|

မေမေတွေအားလုံးက နို့ဦးရည်ထုတ်နိုင်ပါတယ်

ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတို့ရေ…

အချို့မိခင်တွေမှာ မီးဖွားပြီးပြီးချင်း “နို့ရည်မရှိ”ဘူး ဆိုပြီး ပတ်ဝန်းကျင်မှာ ယုံကြည်ပြောဆိုနေကြတာတွေ တွေ့ရပါတယ်… အမှန်တော့ မိခင်ရဲ့ခန္ဓာကိုယ်မှာ ကိုယ်ဝန်ဆောင်ချိန် ၄ လ ကတည်းက ရင်သွေးလေးအတွက် နို့ဦးရည်က အဆင်သင့်ရှိနေပြီ ဆိုတာပါပဲ… မိခင်နို့ပုံမှန်ထွက်ဖို့ (၂) ရက်မှ(၃) ရက်လောက်ကြာတတ်ပါတယ်… “နို့ရည်မရှိ” ဆိုတဲ့မှားယွင်းတဲ့ယုံကြည်ချက်က မိခင်တွေကို တခြား အရည်တွေ တိုက်ကျွေးဖို့ ဖိအားပေးနေသလိုဖြစ်နေပါတယ်… “နို့ရည်မရှိဘူး” လို အပြောခံရတဲ့အခါ၊ ခံစားလာရတဲ့အခါ မိခင်တွေက သူ့တို့ရဲ့နို့ရည်ထုတ်လုပ်နိုင်စွမ်း အပေါ် ယုံကြည်မှု နည်းသွားစေပါတယ်… မိခင်အသစ်တွေဆိုရင် အားငယ်တာနဲ့စိတ်ဓာတ်ကျတာတွေဖြစ်လာစေပါတယ်…

မေမေတွေအနေနဲ့ မိမိရင်သွေးငယ်တွေ ကျန်းမာရေးအတွက်ဆိုရင် အကောင်းဆုံး အမှန်ကန်ဆုံးဆိုတဲ့ ဗဟုသုတတွေ၊သတင်းအချက်အလက်တွေ နားလည်သဘောပေါက်နေဖို့က အရေးကြီးပါတယ်…

အမှန်တကယ်တော့ မနေ့ကတင်တဲ့ ပို့စ်မှာ ပြောခဲ့သလိုပဲ ကလေးလေးရဲ့ အစာအိမ်ကမွေးစမှာသေးသေးလေးမို့ အရမ်းကျေးဇူးတင်စရာကောင်းတဲ့ သဘာဝတရားကြီးက မိခင်နို့ဦးရည်ကိုနည်းနည်းပဲ ထုတ်ပေးတာပါ… ဒါကို မေမေကိုယ်တိုင်ပဲဖြစ်ဖြစ်၊ အခြားတစ်ဦးဦးကပဲဖြစ်ဖြစ်နည်းနည်းလေးပဲထွက်သေးလို့ မေမေ့မှာ နို့ရည်မရှိဘူးလို့ မပြောမိကြပါစေနဲ့နော်… ဒါကမေမေတွေကို အမှန်တကယ်ပဲ စိတ်ဓါတ်ကျ ဝမ်းနည်းစေပါတယ်…သေချာတာက မေမေတွေအားလုံးက နို့ဦးရည် ထုတ်နိုင်ပါတယ်…

ကျေးဇူးပြုပြီး မိခင်နို့ မှအပ ဘာမှမတိုက်ကျွေးပါနဲ့နော်… မိမိကလေးကို မိခင်နို့တစ်မျိုးတည်း(၆) လအထိ တိုက်ကျွေးပေးပါ…

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • မွေးကင်းစကလေးရဲ့ အစာအိမ်အရွယ်အစား

    ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့ရေ… ရက်သားကလေးငယ်ရဲ့ အစာအိမ်က တော်တော်သေးပါတယ်… ဘယ်လောက်ထိသေးလဲဆိုရင် စပျစ်သီးခပ်ကြီးကြီးအရွယ်လောက်ပဲရှိပြီးအရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ဆို ဗိုက်ပြည့်သွားတာပါပဲ… ဒီတော့ တခြားအရည်တွေတိုက်လို့ ကလေးအစာအိမ်သေးသေးလေးက ပြည့်နေရင်ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး… အဲလိုဖြစ်ရင် ကြီးမားတဲ့ နောက်ဆက်တွဲအနေနဲ့ ပြသနာ (၂) ခု ထပ်ပေါ်တတ်ပါတယ်… (၁) မေမေရဲ့နို့တွေ တင်းလာမယ်… ပြီးတော့ ကလေးကို ကောင်းကောင်း နို့တိုက်လို့မရဘူး… အဲဒီတော့ မေမေ့နို့တွေက တင်းပြီး နာလာမယ်…. (၂) ကလေးက ကောင်းကောင်းနို့မစို့တော့လို့ နို့ထွက်တာ နှောင့်နှေးလာမယ်၊ နို့ထွက်နည်းလာမယ်… သဘာဝအလျောက်ပုံမှန်ထွက်ရှိမှုနှုန်း မရှိသလို ဖြစ်လာမယ်… နောက်တော့ မေမေတွေနဲ့ မိသားစုဝင်တွေက မိခင်မှာ နို့မလုံလောက်ဖူးဆိုတဲ့အမြင်တွေ မြင်လာတော့တာပါပဲ… ဒီနေရာမှာ အထူးသတိပေးချင်တာက မိခင်နို့ဆိုတာကလေးများများစို့မှ မေမေ့ဆီက နို့များများ ထွက်လာတာပါ……

  • Mixed Feeding ကနေ Exclusive Breastfeeding ကို ဘယ်လိုပြောင်းနိုင်မလဲ

    တကယ်လို့မေမေတွေက မိခင်နို့သက်သက် ပြောင်းတိုက်ဖို့စဉ်းစားနေပြီဆိုရင် ဒါဟာ ဆုံးဖြတ်ချက်အမှန်လို့တောင်ပြောလို့ရပါတယ်။ရင်သွေးလေးတွေရဲ့ ကျန်းမာရေးနဲ့ သူ့ရဲ့ ဖွံ့ဖြိုးကြီးထွားမှု/ဖွံ့ဖြိုးတိုးတက်မှုတွေပိုကောင်းလာမှာပါ။ ကလေးက အဖျားအနာကင်း လာတော့ မိသားစုအနေနဲ့ အစားအစာနဲ့ အခြားအသုံးစရိတ်တွေအတွက်ငွေပိုသုံးလို့ ရတာပေါ့။ မိခင်နို့တိုက်တဲ့အကျိုးကျေးဇူးတွေက ဘယ်လောက်တိုက်လဲဆိုတဲ့အတိုင်းအဆ ပမာဏပေါ် မူတည်နေတယ်။ ကလေးငယ်ကို့မိခင်နို့ပိုတိုက်လေလေ၊ ကလေးအတွက် ပိုအကျိုးရှိလေလေပါဘဲ။ ကဲအခုမေမေတွေအနေနဲ့ ဘာတွေလုပ်နိုင်သလဲ ၁။မိခင်နို့နဲ့ နို့မှုန့်ရောနှောတိုက်ကျွေးတာ (Mixed Feeding) ကနေ မိခင်နို့ချည်းသက်သက်တိုက်ကျွေး တဲ့အဆင့်ကို ဖြေးဖြေးချင်းပြောင်းပါ။ ဒါမှသာ နို့ထွက်များလာပြီး နို့မှုန့်တိုက်ရတာလျော့လာမှာပါ။ ၂။အဲလိုတိုက်တဲ့အခါတိုင်းမှာမေမေတို့အနေနဲ့မိခင်နို့ကိုအရင်တိုက်ပါ။ပြီးမှ နှို့မှုန့်တိုက်ပါ။ ၃။မိခင်နို့ကို နေ့ရောညပါတိုက်ပါ။ ၄။တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၃ နာရီထက်ပိုပြီးမကြာပါစေနဲ့။ မကြာခဏ နို့တိုက်ကျွေး တာက မေမေတို့နို့ထွက်တာကို အားကောင်းစေလိမ့်မယ်။ ၅။အဲဒီလို နို့တိုက်ရင် ၂၄ နာရီအတွင်း မှာ ၃-၄ ကြိမ်ကနေ ၈ ကြိမ်…

  • နို့ပိုထွက်အောင် ရင်သားတွေကို ဘယ်လိုနှိပ်နယ်ရမလဲ​

    နို့ပိုထွက်အောင်နဲ့ နို့ရည်စီးဆင်းမှုကောင်းအောင် ရင်သားတွေကို နှိပ်ပေးရမယ့်နည်းလမ်းလေးကို မင်မင် မေမေဆရာမတစ်ယောက်က ပြပေးထားပါတယ်။ လိုက်လုပ်ပြီး လေ့ကျင့်ကြည့်ပါနော်။

  • Nursing Strikes ဆိုတာဘာလဲ

    လူကြီးတွေတင် ဆန္ဒပြတတ်တာ မဟုတ်ဘူးနော်။ ဘေဘီလေးတွေလည် းဆန္ဒပြတတ်ကြပါတယ်။ မိခင်နို့စို့ဖို့ ကလေးက ဆန္ဒပြတဲ့အခြေအနေ (Nursing Strikes) တွေရှိတတ်တယ်။အဲဒါက ဘာပါလဲဆိုတာ နည်းနည်းဆွေး‌‌နွေးပေးပါမယ်။ Nursing Strikes ဆိုတာ ကလေးက မိခင်နို့စို့ဖို့ကို ရုတ်တရက်ငြင်းဆန်တဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီဟာက မိခင်တွေအတွက် အနှောက်အယှက် ဖြစ်တတ်ပါတယ်။ ဒါက ရက်ပေါင်းများစွာ သို့ မိခင်နို့တိုက်‌ကျွေးမှု အကြိမ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ ဒါ့အပြင် ကလေးနဲ့မေမေတွေအတွက် စိတ်ဖိစီးမှု အလွန်များစေနိုင်ပါတယ်။ ကလေးကောင်းကောင်းနေမကောင်းလို့၊ နှာစေးနှာပိတ်လို့၊ ဝမ်းချုပ်လို့၊ ဝမ်းလျှောလို့၊ကလေးရဲ့ပတ်ဝန်းကျင်/အချိန်ဇယားပြောင်းလဲလိုက်လို့၊ ကလေးကိုပြုစု စောင့်ရှောက်တဲ့ သူပြောင်းသွားလို့၊ သွားပေါက်လို့ စတဲ့ အကြောင်းရင်းတွေကြောင့်ကလေးက မိခင်နို့စို့ဖို့ ငြင်းဆန်တဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ တခြားအကြောင်းရင်းတွေလည်းရှိပါသေးတယ်။အဲဒါတွေကတော့မေမေတို့ ဓမ္မတာ သွေး လာတာ၊ မေမေတို့စားတဲ့အစားအစာကြောင့်၊ ဒါမှမဟုတ်ဆေးဝါးကြောင့်၊ရေမွှေး၊ ဆပ်ပြာ၊…

Leave a Reply

Your email address will not be published. Required fields are marked *