|

မိခင်နို့တိုက်ကျွေးတာကို အကာအကွယ်ပေးထားတဲ့ ဥပဒေ

အားလုံးပဲ မင်္ဂလာပါ… အရင်ရက်တွေက နို့မှုန့်၊ နို့ဘူးတိုက်ကျွေးခြင်းရဲ့ အန္တရာယ်တွေကို မျှဝေခဲ့လို့ တစ်ချို့မေမေတွေက ဒီ Page ရဲ့ Admin တွေက နို့မှုန့်ကုမ္ပဏီတွေနဲ့ ရန်ဖြစ်ထားလို့လားဆိုပြီး မှတ်ချက်လေးတွေ ပေးခဲ့ကြတာရှိပါတယ်… Page ရဲ့ Admin တွေက ဘယ်နို့မှုန့်ကုမ္ပဏီတွေနဲ့မှ ရန်ဖြစ်မထားသလို ဘယ်နို့မှုန့်ကုမ္ပဏီရဲ့ sponsor ကိုမှာ ယူလေ့မရှိပါဘူး… ဒါဟာ အာဟာရပညာရှင်တွေ၊ ကျန်းမာရေးပညာရှင်တွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို လိုက်နာနေတာဖြစ်သလို၊ မိခင်နို့တိုက်ကျွေးရေးကို ကာကွယ်နေတာပဲဖြစ်တယ်… ဒါဟာ Healthy and Happy Families အဖွဲ့ရဲ့ မူဝါဒ policy လည်းဖြစ်ပါတယ်…

မိခင်နို့တိုက်ကျွေးခြင်းကို ကာကွယ်ရာမှာ the International Code of Marketing of Breastmilk Substitutes လို့‌ခေါ်တဲ့ နိုင်ငံတကာ မိခင်နို့အစားထိုးပစ္စည်းများ စျေးကွက်တင်ခြင်းဆိုင်ရာ စျေးကွက်တင်ခြင်းဆိုက်ရာကိုဗဥပဒေ ဟာ သိပ်ကိုအရေးပါပါတယ်…

၁။ နို့မှုန့်ရောင်းချတဲ့နို့မှုန့်ကုမ္ပဏီတွေဟာ ဦးတည်ချက်လွဲမှားစေနိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ မိဘတွေကို စိတ်ရှုပ်ထွေးစေပြီး မိခင်နို့တိုက်ကျွေးခြင်းကို မကြာခဏဆိုသလို အားနည်းစေပါတယ်။

၂။ ကျန်းမာရေးပညာရှင်တွေအတွက် သင်တန်းတွေအတွက် နို့မှုန့်ကုမ္ပဏီတွေက ငွေကြေးထောက်ပံ့ပေးတဲ့အခါမှာ မိဘတွေဟာ ကျန်းမာရေးပညာရှင်တွေဆီက ဘက်လိုက်တဲ့ အကြံဉာဏ်တွေကိုသာ ရရှိစေတတ်ပါတယ်။

၃။ နို့မှုန့်ကုမ္ပဏီတွေက မိခင်တွေနဲ့ဆက်သွယ်ပြီး ယုံကြည့်မှုကိုရရယူတတ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိခင်တွေရဲ့ သူတို့သားသမီးလေးတွေအတွက် ဘာကိုတိုက်ကျွေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်းလဲစေပါတယ်။

၄။ ဆေးရုံ‌ဆေးခန်းတွေ၊ ဆရာဝန်တွေရဲ့ဆေးခန်းတွေကနေတဆင့် နို့မှုန့်နမူနာတွေကို အခမဲ့ဖြန့်ဝေတာ၊ အရောင်းမြှင့်တင်ရေး ကြော်ညာတာတွေလုပ်ဆောင်တာက မိခင်နို့တိုက်ကျွေးခြင်းကို အားနည်းချိနဲ့စေပါတယ်။

၅။ နိုင်ငံတွေရဲ့ အစိုးရတွေအနေနဲ့ နို့မှုနု့်ကုမ္ပဏီတွေအနေနဲ့ မိဘတွေကို ဦးတည်ပြီး ဦးတည်ချက်လွဲမှားစေနိုင်တဲ့ အတင်းကာရော အရောင်းမြှင့်တင်မှုတွေ မလုပ်နိုင်အောင် အကာအကွယ်ပေးနိုင်မယ့် ဥပဒေတွေ ပြဌာန်းအကောင်အထည်ဖော်ဖို့လိုအပ်တယ်။ (မှတ်ချက်။ မြန်မာနိုင်ငံမှာ ဥပဒေရှိထားပြီးဖြစ်သော်လည်း အကောင်အထည်ဖော်မှုကတော့ အလွန်ပင် အားနည်းနေဆဲဖြစ်ပါတယ်။)

ဒီအချက်အလက်တွေရဲ့ အရင်းအမြစ်က World Health Organization (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) နဲ့ UNICEF (ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့) တို့ဖြစ်ပြီး ဒီလိုမျှဝေရတာဟာ မြန်မာနိုင်ငံမှာလည်း နို့မှုန့်ကုမ္ပဏီတွေက နိုင်ငံတကာဥပဒေကို ဆန့်ကျင်ပြီး အရောင်းမြှင့်တင်ရေးလုပ်ငန်းတွေကို အားတက်သရောလုပ်ဆောင်နေတာကို ဆက်လက်တွေ့ရှိနေရလိုပဲဖြစ်ပါတယ်…

the International Code of Marketing of Breastmilk Substitutes အကြောင်းကို အလျဥ်းသင့်သလို ဖော်ပြပေးသွားပါမယ်…

ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတွေနဲ့ လူထုတစ်ရပ်လုံးကို သတင်းစကားပါးချင်တာက မိခင်နို့သည်သာ သားသား မီးမီးတို့အတွက် အကောင်းဆုံးရွေးချယ်မှုပါ…

မိခင်နို့တိုက်ကျွေးရေးကို မြှင်တင်ဖို့ (Promote)၊ အကာအကွယ်ပေးဖို့ (Protect) လုပ်ဖို့နဲ့ မိခင်နို့တိုက်ကျွေးရေးနဲ့ပါတ်သက်လို့ မေမေတွေ မိသားစုတွေလိုအပ်တဲ့အကူအညီကို ပေးနိုင်ဖို့ (Support) Healthy and Happy Families အဖွဲ့သားများက တစိုက်မတ်မတ်ကြိုးပန်းလျှက်ရှိပါတယ်…

ဥပဒေအပြည့်အစုံကိုလည်း လေ့လာလို့ရအောင် တင်ပြပေးထားပါတယ်…

[embeddoc url=”https://dohmeetharsulay.com/wp-content/uploads/2023/05/Code-of-Marketing-of-BMS_Myanmar-version.pdf”]

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • မေမေတို့ရင်သားတွေက မိခင်နို့လုံလောက်အောင်ထုတ်ပေးနိုင်လား

    အမျိုးသမီးအများစုကတော့ မိခင်နို့ လုံလုံလောက်လောက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ဝန် စတုတ္ထမြောက်လလောက်မှာ နို့ဦးရေ(colostrum) ကို စထုတ်ပေးတာပါ။မိသားစုဝင်တွေ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ သူတွေက “မေမေတို့မှာ နို့မရှိဘူး”လို့ပြောလာခဲ့ရင် ဒါက မမှန်နေပါဘူး။ ရင်သွေးလေးတွေကပထမသုံးရက်အတွင်း နို့ဦးရေ (colostrum) သာလိုအပ်တာပါ။ နောက်ပိုင်းထွက်တဲ့ မိခင်နို့ (မြင်နေကျ နို့ရည်အဖြူ) ထုတ်ပေးဖို့ ၃ ရက်လောက်ကြာပါတယ်။ ကလေးငယ်လေးတွေရဲ့အစာအိမ်အရွယ်အစားနဲ့ မိခင်နို့လိုအပ်တဲ့ ပမာဏကို လေ့လာနိုင်ဖို့ ဒီပို့စ်လေးကိုဖတ်ကြည့်ပါ။ https://www.facebook.com/…/a.98319388…/1515910438744076/ ရင်သွေးငယ်လေးတွေကို မိခင်နို့တိုက်တဲ့အခါမှာ နို့တိုက်တဲ့ပုံစံမှကလည်း မှန်မယ်၊ မေမေတို့နဲ့ ရင်သွေးလေးတို့ရဲ့ထိတွေ့ထားတဲ့ ပုံစံကလည်း မှန်တယ်ဆိုရင် ရင်သွေးလေးတွေက နို့ကို ကောင်းကောင်းစုပ်ယူနိုင်သလို သူတို့ကို ကောင်းကောင်း နို့တိုက်ပြီးသားလည်း ဖြစ်စေမှာပါ။ မကြာမကြာ မိခင်နို့တိုက်ပေးတာကလည်း မေမေတွေအတွက်နို့ပိုထွက်စေမှာပါ။ နို့ငုံကောင်းစေမယ့် နည်းလမ်းလေးတွေကို ဒီဗွီဒီယိုလေးမှာလေ့လာပေးပါ။ https://fb.watch/6ppdAMTmst/ ကိုယ်နဲ့ ကလေးအတွက် အဆင်ပြေနိုင်မယ့်…

  • မွေးကင်းစကလေးတွေ နို့ဆာတဲ့ လက္ခာဏာများ

    မေမေတို့ရေ ဘေဘီလေးတွေကို မိခင်နို့တိုက်တဲ့အခါ သူတို့ဆာလာမဆာလားပေါ်မူတည်ပြီး တိုက်ကျွေးတာက အရမ်းအရေးကြီးပါတယ်… အဆာလွန်မှာ နို့တိုက်ရင် မေမေရော ဘေဘီလေးတွေအတွက်ပါ စိတ်ညစ်ရ ပင်ပန်းရပါတယ်… ဘေဘီလေးတွေ ဗိုက်ဆာတဲ့အခါ လက္ခာဏာတွေကို အဆင့် (၃) ဆင့်နဲ့ ပြသလေ့ရှိပါတယ်။ အဆင့် (၁) မှာတော့ ဗိုက်ဆာပြီ၊ နို့ဆာပြီဆိုတာကို စပြီး ပြတဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာလေးတွေကို မြင်တာနဲ့ ချိုချို စတိုက်င်မယ်ဆိုရင် အကောင်းဆုံးပါ။ အဆင့် (၂) လက်က္ခဏာတွေ မြင်ရပြီဆိုရင်တော့ သူ တော်တော်လေး ချိုချိုဆာနေပါပြီ။ မြန်မြန်လေး ချိုချိုတိုက်ပေးဖို့လိုပါပြီ။ ဒီထက် ထပ်မနောက်ကျသင့်ပါဘူး။ အဆင် (၃) ဆိုရင်တော့ ဘေဘီလေးတွေ အရမ်းဆာလွန်းလို့ စိတ်ဆိုးသွားပါပြီ။ ဒီအချိန်မှ ချိုချိုတိုက်မယ်ဆိုရင် ကလေးက မစို့တော့ပဲ ငြင်းဆန်တာမျိုး ကြုံရနိုင်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့…

  • COVID-19 နှင့် မိခင်နို့တိုက်ကျွေးခြင်း

    အောက်ပါအမေးအဖြေများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အာဟာရပညာရှင်များမှ ပြုစု ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားနေစဉ်ကာလအတွင်း မိခင်နို့တိုက်ကျွေး ခြင်းဆိုင်ရာ အမေးအဖြေကဏ္ဍကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ (National Nutrition Centre/NNC) မှ ဘာသာပြန်၍ တင်ပြထားခြင်းအား ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါသည်။​ မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဟာ မေမေတို့ရဲ့ နို့ရည်ကတစ်ဆင့် သားသားမီးမီးတို့ကို ကူးစက်နိုင်ပါသလား? ဖြေ။ အခုအချိန်ထိတော့ မေမေတို့ရဲ့ နို့ရည်ထဲကတစ်ဆင့် (ဒါမှမဟုတ်မေမေ့နို့တိုက်လို့ သားသားမီးမီးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားများ မတွေ့ရှိသေးပါဘူး။ ဒါကြောင့် … ရင်သွေးငယ်များအတွက် အကောင်းဆုံးအာဟာရလည်းဖြစ် ၊ ရောဂါကာကွယ်တဲ့ဓာတ်တွေလည်းပါဝင်တဲ့ မိခင်နို့ ချိုကို အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်းမှာ သားသားမီးမီးတို့ကို ဆက်တိုက်ဖြစ်အောင် တိုက်ရမှာဖြစ်ပါတယ်။ မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဖြစ်များနေတဲ့ မြို့နယ်၊ ရပ်ကွက်အတွင်းမှာ…

  • မိခင်နို့နှင့် ကလေးဦးနှောက်ဖွံ့ဖြိုးမှု

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရမိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ် တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

Leave a Reply

Your email address will not be published. Required fields are marked *