|

ရင်သွေးငယ်တို့ရဲ့အသက်ပထမခြောက်လအတွင်းရေပေးဖို့မလိုအပ်တာ ဘာကြောင့်ပါလဲ

ရင်သွေးငယ်တို့ရဲ့ အသက်ပထမခြောက်လအတွင်း ရေတိုက်ပေးဖို့မလိုအပ်တာ ဘာကြောင့်ပါလဲ

မေမေတို့ရဲ့ မိခင်နို့မှာ ရေဓါတ်က (၈၇) ရာခိုင်နှုန်းကျော်ပါဝင်ပါတယ်။အထူးအားဖြင့်ကလေးကို နို့တိုက်တိုင်း ပထမဆုံးထွက်လာတဲ့နို့မှာ ပါဝင်တာပါ။ ဒါကြောင့်မို့လို့ ကလေးကရေဆာနေတယ်လို့ မေမေတို့ခံစားရတဲ့အခါတိုင်း သူတို့ကို မိခင်နို့တိုက်နိုင်ပါတယ်။ အဲဒီလို မိခင်နို့တိုက်လိုက်ရင် ကလေးက ရေဆာပြေသွားသလို ကလေးငယ်ကို ရောဂါပိုးတွေ ကူးစက်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ ဒါ့အပြင် ကလေးငယ် ကောင်းကောင်းကြီးထွားဖို့လည်း ကူညီပါလိမ့်မယ်။

မြန်မာနိုင်ငံလို ပူပြင်းတဲ့ရာသီဥတုမှာတောင် (၆) လအရွယ်မတိုင်မီ ကလေးတွေက ရေမလိုအပ်ပါဘူး။

(၆) လထက် ငယ်တဲ့ကလေးတွေက ရေဆာနေတယ်လို့ ထင်လာခဲ့ရင် မိခင်နို့သာတိုက်လိုက်ပါ။အဲလိုအချိန်မျိုးမှာ နို့မှုန့်တွေ၊ ရေတွေတိုက်ကျွေးတာက ကလေးတွေရဲ့ အစာအိမ်ကို သဘာဝနည်းနဲ့ ကျယ်ပြန့်စေတာမျိုးမဟုတ်တာကြောင့် ကလေးတွေကို ရောဂါပိုးတွေနဲ့ ထိတွေ့စေပါလိမ့်မယ်။ အူလမ်းကြောင်းအတွင်းက ဇီဝပိုးလေးတွေကိုလည်း အပြောင်းအလဲတွေ ဖြစ်ပေါ်စေပြီးတော့ ကိုယ်ခံ စွမ်းအားကို လျော့ကျစေပါတယ်။ ဒါတွေအပြင် သောက်တဲ့ရေက မသန့်ရှင်းရင် ကလေးငယ်က ဝမ်းပျက်/ဝမ်းလျောရောဂါလိုမျိုး အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေ ရတတ်ပါတယ်။ အဲဒီရေတွေကကလေးငယ်အတွက် အမှန်တကယ်လိုအပ်တဲ့ အာဟာရဓာတ်များပါဝင်နေတဲ့ မိခင်နို့ရည်ကို အစားထိုးပေးသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် (၆) လမတိုင်ခင် ရေတိုက်တာတွေက မေမေတို့ရဲ့ ရင်သွေးငယ်တွေကို အာဟာရချို့တဲ့စေပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • Nursing Strikes ဆိုတာဘာလဲ

    လူကြီးတွေတင် ဆန္ဒပြတတ်တာ မဟုတ်ဘူးနော်။ ဘေဘီလေးတွေလည် းဆန္ဒပြတတ်ကြပါတယ်။ မိခင်နို့စို့ဖို့ ကလေးက ဆန္ဒပြတဲ့အခြေအနေ (Nursing Strikes) တွေရှိတတ်တယ်။အဲဒါက ဘာပါလဲဆိုတာ နည်းနည်းဆွေး‌‌နွေးပေးပါမယ်။ Nursing Strikes ဆိုတာ ကလေးက မိခင်နို့စို့ဖို့ကို ရုတ်တရက်ငြင်းဆန်တဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီဟာက မိခင်တွေအတွက် အနှောက်အယှက် ဖြစ်တတ်ပါတယ်။ ဒါက ရက်ပေါင်းများစွာ သို့ မိခင်နို့တိုက်‌ကျွေးမှု အကြိမ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ ဒါ့အပြင် ကလေးနဲ့မေမေတွေအတွက် စိတ်ဖိစီးမှု အလွန်များစေနိုင်ပါတယ်။ ကလေးကောင်းကောင်းနေမကောင်းလို့၊ နှာစေးနှာပိတ်လို့၊ ဝမ်းချုပ်လို့၊ ဝမ်းလျှောလို့၊ကလေးရဲ့ပတ်ဝန်းကျင်/အချိန်ဇယားပြောင်းလဲလိုက်လို့၊ ကလေးကိုပြုစု စောင့်ရှောက်တဲ့ သူပြောင်းသွားလို့၊ သွားပေါက်လို့ စတဲ့ အကြောင်းရင်းတွေကြောင့်ကလေးက မိခင်နို့စို့ဖို့ ငြင်းဆန်တဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ တခြားအကြောင်းရင်းတွေလည်းရှိပါသေးတယ်။အဲဒါတွေကတော့မေမေတို့ ဓမ္မတာ သွေး လာတာ၊ မေမေတို့စားတဲ့အစားအစာကြောင့်၊ ဒါမှမဟုတ်ဆေးဝါးကြောင့်၊ရေမွှေး၊ ဆပ်ပြာ၊…

  • ကလေးငယ်ရဲ့မွေးစရက်သတ္တပတ်တွေမှာ အသားဝါဖြစ်တာတွေကို ဘယ်လို ကာကွယ်ကြမလဲ

    ကလေးငယ်ရဲ့မွေးစရက်သတ္တပတ်တွေမှာ အသားဝါဖြစ်တာတွေကို ဘယ်လို ကာကွယ်ကြမလဲ အသားဝါရတဲ့ အကြောင်းရင်းခံတွေကတော့ အများကြီးရှိပါလိမ့်မယ်။ အဲဒါတွေကတော့ ကလေးလမစေ့ဘဲမွေးလာတာ၊ ကလေးက နေမကောင်းတာ၊ ဖေဖေ၊ မေမေတို့ရဲ့အေ၊ဘီ၊အို စတဲ့ သွေးအုပ်စု တွေနဲ့ သဟဇာတမဖြစ်တာ၊ ကလေးက ခက်ခက်ခဲခဲ မွေးဖွားခဲ့ရလို့ ကလေးငယ်တွေမှာအရေပြား ဒဏ်ရာရှိတာမျိုးတွေ စတဲ့ အခြေအနေတွေပေါ့။ အသားဝါတာကို ကာကွယ်နိုင်တဲ့နည်းတွေကို အောက်ပါအတိုင်းအကြံပြုမျှဝေပေးပါရစေ။ ၁။ မေမေတို့ရဲ့ နို့ဦးရည်က သားသားမီးမီးတို့ကို ရောဂါတွေ/ ဖျားနာမှုတွေကနေ ကာကွယ်ပေးတဲ့နည်းတူ ကလေးငယ်ရဲ့ အစာအိမ်အူလမ်းကြောင်းအတွင်းက ငယ်ချီး (ငယ်ချေး) တွေကိုလည်း ဖယ်ရှားပေးတဲ့ ဝမ်းပျော့ဆေး တစ်မျိုးရဲ့ တာဝန်တွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ နို့ဦးရည်က ကလေးရဲ့ ဝမ်းသွားမှုနဲ့ ပတ်သက်လို့လည်း အကူအညီတွေ ပေးပြန်ပါတယ်။ဝမ်းသွားတာမှန်လေ ကလေးအတွက် ကောင်းလေလေ ပါပဲ။ ၂။ မိခင်နို့…

  • အသက် (၅) နှစ်အောက်ကလေးအာဟာရအွန်လိုင်းမှစစ်ဆေးခြင်း အဖြေရလဒ်များ (မေ ၂၀၂၄)

    အားလုံးမင်္ဂလာပါ… ဒို့မိသားစုလေးရဲ့ ပထမဆုံးအကြိမ် အွန်လိုင်းကနေ ကလေးတို့ရဲ့ အာဟာရအခြေအနေကို စစ်ဆေးတဲ့ အစီအစဥ်လေးမှာ ပါဝင်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်… စစ်ဆေးချက်ရလဒ်အဖြေလေးတွေကို အောက်က ဇယားလေးမှာ ကြည့်ရှုပြီး ကိုယ့်ကလေးရဲ့ အခြေအနေကို သိရှိနိုင်ပါပြီ… ကိုယ့်ကလေးရဲ့ အချက်အလက်ကို ရှာမတွေ့ရင် ဇယားအောက်ခြေက “next” ကိုနှိပ်ပြီး ဆက်ပြီးရှာကြည့်နိုင်ပါတယ်… ဒီအစီအစဥ်နဲ့ပါတ်သက်လို့ Disclaimer/ ကြိုတင်အသိပေးချက်လေးကို အောက်ပါအတိုင်း ထပ်မံအသိပေးပါရစေ… “ကလေး၏ အာဟာရအခြေအနေကို ဆန်းစစ်ရာတွင် ကိုယ်အလေးချိန်နှင့် အရပ်အတိုင်းအတာ တိကျမှန်ကန်မှုပေါ်တွင် များစွာမူတည်ပါသည်။ အတိုင်းအတာမှန်ကန်မှုသည် တိုင်းတာရာတွင် အသုံးပြုသည့် ပစ္စည်းအရည်အသွေး၊ တိုင်းတာသည့် နည်းလမ်း စနစ်ကျမှု၊ တိုင်းတာသူ၏ ကျွမ်းကျင်မှု စသည်တို့ပေါ်တွင်များစွာမူတည်ပါသည်။ သို့ဖြစ်ပါ၍ ဤ အစီအစဥ်မှ ထွက်ပေါ်လာသော အာဟာရအခြေအေနရလဒ်များသည် ရာနှုန်းပြည့် တိကျမှန်ကန်မှု ရှိနိုင်မည်မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။…

  • ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ

    🤰 ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလေးချိန်တက်တာ (Pregnancy Weight Gain) က မိခင်နဲ့ သားအတွက် ကျန်းမာရေးအတွက် အရေးကြီးပါတယ်။တက်သင့်တဲ့အလေးချိန်က မိခင်ရဲ့ ကိုယ်ဝန်မဆောင်မီ အလေးချိန်/ BMI အပေါ် မူတည်ပါတယ်။ မိမိရဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်အလေးချိန် ဘယ်လောက်အထိ တက်သင့်သလဲဆိုတာကို တွက်ချက်နိုင်ဖို့အတွက်ဆိုရင် ကိုယ်ဝန်မရှိမီကာလက ကိုယ်အလေးချိန်နဲ့ မိမိရဲ့ အရပ်ကို အသုံးပြုပြီး BMI ကိုတွက်ချက်ရပါမယ်။​  BMI (Body Mass Index – ခန္ဓာကိုယ်အရွယ်အစားအညွှန်းကိန်း) ဆိုတာက လူကြီးတွေအတွက် ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို တွက်ချက်ပြီး ကျန်းမာရေးအခြေအနေကို ခန့်မှန်းဖော်ထုတ်တဲ့ နည်းလမ်းတစ်ခုပါ။ 🔢 ဘယ်လိုတွက်လဲ။BMI = အလေးချိန် (ကီလိုဂရမ်) ➗ (အရပ်အမြင့် မီတာဖြင့်)²ဥပမာ – 70 kg ကို 1.65…

Leave a Reply

Your email address will not be published. Required fields are marked *