|

အရေးပေါ်ကာလတွင် အာဟာရဖြည့်တင်းနိုင်ရန် အာဟာရမုန့် (High Energy Ball )အလွယ်တကူပြုလုပ်နည်း

အရေးပေါ်ကာလတွင် အာဟာရဖြည့်တင်းနိုင်ရန် အာဟာရမုန့် (High Energy Ball )အလွယ်တကူပြုလုပ်နည်း

Disclaimer: ဤ High Energy Ball ပြုလုပ်နည်းသည် UNICEF မြန်မာမှ မျှဝေထားသော နည်းလမ်းအား ဒေသတွင်း လူမှုအဖွဲ့အစည်းတစ်ခုမှ စေတနာ့ဝန်ထမ်းအချို့၏ အကူအညီဖြင့် အနည်းငယ်ပြုပြင်ဖန်တီးထားခြင်းဖြစ်ပါသသည်။ ဤ High Energy Ball ပြုလုပ်နည်းသည် အာဟာရချို့တဲ့သောကလေးများ (Acutely Malnourished) ကလေးများအတွက် Ready-to-use Therapeutic Food (RUTF) အာဟာရဆေးအစာများ မရရှိနိုင်သည့် အခြေအနေတွင် အစားထိုးအသုံးပြုရန်ဖြစ်ပါသည်။

လက်ရှိအရေးပေါ်ကာလတွင် ပြည်တွင်း/ ဒေသခံကူညီကယ်ဆယ်ရေး အဖွဲ့များ ကျန်းမာရေးနှင့်ညီညွတ်၍ ပြုလုပ်ရန်လွယ်ကူသော နည်းလမ်းတစ်ခုဖြစ်ပါသဖြင့် ဥာဏ်ရှိသလိုအသုံးချရန် မျှဝေပေးရခြင်းဖြစ်ပါသည်။ ပုံမှန် အစားအစာများကို မစားသုံးပဲ ဤ High Energy Ball ကိုရေရှည်စားသုံးမည်ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။ (ကျွမ်းကျင်ပညာရှင်ဖြင့် မတိုင်ပင်ပဲရေရှည်စားသုံးပါက ဆီးချို၊ အဝလွန် စသည့် ရောဂါများဖြစ်ပေါ်လာနိုင်သည့်အတွက် သတိနှင့်အသုံးပြုရန်လိုအပ်ပါသည်။

High Energy Ball ပြုလုပ်ရာတွင် ပါဝင်ပစ္စည်းများ

• မြေပဲ/ ကုလားပဲ (250g)

• သကြား/ ထန်းလျက် (250g)

• နှမ်းလှော်စေ့ (40g)

• ငါးနီတူအမှုန့် (60g) (မရနိုင်ပါက မထည့်လည်းရပါသည်၊ ငါးနီတူကဲ့သို့ ငါးသေးသေးအခြောက်ကို အမှုန့်ထောင်းထည့်ရလည်း ရပါသည်။)

• ရေ (60 ml) ခန့်

စုစုပေါင်းအာဟာရတန်ဖိုး

• စွမ်းအင်: 2,759 kcal

• ပရိုတင်း: 104g

• အဆီ: 145g

• ကယ်လ်ဆီယမ်: 1,367mg

• သံဓာတ်: 20mg

• ဗီတာမင် B အုပ်စု (B1, B2, B3, B6)

• ဗီတာမင် E: 21mg

ဖော်ပြပါပမာဏအတိုင်း ပြုလုပ် ထုပ်လုပ်သည့် အာဟာရမုန့်သည် အောက်ပါ ခန့်မှန်းအာဟာရတန်ဖိုးကို ပေးစွမ်းနိုင်ပါသည်။ အာဟာရမှုန့် ၁ ဂရမ်တွင် အင်အားတန်ဖိုး 3 -4 kcal အထိ ပါဝင်နိုင်ပါသည်။ ဤ ဖော်မူလာအတိုင်း (ငါးမှုန့်အပါအဝင်) ပြုလုပ်ထားသော အာဟာရမုန့်၏ အလေးချိန် ၁၀၀ ဂရမ်တိုင်းတွင် ပရိုတင်းဓါတ်/ အသားဓါတ် ၉ ဂရမ်ခန့် (ခန့်မှန်း) ပါဝင်သဖြင့် ကြက်ဥပုံမှန်ဆိုဒ်တစ်လုံးစားသုံးခြင်းမှ ရရှိနိုင်သည့် အသားဓါတ်ပမာဏကို ရရှိနိုင်ပါသည်။ ပရိုတင်းပါဝင်မှုသည့် ငါးမှုန့် ထည့်ဝင်မှုပေါ်တွင် များစွာမူတည်ပါသည်။

ပြုလုပ်နည်းအဆင့်ဆင့်

• မြေပဲကိုလှော်၍အခွံချွတ်ပြီး ထောင်းထားပါ။

• သကြား/ ထန်းလျက်ကို ဖော်ပြပါ ရေပမာဏ အချိုးအစားဖြင့် ပေါက်စည်းကျ အနေအထားရအောင် အရည်ကြိုပါ။

• မြေပဲမှုန့်၊ ငါးမှုန့်၊ နှမ်းလှော်စေ့တို့ကို ထန်းလျက်ရည် ပေါက်စည်းကျဖြင့် ရောနယ်ပါ။

• ထို့နောက် မိမိအတွက် အဆင်ပြေသလို အလုံး/ အပြားများ ပြုလုပ်၍ အနည်းငယ် အခြောက်ခံပါ။

ထုပ်ပိုးနည်း

ပြုလုပ်ပြီးသော အာဟာရမှုန့် အလုံးအပြားများကို လေစုပ်အိပ်တွင် ထည့်သွင်းထုပ်ပိုးရန် အကြံပြုပါသည်။ တစ်ထုပ်လျှင် အာဟာရမုန့် ၁၀၀ – ၂၀၀ ဂရမ်အထိ ထည့်သွင်း ထုပ်ပိုးနိုင်ပါသည်။ထိုသို့ထုပ်ပိုးခြင်းဖြင့် အာဟာရဓာတ်များ ပိုမိုကြာရှည်ခံစေပါသည်။ လေနှင့်မထိတွေ့သဖြင့် အနံ့အရသာ မပျက်စေပါ။ ဘက်တီးရီးယားနှင့် မှိုများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါသည်။ ထုပ်ပြီးသော အာဟာရမုန့်ထုပ်များကို အေး၍ ခြောက်သွေ့သော နေရာတွင် သိပ်ဆည်း ပို့ဆောင်နိုင်ပါသည်။ မိမိတို့၏ ကိုယ်ပိုင် စမ်းသပ်ချက်အရ ဤအတိုင်းထပ်ပိုးသိမ်းဆည်းမည်ဆိုပါက အနည်းဆုံး အချိန် (၁) လခန့် မပျက်မစီးပဲ သိမ်းဆည်း သုံးဆောင်နိုင်သဖြင့် ဤကဲ့သို့ အရေးပေါ်ကာလ အာဟာရဖြန့်ဖြူးရာတွင် အလွန် အကျိုးရှိနိုင်ပါသည်။

အထူးသတိပြုရန်

• ဤသို့ထုတ်လုပ်ရတွင် သန့်ရှင်းမှုသည်အလွန်အရေးကြီးပါသည်။

• ထုပ်လုပ်မှုတွင် ပါဝင်သူများအားလုံး လုပ်ငန်းမစတင်မီ လက်ကို ဆပ်ပြာနှင့် စင်ကြယ်ဆေးပါ။ ဖြစ်နိုင်ပါက လက်အိပ်ဝတ်ဆင်ပါ။

• ထုပ်လုပ်ရာတွင် အသုံးပြုသည့် အိုးခွက် ပန်းကန်များ၊ ထုပ်ပိုးသည့် ပစ္စည်းများသည်လည်း သန့်ရှင်းစင်ကြယ်ရပါမည်။

• ထုပ်လုပ်သည့်နေ့စွဲကို အမြဲမှတ်တမ်းတင်ပါ။

• မြေပဲ/ နှမ်းတို့နှင့် ဓါတ်မတည့်သူများအတွက် မသင့်တော်ပါ။

• ပုံမှန်အစားအသောက်များဖြင့် ရေရှည်အစားထိုးရန် မသင့်တော်ပါ။ အရေးပေါ်ကာလတွင် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ အသုံးပြုလိုပါက ပြုနိုင်ရန် မျှဝေပေးခြင်းသာဖြစ်ပါသည်။

• အသက် (၆) လအောက်ကလေးများကို ကျွေးရန်မဟုတ်ပါ။​ အသက် (၆)​ လအောက်ကလေးများကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရပါမည်။​

တစ်စုံတရာ ဆွေးနွေးတိုင်ပင်လိုပါက အီးမေး [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ အသုံးဝင်မည်ထင်သည့် သူများဖြင့် Share လုပ်ပေးပါ။ ကိုယ်တိုင်ကိုယ်ကျ ဘာမှဝင်ကူနိုင်စွမ်းမရှိတဲ့အတွက် တတ်နိုင်သလောက် မျှဝေပေးရခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။

မိခင်နို့တိုက်ကျွေးခြင်းနှင့် အာဟာရဆိုင်ရာအကြံဉာဏ်များကို ဒို့မိသားစုလေး – Dohmeetharsulay သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။​

ဤ Recipe ၏ မူရင်းကို မျှဝေပေးခဲ့ဘူးသော UNICEF Myanmar ကိုလည်း ကျေးဇူးတင်ရှိပါသည်။

Similar Posts

  • |

    မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင် ကလေးတွေဝမ်းသွားတဲ့အခါ ဝမ်းထဲမှာ အစေ့တွေပါလာမှာလား။

    မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင် ကလေးတွေ ဝမ်းသွားတဲ့အခါ မစင်ထဲမှာ အစေ့တွေပါလာမှာလား။ တကယ်တော့ ကလေးမစင်ထဲမှာ ခရမ်းသီးအစေ့တွေ မပါလာပါဘူး။ မေမေတွေရဲ့ အစာခြေစနစ်နဲ့ ကလေးတွေရဲ့ အစာခြေစနစ်က သီးခြားစီဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတာကိုခံရတဲ့ကလေးတွေက အဝါရောင်အီးအီးတွေပါတတ်ပြီး အဲဒီအထဲမှာ အစေ့ပုံစံနဲ့တူတဲ့ အဖြူရောင် အဖတ်လေးတွေ ပါဝင်လာတတ်ပါတယ်။ ဒါကို မေမေတို့စိုးရိမ်စရာမလိုပါဘူး။ မေမေတို့စားချင်သလောက် ခရမ်းသီးကို စားလို့ရပါတယ်။ ခရမ်းသီးမှာက မေမေတို့အတွက် အာဟာရဓာတ်ကောင်းတွေပါပြီး ဖိုက်ဘာလို့ခေါ်တဲ့ အမျှင်ဓာတ်တွေလည်းအများကြီးပါတာကြောင့် မေမေ တို့ ဝမ်းချုပ်တတ်တာကို ကာကွယ်ပေးပြီး သားဖြစ်ပါလိမ့်မယ်။ ခရမ်းချဥ်သီးစားတာနဲ့ ပါတ်သက်လို့လည်းအချို့မေမေတွေက ဒီမေး‌ခွန်းကို ‌မေးလေ့ရှိတတ်ပါသေးတယ်။ သဘောတရားရတော့ အတူတူပါပဲနော်။ခရမ်းချဥ်သီးလည်း စားလို့ရပါတယ်လို့။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ်…

  • ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရပြည့်ဝစွာစားသုံးနည်း

    Video Credit: Food and Agriculture Organization

  • အာဟာရအခြေအနေကို စောင့်ကြည့်ခြင်း

    ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်သည့် နည်းလမ်းများစွာရှိသည့်အနက် ကိုယ်အလေးချိန်နှင့် အရပ်တို့ကို ပုံမှန်တိုင်းတာ စောင့်ကြည့်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ကလေးငယ်များ၏ အာဟာရအခြေအနေကို စောင့်ကြည့်ရာတွင် အသုံးပြုသည့် Chart များကို ဤစာမျက်နှာတွင် ဖော်ပြမျှဝေပေးထားပါသည်။​ ဤ Chart များအား World Health Organization မှ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ Chart အမျိုးအစားများစွာရှိသည့်အနက်မှ ကြည့်ရှုအသုံးပြုရလွယ်ကူသည့် အမျိုးအစားများကိုသာ ရွေးချယ်မျှဝေပေးထားခြင်း ဖြစ်ပါသည်။ Chart များကို သိရှိလိုသည့် အာဟာရအမျိုးအစား၊ အသက်အရွယ်နှင့် ကျား/မ တို့ပေါ် မူတည်၍​ အသုံးပြုရမည်ဖြစ်ပါသည်။​ ထိုသို့အသုံးပြုရာတွင် သင့်လျှော်သည့် အမျိုးအစားရွေးချယ်နိုင်ရန်နှင့် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဤဗွီဒီယိုလေးကို အရင်ကြည့်ရှု့လေ့လာရန် တိုက်တွန်းအပ်ပါသည်။​ ဒို့မိသားစုလေးရဲ့ Youtube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့…

  • |

    မွေးကင်းစကလေးရဲ့ အစာအိမ်အရွယ်အစား

    ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့ရေ… ရက်သားကလေးငယ်ရဲ့ အစာအိမ်က တော်တော်သေးပါတယ်… ဘယ်လောက်ထိသေးလဲဆိုရင် စပျစ်သီးခပ်ကြီးကြီးအရွယ်လောက်ပဲရှိပြီး အရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ဆို ဗိုက်ပြည့်သွားတာပါပဲ… ဒီတော့ တခြားအရည်တွေတိုက်လို့ ကလေးအစာအိမ်သေးသေးလေးက ပြည့်နေရင်ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး… အဲလိုဖြစ်ရင် ကြီးမားတဲ့ နောက်ဆက်တွဲအနေနဲ့ ပြဿနာ (၂) ခု ထပ်ပေါ်တတ်ပါတယ်… (၁) မေမေရဲ့နို့တွေ တင်းလာမယ်… နို့တွေတင်းလာတဲ့အခါ ကလေးကို ကောင်းကောင်း နို့တိုက်လို့မရဘူး… အဲဒီတော့ မေမေ့နို့တွေက နာလာမယ်…. (၂) ကလေးက ကောင်းကောင်းနို့မစို့တော့တဲ့အခါ နို့ထွက်တာ နှောင့်နှေးလာမယ်၊ နို့ထွက်နည်းလာမယ်… သဘာဝအလျောက်ပုံမှန်ထွက်ရှိမှုနှုန်း မရှိသလို ဖြစ်လာမယ်… အဲဒီအခါ မေမေတွေနဲ့ မိသားစုဝင်တွေက မိခင်မှာ နို့မလုံလောက်ဖူးဆိုတဲ့အမြင်တွေ မြင်လာတော့တာပါပဲ… ဒီနေရာမှာ အထူးသတိပေးချင်တာက မိခင်နို့ဆိုတာ ကလေးများများစို့မှ မေမေ့ဆီက နို့များများ…

  • | |

    မေမေတို့ မိခင်နို့တိုက်နေစဉ်အခါမှာ အရက်သေစာသောက်လို့ရနိုင်ပါသလား

    ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီ မဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြော့ မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။   အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ…

  • ကလေးငယ်တွေကို ပန်းရောင်ဆား (Pink Salt) ကျွေးသင့်လား

    ပန်းရောင်ဆားဆိုတာ ဘာလဲ? ပန်းရောင်ဆား (Himalayan Pink Salt) သည် သဘာဝဆားတစ်မျိုးဖြစ်ပြီး သာမန်ဆားထက် သတ္တုဓာတ်များ (ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်) အနည်းငယ်ပိုမိုပါဝင်သော်လည်း ဆိုဒီယမ်ပမာဏမှာ သာမန်ဆားနှင့် အတူတူပါပဲ။ ကလေးငယ်များကို ပန်းရောင်ဆား ကျွေးသင့်လား? ဆိုဒီယမ် (အငန်ဓါတ်)​အန္တရာယ် အိုင်အိုဒင်းဓာတ် မပါဝင်ခြင်း သတ္တုဓာတ်များ ဘာကြောင့် အိုင်အိုဒင်းဓာတ် အရေးကြီးတာလဲ? မိဘများအတွက် အကြံပြုချက်များ ✅ ၁ နှစ်အောက်ကလေး – ဆားလုံးဝမကျွေးပါနဲ့။✅ ၁ နှစ်အထက် – အိုင်အိုဒင်းဖြည့်စွက်ထားသောဆား (iodized salt) ကို အနည်းငယ်သာ ထည့်ပါ။✅ ပန်းရောင်ဆားသုံးပါက – အိုင်အိုဒင်းဓာတ်ပါသော အစားအစာများ (ပင်လယ်စာ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း) ဖြင့် ဖြည့်စွက်ပေးပါ။✅ သဘာဝအစားအစာများ –…

Leave a Reply

Your email address will not be published. Required fields are marked *