အချစ်အတွက် ဘာသာစကား (၅) မျိုး

ဒို့မိသားစုလေးရဲ့ co-founders တွေထဲက နှစ်ဦးဖြစ်တဲ့ ဆရာကိုစိုးညီညီနဲ့ အစ်မ ဝင့်န္နနာအောင်တို့က အချစ်အတွက် ဘာသာစကား (၅) မျိုး Five Love Languages အကြောင်း သူတို့ရဲ့ ကိုင်တိုင်အတွေ့အကြုံလေးတွေပေါ်အခြေခံပြီး မျှဝေပေးထားတဲ့ ဗွီဒီယိုလေး ဖြစ်ပါတယ်…. Facebook နဲ့ Youtube Channel တွေမှာလည်း တင်ထားပေးပါတယ်…

ဒီဗွီဒီယိုလေးကို မကြည့်ရသေးဘူးဆိုရင် ကြည့်ပြီးရင် ကိုယ့်ရဲ့ Love Language က ဘာလဲဆိုတာ အောက်က မေခွန်းလေးတွေဖြေပြီး ဆန်းစစ်ကြည့်ပါ… ကိုယ်ချစ်တဲ့သူ ဥပမာ – ခင်ပွန်း၊ သား/ သမီး၊​ ချစ်သူ၊ သူငယ်ချင်း စတဲ့သူတွေကိုလည်း မေးခွန်းလေးတွေ ဖြေကြည့်ခိုင်းပါ… ကိုယ့်ရဲ့ Love Lanuguage သူ့ရဲ့ Love Language ကို အပြန်အလှန် သိထားခြင်းအားဖြင့် လူမှုဆက်ဆက်ရေး၊​ အချစ်ရေး၊​ အိမ်ထောင်ရေး စတဲ့ လူမှုဆက်ဆံရေးတွေမှာ ပိုမိုချောမွေ့စေနိုင်ပါတယ်… ဒီအောက်က လင့်လေးကမှာ သွားပြီး ကိုယ့်ရဲ့ Love Language ကို စမ်းသပ်ကြည့်လို့ရပါတယ်…

ဗွီဒီယိိုကိုကြည့်ပြီးသားဆိုရင် အောက်က ချစ်ခြင်းဘာသာစကား ဆန်းစစ်လွှာ လေးကို တန်းပြီး ဖြေကြည့်လို့ရပါပြီ…

 

Similar Posts

  • |

    ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နွားနို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့ရပါသလား

    ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နွားနို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့/စားလို့ရပါသလား နို့ထွက်ပစ္စည်းတွေက ကယ်လ်စီယမ်လို့ခေါ်တဲ့ ထုံးဓါတ်၊ ဗီတာမင်ဒီနဲ့ အသားဓါတ် (ပရိုတင်းဓာတ်) တွေပေါများတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီးကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် တစ်နေ့ကို နွားနို့ သုံးခွက်လောက် သောက်ကြဖို့ တိုက်တွန်းလိုပါတယ်။ နို့တစ်ခွက်မှာ အသားဓါတ် (ပရိုတင်း) ၇ ဂရမ်၊ လိုအပ်တဲ့ထုံးဓါတ်၃၀% နဲ့ လိုအပ်တဲ့ဗီတာမင် ၂၅% ကိုရရှိစေပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေက နွားနို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို နေ့စဉ် သောက်သုံးသင့်/စားသုံးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့…

  • က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

    အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော ဒို့မိသားစုလေး Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မာတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။ ကလေးတွေကိုတိုက်ရတဲ့အရည်များ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။နံပါတ် (၃) ကတော့ နွားနို့ပါ။…

  • ကလေးသွားပေါက်လာရင်မိခင်နို့တိုက်တာရပ်ဖို့လိုမလား

    သွားပေါက်လာလို့တော့ နို့ဖြတ်ဖို့မလိုပါဘူး။ ကလေးအကြီးတွေကတော့ ကျီစယ်ကစားလိုတဲ့ အတွက် ကိုက်ကြတာပါ။ကလေးဆိုးတာ မဟုတ်ပါဘူး။ အဲဒီလို အကိုက်ခံရရင် ကလေးငယ်ကို မေမေတို့နို့ကနေ ဖယ်လိုက်ပြီးတော့ ဒီလိုလုပ်တာဟာ မကောင်းဘူးဆိုတာပြောပြပါ။ မေမေတွေက နို့ကိုကိုက်တာကို မကြိုက်ဘူးဆိုတာကို လေးလေးနက်နက် ပြောနေတယ်ဆိုရင် သူတို့နားလည်လာပါလိမ့်မယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

  • စားသောက်ဖွယ်ရာ ဟင်းချက်နည်းစာအုပ်

    အခမဲ့ ဒေါင်းလုဒ်ရယူရန်နှိပ်ပါ။​ (World Concern Myanmar and Healthy and Happy Families တို့မှ ပူးပေါင်းဖန်တီးထားပါသည်။)​

  • |

    မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် အလွန်အမင်း အဖိုးတန်ပါတယ်

    မေမေတို့ရေ ဟိုးနှစ်‌ပေါင်းများစွာကတည်းကရှိခဲ့တဲ့ လွဲမှားနေတဲ့ ရိုးရာဓလေ့တစ်ခုက ဘာလဲဆိုတော့ မိခင်နို့ဦးရည်ကို ကလေးကို မတိုက်ပဲ လွှင့်ပစ်ကြတာပါပဲ… တကယ်တော့ ဒီလိုလွှင့်ပစ်ခံခဲ့ရတဲ့ မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် ရွှေထက်အဖိုးတန်ပါတယ်… နို့ဦးရည်ဆိုတာ ကလေးမီးဖွားပြီးပြီးချင်းထွက်တဲ့ ၀ါကျင့်ကျင့်အရောင်နဲ့ နို့ရည်ကြည်ပဲဖြစ်ပါတယ်… ဒါကို နို့အဖြူမဟုတ်လို့ မသန့်ဘူး၊ကလေးကိုမတိုက်သင့်ဘူးလို့ ယူဆပြီး စွန့်ပစ်တတ်ကြပါတယ်… ကလေးငယ်လေးတွေ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် နို့ဦးရည်ကို ရရှိဖို့ လိုအပ်ပါတယ်…နို့ဦးရည်က မွေးကင်းစကလေးတွေအတွက် ရောဂါပေါင်းစုံကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးအဖြစ် အကျိုးကျေးဇူးတွေကို ရရှိစေပြီး ကလေးတွေကို ရောဂါအန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်…. မွေးကင်းစကလေးငယ်တွေရဲ့ အစာအိမ်က သေးသေးလေးပဲ ရှိနေသေးတဲ့အတွက် သူတို့ဗိုက်ဝဖို့ဆို နို့ဦးရည် နည်းနည်းလေးပဲ လိုအပ်ပါတယ်…. မွေးကင်းစ ကလေးငယ်တွေကို နို့မှုန့်အပါအဝင် အခြားအရည်တွေ တိုက်ကျွေးမိတဲ့အခါမှာ နို့ဦးရည်က ရမယ့် ရောဂါကာကွယ်ပေးမှုတွေက လျော့သွားပြီး ဝမ်းလျှောတာတွေ၊…

  • ဒို့မိသားစုလေးမှာ စျေးဝယ်နည်း

    🛍️ ဒို့မိသားစုလေးမှာ ပစ္စည်းဝယ်ယူနည်းလမ်းညွှန် 🛍️ မိခင်များ၊ မိသားစုများအတွက် အသုံးဝင်သော အာဟာရ၊ နို့တိုက်ကျွေးမှုနှင့် ကျန်းမာရေးပစ္စည်းများကို မိမိအိမ်ကနေ ဝယ်ယူနိုင်ပြီနော်။ ပိုမိုစုံလင်တဲ့ ပစ္စည်းလေးတွေလည်း မကြာခင် ထပ်တပ်သွားဖို့ရှိပါတယ်။​ ဒို့မိသားစုလေးဆိုဒ်ပေါ်မှာ အောက်ပါအဆင့်တိုင်း ဝယ်ယူနိုင်ပါတယ်။ 📝 ဝယ်ယူနည်း (အဆင့် ၅ ဆင့်) 🔹 အဆင့် ၁ — ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ပါ👉 www.dohmeetharsulay.com/shop ကိုနှိပ်ပြီး ဈေးဝယ်စတင်ပါ။ 🔹 အဆင့် ၂ — ပစ္စည်းရွေးပါ👉 သင်ဝယ်ချင်တဲ့ ပစ္စည်းကိုရွေးပြီး Add to Cart (စျေးခြင်းထဲထည့်မည်ထည့်မည်) ကိုနှိပ်ပါ။ 🔹 အဆင့် ၃ — ဈေးခြင်းကိုကြည့်ပါ👉 မိမိရွေးထားတဲ့ပစ္စည်းအားလုံးကိုကြည့်ချင်ရင် View Cart (ဈေးခြင်းကြည့်မည်) ကိုနှိပ်ပါ။…