ကလေးကို အစာဝါးကျွေးသင့်သလား

အစာကောင်းကောင်း မဝါးနိုင်သေးတဲ့ကလေးတွေကို လူကြီးတွေက ကိုယ်တိုင်ဝါးပြီး ကျွေးပေးတတ်ပါတယ်။ များသောအားဖြင့် မိခင်/ အနီးကပ်ဆွေမျိုးသားချင်းတွေ/ ကလေးထိန်းတွေက ကလေးကို ဖြည့်စွက်စာစကျွေးတဲ့အချိန်မှာ ဒါမျိုးလုပ်ပေးလေ့ရှိပါတယ်။ ပါးစပ်ထဲမှာဝါးလိုက်တဲ့ အစာဟာ တံတွေးကြောင့် အစာလုံးဖြစ်သွားပြီး အဲဒါကို ဇွန်းထဲထည့်ကျွေးခြင်း၊ လက်နဲ့ခွံ့ကျွေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။

(Blender) ဘလန်ဒါလို့ခေါ်တဲ့ အစာကြိတ်စက် အသုံးမပြုသူ တော်တော်များများက ဒီလိုဝါးကျွေးတဲ့ နည်းလမ်းကို ယခင်က အသုံးပြုကြပါတယ်။ အမှန်တကယ်တော့ ကလေးငယ်ကို ကျွေးမယ့်အစားအစာတွေကို ကြိတ်ပြီး ဒါမှမဟုတ် နူးညံ့သွားအောင် ပြုတ်ပြီး ဇွန်းနဲ့ ခြေပြီး ကျွေးနိုင်ပါတယ်။

ဝါးမကျွေးသင့်ပါဘူး။ ကလေးကို ထမင်းအပါအဝင် အစာတွေဝါးကျွေးရင် ဝါးပေးတဲ့သူရဲ့ ခံတွင်းမှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေဟာ နုနယ်လွန်းတဲ့ ကလေးဆီ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးမွှားဆိုတဲ့အထဲမှာ မြင်ရတဲ့ (ပါးစပ်နားမှာ ပေါက်နေတဲ့)ရေယုန်ကအစ မမြင်ရတဲ့ ခံတွင်းအတွင်းမှာနေနေတဲ့ ပိုးမွှားတွေလည်း ပါပါတယ်။ အဆိုပါမမြင်ရတဲ့ ရောဂါပိုးမွှားတွေကြောင့် အဆိုပါ လူူကြီးကိုယ်တိုင်မှာ ဘာမှ မခံစားရပေမယ့် နုနယ်သေးတဲ့ကလေးမှာတော့ ကူးစက်ခံစားရနိုင်ပါတယ်။

ဒါ့အပြင် အသုံးပြုမယ့်ဇွန်း သို့မဟုတ် ပန်းကန်မသန့်ရှင်းရင်လည်း ပိုးမွှားတွေ ကူးစက်စေနိုင်တာကြောင့် သေချာသန့်စင်ဆေးကြောဖို့ အရေးကြီးကြောင်းလည်း အသိပေးလိုက်ရပါတယ်။

Similar Posts

  • G6PD ကလေးများအတွက် အကြံပြုချက်

    G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။ G6PD အတွက်ရောဂါစစ်ဆေးမှုကိုရိုးရှင်းသော စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ စစ်ဆေးရန် စိတ်ဝင်စားပါက ကလေးမွေးပြီးမကြာမီ သို့မဟုတ် ကလေးမွေးပြီးနောက် လအနည်းငယ်တွင်ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ဆောင်ရွက်သင့်ပါသည်။ ချို့တဲ့သည်ဟု အဖြေတွေ့ရှိရပါက ဆရာဝန်သည် အဖြေကို ထပ်မံသေချာစေရန် နောက်တစ်ကြိမ် စစ်ဆေးမှု ပြလုပ်ရန် အကြံပြုကောင်း…

  • မိခင်နို့နဲ့ နို့မှုန့်က အတူတူပဲလား

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး…ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွားစဉ်ကနေ အသက် ၆ လ အထိ…

  • |

    မိခင်နို့နှင့် နို့မှုန့် (Formula Milk) တို့ရဲ့ ကွာခြားချက်

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး… ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွား စဉ်ကနေ ၆ လ အထိ…

  • |

    မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေး

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေးကို မျှဝေပေးပါရစေ… မေမေ့နို့ရည်ကတော့ဘာနဲ့မှ နှိုုင်းယှဉ်လို့မရတာ အသေအချာပါပဲ… မေမေ့ခန္ဓာကိုယ်ကနေ ရင်သွေးလေးအတွက် ထုတ်လုပ်ပေးတဲ့နို့ကို ဘယ်အရာကမှ အတုအပ မလုပ်နိုင်ပါဘူး…. မေမေနို့ရည်မှာ ပါဝင်နေတဲ့အမျိုးအမည်ပေါင်း ၁၀၀၀၀၀ ကျော်ရှိပါတယ်… အဲဒါတွေအားလုံးက ကလေးရဲ့ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးစေဖို့၊ ကလေးငယ်ဘဝ/လူကြီးဘဝတလျောက်မှာ အကောင်းဆုံးကိုယ်ခံစွမ်းအား ရှိစေဖို့၊ လူကြီးဘဝမှာလည်း ကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်… မိခင်နို့တစ်စက်မှာ ကလးငယ်တွေကို ရောဂါပိုးတွေက ကာကွယ်ပေးဖို့ သွေးဖြူဥ ၁,၀၀၀,၀၀၀ ပါရှိတယ်…… ဒါတွေကို ပုံတူကူး ထုတ်လုပ်လို့မရပါဘူး…. ဘယ်အမှတ်အသားနှင့်ဘယ်အမှတ်တံဆိပ်ကမှ မိခင်နို့ရဲ့ တုနှိုင်းမမီတဲ့ စံ ကို မယှဉ်ပြိုင် နိုင်ပါဘူးလို့ပဲ ပြောချင်ပါတယ်…. *သက်ရှိဆဲလ်နဲ့ သက်မဲ့ ဆဲလ်များ* မိခင်နို့က အသက်ရှိတယ်လို့ပြောလို့ရတဲ့ရှင်သန်လှုပ်ရှားနေတဲ့ ဆဲလ်အရှင်တွေနဲ့စုဖွဲ့ထားတယ်… ရင်သွေးငယ်ကို ဘက်တီးရီးယားပိုးတွေတိုက်ခိုက်ခြင်းကနေကာကွယ်ဖို့…

Leave a Reply

Your email address will not be published. Required fields are marked *