မွေးကင်းစကလေးတွေ နို့ဆာတဲ့ လက္ခာဏာများ

မေမေတို့ရေ ဘေဘီလေးတွေကို မိခင်နို့တိုက်တဲ့အခါ သူတို့ဆာလာမဆာလားပေါ်မူတည်ပြီး တိုက်ကျွေးတာက အရမ်းအရေးကြီးပါတယ်… အဆာလွန်မှာ နို့တိုက်ရင် မေမေရော ဘေဘီလေးတွေအတွက်ပါ စိတ်ညစ်ရ ပင်ပန်းရပါတယ်…

ဘေဘီလေးတွေ ဗိုက်ဆာတဲ့အခါ လက္ခာဏာတွေကို အဆင့် (၃) ဆင့်နဲ့ ပြသလေ့ရှိပါတယ်။

အဆင့် (၁) မှာတော့ ဗိုက်ဆာပြီ၊ နို့ဆာပြီဆိုတာကို စပြီး ပြတဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာလေးတွေကို မြင်တာနဲ့ ချိုချို စတိုက်င်မယ်ဆိုရင် အကောင်းဆုံးပါ။

အဆင့် (၂) လက်က္ခဏာတွေ မြင်ရပြီဆိုရင်တော့ သူ တော်တော်လေး ချိုချိုဆာနေပါပြီ။ မြန်မြန်လေး ချိုချိုတိုက်ပေးဖို့လိုပါပြီ။ ဒီထက် ထပ်မနောက်ကျသင့်ပါဘူး။

အဆင် (၃) ဆိုရင်တော့ ဘေဘီလေးတွေ အရမ်းဆာလွန်းလို့ စိတ်ဆိုးသွားပါပြီ။ ဒီအချိန်မှ ချိုချိုတိုက်မယ်ဆိုရင် ကလေးက မစို့တော့ပဲ ငြင်းဆန်တာမျိုး ကြုံရနိုင်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့ ကလေးကို စိတ်ဆိုးပြေအောင် အရင်ချော့ပြီးမှ ချိုချိုတိုက်သင့်ပါတယ်။ ကလေးငြင်းနေရင် အရမ်းငိုနေစဥ်မှာ အတင်းမတိုက်သင့်ပါဘူး။

ကဲ မေမေတို့ရေ ဘေဘီလေးတွေရဲ့ အရိပ်အခြေကို ကြည့်ပြီး ချိုချိုတိုက်နိုင်ပါစေနော်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့မမေ့ပါနဲ့နော်။
မေမေ့ချိုချိုGroup ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • အသက် ၆လထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း

    ဖေဖေ မေမေတို့ရေ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဆိုတာ ကလေးက မိခင်နို့တစ်မျိုးတည်း ရရှိသောက်သုံးတာကို ဆိုလိုပါတယ်။ တခြား အရည်တွေ တခြားအစားအစာတွေ မပါပါဘူး။ ရေတောင် မပါရပါဘူး။ ဒါပေမယ့် လိုအပ်လို့ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားထားတဲ့အခါ ဓာတ်ဆားရည်၊ အားဆေးနဲ့ တခြားဆေးရည်တွေတော့တိုက်လို့ရပါတယ်။ မိခင်နို့ဟာ ကလေးတွေအတွက် ပထမဆုံး (၆) လ အတွင်းမှာ လိုအပ်တဲ့ ရေနဲ့အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မိခင်နို့မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအထက် ပါဝင်ပါတယ်။ မိခင်နို့တစ်ကြိမ်တိုက်ကျွေးတိုင်း အစောပိုင်း ထွက်လာတဲ့ နို့ရည်မှာ ရေဓာတ်များစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေ ရေဆာမှာပဲလို့ မေမေတို့ထင်ရင် ကလေးကိုနို့သာတိုက်လိုက်ပါနော်။ ကလေးတွေ ရေဆာပြေတဲ့အပြင် ရောဂါကာကွယ်နိုင်စွမ်း လည်းတိုးလာမယ်။ ကလေးကြီးထွားဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဟာ ပထမ (၆) လ မှာ ‌ရေသောက်ဖို့မလိုအပ်ပါဘူး။…

  • |

    Mixed Feeding ကနေ Exclusive Breastfeeding ကို ဘယ်လိုပြောင်းနိုင်မလဲ

    တကယ်လို့ မေမေတွေက မိခင်နို့နဲ့ အခြားအရာတွေ ရောတိုက်နေရာကနေ မိခင်နို့ချည်းသက်သက် ပြောင်းတိုက်ဖို့ စဉ်းစားနေပြီဆိုရင် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့တောင် ပြောလို့ရပါတယ်။ဒီလိုပြောင်လိုက်ခြင်းကြောင့် ရင်သွေးလေးတွေရဲ့ ကျန်းမာရေးနဲ့ သူ့ရဲ့ ဖွံ့ဖြိုးကြီးထွားမှု/ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။ ကလေးက အဖျားအနာကင်းလာတော့ မိသားစုအနေနဲ့ ကျန်းမာရေးကုန်ကျစရိတ်အစား အစားအစာနဲ့ အခြားအသုံးစရိတ်တွေအတွက် ငွေပိုသုံးလို့ ရလာပါတယ်။ မိခင်နို့တိုက်တဲ့အကျိုးကျေးဇူးတွေက ဘယ်လောက်တိုက်လဲဆိုတဲ့အတိုင်းအဆ ပမာဏပေါ် မူတည်နေပါတယ်။ ကလေးငယ်ကို့ မိခင်နို့ပိုတိုက်လေလေ ကလေးအတွက် ပိုအကျိုးရှိလေလေပါဘဲ ဖြစ်ပါတယ်။ ကဲအခုမေမေတို့ ဘာလုပ်ကြမလဲ ၁။မိခင်နို့နဲ့ နို့မှုန့်ရောနှောတိုက်ကျွေးတာ (Mixed Feeding) ကနေ မိခင်နို့ချည်းသက်သက်တိုက်ကျွေးတဲ့အဆင့်ကို ဖြေးဖြေးချင်းပြောင်းပါ။ ဒါမှသာ နို့ထွက်များလာပြီး နို့မှုန့်တိုက်ရတာလျော့လာမှာပါ။ ၂။မိခင်နို့ကိုအရင်တိုက်ပါ။ပြီးမှ နှို့မှုန့်တိုက်ပါ။ ၃။မိခင်နို့ကို နေ့ရောညပါတိုက်ပါ။ ၄။တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၃ နာရီထက်ပိုပြီးမကြာပါစေနဲ့။ မကြာခဏ…

  • |

    မိခင်နို့တိုက်ခြင်းနှင့်သားဆက်ခြားခြင်းအကြောင်း

    အမျိုးသမီးတိုင်းဟာမိခင်နို့တိုက်ကျွေးခြင်းနဲ့သားဆက်ခြားခြင်းနည်းလမ်းများကိုတတ်ကျွမ်းနားလည်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အသုံးအများဆုံးနည်းလမ်းတွေကို စုစည်းပြီး အောက်မှာဖော်ပြပေးလိုက်ပါတယ်။​ အမျိုးသမီးတွေဟာ သားဆက်ခြားနည်းလမ်းများနဲ့ သားဆက်ခြားနည်းလမ်းတစ်ခုစီရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိနားလည်ထားမှုသည်လည်း အရေးကြီးပါတယ်။  ၁။ မိခင်နို့တိုက်ကျွေးခြင်းဖြင့်သားဆက်ခြားနည်း (LAM) အောက်ပါအချက်တွေအားလုံးနဲ့ကိုက်ညီမှသာ ဒီနည်းလမ်းက အလုပ်ဖြစ်ပါမလိမ့်မယ်။  အထက်ပါအချက်များမရှိပါက ကိုယ်ဝန်ရနိုင်ခြေရှိပါသည်။  ဒီနည်းလမ်းနဲ့သားဆက်ခြားရင် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂)​ ရာခိုင်နှုန်းအောက်ရှိပါတယ်။​ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၂။ အမျိုးသားပြီးမြောက်ချိန်တွင် သုတ်ရည်ကို မိန်းမကိုယ်ပြင်ပတွင် စွန့်ထုတ်ခြင်း (Withdrawal Method) ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂၂) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၃။ အတားအဆီးနည်းလမ်းများ (Barrier Methods) (က) အမျိုးသမီးသုံးကွန်ဒုံး  ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၁၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ခ) သုတ်ကောင်သေစေသောဆေး ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂၁) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ဂ) ကွန်ဒုံး ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၁၃.၁) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ဃ) သားအိမ်ခေါင်းအစွပ် (Sponge) ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေက ကလေးမမွေးဖူးသောအမျိုးသမီးများတွင် (၁၄) ရာခိုင်နှုန်း ကလေးမွေးဖူးသောအမျိုးသမီးများတွင် (၂၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၄။ သန္ဓေတားဆေး (ဆေးလုံး)…

  • နို့ပိုထွက်အောင် ရင်သားတွေကို ဘယ်လိုနှိပ်နယ်ရမလဲ​

    နို့ပိုထွက်အောင်နဲ့ နို့ရည်စီးဆင်းမှုကောင်းအောင် ရင်သားတွေကို နှိပ်ပေးရမယ့်နည်းလမ်းလေးကို မင်မင် မေမေဆရာမတစ်ယောက်က ပြပေးထားပါတယ်။ လိုက်လုပ်ပြီး လေ့ကျင့်ကြည့်ပါနော်။

  • စိတ်ဖိစီးမှုများရင်နို့ထွက်နည်းနိုင်သလား

    စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက မေမေတို့ရဲ့ နို့ရည်တွေကို ခန်းခြောက်သွားစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် နို့ထွက်နှုန်းကိုတော့ နှောင့်နှေးစေပြီးတော့ ရင်သွေးလေးတွေ နို့စို့ရတာကျေနပ်မှုမရနိုင်လို့ စောဒကတက်နိုင်ကြပါတယ်။ Oxytocin ဟော်မုန်းက မေမေတို့ရဲ့ နို့ရည်ဆဲလ်တွေနို့ကိုညှစ်ထုတ်စေဖို့ ကူညီပေးပါတယ်။ ရင်သွေးငယ်လေး နို့စို့ချိန်မှာဆိုရင် Oxytocinပမာဏကသွေးထဲမှာ တိုးပွားလာတာတွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုရှိတဲ့ အခြေအနေ (နာတာကျင်တာ၊စိတ်ပူတာ၊ စိုးရိမ်ပူပန်ရတာ၊ ပင်ပန်းတာ စတဲ့ အခြေအနေ) တွေမှာ oxytocin ပမာဏက တက်မလာတတ်ပါဘူး။မေမေတွေက ဘာကို သတိပြုမိလည်းဆိုရင်မေမေတို့နို့ကထွက်နေပေမယ့်လည်း ပမာဏကတော့နည်းနေတယ်ဆိုတာပါဘဲ။ ဒါပေမယ့် ဒီအတွက် အရမ်းမစိုးရိမ်သွားပါနဲ့။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။စိတ်ဖိစီးမှုက မေမေတို့ နို့ထွက်နည်းစေတယ်ဆိုတာကို အသိအမှတ်ပြုထားရပါမယ်။ ၂။ရင်သားကိုနှိပ်နယ်ပေးရပါမယ်။ လက်နဲ့ညှစ်ထုတ်ပေးရပါမယ်။ ၃။မကြာခဏနို့တိုက်နိုင်ဖို့ စီစဉ်ရပါမယ်။ ၄။တကယ်လို့ အိပ်ရေးမဝရင် ကလေးအိပ်နေတဲ့အချိန်လေးတွေမှာ မှေးစက်ပါ။ ၅။မေမေတို့အစားအသောက်ပမာဏကိုဆန်းစစ်ရပါမယ်။မေမေတို့လုံလုံလောက်လောက် စားရဲ့လား၊ အရည်အမိုးကော လုံလုံလောက်လောက်သောက်ရဲ့လား။ ၆။ကဖိန်းဓာတ်စားသုံးမှုကို ကန့်သတ်ရပါမယ်။ ကဖိန်းဓါတ်ပါတာတွေများများစားမိရင်…

Leave a Reply

Your email address will not be published. Required fields are marked *