နို့ပိုထွက်အောင် ရင်သားတွေကို ဘယ်လိုနှိပ်နယ်ရမလဲ
နို့ပိုထွက်အောင်နဲ့ နို့ရည်စီးဆင်းမှုကောင်းအောင် ရင်သားတွေကို နှိပ်ပေးရမယ့်နည်းလမ်းလေးကို မင်မင် မေမေဆရာမတစ်ယောက်က ပြပေးထားပါတယ်။ လိုက်လုပ်ပြီး လေ့ကျင့်ကြည့်ပါနော်။
နို့ပိုထွက်အောင်နဲ့ နို့ရည်စီးဆင်းမှုကောင်းအောင် ရင်သားတွေကို နှိပ်ပေးရမယ့်နည်းလမ်းလေးကို မင်မင် မေမေဆရာမတစ်ယောက်က ပြပေးထားပါတယ်။ လိုက်လုပ်ပြီး လေ့ကျင့်ကြည့်ပါနော်။
မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး… ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွား စဉ်ကနေ ၆ လ အထိ…
အခုကြုံနေရတဲ့ ရေဘေးလို သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေများတွင် နို့တိုက်ကျွေးခြင်းအကြောင်းမျှဝေပေးလိုက်ပါတယ်… အကူညီလိုအပ်တဲ့ မေမေတွေ ဒို့မိသားစုလေး နဲ့ မေမေ့ချိုချိုတို့မှာ အကူအညီတောင်းခံနိုင်ပါတယ်…
Video Credit: Save the Children Myanmar and Global Health Media Project
ဒီမေးခွန်းလေးကလည်း မေမေအသစ်တွေ သိချင်နေတတ်တဲ့ မေးခွန်းလေးပဲဖြစ်မှာပါ။ ပထမ ရက်သတ္တပတ်အတွင်းမှာတော့ မေမေတို့နဲ့ ရင်သွေးလေးတွေက မိခင်နို့တိုက်ကျွေးတာနဲ့ ပတ်သက်လို့ အကျွမ်းတဝင်ဖြစ်စေဖို့ သင်ယူနေချိန် ဖြစ်တာရယ်၊ မေမေ့ရင်သားတွက နို့ချိုတွေထုတ်ပေးဖို့ ပြင်ဆင်ပြောင်းလဲနေတာရယ် စတာတွေကြောင့် တင်းတာတွေ၊ နာတာတွေနဲ့ ရောင်ရမ်းတာတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် မေမေနဲ့ကလေးက အတူတကွလေ့လာသင်ယူကြရင်း ပိုပိုပြီး အဆင်ပြေလာပါမယ်။ မေမေတို့ကို နာကျင်စေမှု ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ ကလေးကို ထွေးပွေ့တဲ့ အနေအထားမမှန်တာနဲ့ နို့တိုက်တဲ့အနေအထား မမှန်ကန်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ မေမေတို့အနေနဲ့ ရင်သွေးငယ်လေးတွေ မေမေ့ဆီကို ဘယ်လို နီးကပ်အောင်၊ နို့ငုံကောင်းအောင် ထွေးပွေ့မယ်ဆိုတာနဲ့ သက်သောင့်သက်သာရှိနိုင်မယ့် နို့တိုက်နည်းပုံစံတွေကို လေ့လာသင်ယူသင့်ပါတယ်။ ကလေးကို ခဏခဏ နို့မတိုက်ရင်လည်း မေမေတို့နို့တွေက တင်းမာလာပြီး နာကျင်မှုကို ခံစားရတတ်ပါတယ်။ နို့ငုံကောင်းစေမယ့်…
မေမေတို့ရေ ဟိုးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့ လွဲမှားနေတဲ့ ရိုးရာဓလေ့တစ်ခုက ဘာလဲဆိုတော့ မိခင်နို့ဦးရည်ကို ကလေးကို မတိုက်ပဲ လွှင့်ပစ်ကြတာပါပဲ… တကယ်တော့ ဒီလိုလွှင့်ပစ်ခံခဲ့ရတဲ့ မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် ရွှေထက်အဖိုးတန်ပါတယ်… နို့ဦးရည်ဆိုတာ ကလေးမီးဖွားပြီးပြီးချင်းထွက်တဲ့ ၀ါကျင့်ကျင့်အရောင်နဲ့ နို့ရည်ကြည်ပဲဖြစ်ပါတယ်… ဒါကို နို့အဖြူမဟုတ်လို့ မသန့်ဘူး၊ကလေးကိုမတိုက်သင့်ဘူးလို့ ယူဆပြီး စွန့်ပစ်တတ်ကြပါတယ်… ကလေးငယ်လေးတွေ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် နို့ဦးရည်ကို ရရှိဖို့ လိုအပ်ပါတယ်…နို့ဦးရည်က မွေးကင်းစကလေးတွေအတွက် ရောဂါပေါင်းစုံကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးအဖြစ် အကျိုးကျေးဇူးတွေကို ရရှိစေပြီး ကလေးတွေကို ရောဂါအန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်…. မွေးကင်းစကလေးငယ်တွေရဲ့ အစာအိမ်က သေးသေးလေးပဲ ရှိနေသေးတဲ့အတွက် သူတို့ဗိုက်ဝဖို့ဆို နို့ဦးရည် နည်းနည်းလေးပဲ လိုအပ်ပါတယ်…. မွေးကင်းစ ကလေးငယ်တွေကို နို့မှုန့်အပါအဝင် အခြားအရည်တွေ တိုက်ကျွေးမိတဲ့အခါမှာ နို့ဦးရည်က ရမယ့် ရောဂါကာကွယ်ပေးမှုတွေက လျော့သွားပြီး ဝမ်းလျှောတာတွေ၊…
Video Credit: Global Health Media Project