|

မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ပိုထက်မြက်ကြပါတယ်

ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရ မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ်တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။

၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။

တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။

မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ ပေးချင်ကြပါတယ်။ ဒါပေမယ့်ကလေးတို့အတွက် အကောင်းဆုံးဖြစ်တဲ့ မိခင်နို့ကိုပေးချင်ပေမယ် တစ်ခါတစ်ရံမှာ အခက်အခဲတွေကိုကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်မို့ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါမေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • ကလေးငယ်များကို ဖြည့်စွက်စာကျွေးနည်း

    ကလေးအသက် (၆) လတွင်ဖြည့်စွက်စာစတင်ကျွေးမွေးခြင်းသည် မေမေတို့အတွက် (သို့) မိသားစုအတွက် အကြီးမားဆုံးခြေလှမ်းဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှအကြံပြုထားသောအချက်များအရ ကလေးအသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရပါမယ်။ ကလေးအသက် (၆) လမှစတင်ပြီး ကိုယ့်အရပ် ကိုယ့်ဒေသတွင်းရရှိနိုင်တဲ့ အာဟာရ ပြည့်ဝတဲ့အစားအစာတွေ (ကစီဓာတ်ပါဝင်သော အစားအစာများ၊ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး) ကို စတင်ကျွေးနိုင်ပါတယ်။ ကလေးငယ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ရရှိနိုင်တဲ့ အစားအစာတွေကို ဦးစားပေးပြီး ကျွေးသင့်ပါတယ်။ ဒါအပြင် ကလေးအသက် (၂) နှစ်နှင့် (၂) နှစ်ကျော်သည်အထိ မိခင်နို့ဆက်လက် တိုက်ကျွေးသင့်ပါတယ်။ ကလေးကိုဖြည့်စွက်စာစတင်ကျွေးမွေးရာတွင်လိုက်နာရမည့်အချက်များ (၁) ကလေးကိုမိခင်၏ပေါင်ပေါ်တွင် တင်ပြီးကျွေးပါ။ (၂) နောက်ပိုင်းတွင် ကလေးကိုကြမ်းပြင်တွင်ထိုင်၍ဖြစ်စေ၊ အစာကျွေးသည့်ထိုင်ခုံပေါ်တွင်ထိုင်ခိုင်း၍ဖြစ်စေ ကျွေးမွေးနိုင်ပါတယ်။ (၃) ကလေးကိုအစာကျွေးသောအချိန်သည အစားအသောက်အကြောင်း သင်ယူလေ့လာသောအချိန်…

  • |

    နို့ထွက်ကောင်းအောင် ဘာတွေ စားရမလဲ​

    ဒီမေးခွန်းကို မေ‌မေတော်တော်များများ မေးလေ့ရှိပါတယ်။ မေမေတို့နေ့စဉ်စားတဲ့အစာတွေ ထဲမှာ အစာအုပ်စု (၃) မျိုးက အစားအစာတွေပါစေရပါမယ်။ မိခင်နို့တိုက်တဲ့မေမေတွေက မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

  • ဘယ်အရွယ်အထိ မိခင်နို့ကိုတိုက်‌သင့်လဲ

    ဒါကတော့ မိခင်နဲ့ကလေးရဲ့ ဆုံးဖြတ်ချက်ပါပဲ။ တချို့ကလေးတွေက ၄ နှစ် ၅ နှစ်ထိ မိခင်က နို့တိုက်ချင်ပေမယ့် သူတို့ဘာသာ စောစောနို့ပြတ်တာလဲ ရှိတတ်ပါတယ်။ WHOနဲ့ ကျွမ်းကျင်ပညာရှင်များကတော့ အနည်းဆုံး ကလေးအသက် ၂ နှစ်အထိ မိခင်နို့ ဆက်တိုက်ကျွေးဖို့အကြံပြုထားပါတယ်။

  • မေမေတို့ရင်သားတွေက မိခင်နို့လုံလောက်အောင်ထုတ်ပေးနိုင်လား

    အမျိုးသမီးအများစုကတော့ မိခင်နို့ လုံလုံလောက်လောက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ဝန် စတုတ္ထမြောက်လလောက်မှာ နို့ဦးရေ(colostrum) ကို စထုတ်ပေးတာပါ။မိသားစုဝင်တွေ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ သူတွေက “မေမေတို့မှာ နို့မရှိဘူး”လို့ပြောလာခဲ့ရင် ဒါက မမှန်နေပါဘူး။ ရင်သွေးလေးတွေကပထမသုံးရက်အတွင်း နို့ဦးရေ (colostrum) သာလိုအပ်တာပါ။ နောက်ပိုင်းထွက်တဲ့ မိခင်နို့ (မြင်နေကျ နို့ရည်အဖြူ) ထုတ်ပေးဖို့ ၃ ရက်လောက်ကြာပါတယ်။ ကလေးငယ်လေးတွေရဲ့အစာအိမ်အရွယ်အစားနဲ့ မိခင်နို့လိုအပ်တဲ့ ပမာဏကို လေ့လာနိုင်ဖို့ ဒီပို့စ်လေးကိုဖတ်ကြည့်ပါ။ https://www.facebook.com/…/a.98319388…/1515910438744076/ ရင်သွေးငယ်လေးတွေကို မိခင်နို့တိုက်တဲ့အခါမှာ နို့တိုက်တဲ့ပုံစံမှကလည်း မှန်မယ်၊ မေမေတို့နဲ့ ရင်သွေးလေးတို့ရဲ့ထိတွေ့ထားတဲ့ ပုံစံကလည်း မှန်တယ်ဆိုရင် ရင်သွေးလေးတွေက နို့ကို ကောင်းကောင်းစုပ်ယူနိုင်သလို သူတို့ကို ကောင်းကောင်း နို့တိုက်ပြီးသားလည်း ဖြစ်စေမှာပါ။ မကြာမကြာ မိခင်နို့တိုက်ပေးတာကလည်း မေမေတွေအတွက်နို့ပိုထွက်စေမှာပါ။ နို့ငုံကောင်းစေမယ့် နည်းလမ်းလေးတွေကို ဒီဗွီဒီယိုလေးမှာလေ့လာပေးပါ။ https://fb.watch/6ppdAMTmst/ ကိုယ်နဲ့ ကလေးအတွက် အဆင်ပြေနိုင်မယ့်…

  • မွေးကင်းစကလေးတွေ နို့ဆာတဲ့ လက္ခာဏာများ

    မေမေတို့ရေ ဘေဘီလေးတွေကို မိခင်နို့တိုက်တဲ့အခါ သူတို့ဆာလာမဆာလားပေါ်မူတည်ပြီး တိုက်ကျွေးတာက အရမ်းအရေးကြီးပါတယ်… အဆာလွန်မှာ နို့တိုက်ရင် မေမေရော ဘေဘီလေးတွေအတွက်ပါ စိတ်ညစ်ရ ပင်ပန်းရပါတယ်… ဘေဘီလေးတွေ ဗိုက်ဆာတဲ့အခါ လက္ခာဏာတွေကို အဆင့် (၃) ဆင့်နဲ့ ပြသလေ့ရှိပါတယ်။ အဆင့် (၁) မှာတော့ ဗိုက်ဆာပြီ၊ နို့ဆာပြီဆိုတာကို စပြီး ပြတဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာလေးတွေကို မြင်တာနဲ့ ချိုချို စတိုက်င်မယ်ဆိုရင် အကောင်းဆုံးပါ။ အဆင့် (၂) လက်က္ခဏာတွေ မြင်ရပြီဆိုရင်တော့ သူ တော်တော်လေး ချိုချိုဆာနေပါပြီ။ မြန်မြန်လေး ချိုချိုတိုက်ပေးဖို့လိုပါပြီ။ ဒီထက် ထပ်မနောက်ကျသင့်ပါဘူး။ အဆင် (၃) ဆိုရင်တော့ ဘေဘီလေးတွေ အရမ်းဆာလွန်းလို့ စိတ်ဆိုးသွားပါပြီ။ ဒီအချိန်မှ ချိုချိုတိုက်မယ်ဆိုရင် ကလေးက မစို့တော့ပဲ ငြင်းဆန်တာမျိုး ကြုံရနိုင်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့…

  • |

    မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေး

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေးကို မျှဝေပေးပါရစေ… မေမေ့နို့ရည်ကတော့ဘာနဲ့မှ နှိုုင်းယှဉ်လို့မရတာ အသေအချာပါပဲ… မေမေ့ခန္ဓာကိုယ်ကနေ ရင်သွေးလေးအတွက် ထုတ်လုပ်ပေးတဲ့နို့ကို ဘယ်အရာကမှ အတုအပ မလုပ်နိုင်ပါဘူး…. မေမေနို့ရည်မှာ ပါဝင်နေတဲ့အမျိုးအမည်ပေါင်း ၁၀၀၀၀၀ ကျော်ရှိပါတယ်… အဲဒါတွေအားလုံးက ကလေးရဲ့ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးစေဖို့၊ ကလေးငယ်ဘဝ/လူကြီးဘဝတလျောက်မှာ အကောင်းဆုံးကိုယ်ခံစွမ်းအား ရှိစေဖို့၊ လူကြီးဘဝမှာလည်း ကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်… မိခင်နို့တစ်စက်မှာ ကလးငယ်တွေကို ရောဂါပိုးတွေက ကာကွယ်ပေးဖို့ သွေးဖြူဥ ၁,၀၀၀,၀၀၀ ပါရှိတယ်…… ဒါတွေကို ပုံတူကူး ထုတ်လုပ်လို့မရပါဘူး…. ဘယ်အမှတ်အသားနှင့်ဘယ်အမှတ်တံဆိပ်ကမှ မိခင်နို့ရဲ့ တုနှိုင်းမမီတဲ့ စံ ကို မယှဉ်ပြိုင် နိုင်ပါဘူးလို့ပဲ ပြောချင်ပါတယ်…. *သက်ရှိဆဲလ်နဲ့ သက်မဲ့ ဆဲလ်များ* မိခင်နို့က အသက်ရှိတယ်လို့ပြောလို့ရတဲ့ရှင်သန်လှုပ်ရှားနေတဲ့ ဆဲလ်အရှင်တွေနဲ့စုဖွဲ့ထားတယ်… ရင်သွေးငယ်ကို ဘက်တီးရီးယားပိုးတွေတိုက်ခိုက်ခြင်းကနေကာကွယ်ဖို့…

Leave a Reply

Your email address will not be published. Required fields are marked *