|

သက်သတ်လွတ်စားတဲ့မေမေတို့ အာဟာရပြည့်ဝအောင်ဘယ်လိုစားမလဲ

သက်သတ်လွတ်စားတဲ့မေမေတို့ အာဟာရပြည့်ဝအောင်ဘယ်လိုစားမလဲ
………………………………………………………………………………..
မေမေတို့က တိရိစ္ဆာန်ကရတဲ့ ပရိုတိန်းအစားအစာတွေကို မစားဖြစ်လို့ရှိရင် ကယ်လိုရီ၊ ပရိုတိန်း နဲ့ အာဟာရဓါတ်တွေလုံလုံလောက်လောက်ရဖို့အတွက် အစားအသောက်တွေကို ဂရုတစိုက်ရွေးစားဖို့လိုပါမယ်။ အထူးသဖြင့် ပရိုတင်းဓာတ်၊ဗီတာမင် B12၊ ဗီတာမင် D၊ သံဓါတ်၊ဇင့်ဓါတ်နဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေ ပေါများတဲ့ အစားအစာတွေကို ရွေးချယ်ရမှာပါ။ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ကြက်ဥတွေ၊ အခွံမာသီးတွေ၊ အစေ့အဆံတွေ၊ ပဲ၊ ပဲနီလေးတွေ၊ တို့ဟူးလို ပဲပိစပ်ကနေလုပ်ထားတဲ့ ပစ္စည်းတွေက အသားဓာတ်ပါဝင်တဲ့အတွက် စားသုံးသင့်ပါတယ်။ အစားအစာတွေစားတဲ့အခါမှာ လတ်ဆတ်တဲ့သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေလို ဗီတာမင်စီများများပါအောင် စားသုံးလို့ရှိရင် သံဓာတ်နဲ့သွပ်ဓာတ် စုပ်ယူမှုကို တိုးစေပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • |

    နို့တိုက်မိခင် ကော်ဖီသောက်လို့ရလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို သကြားလို ချိုတဲ့ အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group…

  • Nursing Strikes ဆိုတာဘာလဲ

    လူကြီးတွေတင် ဆန္ဒပြတတ်တာ မဟုတ်ဘူးနော်။ ဘေဘီလေးတွေလည် းဆန္ဒပြတတ်ကြပါတယ်။ မိခင်နို့စို့ဖို့ ကလေးက ဆန္ဒပြတဲ့အခြေအနေ (Nursing Strikes) တွေရှိတတ်တယ်။အဲဒါက ဘာပါလဲဆိုတာ နည်းနည်းဆွေး‌‌နွေးပေးပါမယ်။ Nursing Strikes ဆိုတာ ကလေးက မိခင်နို့စို့ဖို့ကို ရုတ်တရက်ငြင်းဆန်တဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီဟာက မိခင်တွေအတွက် အနှောက်အယှက် ဖြစ်တတ်ပါတယ်။ ဒါက ရက်ပေါင်းများစွာ သို့ မိခင်နို့တိုက်‌ကျွေးမှု အကြိမ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ ဒါ့အပြင် ကလေးနဲ့မေမေတွေအတွက် စိတ်ဖိစီးမှု အလွန်များစေနိုင်ပါတယ်။ ကလေးကောင်းကောင်းနေမကောင်းလို့၊ နှာစေးနှာပိတ်လို့၊ ဝမ်းချုပ်လို့၊ ဝမ်းလျှောလို့၊ကလေးရဲ့ပတ်ဝန်းကျင်/အချိန်ဇယားပြောင်းလဲလိုက်လို့၊ ကလေးကိုပြုစု စောင့်ရှောက်တဲ့ သူပြောင်းသွားလို့၊ သွားပေါက်လို့ စတဲ့ အကြောင်းရင်းတွေကြောင့်ကလေးက မိခင်နို့စို့ဖို့ ငြင်းဆန်တဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ တခြားအကြောင်းရင်းတွေလည်းရှိပါသေးတယ်။အဲဒါတွေကတော့မေမေတို့ ဓမ္မတာ သွေး လာတာ၊ မေမေတို့စားတဲ့အစားအစာကြောင့်၊ ဒါမှမဟုတ်ဆေးဝါးကြောင့်၊ရေမွှေး၊ ဆပ်ပြာ၊…

  • ကိုယ်ဝန်ဆောင်ချိန်တုန်းက တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ စဥ်းစားနေပြီလား

    မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်တုန်းက တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ စဥ်းစားနေပြီလား။ အကြံဥာဏ်ကောင်းလေးတွေ ပေးမယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တိုးလာတာကို မြန်မြန်လျော့ချဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ခန္ဓာကိုယ် ပြန်ရဖို့အတွက်ဆိုရင်တေ့ မိခင်နို့ကို တိုက်ဖို့စဥ်းစားရပါမယ်။မိခင်နို့တိုက်နေစဥ်မှာပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီး၊ အရွက်၊ အသား၊ ငါး၊ဥအမျိုးမျိူးတွေ စားပေးဖို့လိုသလို တနေ့တကြိမ် လေ့ကျင့်ခန်းလုပ်ပေးဖို့လည်း လိုပါမယ်။ ဒီလို မိခင်နို့တိုက်ကျွေးပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်မယ်ဆိုရင် ကိုယ်အလေးချိန်မြန်မြန်ကျပြီး နဂိုခန္ဓာကိုယ်ကို ပြန်ရမှာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် မေးခွန်းလေးအချို့ကို ဖြေပေးပြီး Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

  • |

    နို့တိုက်မိခင်ကဆေးလိပ်သောက်လို့ရလား

    ဆေးလိပ်သောက်ခြင်းက မိခင်ရော ကလေးကိုပါထိခိုက်စေပါတယ်။ ဗီတာမင် B12၊ဗီတာမင်စီ၊ ဖောလစ်အက်စစ်နဲ့ သွပ်ဓါတ်တွေကို ခန္ဓာကိုယ်က အသုံးပြုနေတဲ့ ဖြစ်စဉ်ကိုလည်းဆိုးကျိုးသက်ရောက်စေပါတယ်။ ဆေးလိပ်သောက်ရင်prolactin နဲ့ oxytocin ပမာဏကို လျော့ကျစေတဲ့အတွက် မိခင်နို့အထွက် နည်းသွားစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေရော နို့တိုက်မိခင်တွေပါဆေးလိပ် မသောက်သင့်ပါဘူးနော်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Groupလေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချိုGroup ကို ဝင်ရန်။ http://bit.ly/maymaychocho

  • WHO ဖြည့်စွက်စာကျွေးခြင်း Guidline တွင်ပါရှိသည့် လမ်းညွှန်ချက် အသစ်များ

    ပြီးခဲ့တဲ့စနေနေ့က လုပ်ဖြစ်ခဲ့တဲ့ ဖြည့်စွက်စာအကြောင်း ဆွေးနွေးထားတဲ့ Webinar Recording လေးကို မင်မင်တို့ရဲ့ ဒို့မိသားစုလေး Youtube Channel လေးမှာ တင်ထားပေးပါတယ်… Youtube Channel လေးကိုလည်း Subscribe လုပ်ပေးထားကြပါဦးနော်… ပညာပေးဗွီဒီယိုလေးတွေ အများကြီးထပ်တင်ပေးဖို့ရှိပါတယ်ရှင့်…

Leave a Reply

Your email address will not be published. Required fields are marked *