|

ကလေးရောမိခင်ပါ ကျန်းမာပြီး နို့ထွက်ကောင်းအောင် ဘယ်လိုစားသင့်သလဲ

ဒီမေးခွန်းကို မေ‌မေတော်တော်များများ မေးလေ့ရှိပါတယ်။

.မေမေတို့နေ့စဉ်စားတဲ့အစာတွေ ထဲမှာ အစာအုပ်စု (၃) မျိုးက အစားအစာတွေပါစေရပါမယ်။

· တစ်ပတ်မှာငါးဟင်းကို (၂) ကြိမ်ကနေ(၃) ကြိမ်ထိ စားရပါမယ်။

· လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်တဲ့ အသားဓါတ်အရင်းအမြစ်တွေဖြစ်တဲ့ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး/ အစေ့အဆံတွေနဲ့တို့ဟူး စတာတွေ စားပေးရပါမယ်။

· မေမေတို့ရဲ့ခန္ဓာကိုယ်က မိခင်နို့ထုတ်ပေးနိုင်ဖို့အတွက် အပိုဆောင်း ကယ်လိုရီ (၅၀၀) ခန့် လိုအပ်ပါတယ်။ မေမေတို့က လှုပ်လှုပ်ရှားရှားနေတတ်တဲ့ မေမေတွေဆိုရင်တစ်နေ့မှာ ကယ်လိုရီ အနည်းဆုံး (၁၈၀၀) ဒါမှမဟုတ် ၁၈၀၀ နှင့်အထက် စားနိုင်ပါတယ်။

· သကြား၊ အဆီနှင့် ဆား(အငန်)တွေ၊ချိုတဲ့ အချိုရည်တွေ၊ဆော်ဒါတွေ၊ ကွတ်ကီးတွေ၊ ကိတ်မုန့်တွေ၊ အချိုပွဲ စတာတွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့အစာအစာတွေ စားသောက်တာကို လျော့ချရပါမယ်။

· ရက်သတ္တပတ် တစ်ပတ်အတွင်းမှာ အသား၊ ငါး၊ ပဲ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးမျိုးကို ရွေးချယ်စားသုံးရပါမယ်။ အဲဒီလို ရွေးချယ်စားသုံးတဲ့အခါမှာ အရောင်အမျိုးမျိုးရှိတဲ့ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေကိုရွေးချယ်ရပါမယ်။

.ရေ ကို တစ်နေ့လျှင် ၂ လီတာမှ ၃ လီတာ သောက်ဖို့ လိုပါမယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • ကိုယ်ဝန်ဆောင်နေစဥ်အတွင်းဘယ်လို စားသောက်ရမလဲ

    ကိုယ်ဝန်ဆောင်နေစဥ်အတွင်းဘယ်လို စားသုံးရမလဲ အောက်ပါအချက်တွေကတော့ကိုယ်ဝန်ဆောင်နေစဥ်အတွင်းမှာ မိခင်အနေနဲ့ ဘယ်လိုစားသုံးရမယ်ဆိုတဲ့ အကြံပြုချက်အချို့ ဖြစ်ပါတယ်။ ၁။နေ့စဥ်အစားအစာမှာ အစာအုပ်စု (၃)စုပါအောင် စားပေးပါ။ ( အင်အားဖြစ်စေသောအစာ၊ ခန္ဓာကိုယ်ကြီးထွားစေသောအစာ၊ရောဂါကာကွယ်စေသောအစာ) ၂။ အသားဓာတ်ကို အောက်ပါအစားအစာတို့မှ ရွေးချယ်စားသောက်နိုင်ပါတယ်။ (ဥအမျိူးမျိုး၊ကြက်သား၊ဘဲသား၊ဝက်သား၊ဆိတ်သား၊ငါး၊ပင်လယ်စာ၊ပဲအမျိုးမျိုး၊တို့ဖူး၊နွားနို့၊ပဲနို့ စသည်…) ၃။ ပင်လယ်စာများဟာ အိုမီဂါ (၃) ကြွယ်ဝတဲ့အစားအစာ ဖြစ်ပါတယ်။ အိုမီဂါ (၃) ဟာ ကလေးငယ်တွေဦးနှောက်ဖွံ့ဖြိုးဖို့ အရေးပါပါတယ်။ ပင်လယ်ငါး ကြီးတာတွေ ဥပမာ-တူနာ၊ငါးမန်း၊ စတဲ့ငါးကြီးတွေကတော့မာကျူရီ/ ပြဒါးဓါတ် ပါတတ်လို့ မစားသင့်ပါဘူး။ ၄။ တခြား ငါး၊ ပုဇွန်၊ပင်လယ်စာတွေတော့ စားလို့ရပါတယ်။ တစ်ပတ်မှာ ငါးကို ၆ ကြိမ် ၇ ကြိမ် စားဖို့အကြံပြုထားတာတွေလည်း ရှိပါတယ်။ ရေချိုငါး၊ ပင်လယ်စာ( ပုဇွန်၊ ဂဏာန်း၊…

  • |

    မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင် ကလေးတွေဝမ်းသွားတဲ့အခါ ဝမ်းထဲမှာ အစေ့တွေပါလာမှာလား။

    မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင် ကလေးတွေ ဝမ်းသွားတဲ့အခါ မစင်ထဲမှာ အစေ့တွေပါလာမှာလား။ တကယ်တော့ ကလေးမစင်ထဲမှာ ခရမ်းသီးအစေ့တွေ မပါလာပါဘူး။ မေမေတွေရဲ့ အစာခြေစနစ်နဲ့ ကလေးတွေရဲ့ အစာခြေစနစ်က သီးခြားစီဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတာကိုခံရတဲ့ကလေးတွေက အဝါရောင်အီးအီးတွေပါတတ်ပြီး အဲဒီအထဲမှာ အစေ့ပုံစံနဲ့တူတဲ့ အဖြူရောင် အဖတ်လေးတွေ ပါဝင်လာတတ်ပါတယ်။ ဒါကို မေမေတို့စိုးရိမ်စရာမလိုပါဘူး။ မေမေတို့စားချင်သလောက် ခရမ်းသီးကို စားလို့ရပါတယ်။ ခရမ်းသီးမှာက မေမေတို့အတွက် အာဟာရဓာတ်ကောင်းတွေပါပြီး ဖိုက်ဘာလို့ခေါ်တဲ့ အမျှင်ဓာတ်တွေလည်းအများကြီးပါတာကြောင့် မေမေ တို့ ဝမ်းချုပ်တတ်တာကို ကာကွယ်ပေးပြီး သားဖြစ်ပါလိမ့်မယ်။ ခရမ်းချဥ်သီးစားတာနဲ့ ပါတ်သက်လို့လည်းအချို့မေမေတွေက ဒီမေး‌ခွန်းကို ‌မေးလေ့ရှိတတ်ပါသေးတယ်။ သဘောတရားရတော့ အတူတူပါပဲနော်။ခရမ်းချဥ်သီးလည်း စားလို့ရပါတယ်လို့။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ်…

  • |

    နို့တိုက်မိခင် အရက်သောက်လို့ရလား

    ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီမဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြောလို မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။   အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ နို့ရည်ရတာ နည်းလာတာမျိုးတွေ…

  • G6PD ကလေးများအတွက် အကြံပြုချက်

    G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။ G6PD အတွက်ရောဂါစစ်ဆေးမှုကိုရိုးရှင်းသော စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ စစ်ဆေးရန် စိတ်ဝင်စားပါက ကလေးမွေးပြီးမကြာမီ သို့မဟုတ် ကလေးမွေးပြီးနောက် လအနည်းငယ်တွင်ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ဆောင်ရွက်သင့်ပါသည်။ ချို့တဲ့သည်ဟု အဖြေတွေ့ရှိရပါက ဆရာဝန်သည် အဖြေကို ထပ်မံသေချာစေရန် နောက်တစ်ကြိမ် စစ်ဆေးမှု ပြလုပ်ရန် အကြံပြုကောင်း…

  • မိခင်နို့နှင့် ကလေးဦးနှောက်ဖွံ့ဖြိုးမှု

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရမိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ် တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

Leave a Reply

Your email address will not be published. Required fields are marked *