|

မိခင်နို့နှင့် အခြားအရာများရောနှောကျွေးမွေးခြင်း Mixed feeding

ဖေဖေမေမေတို့ရေ… ဒီနေ့ပြောပြချင်တာကတော့ Mixed Feeding လို့ခေါ်တဲ့မိခင်နို့နဲ့ တခြားအရာများ ရော‌နှောကျွေးမွေးခြင်းအကြောင်းလေးပါ… Mixed Feeding ဆိုတာ မိခင်နို့နဲ့ နို့မှုန့် သို့မဟုတ် ရေ၊တခြားအစားအစာနဲ့ အရည်တွေ ရော‌နှော ကျွေးမွေးခြင်းကို ဆိုလိုပါတယ်… Mixed Feeding လုပ်တာရော အိုကေရဲ့လား…

ဒီလိုရောနှောကျွေးတာရဲ့အန္တရာယ်ဟာ အရင်ရက်ပိုင်းက မျှဝေခဲ့တဲ့ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…. အောက်ကလင့်မှာ ရှာဖတ်ကြည့်လို့ရပါတယ်…

fb://photo/1503231806678606?set=a.983193882015737&sfnsn=mo

ဒီလိုအကြောင်းတွေပြောရတာ တစ်ခါတစ်လေ အချို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်တဲ့ မေမေတွေကို စိတ်မကောင်းဖြစ်စေတတ်တာမျိုးမိုလို့ အဲ့လိုရည်ရွယ်ချက်မျိုး လုံးဝမရှိတဲ့အကြောင်း ပြောပါရစေ… ဒါပေမယ့် မှန်ကန်တဲ့သတင်းအချက်အလက်ဗဟုသုတတွေကို မျှဝေလိုတဲ့ စေတနာမှန်နဲ့ပဲ ဆက်လက်မျှဝေပေးနေတာ ဖြစ်ပါတယ်… မိဘတွေဟာသူတို့သားသမီးတွေ အတွက် ဘာတိုက်ကျွေးမယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့်ကို ယ်တိုက်ကျွေးမယ့် အရာမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတော့ ရှိထားသင့်ပါတယ်… အကောင်းအဆိုးကို သေချာနားလည်ပြီးမှ မိမိအတွက် အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းကို ရွေးချယ်တဲ့အခါ ကိုယ်ဘာကိုပဲ ရွေးချယ်ရွေးချယ် စိတ်မကောင်းဖြစ်ရတာမျိုး၊နောင်တရတာမျိုး မဖြစ်တော့ဘူးပေါ့…

Mixed Feeding လုပ်တဲ့အခါ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့ အန္တရာယ်တွေအပြင် ဘာတွေသိထားသင့်သေးသလဲဆိုရင် ….

၁။မသန့်ရှင်းမှုကြောင့် ဝမ်းလျှောဝမ်းပျက် ခဏခဏဖြစ်တတ်သလို ဖြစ်လိုက်ရင်လည်းပြင်းထန်တတ်ပါတယ်။

၂။အာဟာရချို့တဲ့တာ ပိုဖြစ်စေပါတယ်…

၃။မိခင်နို့စို့တာနည်းလာလို့ တခြားစားစရာတွေ ပိုကျွေးဖြစ်လာမယ်… ဒါဆိုရင်မိခင်နို့ကရနိုင်မယ့် အဖိုးတန်အာဟာရတွေကို မရတော့ပါဘူး…

၄။ ၆ လအောက်ကလေးတွေကို ကျွေးဖြစ်တဲ့ အစားအသောက် အများစုက အာဟာရဓာတ် မပြည့်တာများပါတယ်…

၅။မိခင်နို့တိုက်တဲ့ အကြိမ်ရေ နည်းလာတဲ့အတွက် မိခင်ထုတ်လုပ်မှုလည်းလျော့ကျလာလိမ့်မယ်… မိခင်နို့မလောက်လို့ ဒီဟာတွေကို ကျွေးရတာပါဆိုတဲ့မေမေတွေအတွက် သတိချပ်စရာပါ…

ကလေးနို့မှုန့်တွေဆိုတာဂျုံ၊ ပြောင်း ၊ သဘာဝမဟုတ်တဲ့ ပြုပြင်ထားတဲ့ ဆီ၊ နွားနို့ ဆိတ်နို့က ရတဲ့ အသားဓာတ်တွေနဲ့ ပြုပြင်ထားတဲ့ အရာတွေဖြစ်ပါတယ်…နွားနို့ ဆိတ်နို့ ကရတဲ့ အသားဓာတ်တွေဆိုတာ ကလေးတွေအတွက် အစာကြေဖို့ ခက်ခဲပါတယ်… ဝမ်းချုပ်တာလည်းဖြစ်စေပါတယ်… သံဓာတ်တွေပါဝင်မှုများနေလို့ ကလေးတွေ အတွက် မကောင်းတဲ့ပိုး ပေါက်ပွားမှုတိုးစေပါတယ်…ပါဝင်တဲ့ ဗီတာမင်၊ သတ္ထုဓာတ်တွေ ဟာလည်း သဘာဝကရတာမဟုတ်တဲ့အတွက် စုပ်ယူမှုချေဖျက်မှုနဲ့ အသုံးပြုမှု အားနည်း‌စေပါတယ်….

တချို့မိခင်တွေက မိခင်နို့က အကောင်းဆုံးမှန်း သိပေမယ့် သူတို့ကလေးတွေကို နို့ဘူးတိုက်ကြရတာ ရှိပါတယ်… ဘယ်လိုအခြေအနေတွေက မေမေတွေ နို့ဘူးကိုရွေးချယ်ရစေတာလဲ… မိခင်နို့တိုက်ဖို့ သူတို့ကို ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ… မိခင်နို့တိုက်နိုင်အောင်ကူညီပေးတာဟာ မိခင်ကို ထိခိုက်နစ်နာမှု ရှိစေနိုင်သလား… ဒီမေးခွန်းလေးတွေနဲ့ ပါတ်သက်လို့မိမိရဲ့ အမြင်ကို ဆွေးနွေးပေးပါဦးနော်…

မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကိုအကောင်းဆုံးဆိုတာကိုပဲ ပေးချင်ကြပါတယ်… တစ်ခါတစ်လေ မိခင်နို့ရဲ့ကောင်းကျိုးတွေနဲ့ အခြားအရာတွေရဲ့ အန္တရာယ်ကို နှိုင်းယှဥ်ဆွေးနွေးတာတွေကိုမြင်ရတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ အပြည့်အဝမတိုက်နိုင်တဲ့မေမေအတွက် ဝမ်းနည်းစရာမျိုးဖြစ်ရတာ တကယ်ကိုပဲ စိတ်မကောင်းဖြစ်ရပါတယ်…အမှန်တကယ်တော့ မိခင်နို့ တိုက်ကျွေးတာအောင်မြင်ဖို့အတွက် ထောက်တိုင်ကြီး (၃)ခုလိုအပ်အပါတယ်… အဲ့တာတွေက Protect (မိခင်နို့တိုက်ကျွေးခြင်းကိုအကာအကွယ်ပေးဖို့)၊ Promote (မိခင်နို့တိုက်ကျွေးခြင်းကို မြှင့်တင်ဖို့) နှင့် Support (လိုအပ်တဲ့အကူအညီအထောက်အပံ့တွေ ပေးဖို့) တို့ပဲဖြစ်ပါတယ်…. များသောအားဖြင့် Support ဆိုတဲ့ ထောက်တိုင်ကအားနည်းနေတာဖြစ်တဲ့အတွက် တကယ်တမ်း မေမေတွေ မိခင်နို့တိုက်ကျွေးတာနဲ့ပတ်သက်လို့အခက်အခဲ ကြုံလာတဲ့အခါ နည်းလမ်းမှန်တဲ့ အကူအညီတွေကို ဘယ်မှာ ရယူရမယ်ဆိုတာ မသိတဲ့အခြေအနေတွေ ကြုံနေကြရပါတယ်… ဒီလိုအနေခြေအနေတွေကြုံလာရရင် မေမေတွေမှာမိခင်နို့ပဲတိုက်ချင်ပေမယ့် အခြားအရာတွေကို ဝမ်းနည်းစွာနဲ့ပဲ ရွေးချယ်လိုက်ရတာတွေရှိနေတယ်ဆိုတာ နားလည်ထားပါတယ်… ဒါကြောင့်မို့မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေမျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့Group လေးလုပ်ထားပါတယ်။လင့်လေးကိုနှိပ် Group Member ဝင်ဖို့ ဖိတ်ခေါ်ပါတယ်…. Member ဝင်တဲ့အခါမေးခွန်းလေးတွေကိုဖြေပေးဖို့မမေ့ပါနဲ့နော်….

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • |

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ခန္ဓာကိုယ်ပေါ် အရေပြားချင်းထိပြီး တင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကို ကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီ းနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်း ထိထားပေးရင်းနဲ့ပဲ မွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်မယ်ဆိုရင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကိုလည်း အားပေးတယ်… ကလေးနဲ့အမေကို စိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့အတွက် လိုအပ်တဲ့ နို့ရည်ကို စောစောစီးစီလည်း…

  • |

    အရေပြားချင်းထိပေးခြင်း (Skin-to-Skin Contact)

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ကိုယ်ပေါ်အရေပြားချင်းထိပြီးတင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကိုကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီးနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်းထိထားပေးရင်းနဲ့ပဲမွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်ရင် ကလေးမှာဖြစ်ပွါးမှုလျော့ကျစေတဲ့အပြင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကို အားပေးတယ်… ကလေးနဲ့အမေကိုစိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့ အတွက်လိုအပ်တဲ့ နို့ရည်ကိုစောစောစီးစီး ထုတ်ပေးနိုင်ပါတယ်… အရေးကြီးဆုံးအချက်ကတော့ မိခင်ဝမ်းကြာတိုက်ကနေအပြင်ကမ္ဘာကို ကူးပြောင်းပေးတဲ့ ကာလမှာ အသားချင်းထိပေးခြင်းက ကူညီပေးပါတယ်…. နောက်ပိုင်းရက်တွေမှာ…

  • မိခင်နို့လုံလုံလောက်လောက်မထွက်ရင် ဘာလုပ်နိုင်သလဲ

    မေမေတို့ရေ… မေမေတွေမှာမိခင်နို့လုံလုံလောက်လောက်မထွက်ရင် ဘာလုပ်နိုင်သလဲ ဆိုတာနဲ့ပတ်သက်ပြီး နည်းနည်း ပြောပြပါမယ်။ တကယ်တော့ အမျိုးသမီးတွေက မိခင်နို့တိုက်ကျွေးနိုင်ဖို့ သဘာဝက ပေးထားပြီး ရင်သားတွေက မိခင်နို့ ထွက်ဖို့အတွက် ဖန်ဆင်းထားတယ်လို့တောင် ပြောလို့ရပါတယ်။ အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားပြီးနောက် အချိန်တွေတစ်လျှောက်လုံးမှာ ရင်သားတွေက နို့ချိုတိုက်ကျွေးနိုင်ဖို့ တောက်လျောက် ပြင်ဆင်နေခဲ့တာပါ။ အချို့အမျိုးသမီးတွေက နို့တိုက်နိုင်မှာ မဟုတ်ဘူးလို့ ခံစားမိပေမယ့်လည်း အမျိုးသမီး ၅ ရာခိုင်နှုန်းခန့်လောက်ကသာ ခန္ဓာဗေဒဆိုင်ရာ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ အကြောင်းရင်းခံတွေ ကြောင့် နို့တိုက်ဖို့ မစွမ်းဆောင်နိုင်တာပါ။ အမျိုးသမီးအများစုအနေနဲ့ မိခင်နို့မတိုက်ကျွေးနိုင်ဘူးဆိုတာက မှန်ကန်တဲ့ဗဟုသုတ၊ လိုအပ်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေမရရှိခဲ့လို့လည်း ဖြစ်ပါတယ်။ ကလေးမွေးနေတဲ့အချိန်၊ မွေးပြီးတဲ့အချိန်တွေမှာ မေမေတွေရဲ့ရင်သားတွေက နို့ဦးရည်ပါနေတဲ့နိုတွေ ရှိနေပါတယ်။ ရင်သွေးလေးမွေးပြီးရင် မေမေတို့ရဲ့ အသား (အရေပြား)နဲ့ ရင်သွေးလေးတို့ရဲ့…

  • |

    ဟင်းသီးဟင်းရွက်စားရင် အန္တရာယ်ရှိလား

    ရွှေဖရုံသီး၊ အစိမ်းရင့်ရောင်ဟင်းရွက်တွေ၊အာလူးစတဲ့ အသီးအရွက်တွေကို နို့တိုက်မိခင်တွေက စားမိရင် အဲဒီမေမေတွေကို စိတ်ကယောက်ကရက်ဖြစ်စေမှာလား ဒါမှမဟုတ် တခြားအန္တရာယ်တွေ ဖြစ်စေမှာလား အမှန်ကတော့ အဲဒီအသီးအရွက်တွေကို စားသောက်မိရင် ဘာပြသနာမှ မရှိပါဘူး။ ဟင်းသီးဟင်းရွက်တိုင်း၊ အသီးတိုင်းမှာက ခန္ဓာကိုယ်ရဲ့ တောင့်တင်းသန်မာတဲ့ ခုခံအားစနစ်တည်ဆောက်ဖို့နဲ့ ရောဂါတွေကာကွယ်နိုင်ဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။အဲဒီအသီးအနှံတွေကို နို့တိုက်မိခင်တွေက မစားသောက်မိခဲ့ရင်သာ မေမေတွေစားတဲ့ အစားအသောက်တွေမှာ အ‌ရေးကြီးတဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေ ချို့တဲ့မှုတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ စိတ်ဝေဒနာကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အကြောင်းခံကိစ္စရပ်များတွေကသာ ဖြစ်စေတာပါ။နို့တိုက်မိခင်တွေအနေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပူပင်ကြောင့်ကြမှု မရှိဘဲ စားသောက်နိုင်ပါတယ်။ စားသောက်ကြဖို့လည်း တိုက်တွန်းအပ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့်…

  • COVID-19 နှင့် မိခင်နို့တိုက်ကျွေးခြင်း

    အောက်ပါအမေးအဖြေများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အာဟာရပညာရှင်များမှ ပြုစု ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားနေစဉ်ကာလအတွင်း မိခင်နို့တိုက်ကျွေး ခြင်းဆိုင်ရာ အမေးအဖြေကဏ္ဍကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ (National Nutrition Centre/NNC) မှ ဘာသာပြန်၍ တင်ပြထားခြင်းအား ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါသည်။​ မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဟာ မေမေတို့ရဲ့ နို့ရည်ကတစ်ဆင့် သားသားမီးမီးတို့ကို ကူးစက်နိုင်ပါသလား? ဖြေ။ အခုအချိန်ထိတော့ မေမေတို့ရဲ့ နို့ရည်ထဲကတစ်ဆင့် (ဒါမှမဟုတ်မေမေ့နို့တိုက်လို့ သားသားမီးမီးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားများ မတွေ့ရှိသေးပါဘူး။ ဒါကြောင့် … ရင်သွေးငယ်များအတွက် အကောင်းဆုံးအာဟာရလည်းဖြစ် ၊ ရောဂါကာကွယ်တဲ့ဓာတ်တွေလည်းပါဝင်တဲ့ မိခင်နို့ ချိုကို အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်းမှာ သားသားမီးမီးတို့ကို ဆက်တိုက်ဖြစ်အောင် တိုက်ရမှာဖြစ်ပါတယ်။ မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဖြစ်များနေတဲ့ မြို့နယ်၊ ရပ်ကွက်အတွင်းမှာ…

  • |

    အရေးပေါ်ကာလတွင် အာဟာရဖြည့်တင်းနိုင်ရန် အာဟာရမုန့် (High Energy Ball )အလွယ်တကူပြုလုပ်နည်း

    အရေးပေါ်ကာလတွင် အာဟာရဖြည့်တင်းနိုင်ရန် အာဟာရမုန့် (High Energy Ball )အလွယ်တကူပြုလုပ်နည်း Disclaimer: ဤ High Energy Ball ပြုလုပ်နည်းသည် UNICEF မြန်မာမှ မျှဝေထားသော နည်းလမ်းအား ဒေသတွင်း လူမှုအဖွဲ့အစည်းတစ်ခုမှ စေတနာ့ဝန်ထမ်းအချို့၏ အကူအညီဖြင့် အနည်းငယ်ပြုပြင်ဖန်တီးထားခြင်းဖြစ်ပါသသည်။ ဤ High Energy Ball ပြုလုပ်နည်းသည် အာဟာရချို့တဲ့သောကလေးများ (Acutely Malnourished) ကလေးများအတွက် Ready-to-use Therapeutic Food (RUTF) အာဟာရဆေးအစာများ မရရှိနိုင်သည့် အခြေအနေတွင် အစားထိုးအသုံးပြုရန်ဖြစ်ပါသည်။ လက်ရှိအရေးပေါ်ကာလတွင် ပြည်တွင်း/ ဒေသခံကူညီကယ်ဆယ်ရေး အဖွဲ့များ ကျန်းမာရေးနှင့်ညီညွတ်၍ ပြုလုပ်ရန်လွယ်ကူသော နည်းလမ်းတစ်ခုဖြစ်ပါသဖြင့် ဥာဏ်ရှိသလိုအသုံးချရန် မျှဝေပေးရခြင်းဖြစ်ပါသည်။ ပုံမှန် အစားအစာများကို မစားသုံးပဲ ဤ High Energy Ball…

Leave a Reply

Your email address will not be published. Required fields are marked *