|

မိခင်နို့တိုက်ခြင်းနှင့်သားဆက်ခြားခြင်းအကြောင်း

အမျိုးသမီးတိုင်းဟာမိခင်နို့တိုက်ကျွေးခြင်းနဲ့သားဆက်ခြားခြင်းနည်းလမ်းများကိုတတ်ကျွမ်းနားလည်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အသုံးအများဆုံးနည်းလမ်းတွေကို စုစည်းပြီး အောက်မှာဖော်ပြပေးလိုက်ပါတယ်။​ အမျိုးသမီးတွေဟာ သားဆက်ခြားနည်းလမ်းများနဲ့ သားဆက်ခြားနည်းလမ်းတစ်ခုစီရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိနားလည်ထားမှုသည်လည်း အရေးကြီးပါတယ်။ 

၁။ မိခင်နို့တိုက်ကျွေးခြင်းဖြင့်သားဆက်ခြားနည်း (LAM)

အောက်ပါအချက်တွေအားလုံးနဲ့ကိုက်ညီမှသာ ဒီနည်းလမ်းက အလုပ်ဖြစ်ပါမလိမ့်မယ်။ 

  • ရာသီသွေးပြန်မလာခြင်း
  • အားဖြည့်အာဟာရမလိုပဲမိခင်နို့တိုက်ကျွေးနိုင်ခြင်း (နေ့ဘက်တွင်လေးနာရီခြား၊ ညဘက်တွင်ခြောက်နာရီခြားထက်မပိုပဲတိုက်ကျွေးနိုင်ခြင်း)
  • ကလေးအသက်ခြောက်လအောက်ရှိခြင်း

အထက်ပါအချက်များမရှိပါက ကိုယ်ဝန်ရနိုင်ခြေရှိပါသည်။  ဒီနည်းလမ်းနဲ့သားဆက်ခြားရင် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂)​ ရာခိုင်နှုန်းအောက်ရှိပါတယ်။​ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။

၂။ အမျိုးသားပြီးမြောက်ချိန်တွင် သုတ်ရည်ကို မိန်းမကိုယ်ပြင်ပတွင် စွန့်ထုတ်ခြင်း (Withdrawal Method)

ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂၂) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။

၃။ အတားအဆီးနည်းလမ်းများ (Barrier Methods)

(က) အမျိုးသမီးသုံးကွန်ဒုံး 

ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၁၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။

(ခ) သုတ်ကောင်သေစေသောဆေး

ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂၁) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။

(ဂ) ကွန်ဒုံး

ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၁၃.၁) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။

(ဃ) သားအိမ်ခေါင်းအစွပ် (Sponge)

ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေက ကလေးမမွေးဖူးသောအမျိုးသမီးများတွင် (၁၄) ရာခိုင်နှုန်း ကလေးမွေးဖူးသောအမျိုးသမီးများတွင် (၂၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။

၄။ သန္ဓေတားဆေး (ဆေးလုံး)

(က)​ပထမတစ်မျိုးက အီစထရိုဂျင်နှင့်ပရိုဂျက်စတင် ဟော်မုန်းနှစ်မျိုးပေါင်းစပ်ထားသော ဆေးလုံးများဖြစ်ပြီး နေ့စဉ်အချိန်မှန်မှန်သောက်ပေးရပါတယ်။​  ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ်အကျိုးသက်ရောက်မှု – အီစထရိုဂျင်ဟော်မုန်းသည် မိခင်နို့ထွက်လျော့နည်းစေသည့်အပြင် စောစီးစွာမိခင်နို့ထွက်ရပ်သွားစေတာမျိုး ဖြစ်စေပါတယ်။ ထို့ကြောင့် သတိပြု၍ သောက်သုံးသင့်ပါတယ်။ 

(ခ) ဒုတိယတစ်မျိုးကတော့ ပရိုဂျက်စတင်ဟော်မုန်းတစ်မျိုးတည်းပါသော ဆေးလုံးငယ်များဖြစ်ပြီး နေ့စဉ်အချိန်မှန်မှန်သောက်ပေးရပါတယ်။ ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မွေးပြီး ခြောက်ပတ်မှရှစ်ပတ်အတွင်း သောက်သော မိခင်အများစုမှာ မိခင်နို့ထွက်ခြင်းနှင့်ဆိုင်သော ပြဿနာများမတွေ့ရပါ။ 

၅။ မိန်းမကိုယ်ထဲထည့်သောသားဆက်ခြားကွင်း

အီစထရိုဂျင်နှင့်ပရိုဂျက်စတင်ဟော်မုန်းနှစ်မျိုးသည် မိန်းမကိုယ်အတွင်းသုတ်ကောင်များကိုစုပ်ယူနိုင်ပြီး အသုံးပြုပြီးသုံးပတ်အကြာတွင် ရာသီလာနိုင်အောင် တစ်ပတ်ခန့် ဖယ်ရှားပေးရပါမယ်။  ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့ထွက်နှုန်းကို ထိခိုက်နိုင်ချေရှိပါတယ်။ ဒါကြောင့်မို့ မိခင်နို့လှိုင်လှိုင်ထွက်ပြီးမှသာ အသုံးပြုဖို့ အကြံပြုလေ့ရှိပါတယ်။ 

၆။ သန္ဓေတားဆေး (ထိုးဆေး/သုံးလခံထိုးဆေး)

ပရိုဂျက်စတင်ဟော်မုန်းပါဝင်သော သန္ဓေတားဆေးဖြစ်ပြီး အမျိုးသမီးများသည် သုံးလတစ်ခါ တင်ပါး (သို့မဟုတ်) လက်မောင်းတွင် ထိုးရပါတယ်။​ ဒီထိုးဆေးတွေကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၄) ရာခိုင်နှုန်းအထိရှိပါတယ်။ ကလေးမွေးပြီး မီးတွင်းကာလအစောပိုင်းတွင်အသုံးပြုပါက နို့ထွက်ခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှုရှိသဖြင့် မိခင်နို့ကောင်းမွန်စွာထွက်ပြီးချိန်မှ အသုံးပြုရန်အကြံပြုထားပါတယ်။​

၇။ ခန္ဓာကိုယ်အတွင်းပစ္စည်းထည့်နည်း (Hormonal Implants)

(က) လက်မောင်းအတွင်းပစ္စည်းထည့်ခြင်း 

ပါးလွှာသောအတံသေးတစ်ချောင်းကို အမျိုးသမီးများ၏လက်မောင်းအရေပြားအောက် ထိုးသွင်းထည့်ထားခြင်းဖြစ်ပါတယ်။ ထိုအတံတွင် ပရိုဂျက်စတင်ဟော်မုန်းပါဝင်ပြီး သုံးနှစ်အထက်ထိတိုင်အောင် ဟော်မုန်းထုတ်ပေးပါတယ်။​ ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၀.၁) ရာခိုင်နှုန်း ရှိပါတယ်။ ကလေးမွေးပြီးပြီးချင်း အသုံးပြုပါက မိခင်နို့ထွက်ခြင်းအပေါ် အကျိုးသက်ရောက်မှုရှိသဖြင့် နို့ကောင်းကောင်းထွက်ပြီးချိန် (ကလေးမွေးပြီး ခြောက်ပတ်နှင့်အထက်) မှသာ အသုံးပြုရန် အကြံပြုထားပါတယ်။​

(ခ)​သားအိမ်အတွင်းပစ္စည်းထည့်ခြင်း (ParaGard ဟုခေါ်သောကော့ပါးပစ္စည်း)

သားအိမ်အတွင်းထည့်သောပစ္စည်းဖြစ်ပြီး ဟော်မုန်းပါဝင်မှုမရှိပါ။ ထိုပစ္စည်းကို ၁၀ နှစ်အထိတိုင်အောင်ထည့်ထားနိုင်ပါသည်။ ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၀.၈) ရာခိုင်နှုန်း ရှိပါတယ်။ မိခင်နို့တိုက်ခြင်းအပေါ် ဆိုးကျိုးရှိ၊ မရှိ မသိရှိရသေးပါ။ 

(ဂ)​သားအိမ်အတွင်းပစ္စည်းထည့်ခြင်း (Mirena ဟုခေါ်သောဟော်မုန်းပါပစ္စည်း)

ပရိုဂျက်စတင်ဟော်မုန်းပါသော သားအိမ်အတွင်းထည့်သည့် ပစ္စည်းဖြစ်ပြီး ၆ နှစ်ကြာအောင် ထည့်ထားနိုင်ပါတယ်။​ ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၀.၁) မှ (၀.၄) ရာခိုင်နှုန်းကြား ရှိပါတယ်။ မွေးပြီးပြီးချင်းအသုံးပြုပါက မိခင်နို့ထွက်ခြင်းကာလ တိုတောင်းစေပါသည်။ မွေးပြီးခြောက်ပတ်အကြာတွင် အသုံးပြုပါက မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးမရှိပါ။ 

(ဃ)​အရေပြားအောက်ကပ်ပစ္စည်း

အီစထရိုဂျင်နှင့်ပရိုဂျက်စတင်ဟော်မုန်းများကို သွေးကြောအတွင်းသို့ထုတ်လွှင့်ပေးသည့် အရေပြားတွင် ကပ်ထားရသည့် ပစ္စည်းဖြစ်ပါတယ်။ သုံးပတ်ကြာအသုံးပြုပြီးနောက် ရာသီသွေးလာစေရန် တစ်ပါတ်ခန့်ဖယ်ရှားထားရပါတယ်။​ ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၇) ရာခိုင်နှုန်း ရှိပါတယ်။ ဖြစ်နိုင်မည်ဆိုပါက မိခင်နို့ကောင်းကောင်းထွက်ချိန်မှသာလျှင် ဟော်မုန်းပမာဏ အနည်းငယ်မျှပါသော ပစ္စည်းကိုသာ အသုံးပြုသင့်ပါတယ်။ အီစထရိုဂျင်သည် မိခင်နို့ထွက် နည်းစေနိုင်သဖြင့် သတိထား၍ အသုံးပြုသင့်သောပစ္စည်းဖြစ်ပါတယ်။​

အမြဲတမ်းသားဆက်ခြားနည်း

(က) အမျိုးသမီးများတွင်သားကြောဖြတ်ခြင်း

ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၀.၅) ရာခိုင်နှုန်း ရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။  

(ခ) အမျိုးသား သားကြောဖြတ်ခြင်း 

ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၀.၁) ရာခိုင်နှုန်း ရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။  

အနှစ်ချုပ်

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဟော်မုန်းပါသောသားဆက်ခြားနည်းလမ်းများအတွက်

  • Depo ဟုခေါ်သောထိုးဆေးနှင့် လက်မောင်းအတွင်းထည့်ပစ္စည်းများကို မွေးပြီးခြောက်ပတ်အကြာမှာပြုလုပ်သင့်ပါတယ်။
  • စောစီးစွာပြုလုပ်ပါက မိခင်နို့ထွက်နည်းစေပါတယ်။

သောက်ဆေးများအတွက်  

  • ပရိုဂျက်စတုန်းဟုခေါ်သော ဟော်မုန်းတစ်မျိုးတည်းပါသော သန္ဓေတားဆေးသောက်ဆေးကသာလျှင် နို့တိုက်မိခင်များအတွက် သင့်လျော်ပါတယ်။ အီစထရိုဂျင်ပါသောဆေးများကိုသောက်ပါက နို့ထွက်နည်းစေပါတယ်။ အီစထရိုဂျင်သည် နို့ထွက်နည်းစေနိုင်သော အကျိုးသက်ရောက်မှုရှိပါတယ်။ 

အီစထရိုဂျင်ဟော်မုန်း 

အီစထရိုဂျင်သည် အမျိုးသမီးဟော်မုန်းတစ်ခုဖြစ်ပြီး အမျိုးသမီးများ၏လက္ခဏာသွင်ပြင် ဖွံ့ဖြိုးမှုနှင့်ပြုပြင်ထိန်းသိမ်းမှုအတွက် တာဝန်ယူလုပ်ဆောင်ပေးပါတယ်။ ၄င်းသည် ဘဝ၏ အဆင့်တိုင်းအတွက်အရေးပါသလို ကိုယ်ဝန်ဆောင်ကာလများအတွက်လည်း အရေးကြီးလှပါတယ်။ မိခင်နို့တိုက်နေစဉ်ကာလများအတွင်း အီစထရိုဂျင်ပါသော ဆေးများ အထူးသဖြင့် သန္ဓေတားဆေးလုံးများသောက်ပါက မိခင်နို့ထွက်နည်းစေပါသည်။ အီစထရိုဂျင်ရဲ့ အခြားနာမည်ကွဲတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။​ 

  • Ethinyl estradiol
  • Estradiol 
  • Ethynyl estradiol 
  • Ethynodial diacetate
  • Estrone
  • Estriol 

ဒါကြောင့် ကိုယ်က နို့တိုက်မိခင်ဆိုရင် ကိုယ်သောက်နေတဲ့ဆေးကို သေချာစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။​ အရေးအကြီးဆုံးက အမျိုးသမီးတိုင်းဟာ မိခင်နို့တိုက်ကျွေးခြင်းနဲ့သားဆက်ခြားခြင်းနည်းလမ်းများကို တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ရွေးချယ်အသုံးပြုသင့်ပါတယ်။​ 

အောက်က ဗွီဒီယိုလေးကိုလည်း ကြည့်လို့ရပါတယ်…

Similar Posts

  • ကလေးနို့ရည်ရတာ လုံလောက်၊ မလောက် သိနိုင်တဲ့ အချက်များ

    မေမေတို့ရေ…. ဒီနေ့တော့ ရင်သွေးကလေးတွေကို ပထမလတွေထဲမှာမိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်တယ်ဆိုတာ သိနိုင်တဲ့ အချက်တွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်… မေမေ့ရဲ့ ဘေဘီလေးက အခုဆက်ပြောမယ့်အချက်တွေကတော့ရင်သွေးလေးက မိခင်နို့ကောင်းကောင်းမရဘူး လို့ပြောနိုင်မဲ့ လက္ခဏာလေးတွေပါဘဲ။ အဲဒီနိမိတ်လက္ခဏာတွေပြသလာခဲ့ရင်တော့ ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်… ရင်သွေးငယ်တို့ကိုယ်အလေးချိန်တက်လာတယ်ဆိုတာက သူတို့ဟာ လုံလောက်တဲ့ ကိုယ်အလေးချိန် ရှိလာပြီဆိုတဲ့အကောင်းဆုံးလက္ခဏာဖြစ်ပါတယ်။ (၁) လကနေ (၃) လ အတွင်းရင်သွေးငယ်တွေက တစ်လကို (၁.၅) ပေါင်ကနေ (၂.၅) ပေါင်တိုးသင့်ပါတယ်… (၄) လ ကနေ (၆) လကြားမှာတော့ (၁) ပေါင်ကနေ (၂) ပေါင်လောက်ပဲ ပေါင်ချိန်တက်တော့ပြီး တက်နှုန်းကျသွားပါတယ်… (၆) လပြည့်ပြီးရင်တော့ ကလေးတွေကတစ်လကို (၁) ပေါင်အောက်လောက်ဘဲ ကိုယ်အလေးချိန်တက်ပါတော့တယ်… ပေါင်ချိန်တိုးတာမပြင် ကလေးအရပ်ရှည်လာတာ၊ BMI Index တိုးလားတာ၊ လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းMilestone တွေတိုးတက်လာတာတွေကလည်း ကလေးဟာ ပုံမှန်ကြီးထွားဖွံ့ဖြိုးလာနေတယ်ဆိုတာကိုပြသနိုင်ပါတယ်… ဒါကြောင့်မို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကသတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း…

  • က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

    အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော ဒို့မိသားစုလေး Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မာတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။ ကလေးတွေကိုတိုက်ရတဲ့အရည်များ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။နံပါတ် (၃) ကတော့ နွားနို့ပါ။…

  • အာဟာရအခြေအနေကို စောင့်ကြည့်ခြင်း

    ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်သည့် နည်းလမ်းများစွာရှိသည့်အနက် ကိုယ်အလေးချိန်နှင့် အရပ်တို့ကို ပုံမှန်တိုင်းတာ စောင့်ကြည့်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ကလေးငယ်များ၏ အာဟာရအခြေအနေကို စောင့်ကြည့်ရာတွင် အသုံးပြုသည့် Chart များကို ဤစာမျက်နှာတွင် ဖော်ပြမျှဝေပေးထားပါသည်။​ ဤ Chart များအား World Health Organization မှ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ Chart အမျိုးအစားများစွာရှိသည့်အနက်မှ ကြည့်ရှုအသုံးပြုရလွယ်ကူသည့် အမျိုးအစားများကိုသာ ရွေးချယ်မျှဝေပေးထားခြင်း ဖြစ်ပါသည်။ Chart များကို သိရှိလိုသည့် အာဟာရအမျိုးအစား၊ အသက်အရွယ်နှင့် ကျား/မ တို့ပေါ် မူတည်၍​ အသုံးပြုရမည်ဖြစ်ပါသည်။​ ထိုသို့အသုံးပြုရာတွင် သင့်လျှော်သည့် အမျိုးအစားရွေးချယ်နိုင်ရန်နှင့် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဤဗွီဒီယိုလေးကို အရင်ကြည့်ရှု့လေ့လာရန် တိုက်တွန်းအပ်ပါသည်။​ ဒို့မိသားစုလေးရဲ့ Youtube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့…

  • |

    အသက် (၆) လအောက်မှာ ရေတိုက်ဖို့လိုလား

    ဖေဖေ မေမေတို့ရေ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဆိုတာကလေးကမိခင်နို့တစ်မျိုးတည်း ရရှိသောက်သုံးတာကို ဆိုလိုပါတယ်။ တခြား အရည်တွေတခြားအစားအစာတွေ မပါပါဘူး။ ရေတောင် မပါရပါဘူး။ ဒါပေမယ့် လိုအပ်လို့ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားထားတဲ့အခါ ဓာတ်ဆားရည်၊ အားဆေးနဲ့ တခြားဆေးရည်တွေတော့တိုက်လို့ရပါတယ်။ မိခင်နို့ဟာ ကလေးတွေအတွက် ပထမဆုံး (၆) လ အတွင်းမှာ လိုအပ်တဲ့ ရေနဲ့အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မိခင်နို့မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအထက် ပါဝင်ပါတယ်။ မိခင်နို့တစ်ကြိမ်တိုက်ကျွေးတိုင်း အစောပိုင်း ထွက်လာတဲ့ နို့ရည်မှာ ရေဓာတ်များစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေ ရေဆာမှာပဲလို့ မေမေတို့ထင်ရင်ကလေးကိုနို့သာတိုက်လိုက်ပါနော်။ ကလေးတွေ ရေဆာပြေတဲ့အပြင် ရောဂါကာကွယ်နိုင်စွမ်း လည်းတိုးလာမယ်။ ကလေးကြီးထွားဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဟာ ပထမ (၆) လ မှာ ‌ရေသောက်ဖို့မလိုအပ်ပါဘူး။ မြန်မာနိုင်ငံလို ပူပြင်းတဲ့ဒေသမှာတောင် မလိုအပ်ပါဘူးနော်။ ဒါကြောင့် ကလေးရေဆာတယ်ထင်ရင်…

  • WHO ဖြည့်စွက်စာကျွေးခြင်း Guidline တွင်ပါရှိသည့် လမ်းညွှန်ချက် အသစ်များ

    ပြီးခဲ့တဲ့စနေနေ့က လုပ်ဖြစ်ခဲ့တဲ့ ဖြည့်စွက်စာအကြောင်း ဆွေးနွေးထားတဲ့ Webinar Recording လေးကို မင်မင်တို့ရဲ့ ဒို့မိသားစုလေး Youtube Channel လေးမှာ တင်ထားပေးပါတယ်… Youtube Channel လေးကိုလည်း Subscribe လုပ်ပေးထားကြပါဦးနော်… ပညာပေးဗွီဒီယိုလေးတွေ အများကြီးထပ်တင်ပေးဖို့ရှိပါတယ်ရှင့်…

Leave a Reply

Your email address will not be published. Required fields are marked *