ကလေးကကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ

ကလေးတစ်ယောက်နဲ့တစ်ယောက်က ပုံစံမတူပဲ ကြီးထွားဖွံ့ဖြိုးလာတတ်ကြပါတယ်။

မွေးစအလေးချိန်၊စောမွေးတာ၊ သတ်မှတ်ရက်အတိုင်း နေ့စေ့လစေ့မွေးတာ၊ ကျန်းမာရေးပြသနာတွေနဲ့၊ မျိုးရိုးဗီဇ စတဲ့အချက်တွေပေါ် မူတည်ပြီးတော့ ကလေးတွေက ပုံစံအမျိုးမျိုးနဲ့ ကြီးထွားကြတယ်။ ကလေးရဲ့ ကြီးထွားမှုအခြေအနေကို ကြီးထားဖွံ့ဖြိုးမှုဇယား (Weight Chart) ကို အသုံးပြုပြီးလေ့လာကြည့်မှသာ သိနိုင်ပါမယ်။ မေမေတွေက ကိုယ့်ကလေး အလေးချိန်ကို တခြားကလေး တွေနဲ့ နှိုင်းယှဉ်ကြည့်လေ့ရှိပြီး၊ မလိုအပ်ဘဲ စိတ်ပူနေတတ်ကြပါတယ်။

မေမေတို့ရဲ့ ရင်သွေးလေးက ‌‌မွေးပြီး ပထမရက် အနည်းငယ်အတွင်းမွေးစကိုယ်အလေးချိန်ရဲ့ (၇% အထိ) ကိုယ်အလေးချိန်ကျနိုင်ပေမယ့်လည်း ၁၀ ရက်မှ ၁၄ ရက်လောက်မှာတော့ကိုယ်အလေးချိန် ပြန်တက်သင့်ပါတယ်။ရင်သွေးလေးက ပထမလအတွင်း ၁ ပေါင် မှ မတက်ရင်တော့ ဆေးခန်းပြသဖို့ လိုပါမယ်။

အကြမ်းဖျင်းအားဖြင့် ‌ပြောရရင် ကလေးမွေးစကနေ (၃) လ လောက်အထိမှာ တစ်နေ့ကို ၂၅ – ၃၅ ဂရမ်လောက် တိုးသင့်ပြီး လစဥ်အနေနဲ့ဆိုရင် ၁.၅ – ၂.၅ပေါင်လောက် တိုးသင့်ပါတယ်။

ကလေးအသက် (၄) လကနေ (၆) လ ကြားမှာတော့ တစ်နေ့ကို ၁၅ – ၃၅ ဂရမ်လောက် တိုးသင့်ပြီး လစဥ်အနေနဲ့ တစ်လမှာ ၁ – ၁.၄ ပေါင်လောက် တိုးသင့်ပါတယ်။

အသက် (၆) လနဲ့ (၁၂) လကြားမှာတော့ တစ်နေ့ကို ၁၀ – ၁၃ ဂရမ်လောက် တိုးလေ့ရှိပြီး လစဥ်အနေနဲ့ ၀.၇ – ၀.၉ ပေါင်လောက် တိုးသင့်ပါတယ်။

(တစ်ပေါင်မှာ ၄၅၃.၅၉ ဂရမ်ရှိပါတယ်။ တစ် ကီလိုဂရမ်မှာ ၁၀၀၀ ဂရမ်ရှိပါတယ်။ တစ် ကီလိုဂရမ်မှာ ၂.၂ ပေါင်ရှိပါတယ်)

ကလေးတွေရဲ့ကိုယ်အလေးချိန်ကို‌ ‌ဆေးခန်းပြတိုင်းချိန်ကြည့်သင့်ပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့Groupလေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho 

Similar Posts

  • | | |

    မိမိစိတ်ကြိုက်အချိန်၌ စိတ်အေးချမ်းသာစွာ လေ့လာနိုင်မည့် သင်တန်းစနစ်သစ် (Self-paced Learning) အကြောင်း သိကောင်းစရာ

    ✨ မိမိစိတ်ကြိုက်အချိန်၌ စိတ်အေးချမ်းသာစွာ လေ့လာနိုင်မည့် သင်တန်းစနစ်သစ် (Self-paced Learning) အကြောင်း သိကောင်းစရာ ✨ မင်္ဂလာပါ မေမေတို့ရေ… အိမ်မှုကိစ္စတစ်ဖက်၊ ရင်သွေးလေးအရေးတစ်ဖက်နဲ့ အမြဲအလုပ်ရှုပ်နေရတဲ့ မေမေတို့အတွက် သင်တန်းတက်ရတာ ပိုမိုလွယ်ကူ အဆင်ပြေသွားစေဖို့ ကျွန်မတို့ရဲ့ Website မှာ Self-paced Learning (မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်သောစနစ်) ကို အဆင့်မြှင့်တင် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။ 🌟 Self-paced Learning ဆိုတာ ဘာလဲ? အရင်လို သတ်မှတ်ထားတဲ့အချိန်မှာ Zoom ထဲဝင်စရာမလိုဘဲ မိမိအားလပ်တဲ့အချိန် (ဥပမာ – ရင်သွေးလေး အိပ်ပျော်နေချိန်၊ ညဘက်အေးအေးဆေးဆေးရှိချိန်) မျိုးမှာ Website ထဲဝင်ပြီး သင်ခန်းစာဗီဒီယိုတွေကို တစ်ခုချင်းစီ စိတ်ကြိုက်ကြည့်ရှုလေ့လာနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ 🛠️ ပြောင်းလဲသွားတဲ့ အချက်အလက်သစ်များ…

  • G6PDဆိုင်ရာအကြံပြုချက်များ

    ခုတစ်လော အမေးများတဲ့ G6PD ကလေးတွေကို ဖြည့်စွက်စာကျွေးရာမှာ ဘာတွေလိုက်နာသင့်လဲဆိုတဲ့ မေးခွန်းနဲ့ဆက်စပ်လို့ ဒီပိုစ်လေးကိုတင်ပေးလိုက်ပါတယ်။ G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။…

  • Self-paced Online သင်တန်း တက်နည်း

    ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ Self-paced Online သင်တန်းလေးတွေကို အခက်အခဲမရှိပဲ တက်ရောက်နိုင်ဖို့ ဒီပို့စ်လေးက လမ်းညွန်ချက်လေးတွေကို အတိအကျလိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ သင်တန်းဖို့ဆိုရင် အောက်ပါအဆင့်လေးတွေကို လုပ်ဖို့လိုပါတယ်။ အဆင့် (၁) ဒို့မိသားစုလေး Website တွင် အကောင့်ဖွင့်ခြင်းနှင့် Log-in ဝင်ခြင်း အဆင့် (၂) Log-in ဝင်ပြီးနောက် မိမိတက်ရောက်လိုသော သင်တန်းကို စာရင်းပေးသွင်းခြင်း အဆင့် (၃) သင်တန်းကြေးပေးသွင်းခြင်း အဆင့် (၄) သင်ခန်းစာများကို စတင်လေ့လာသင်ယူခြင်း အခက်အခဲ တစ်ခုခုကြုံရတယ်ဆိုရင် ဒို့မိသားစုလေးရဲ့ Admin Team ကို ဆက်သွယ်ပေးပါ။ ပျော်ရွှင်ဖွယ်ရာ သင်ယူမှုလေးဖြစ်ပါစေ။​

  • |

    နို့တိုက်မိခင်အနေနဲ့ အချို့အစားအစာတွေက ကလေးကို အနေခက်စေသလား

    ကလေးတစ်‌ယောက်နဲ့တစ်ယောက်ဟာ မတူကြပါဘူး။ မေမေတို့စားတဲ့အစားအစာပေါ်မှာ ခံနိုင်ရည်ရှိမှုလည်း မတူကြပါဘူး။ တချို့ကလေးတွေမှာ အစားအစာနဲ့ ဆေးတွေက သူတို့ကို အနေခက်စေ၊ ကသိကအောက် ဖြစ်စေနိုင်ပါတယ်။သက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ ခံနိုင်ရည်ရှိမှု တိုးတက်လာကြတယ်။ မေမေတို့အပူအစပ်တွေ အချဥ်တွေ စားလို့ ကလေးက အနေခက်တယ်ဆိုတာ မမှန်ပါဘူး။ ‌ရှေးရိုးစွဲအယူအဆသာဖြစ်ပါတယ်။ ကဖင်းဓာတ် တစ်ခွက်နှစ်ခွက်သောက်တာ နို့တိုက်မိခင်တွေအတွက် အဆင်ပြေပါတယ်။ နှစ်ခွက် ထက်ပိုရင်အရမ်းများသွားရင် ကလေးမအိပ်နိုင်ပဲ နေရထိုင်ရခက်တာကို ဖြစ်စေပါနိုင်တယ်။ကဖင်းဓာတ်ပါတဲ့အစားအစာတွေက ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်ပါတဲ့အချိုရည်တွေ၊ဆိုဒါ၊ အားဖြည့်အချိုရည်တွေပဲ ဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • ကလေးသွားပေါက်လာရင်မိခင်နို့တိုက်တာရပ်ဖို့လိုမလား

    သွားပေါက်လာလို့တော့ နို့ဖြတ်ဖို့မလိုပါဘူး။ ကလေးအကြီးတွေကတော့ ကျီစယ်ကစားလိုတဲ့ အတွက် ကိုက်ကြတာပါ။ကလေးဆိုးတာ မဟုတ်ပါဘူး။ အဲဒီလို အကိုက်ခံရရင် ကလေးငယ်ကို မေမေတို့နို့ကနေ ဖယ်လိုက်ပြီးတော့ ဒီလိုလုပ်တာဟာ မကောင်းဘူးဆိုတာပြောပြပါ။ မေမေတွေက နို့ကိုကိုက်တာကို မကြိုက်ဘူးဆိုတာကို လေးလေးနက်နက် ပြောနေတယ်ဆိုရင် သူတို့နားလည်လာပါလိမ့်မယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Leave a Reply

Your email address will not be published. Required fields are marked *