ရင်သားနာကျင်တာကိုသက်သာအောင်ဘယ်လိုလုပ်ရမလဲ(Video)
Video Credit: Global Health Media Project
Video Credit: Global Health Media Project
ဖေဖေမေမေတို့ရေ… ဒီနေ့ပြောပြချင်တာကတော့ Mixed Feeding လို့ခေါ်တဲ့မိခင်နို့နဲ့ တခြားအရာများ ရောနှောကျွေးမွေးခြင်းအကြောင်းလေးပါ… Mixed Feeding ဆိုတာ မိခင်နို့နဲ့ နို့မှုန့် သို့မဟုတ် ရေ၊တခြားအစားအစာနဲ့ အရည်တွေ ရောနှော ကျွေးမွေးခြင်းကို ဆိုလိုပါတယ်… Mixed Feeding လုပ်တာရော အိုကေရဲ့လား… ဒီလိုရောနှောကျွေးတာရဲ့အန္တရာယ်ဟာ အရင်ရက်ပိုင်းက မျှဝေခဲ့တဲ့ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…. အောက်ကလင့်မှာ ရှာဖတ်ကြည့်လို့ရပါတယ်… fb://photo/1503231806678606?set=a.983193882015737&sfnsn=mo ဒီလိုအကြောင်းတွေပြောရတာ တစ်ခါတစ်လေ အချို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်တဲ့ မေမေတွေကို စိတ်မကောင်းဖြစ်စေတတ်တာမျိုးမိုလို့ အဲ့လိုရည်ရွယ်ချက်မျိုး လုံးဝမရှိတဲ့အကြောင်း ပြောပါရစေ… ဒါပေမယ့် မှန်ကန်တဲ့သတင်းအချက်အလက်ဗဟုသုတတွေကို မျှဝေလိုတဲ့ စေတနာမှန်နဲ့ပဲ ဆက်လက်မျှဝေပေးနေတာ ဖြစ်ပါတယ်… မိဘတွေဟာသူတို့သားသမီးတွေ အတွက် ဘာတိုက်ကျွေးမယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့်ကို ယ်တိုက်ကျွေးမယ့် အရာမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့…
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အခြားနိုင်ငံတစ်ကာအဖွဲ့အစည်းတွေအားလုံးက မိခင်နို့ကို ကလေးမွေးပြီးပြီးချင်း စောနိုင်သမျှ စောစော (တစ်နာရီအတွင်း) တိုက်ကျွေးဖို့ အားပေးတိုက်တွန်းထားပါတယ်။ ဒီလိုလုပ်ဆောင်နိုင်အောင် ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို ဒီဗွီဒီယိုလေးမှာ လေ့လာနိုင်ပါတယ်။ Video Credit: Global Health Media Project and Save the Children မိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်လို့ အခက်အခဲရှိရင် Healthy and Happy Families ကိုဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်။ Healthy and Happy Families ရဲ့ Facebook မှာလည်း ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အကြောင်းအရာတွေကို အခြား မိခင်များနဲ့ အတူတကွ ဆွေးနွေးမျှဝေနိုင်ဖို့ မေမေ့ချိုချို Facebook Group ကိုလည်း Join လုပ်ထားဖို့…
မေမေတို့ရေ ဘေဘီလေးတွေကို မိခင်နို့တိုက်တဲ့အခါ သူတို့ဆာလာမဆာလားပေါ်မူတည်ပြီး တိုက်ကျွေးတာက အရမ်းအရေးကြီးပါတယ်… အဆာလွန်မှာ နို့တိုက်ရင် မေမေရော ဘေဘီလေးတွေအတွက်ပါ စိတ်ညစ်ရ ပင်ပန်းရပါတယ်… ဘေဘီလေးတွေ ဗိုက်ဆာတဲ့အခါ လက္ခာဏာတွေကို အဆင့် (၃) ဆင့်နဲ့ ပြသလေ့ရှိပါတယ်။ အဆင့် (၁) မှာတော့ ဗိုက်ဆာပြီ၊ နို့ဆာပြီဆိုတာကို စပြီး ပြတဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာလေးတွေကို မြင်တာနဲ့ ချိုချို စတိုက်င်မယ်ဆိုရင် အကောင်းဆုံးပါ။ အဆင့် (၂) လက်က္ခဏာတွေ မြင်ရပြီဆိုရင်တော့ သူ တော်တော်လေး ချိုချိုဆာနေပါပြီ။ မြန်မြန်လေး ချိုချိုတိုက်ပေးဖို့လိုပါပြီ။ ဒီထက် ထပ်မနောက်ကျသင့်ပါဘူး။ အဆင် (၃) ဆိုရင်တော့ ဘေဘီလေးတွေ အရမ်းဆာလွန်းလို့ စိတ်ဆိုးသွားပါပြီ။ ဒီအချိန်မှ ချိုချိုတိုက်မယ်ဆိုရင် ကလေးက မစို့တော့ပဲ ငြင်းဆန်တာမျိုး ကြုံရနိုင်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့…
Video Credit: Save the Children Myanmar and Global Health Media Project
ရပါတယ်။ မေမေအများစုက ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ နို့ဆက်တိုက်နိုင်ပါတယ်။ ကလေးမွေးပြီးတော့လည်း ကလေးကြီးနဲ့ မွေးကင်းစလေး ၂ ယောက်စလုံးကို မိခင်နို့တိုက်လို့ရပါတယ်။ ဒီလိုနို့တိုက်တာမျိုးကို tandem nursing လို့ ခေါ်ပါတယ်။ ရှေးရှေးတုန်းကတော့ ကြီးတဲ့ ကလေးကို နို့ဖြတ်ဖို့ အကြံပြုခဲ့ကြပေမယ့် သုတေသနအသစ်တွေအရတော့ tandem nursingက အန္တရာယ်မရှိဘူးလို့ သိရပါ တယ်။ ကလေးနှစ်ဦးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်ဆိုရင် မေမေတို့က ကယ်လိုရီများများပိုစားဖို့လိုပါတယ်၊ရေလည်းများများသောက်ရမယ်၊ ကလေးအိပ်ရင် လည်းလိုက်အိပ်ရမယ်၊ ပိုငယ်တဲ့ကလေးကို အမြဲတမ်း အရင်နို့တိုက်ကျွေးရပါမယ်။ ကလေးအကြီးကတော့ မေမေတို့ နို့ပိုထွက်ဖို့ကူညီပေးပါလိမ့်မယ်။ရင်သားတွေက လှုံ့ဆော်မှု ပိုရလာတာနဲ့အမျှ မိခင်နို့များများ ထွက်လာပါလိမ့်မယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member…