ကလေးငယ်ရဲ့မွေးစရက်သတ္တပတ်တွေမှာ အသားဝါဖြစ်တာတွေကို ဘယ်လို ကာကွယ်ကြမလဲ

ကလေးငယ်ရဲ့မွေးစရက်သတ္တပတ်တွေမှာ အသားဝါဖြစ်တာတွေကို ဘယ်လို ကာကွယ်ကြမလဲ

အသားဝါရတဲ့ အကြောင်းရင်းခံတွေကတော့ အများကြီးရှိပါလိမ့်မယ်။

အဲဒါတွေကတော့ ကလေးလမစေ့ဘဲမွေးလာတာ၊ ကလေးက နေမကောင်းတာ၊ ဖေဖေ၊ မေမေတို့ရဲ့အေ၊ဘီ၊အို စတဲ့ သွေးအုပ်စု တွေနဲ့ သဟဇာတမဖြစ်တာ၊ ကလေးက ခက်ခက်ခဲခဲ မွေးဖွားခဲ့ရလို့ ကလေးငယ်တွေမှာအရေပြား ဒဏ်ရာရှိတာမျိုးတွေ စတဲ့ အခြေအနေတွေပေါ့။

အသားဝါတာကို ကာကွယ်နိုင်တဲ့နည်းတွေကို အောက်ပါအတိုင်းအကြံပြုမျှဝေပေးပါရစေ။

၁။ မေမေတို့ရဲ့ နို့ဦးရည်က သားသားမီးမီးတို့ကို ရောဂါတွေ/ ဖျားနာမှုတွေကနေ ကာကွယ်ပေးတဲ့နည်းတူ ကလေးငယ်ရဲ့ အစာအိမ်အူလမ်းကြောင်းအတွင်းက ငယ်ချီး (ငယ်ချေး) တွေကိုလည်း ဖယ်ရှားပေးတဲ့ ဝမ်းပျော့ဆေး တစ်မျိုးရဲ့ တာဝန်တွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ နို့ဦးရည်က ကလေးရဲ့ ဝမ်းသွားမှုနဲ့ ပတ်သက်လို့လည်း အကူအညီတွေ ပေးပြန်ပါတယ်။ဝမ်းသွားတာမှန်လေ ကလေးအတွက် ကောင်းလေလေ ပါပဲ။

၂။ မိခင်နို့ တိုက်ဖို့ကို ကလေးမွေးပြီးပြီးချင်းစောနိုင်သမျှ စော‌စော တိုက်ရပါမယ်။ပထမနာရီအတွင်း မိခင်နို့တိုက်ကျွေးခြင်းက ကလေးအသားမဝါဖို့ ကာကွယ်ပေးတဲ့ နို့ဦးရည်ကို ရစေပါတယ်။

၃။ မကြာခဏ နို့တိုက်ပါ။ ကလေးဆာတိုင်းနို့တိုက်ပေးပါ။

၄။ နေ့ရောညပါ နို့တိုက်ပါ။ အနည်းဆုံး ၈ကြိမ်မှ ၁၂ ကြိမ်အထိ မိခင်နို့တိုက်ကျွေးပါ။

၅။ နို့တိုက်ခြင်းက မေ့မေ့နို့တွေ နို့ရည်တွေနဲ့တင်းပြီး မာနေတာ ကို ကာကွယ်ပေးတဲ့အပြင် ကလေးငယ်တွေ နို့ကို ထိထိရောက်ရောက် စို့နိုင်ဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။

၇။ မေမေတို့အနေနဲ့ ကလေးကို မှန်ကန်တဲ့ပုံစံနဲ့ပိုက်ထွေးထားဖို့လိုပါမယ်။ ထွေးပွေ့တဲ့ ပုံစံမမှန်ခဲ့ရင်၊ ကလေး အနေအထားမမှန်ခဲ့ရင် ကလေးက နို့ရတာ နည်းနေပါလိမ့်မယ်။ မိခင်နဲ့ထိစပ်မှုကောင်းအောင်(နို့ငုံမှုကောင်းအောင်) ဘယ်လိုလုပ်ရမလဲ ဒီအောက်က လင့်က ဗွီဒီယိုလေးမှာလေ့လာကြည့်နိုင်ပါတယ်။ https://fb.watch/5vMXuqUcDT/

အနေအထားမှန်မှန်ကန်ကန်နို့တိုက်နိုင်ဖို့ဒီလင့်က ဗွီဒီယိုလေးမှာ လေ့လာကြည့်ပါနော်။ https://fb.watch/5vMTyXu9b7/

၈။ ကျန်းမာရေးဝန်ထမ်းတွေက မညွှန်ကြားဘဲ နို့မှုန့်တွေ (ဖော်မြူလာ) တွေကို မပေးရပါဘူး။

အထူးသတိပြုရန် အနေနဲ့ကတော့နနွင်း (ဆနွင်း) ကို ကလေးငယ်ရဲ့ ဒါမှမဟုတ် မေမေတို့ရဲ့ အရေပြားပေါ်မှာမလိမ်းပါနဲ့။ ကလေးကသာအသားဝါ နေခဲ့ရင် အဲဒီဆနွင်းရဲ့ အဝါရောင်က ဖုံးကွယ်ထားနိုင်တော့ မသိမှာစိုးလို့ပါ။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • |

    ရင်သွေးငယ်တို့ရဲ့အသက်ပထမခြောက်လအတွင်းရေပေးဖို့မလိုအပ်တာ ဘာကြောင့်ပါလဲ

    ရင်သွေးငယ်တို့ရဲ့ အသက်ပထမခြောက်လအတွင်း ရေတိုက်ပေးဖို့မလိုအပ်တာ ဘာကြောင့်ပါလဲ မေမေတို့ရဲ့ မိခင်နို့မှာ ရေဓါတ်က (၈၇) ရာခိုင်နှုန်းကျော်ပါဝင်ပါတယ်။အထူးအားဖြင့်ကလေးကို နို့တိုက်တိုင်း ပထမဆုံးထွက်လာတဲ့နို့မှာ ပါဝင်တာပါ။ ဒါကြောင့်မို့လို့ ကလေးကရေဆာနေတယ်လို့ မေမေတို့ခံစားရတဲ့အခါတိုင်း သူတို့ကို မိခင်နို့တိုက်နိုင်ပါတယ်။ အဲဒီလို မိခင်နို့တိုက်လိုက်ရင် ကလေးက ရေဆာပြေသွားသလို ကလေးငယ်ကို ရောဂါပိုးတွေ ကူးစက်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ ဒါ့အပြင် ကလေးငယ် ကောင်းကောင်းကြီးထွားဖို့လည်း ကူညီပါလိမ့်မယ်။ မြန်မာနိုင်ငံလို ပူပြင်းတဲ့ရာသီဥတုမှာတောင် (၆) လအရွယ်မတိုင်မီ ကလေးတွေက ရေမလိုအပ်ပါဘူး။ (၆) လထက် ငယ်တဲ့ကလေးတွေက ရေဆာနေတယ်လို့ ထင်လာခဲ့ရင် မိခင်နို့သာတိုက်လိုက်ပါ။အဲလိုအချိန်မျိုးမှာ နို့မှုန့်တွေ၊ ရေတွေတိုက်ကျွေးတာက ကလေးတွေရဲ့ အစာအိမ်ကို သဘာဝနည်းနဲ့ ကျယ်ပြန့်စေတာမျိုးမဟုတ်တာကြောင့် ကလေးတွေကို ရောဂါပိုးတွေနဲ့ ထိတွေ့စေပါလိမ့်မယ်။ အူလမ်းကြောင်းအတွင်းက ဇီဝပိုးလေးတွေကိုလည်း အပြောင်းအလဲတွေ ဖြစ်ပေါ်စေပြီးတော့ ကိုယ်ခံ…

  • အသက် (၅) နှစ်အောက်ကလေးအာဟာရအွန်လိုင်းမှစစ်ဆေးခြင်း အဖြေရလဒ်များ (မေ ၂၀၂၄)

    အားလုံးမင်္ဂလာပါ… ဒို့မိသားစုလေးရဲ့ ပထမဆုံးအကြိမ် အွန်လိုင်းကနေ ကလေးတို့ရဲ့ အာဟာရအခြေအနေကို စစ်ဆေးတဲ့ အစီအစဥ်လေးမှာ ပါဝင်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်… စစ်ဆေးချက်ရလဒ်အဖြေလေးတွေကို အောက်က ဇယားလေးမှာ ကြည့်ရှုပြီး ကိုယ့်ကလေးရဲ့ အခြေအနေကို သိရှိနိုင်ပါပြီ… ကိုယ့်ကလေးရဲ့ အချက်အလက်ကို ရှာမတွေ့ရင် ဇယားအောက်ခြေက “next” ကိုနှိပ်ပြီး ဆက်ပြီးရှာကြည့်နိုင်ပါတယ်… ဒီအစီအစဥ်နဲ့ပါတ်သက်လို့ Disclaimer/ ကြိုတင်အသိပေးချက်လေးကို အောက်ပါအတိုင်း ထပ်မံအသိပေးပါရစေ… “ကလေး၏ အာဟာရအခြေအနေကို ဆန်းစစ်ရာတွင် ကိုယ်အလေးချိန်နှင့် အရပ်အတိုင်းအတာ တိကျမှန်ကန်မှုပေါ်တွင် များစွာမူတည်ပါသည်။ အတိုင်းအတာမှန်ကန်မှုသည် တိုင်းတာရာတွင် အသုံးပြုသည့် ပစ္စည်းအရည်အသွေး၊ တိုင်းတာသည့် နည်းလမ်း စနစ်ကျမှု၊ တိုင်းတာသူ၏ ကျွမ်းကျင်မှု စသည်တို့ပေါ်တွင်များစွာမူတည်ပါသည်။ သို့ဖြစ်ပါ၍ ဤ အစီအစဥ်မှ ထွက်ပေါ်လာသော အာဟာရအခြေအေနရလဒ်များသည် ရာနှုန်းပြည့် တိကျမှန်ကန်မှု ရှိနိုင်မည်မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။…

  • စားသောက်ဖွယ်ရာ ဟင်းချက်နည်းစာအုပ်

    အခမဲ့ ဒေါင်းလုဒ်ရယူရန်နှိပ်ပါ။​ (World Concern Myanmar and Healthy and Happy Families တို့မှ ပူးပေါင်းဖန်တီးထားပါသည်။)​

  • |

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ခန္ဓာကိုယ်ပေါ် အရေပြားချင်းထိပြီး တင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကို ကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီ းနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်း ထိထားပေးရင်းနဲ့ပဲ မွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်မယ်ဆိုရင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကိုလည်း အားပေးတယ်… ကလေးနဲ့အမေကို စိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့အတွက် လိုအပ်တဲ့ နို့ရည်ကို စောစောစီးစီလည်း…

  • |

    မိခင်နို့တိုက်ကျွေးတာကို အကာအကွယ်ပေးထားတဲ့ ဥပဒေ

    အားလုံးပဲ မင်္ဂလာပါ… အရင်ရက်တွေက နို့မှုန့်၊ နို့ဘူးတိုက်ကျွေးခြင်းရဲ့ အန္တရာယ်တွေကို မျှဝေခဲ့လို့ တစ်ချို့မေမေတွေက ဒီ Page ရဲ့ Admin တွေက နို့မှုန့်ကုမ္ပဏီတွေနဲ့ ရန်ဖြစ်ထားလို့လားဆိုပြီး မှတ်ချက်လေးတွေ ပေးခဲ့ကြတာရှိပါတယ်… Page ရဲ့ Admin တွေက ဘယ်နို့မှုန့်ကုမ္ပဏီတွေနဲ့မှ ရန်ဖြစ်မထားသလို ဘယ်နို့မှုန့်ကုမ္ပဏီရဲ့ sponsor ကိုမှာ ယူလေ့မရှိပါဘူး… ဒါဟာ အာဟာရပညာရှင်တွေ၊ ကျန်းမာရေးပညာရှင်တွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို လိုက်နာနေတာဖြစ်သလို၊ မိခင်နို့တိုက်ကျွေးရေးကို ကာကွယ်နေတာပဲဖြစ်တယ်… ဒါဟာ Healthy and Happy Families အဖွဲ့ရဲ့ မူဝါဒ policy လည်းဖြစ်ပါတယ်… မိခင်နို့တိုက်ကျွေးခြင်းကို ကာကွယ်ရာမှာ the International Code of Marketing of Breastmilk Substitutes လို့‌ခေါ်တဲ့ နိုင်ငံတကာ မိခင်နို့အစားထိုးပစ္စည်းများ စျေးကွက်တင်ခြင်းဆိုင်ရာ စျေးကွက်တင်ခြင်းဆိုက်ရာကိုဗဥပဒေ ဟာ သိပ်ကိုအရေးပါပါတယ်… ၁။ နို့မှုန့်ရောင်းချတဲ့နို့မှုန့်ကုမ္ပဏီတွေဟာ ဦးတည်ချက်လွဲမှားစေနိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ မိဘတွေကို စိတ်ရှုပ်ထွေးစေပြီး မိခင်နို့တိုက်ကျွေးခြင်းကို မကြာခဏဆိုသလို အားနည်းစေပါတယ်။…

  • ကလေးတိုင်း အသက် (၅) နှစ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့

    ကလေးတိုင်း အသက် (၅) နှစ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေလုပ်ရမယ် ဆိုတာကို အသက် (၇)​ နှစ်အရွယ် သမီးငယ်လေး Molly Wright က ပြောပြပေးထားတာဖြစ်ပါတယ်… လူတိုင်းနားထောင်ကြည့်သင့်ပါတယ်…. မြန်မာလို့ စာတမ်းထိုးနဲ့ ကြည့်နိုင်ဖို့ Subtitle မှာ Burmese ကို ရွေးကြည့်နိုင်တယ်…

Leave a Reply

Your email address will not be published. Required fields are marked *