္တရာယ်များပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။
မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *