ကလေးနို့ရည်ရတာ လုံလောက်၊ မလောက် သိနိုင်တဲ့ အချက်များ

မေမေတို့ရေ…. ဒီနေ့တော့ ရင်သွေးကလေးတွေကို ပထမလတွေထဲမှာမိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်တယ်ဆိုတာ သိနိုင်တဲ့ အချက်တွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်… မေမေ့ရဲ့ ဘေဘီလေးက

  • တက်ကြွပြီးနိုးကြားလှုပ်ရှားနေရင်
  • မေမေတို့နို့တိုက်ကျွေးပြီးချိန်မှာပျော်ရွှင်ပြီး ကျေနပ်နေရင်
  • ၂၄နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့တိုက်ကျွေးတာခံခဲ့ရပြီးရင်
  • မေမေတို့နို့တိုက်နေတဲ့အချိန်မှာကလေးရဲ့အခြေအနေ ကိုကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာ တွေ့ရပါမယ်
  • · ရင်သွေးငယ်လေးကပထမ ၅ ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့ ၇% ထက်လျော့လာပါတယ်…. ဒါပေမယ့် ၁၀ ရက်မြောက်မှာတော့ မွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိလာပါတယ်… (နေ့စဉ် ၂၅ ဂရမ် မှ ၃၅ ဂရမ်ကြား အလေးချိန်တိုးလာပါတယ်)
  • · တတိယမြောက်နေ့ရောက်တော့ရင်သွေးလေးက (၃) ကြိမ် ဒါမှမဟုတ် ဒါထက်ပိုပြီးအီအီးပါတတ် ပါတယ်…ငါးရက်မြောက်ရောက်ရင်တော့ အဝါရောင် အီအီးပျော့ပျော့လေးတွေ ၄ ကြီမ် ဒါမှမဟုတ် ဒါထက် ပိုပြီး ပါတတ်ပါတယ်…
  • မွေးပြီး၁ ရက် မှာ ရှိတဲ့ အီအီးအနက်ရောင်က ၅ ရက်လောက်ရောက်ရင် အဝါရောင်ကို ပြောင်းသွား ပါတယ်… အဲဒီအဝါရောင်မှာဘဲဆက်ပြီးတော့ တည်မြဲသွားပါတယ်….
  • မွေးကင်းစကလေးငယ်တွေက၅ ရက်မြောက်ရှိပြီဆိုရင် အရောင်ဖျော့တဲ့ ရှူရှူးတွေ (၆) ကြိမ် နှင့် အထက် ပေါက်ချပါတယ်။ ပြီးရင်အဲဒီပုံစံအတိုင်းဆက်ရှိနေပါတယ်…

အခုဆက်ပြောမယ့်အချက်တွေကတော့ရင်သွေးလေးက မိခင်နို့ကောင်းကောင်းမရဘူး လို့ပြောနိုင်မဲ့ လက္ခဏာလေးတွေပါဘဲ။

  • ရင်သွေးလေးကအရမ်းအိပ်ချင်နေမယ်
  • မိခင်နို့တိုက်ပြီးတော့လဲဂနာမငြိမ်ဖြစ်နေမယ်..
  • (၂၄) နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့မတိုက်ကျွေးဖြစ်ခဲ့တာတွေ ရှိမယ်…
  • မေမေတို့နို့တိုက်နေတဲ့အချိန်မှာကလေးရဲ့အခြေအနေ ကိုကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာမျိုး မမြင်မကြား/မခံစားရရင်….
  • ရင်သွေးငယ်လေးကပထမ (၅) ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့၇% ထက်ပိုပြီး လျော့လာပေမယ့် ၁၀ ရက်မြောက်မှာမွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိမလာခြင်း (ကိုယ်အလေးချိန် မတိုးခြင်း)
  • တတိယမြောက်နေ့ရောက်တော့ရင်သွေးလေးက (၃) ကြိမ် ထက်လျော့ပြီး အီအီးပါခြင်း။ငါးရက်မြောက် ရောက်တော့လဲ အညိုရင့် (သို့) အမည်းရောင်ဖြစ်နေခြင်း…
  • အီအီးအနက်ရောင်က(၅) ရက်လောက်ရောက်တဲ့အထိ အဝါရောင်ကနေ မပြောင်းဘဲနဲ့ အနက်ရောင် အဖြစ်နဲ့ဘဲ ရှိနေခြင်း
  • (၅) ရက်မြောက်တဲ့ နေ့အထိ ရှူရှူးတွေက အနီရောင်ဒါမှမဟုတ် အဝါရင့်ရောင်တွေဘဲ ဖြစ်နေပြီးတော့ သေးစိုအဝတ်က (၆) ကြိမ် ထက်လျော့ပြီး လဲပေးနေရခြင်း

အဲဒီနိမိတ်လက္ခဏာတွေပြသလာခဲ့ရင်တော့ ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်…

ရင်သွေးငယ်တို့ကိုယ်အလေးချိန်တက်လာတယ်ဆိုတာက သူတို့ဟာ လုံလောက်တဲ့ ကိုယ်အလေးချိန် ရှိလာပြီဆိုတဲ့အကောင်းဆုံးလက္ခဏာဖြစ်ပါတယ်။

(၁) လကနေ (၃) လ အတွင်းရင်သွေးငယ်တွေက တစ်လကို (၁.၅) ပေါင်ကနေ (၂.၅) ပေါင်တိုးသင့်ပါတယ်… (၄) လ ကနေ (၆) လကြားမှာတော့ (၁) ပေါင်ကနေ (၂) ပေါင်လောက်ပဲ ပေါင်ချိန်တက်တော့ပြီး တက်နှုန်းကျသွားပါတယ်… (၆) လပြည့်ပြီးရင်တော့ ကလေးတွေကတစ်လကို (၁) ပေါင်အောက်လောက်ဘဲ ကိုယ်အလေးချိန်တက်ပါတော့တယ်…

ပေါင်ချိန်တိုးတာမပြင် ကလေးအရပ်ရှည်လာတာ၊ BMI Index တိုးလားတာ၊ လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းMilestone တွေတိုးတက်လာတာတွေကလည်း ကလေးဟာ ပုံမှန်ကြီးထွားဖွံ့ဖြိုးလာနေတယ်ဆိုတာကိုပြသနိုင်ပါတယ်… ဒါကြောင့်မို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကသတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ဒီလိုတိုးတက်မှုတွေရှိနေသလားဆိုတာ လစဥ် စစ်ဆေးကြည့်သင့်ပါတယ်…

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • |

    မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် အလွန်အမင်း အဖိုးတန်ပါတယ်

    မေမေတို့ရေ ဟိုးနှစ်‌ပေါင်းများစွာကတည်းကရှိခဲ့တဲ့ လွဲမှားနေတဲ့ ရိုးရာဓလေ့တစ်ခုက ဘာလဲဆိုတော့ မိခင်နို့ဦးရည်ကို ကလေးကို မတိုက်ပဲ လွှင့်ပစ်ကြတာပါပဲ… တကယ်တော့ ဒီလိုလွှင့်ပစ်ခံခဲ့ရတဲ့ မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် ရွှေထက်အဖိုးတန်ပါတယ်… နို့ဦးရည်ဆိုတာ ကလေးမီးဖွားပြီးပြီးချင်းထွက်တဲ့ ၀ါကျင့်ကျင့်အရောင်နဲ့ နို့ရည်ကြည်ပဲဖြစ်ပါတယ်… ဒါကို နို့အဖြူမဟုတ်လို့ မသန့်ဘူး၊ကလေးကိုမတိုက်သင့်ဘူးလို့ ယူဆပြီး စွန့်ပစ်တတ်ကြပါတယ်… ကလေးငယ်လေးတွေ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် နို့ဦးရည်ကို ရရှိဖို့ လိုအပ်ပါတယ်…နို့ဦးရည်က မွေးကင်းစကလေးတွေအတွက် ရောဂါပေါင်းစုံကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးအဖြစ် အကျိုးကျေးဇူးတွေကို ရရှိစေပြီး ကလေးတွေကို ရောဂါအန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်…. မွေးကင်းစကလေးငယ်တွေရဲ့ အစာအိမ်က သေးသေးလေးပဲ ရှိနေသေးတဲ့အတွက် သူတို့ဗိုက်ဝဖို့ဆို နို့ဦးရည် နည်းနည်းလေးပဲ လိုအပ်ပါတယ်…. မွေးကင်းစ ကလေးငယ်တွေကို နို့မှုန့်အပါအဝင် အခြားအရည်တွေ တိုက်ကျွေးမိတဲ့အခါမှာ နို့ဦးရည်က ရမယ့် ရောဂါကာကွယ်ပေးမှုတွေက လျော့သွားပြီး ဝမ်းလျှောတာတွေ၊…

  • |

    ရင်သွေးလေးတွေကို မေမေတို့ မိခင်နို့တိုက်နေစဉ်ကာလမှာ ကော်ဖီသောက်လို့ ရပါ သလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ်…

  • မွေးကင်းစကလေးတွေ နို့ဆာတဲ့ လက္ခဏာများ

    မေမေတို့ရေ ဘေဘီလေးတွေကို မိခင်နို့တိုက်တဲ့အခါ သူတို့ဆာလာမဆာလားပေါ်မူတည်ပြီး တိုက်ကျွေးတာက အရမ်းအရေးကြီးပါတယ်… အဆာလွန်မှာ နို့တိုက်ရင် မေမေရော ဘေဘီလေးတွေအတွက်ပါ စိတ်ညစ်ရ ပင်ပန်းရပါတယ်… ဘေဘီလေးတွေ ဗိုက်ဆာတဲ့အခါ လက္ခဏာတွေကို အဆင့် (၃) ဆင့်နဲ့ ပြသလေ့ရှိပါတယ်။ အဆင့် (၁) မှာတော့ ဗိုက်ဆာပြီ၊ နို့ဆာပြီဆိုတာကို စပြီး ပြတဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာလေးတွေကို မြင်တာနဲ့ ချိုချို စတိုက်င်မယ်ဆိုရင် အကောင်းဆုံးပါ။ အဆင့် (၂) လက်က္ခဏာတွေ မြင်ရပြီဆိုရင်တော့ သူ တော်တော်လေး ချိုချိုဆာနေပါပြီ။ မြန်မြန်လေး ချိုချိုတိုက်ပေးဖို့လိုပါပြီ။ ဒီထက် ထပ်မနောက်ကျသင့်ပါဘူး။ အဆင် (၃) ဆိုရင်တော့ ဘေဘီလေးတွေ အရမ်းဆာလွန်းလို့ စိတ်ဆိုးသွားပါပြီ။ ဒီအချိန်မှ ချိုချိုတိုက်မယ်ဆိုရင် ကလေးက မစို့တော့ပဲ ငြင်းဆန်တာမျိုး ကြုံရနိုင်ပါတယ်။…

  • မိခင်နို့ကို မွေးပြီး (၁) နာရီအတွင်း ဘယ်လိုတိုက်ကျွေးမလဲ

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အခြားနိုင်ငံတစ်ကာအဖွဲ့အစည်းတွေအားလုံးက မိခင်နို့ကို ကလေးမွေးပြီးပြီးချင်း စောနိုင်သမျှ စောစော (တစ်နာရီအတွင်း) တိုက်ကျွေးဖို့ အားပေးတိုက်တွန်းထားပါတယ်။ ဒီလိုလုပ်ဆောင်နိုင်အောင် ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို ဒီဗွီဒီယိုလေးမှာ လေ့လာနိုင်ပါတယ်။  Video Credit: Global Health Media Project and Save the Children မိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်လို့ အခက်အခဲရှိရင် Healthy and Happy Families ကိုဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်။ Healthy and Happy Families ရဲ့ Facebook မှာလည်း ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အကြောင်းအရာတွေကို အခြား မိခင်များနဲ့ အတူတကွ ဆွေးနွေးမျှဝေနိုင်ဖို့ မေမေ့ချိုချို Facebook Group ကိုလည်း Join လုပ်ထားဖို့…

  • |

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ခန္ဓာကိုယ်ပေါ် အရေပြားချင်းထိပြီး တင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကို ကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီ းနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်း ထိထားပေးရင်းနဲ့ပဲ မွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်မယ်ဆိုရင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကိုလည်း အားပေးတယ်… ကလေးနဲ့အမေကို စိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့အတွက် လိုအပ်တဲ့ နို့ရည်ကို စောစောစီးစီလည်း…

Leave a Reply

Your email address will not be published. Required fields are marked *