ကလေးသွားပေါက်လာရင်မိခင်နို့တိုက်တာရပ်ဖို့လိုမလား

သွားပေါက်လာလို့တော့ နို့ဖြတ်ဖို့မလိုပါဘူး။ ကလေးအကြီးတွေကတော့ ကျီစယ်ကစားလိုတဲ့ အတွက် ကိုက်ကြတာပါ။ကလေးဆိုးတာ မဟုတ်ပါဘူး။ အဲဒီလို အကိုက်ခံရရင် ကလေးငယ်ကို မေမေတို့နို့ကနေ ဖယ်လိုက်ပြီးတော့ ဒီလိုလုပ်တာဟာ မကောင်းဘူးဆိုတာပြောပြပါ။ မေမေတွေက နို့ကိုကိုက်တာကို မကြိုက်ဘူးဆိုတာကို လေးလေးနက်နက် ပြောနေတယ်ဆိုရင် သူတို့နားလည်လာပါလိမ့်မယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • |

    မိခင်နို့တိုက်နေတဲ့အချိန်မှာအားဆေးတွေသောက်ဖို့လိုအပ်ပါသလား

    မိခင်နို့တိုက်နေတဲ့အချိန်မှာအားဆေးတွေသောက်ဖို့လိုအပ်ပါသလား ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO ) နဲ့ကျန်းမာရေးအဖွဲ့များရဲ့ ဖော်ပြချက်အရ သံဓာတ်၊ ဖောလစ်အက်စစ်၊ ဗီတာမင် ဘီဝမ်း၊ဗီတာမင် အေ တွေဟာအရေးကြီးပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ အစာမျိုးစုံစားတဲ့ မေမေတွေအတွက် အားဆေးကို အကြာကြီးဆက်သောက်စရာ မလိုပါဘူးလို့ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗီတာမင် ဘီဝမ်းအားဆေးကို က‌လေးသူငယ်နာရောဂါ ကာကွယ်ဖို့ကလေးမီးဖွားပြီး (၃) လအထိ သောက်သုံးဖို့တိုက်တွန်းတာ ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။ အိုင်အိုဒင်းဆားကိုတော့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်ရှိတဲ့ အိမ်တိုင်း စားသုံးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • စားသောက်ဖွယ်ရာ ဟင်းချက်နည်းစာအုပ်

    အခမဲ့ ဒေါင်းလုဒ်ရယူရန်နှိပ်ပါ။​ (World Concern Myanmar and Healthy and Happy Families တို့မှ ပူးပေါင်းဖန်တီးထားပါသည်။)​

  • | | |

    မိမိစိတ်ကြိုက်အချိန်၌ စိတ်အေးချမ်းသာစွာ လေ့လာနိုင်မည့် သင်တန်းစနစ်သစ် (Self-paced Learning) အကြောင်း သိကောင်းစရာ

    ✨ မိမိစိတ်ကြိုက်အချိန်၌ စိတ်အေးချမ်းသာစွာ လေ့လာနိုင်မည့် သင်တန်းစနစ်သစ် (Self-paced Learning) အကြောင်း သိကောင်းစရာ ✨ မင်္ဂလာပါ မေမေတို့ရေ… အိမ်မှုကိစ္စတစ်ဖက်၊ ရင်သွေးလေးအရေးတစ်ဖက်နဲ့ အမြဲအလုပ်ရှုပ်နေရတဲ့ မေမေတို့အတွက် သင်တန်းတက်ရတာ ပိုမိုလွယ်ကူ အဆင်ပြေသွားစေဖို့ ကျွန်မတို့ရဲ့ Website မှာ Self-paced Learning (မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်သောစနစ်) ကို အဆင့်မြှင့်တင် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။ 🌟 Self-paced Learning ဆိုတာ ဘာလဲ? အရင်လို သတ်မှတ်ထားတဲ့အချိန်မှာ Zoom ထဲဝင်စရာမလိုဘဲ မိမိအားလပ်တဲ့အချိန် (ဥပမာ – ရင်သွေးလေး အိပ်ပျော်နေချိန်၊ ညဘက်အေးအေးဆေးဆေးရှိချိန်) မျိုးမှာ Website ထဲဝင်ပြီး သင်ခန်းစာဗီဒီယိုတွေကို တစ်ခုချင်းစီ စိတ်ကြိုက်ကြည့်ရှုလေ့လာနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ 🛠️ ပြောင်းလဲသွားတဲ့ အချက်အလက်သစ်များ…

  • |

    Mixed Feeding ကနေ Exclusive Breastfeeding ကို ဘယ်လိုပြောင်းနိုင်မလဲ

    တကယ်လို့ မေမေတွေက မိခင်နို့နဲ့ အခြားအရာတွေ ရောတိုက်နေရာကနေ မိခင်နို့ချည်းသက်သက် ပြောင်းတိုက်ဖို့ စဉ်းစားနေပြီဆိုရင် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့တောင် ပြောလို့ရပါတယ်။ဒီလိုပြောင်လိုက်ခြင်းကြောင့် ရင်သွေးလေးတွေရဲ့ ကျန်းမာရေးနဲ့ သူ့ရဲ့ ဖွံ့ဖြိုးကြီးထွားမှု/ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။ ကလေးက အဖျားအနာကင်းလာတော့ မိသားစုအနေနဲ့ ကျန်းမာရေးကုန်ကျစရိတ်အစား အစားအစာနဲ့ အခြားအသုံးစရိတ်တွေအတွက် ငွေပိုသုံးလို့ ရလာပါတယ်။ မိခင်နို့တိုက်တဲ့အကျိုးကျေးဇူးတွေက ဘယ်လောက်တိုက်လဲဆိုတဲ့အတိုင်းအဆ ပမာဏပေါ် မူတည်နေပါတယ်။ ကလေးငယ်ကို့ မိခင်နို့ပိုတိုက်လေလေ ကလေးအတွက် ပိုအကျိုးရှိလေလေပါဘဲ ဖြစ်ပါတယ်။ ကဲအခုမေမေတို့ ဘာလုပ်ကြမလဲ ၁။မိခင်နို့နဲ့ နို့မှုန့်ရောနှောတိုက်ကျွေးတာ (Mixed Feeding) ကနေ မိခင်နို့ချည်းသက်သက်တိုက်ကျွေးတဲ့အဆင့်ကို ဖြေးဖြေးချင်းပြောင်းပါ။ ဒါမှသာ နို့ထွက်များလာပြီး နို့မှုန့်တိုက်ရတာလျော့လာမှာပါ။ ၂။မိခင်နို့ကိုအရင်တိုက်ပါ။ပြီးမှ နှို့မှုန့်တိုက်ပါ။ ၃။မိခင်နို့ကို နေ့ရောညပါတိုက်ပါ။ ၄။တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၃ နာရီထက်ပိုပြီးမကြာပါစေနဲ့။ မကြာခဏ…

  • G6PDဆိုင်ရာအကြံပြုချက်များ

    ခုတစ်လော အမေးများတဲ့ G6PD ကလေးတွေကို ဖြည့်စွက်စာကျွေးရာမှာ ဘာတွေလိုက်နာသင့်လဲဆိုတဲ့ မေးခွန်းနဲ့ဆက်စပ်လို့ ဒီပိုစ်လေးကိုတင်ပေးလိုက်ပါတယ်။ G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။…

  • WHO ဖြည့်စွက်စာကျွေးခြင်း Guidline တွင်ပါရှိသည့် လမ်းညွှန်ချက် အသစ်များ

    ပြီးခဲ့တဲ့စနေနေ့က လုပ်ဖြစ်ခဲ့တဲ့ ဖြည့်စွက်စာအကြောင်း ဆွေးနွေးထားတဲ့ Webinar Recording လေးကို မင်မင်တို့ရဲ့ ဒို့မိသားစုလေး Youtube Channel လေးမှာ တင်ထားပေးပါတယ်… Youtube Channel လေးကိုလည်း Subscribe လုပ်ပေးထားကြပါဦးနော်… ပညာပေးဗွီဒီယိုလေးတွေ အများကြီးထပ်တင်ပေးဖို့ရှိပါတယ်ရှင့်…

Leave a Reply

Your email address will not be published. Required fields are marked *