Nursing Strikes ဆိုတာဘာလဲ

လူကြီးတွေတင် ဆန္ဒပြတတ်တာ မဟုတ်ဘူးနော်။ ဘေဘီလေးတွေလည် းဆန္ဒပြတတ်ကြပါတယ်။ မိခင်နို့စို့ဖို့ ကလေးက ဆန္ဒပြတဲ့အခြေအနေ (Nursing Strikes) တွေရှိတတ်တယ်။အဲဒါက ဘာပါလဲဆိုတာ နည်းနည်းဆွေး‌‌နွေးပေးပါမယ်။

Nursing Strikes ဆိုတာ ကလေးက မိခင်နို့စို့ဖို့ကို ရုတ်တရက်ငြင်းဆန်တဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီဟာက မိခင်တွေအတွက် အနှောက်အယှက် ဖြစ်တတ်ပါတယ်။ ဒါက ရက်ပေါင်းများစွာ သို့ မိခင်နို့တိုက်‌ကျွေးမှု အကြိမ်ပေါင်းများစွာ ကြာနိုင်ပါတယ်။

ဒါ့အပြင် ကလေးနဲ့မေမေတွေအတွက် စိတ်ဖိစီးမှု အလွန်များစေနိုင်ပါတယ်။

ကလေးကောင်းကောင်းနေမကောင်းလို့၊ နှာစေးနှာပိတ်လို့၊ ဝမ်းချုပ်လို့၊ ဝမ်းလျှောလို့၊ကလေးရဲ့ပတ်ဝန်းကျင်/အချိန်ဇယားပြောင်းလဲလိုက်လို့၊ ကလေးကိုပြုစု စောင့်ရှောက်တဲ့ သူပြောင်းသွားလို့၊ သွားပေါက်လို့ စတဲ့ အကြောင်းရင်းတွေကြောင့်ကလေးက မိခင်နို့စို့ဖို့ ငြင်းဆန်တဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။

တခြားအကြောင်းရင်းတွေလည်းရှိပါသေးတယ်။အဲဒါတွေကတော့မေမေတို့ ဓမ္မတာ သွေး လာတာ၊ မေမေတို့စားတဲ့အစားအစာကြောင့်၊ ဒါမှမဟုတ်ဆေးဝါးကြောင့်၊ရေမွှေး၊ ဆပ်ပြာ၊ ပေါင်ဒါမှုန့်တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းက ဘာမှန်းမသိရတဲ့ အကြိမ်တွေလည်း များစွာရှိတတ်ပါတယ်။

မိခင်နို့စို့ဖို့ ကလေးက ငြင်းဆန်တဲ့ အခြေအနေကြုံတွေ့ရပြီဆိုရင် မေမေတို့အနေနဲ့ နို့ကို လက်နဲ့ညှစ်ယူပြီး ရင်သွေးလေးတွေကို ဇွန်း ဒါမှမဟုတ် ခွက်နဲ့ တိုက်ကျွေး ပေးရပါ မယ်။ စိတ်ရှည်ရမယ်၊သက်တောင့်သက်သာနဲ့ နားနားနေနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အရေးကြီးတာကတော့ ရင်သွေးငယ်လေး ဆာနေသလားဆိုတာကို စောင့်ကြည့်ရမှာပါ။ ဆူညံသံတွေနဲ့ အာရုံထွေပြားမှုတွေကို ကန့်သတ်လိုက်ရပါမယ်။ မေမေတို့ရင်သွေးလေးကိုပဲ အာရုံစိုက်ရပါမယ်။Nursing Strikes ကြောင့် မိခင်နို့ပြတ်တာက အတော်ကိုရှားပါးတဲ့ အခြေအနေပါ။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Groupလေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member ဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချိုGroup ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • အသက် (၅) နှစ်အောက်ကလေးအာဟာရအွန်လိုင်းမှစစ်ဆေးခြင်း အဖြေရလဒ်များ (မေ ၂၀၂၄)

    အားလုံးမင်္ဂလာပါ… ဒို့မိသားစုလေးရဲ့ ပထမဆုံးအကြိမ် အွန်လိုင်းကနေ ကလေးတို့ရဲ့ အာဟာရအခြေအနေကို စစ်ဆေးတဲ့ အစီအစဥ်လေးမှာ ပါဝင်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်… စစ်ဆေးချက်ရလဒ်အဖြေလေးတွေကို အောက်က ဇယားလေးမှာ ကြည့်ရှုပြီး ကိုယ့်ကလေးရဲ့ အခြေအနေကို သိရှိနိုင်ပါပြီ… ကိုယ့်ကလေးရဲ့ အချက်အလက်ကို ရှာမတွေ့ရင် ဇယားအောက်ခြေက “next” ကိုနှိပ်ပြီး ဆက်ပြီးရှာကြည့်နိုင်ပါတယ်… ဒီအစီအစဥ်နဲ့ပါတ်သက်လို့ Disclaimer/ ကြိုတင်အသိပေးချက်လေးကို အောက်ပါအတိုင်း ထပ်မံအသိပေးပါရစေ… “ကလေး၏ အာဟာရအခြေအနေကို ဆန်းစစ်ရာတွင် ကိုယ်အလေးချိန်နှင့် အရပ်အတိုင်းအတာ တိကျမှန်ကန်မှုပေါ်တွင် များစွာမူတည်ပါသည်။ အတိုင်းအတာမှန်ကန်မှုသည် တိုင်းတာရာတွင် အသုံးပြုသည့် ပစ္စည်းအရည်အသွေး၊ တိုင်းတာသည့် နည်းလမ်း စနစ်ကျမှု၊ တိုင်းတာသူ၏ ကျွမ်းကျင်မှု စသည်တို့ပေါ်တွင်များစွာမူတည်ပါသည်။ သို့ဖြစ်ပါ၍ ဤ အစီအစဥ်မှ ထွက်ပေါ်လာသော အာဟာရအခြေအေနရလဒ်များသည် ရာနှုန်းပြည့် တိကျမှန်ကန်မှု ရှိနိုင်မည်မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။…

  • |

    နို့တိုက်မိခင်ကဆေးလိပ်သောက်လို့ရလား

    ဆေးလိပ်သောက်ခြင်းက မိခင်ရော ကလေးကိုပါထိခိုက်စေပါတယ်။ ဗီတာမင် B12၊ဗီတာမင်စီ၊ ဖောလစ်အက်စစ်နဲ့ သွပ်ဓါတ်တွေကို ခန္ဓာကိုယ်က အသုံးပြုနေတဲ့ ဖြစ်စဉ်ကိုလည်းဆိုးကျိုးသက်ရောက်စေပါတယ်။ ဆေးလိပ်သောက်ရင်prolactin နဲ့ oxytocin ပမာဏကို လျော့ကျစေတဲ့အတွက် မိခင်နို့အထွက် နည်းသွားစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေရော နို့တိုက်မိခင်တွေပါဆေးလိပ် မသောက်သင့်ပါဘူးနော်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Groupလေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချိုGroup ကို ဝင်ရန်။ http://bit.ly/maymaychocho

  • စားသောက်ဖွယ်ရာ ဟင်းချက်နည်းစာအုပ်

    အခမဲ့ ဒေါင်းလုဒ်ရယူရန်နှိပ်ပါ။​ (World Concern Myanmar and Healthy and Happy Families တို့မှ ပူးပေါင်းဖန်တီးထားပါသည်။)​

  • က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

    အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော ဒို့မိသားစုလေး Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မာတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။ ကလေးတွေကိုတိုက်ရတဲ့အရည်များ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။နံပါတ် (၃) ကတော့ နွားနို့ပါ။…

  • အာဟာရအခြေအနေကို စောင့်ကြည့်ခြင်း

    ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်သည့် နည်းလမ်းများစွာရှိသည့်အနက် ကိုယ်အလေးချိန်နှင့် အရပ်တို့ကို ပုံမှန်တိုင်းတာ စောင့်ကြည့်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ကလေးငယ်များ၏ အာဟာရအခြေအနေကို စောင့်ကြည့်ရာတွင် အသုံးပြုသည့် Chart များကို ဤစာမျက်နှာတွင် ဖော်ပြမျှဝေပေးထားပါသည်။​ ဤ Chart များအား World Health Organization မှ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ Chart အမျိုးအစားများစွာရှိသည့်အနက်မှ ကြည့်ရှုအသုံးပြုရလွယ်ကူသည့် အမျိုးအစားများကိုသာ ရွေးချယ်မျှဝေပေးထားခြင်း ဖြစ်ပါသည်။ Chart များကို သိရှိလိုသည့် အာဟာရအမျိုးအစား၊ အသက်အရွယ်နှင့် ကျား/မ တို့ပေါ် မူတည်၍​ အသုံးပြုရမည်ဖြစ်ပါသည်။​ ထိုသို့အသုံးပြုရာတွင် သင့်လျှော်သည့် အမျိုးအစားရွေးချယ်နိုင်ရန်နှင့် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဤဗွီဒီယိုလေးကို အရင်ကြည့်ရှု့လေ့လာရန် တိုက်တွန်းအပ်ပါသည်။​ ဒို့မိသားစုလေးရဲ့ Youtube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့…

  • |

    ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နွားနို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့ရပါသလား

    ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နွားနို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့/စားလို့ရပါသလား နို့ထွက်ပစ္စည်းတွေက ကယ်လ်စီယမ်လို့ခေါ်တဲ့ ထုံးဓါတ်၊ ဗီတာမင်ဒီနဲ့ အသားဓါတ် (ပရိုတင်းဓာတ်) တွေပေါများတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီးကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် တစ်နေ့ကို နွားနို့ သုံးခွက်လောက် သောက်ကြဖို့ တိုက်တွန်းလိုပါတယ်။ နို့တစ်ခွက်မှာ အသားဓါတ် (ပရိုတင်း) ၇ ဂရမ်၊ လိုအပ်တဲ့ထုံးဓါတ်၃၀% နဲ့ လိုအပ်တဲ့ဗီတာမင် ၂၅% ကိုရရှိစေပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေက နွားနို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို နေ့စဉ် သောက်သုံးသင့်/စားသုံးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့…

Leave a Reply

Your email address will not be published. Required fields are marked *